#Local_News
Published -27 Oct 2023
သီတင်းကျွတ်ကာလအတွက် လေအိတ်အမြန်ရထားကိုးစီးကို ယနေ့အောက်တိုဘာ၂၇ ရက်မှစတင်၍ ပြေးဆွဲပေးနေပြီဖြစ်ကြောင်း မြန်မာ့မီးရထားမှသိရသည်။
အဆိုပါ ကဲ့သို့ပြေးဆွဲရာတွင် ရန်ကုန်_နေပြည်တော်၊ ရန်ကုန်_မန္တလေး၊ ရန်ကုန်_ပြည်၊ ရန်ကုန်_မော်လမြိုင်အထူးရထားများကိုပြေးဆွဲပေးနေခြင်းဖြစ်ကြောင်း သိရသည်။
"ဒီနေ့မှာလေအိတ် အမြန်ရထား စုစုပေါင်း ၉ စီး ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။ ပုံမှန်ရထားတွေကတော့ အရင်အတိုင်းပဲ ပြေးဆွဲပေးမှာပါ"ဟု မြန်မာ့မီးရထားမှတာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုသို့ လေအိတ်ရထားများပြေးဆွဲရာတွင် နေပြည်တော် - ရန်ကုန် အစုန်အထူး၊ ရန်ကုန် -မန္တလေး အမှတ် ၅ အဆန်ရထား၊ မန္တလေး - ရန်ကုန် အမှတ် ၆ အစုန်၊ ရန်ကုန် - မော်လမြိုင် အမှတ် ၈၁ အဆန်ရထား၊ ရန်ကုန် - မော်လမြိုင် အဆန်အထူးရထား၊ ရန်ကုန် - ပြည် အမှတ် ၇၁ အဆန်၊ ရန်ကုန် - ပြည် အဆန်အထူးရထား၊ပြည် - ရန်ကုန် အမှတ် ၇၂ အစုန်နှင့်ပြည် - ရန်ကုန် အစုန်အထူးရထားများပါဝင်ကြောင်း သိရသည်။
အဆိုပါ အထူးရထားများ၏လက်မှတ်ခနှုန်းထားများမှာ ပြောင်းလဲခြင်းမရှိဘဲ တစ်ဆင့်မြှင့်ထားသည့် မူလနှုန်းထားအတိုင်း အထူးရထားရိုးရိုးတန်းအတွက်လက်မှတ်များအား သီတင်းကျွတ်ပိတ်ရက်မတိုင်မီ လေးရက်ကြိုတင်၍ရောင်းချပေးသွားမည်ဖြစ်ပြီး အထက်တန်းတွဲများအတွက်မူ နှစ်ရက်ကြိုတင်၍ ရောင်းချပေးခဲ့ရာကြိုတင်လက်မှတ်ဝယ်ယူမှုများပြားခဲ့ကြောင်းသိရသည်။
ယနေ့တွင် အဆိုပါအထူးလေအိတ် အမြန်ရထား ကိုးစီးစတင် ပြေးဆွဲပေးခြင်းအပြင် AAR တွဲဆိုင်း အမြန်ရထား၊ ရန်ကုန် - မန္တလေး အမှတ် ၃ အဆန်၊ မန္တလေး - ရန်ကုန် အမှတ် ၄ အစုန်၊မော်လမြိုင် - ရန်ကုန် အမှတ် ၈၂ အစုန်၊ မော်လမြိုင် - ရန်ကုန် အစုန် အထူး၊ရန်ကုန် - ပုဂံ အမှတ် ၆၁ အဆန်ရထားများအား ပုံမှန်အတိုင်းပြေးဆွဲပေးနေပြီး ပုဂံရထားကိုလည်းပုံမှန်သောကြာနေ့အပြင်စနေနေ့တွင်လည်း ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#Local_News #သီတင်းကျွတ်ကာလ #လေအိတ်အမြန်ရထားကိုးစီး #YMG/NN #Yangon_Times
#Local_News
Published 27 October 2023
ထိုင်းနိုင်ငံသို့ တရားဝင်သွားရောက် အလုပ်လုပ်ကိုင်နေသည့် MOU မြန်မာအလုပ်သမားများအနေဖြင့် သတ်မှတ်ကာလပြည့်သဖြင့် မိခင်နိုင်ငံကိုပြန်ပါကနှစ်နိုင်ငံနယ်စပ်ဂိတ်များတွင် တရားဝင်အထွက်တုံးထုပြီးမှသာ ပြည်တွင်းကို ပြန်ဝင်ကြရန် ထိုင်းနိုင်ငံရှိ မြန်မာသံရုံးက သတိပေးထားကြောင်း သိရသည်။
''အထွက်တုံးထုပြီး မပြန်လာတော့ နောက်တခေါက်ပြန်သွားမယ်ဆိုတော့ ထိုင်းလဝကမှာ ဒဏ်ကြေးဆောင်ရတာတွေ၊ ပြန်ဝင်လို့မရလို့ ပြန်ရတာတွေရှိတယ်၊ အဲ့လိုတွေ ပြန်ဝင်လို့မရရင် သွားမယ့် အလုပ်သမားလဲ နစ်နာတယ်၊ ပို့ပေးတဲ့အေဂျင်စီလဲ အခက်အခဲဖြစ်တယ်၊ အထွက်တုံး မထုခဲ့လို့ အဲ့လို့ပြန်ရတာတွေ ဒဏ်ရိုက်ခံရတာတွေအခု နောက်ပိုင်း အတော်များလာလို့ သံရုံးကနေ သတိပေးထုတ်ပြန်ရတာပါ''ဟု အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောသည်။
MOU မြန်မာအလုပ်သမားများ အနေဖြင့် သတ်မှတ်ကာလပြည့်မြောက်ပါက နှစ်နိုင်ငံနယ်စပ်ဂိတ်စခန်းများမှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရာတွင် နိုင်ငံကူးလက်မှတ်၌ အထွက်၊အဝင်တုံးများကို နှစ်နိုင်ငံလူဝင်မှုကြီးကြပ်ရေးအဖွဲ့များမှ ရိုက်နှိပ်ခြင်း၊ စာရင်းပယ်ဖျက်ပေးခြင်းတို့ ပြုလုပ်ပေးကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ပေးနေသော်လည်း အချို့သော မြန်မာအလုပ်သမားများသည် နယ်စပ်ဂိတ် စခန်းများမှ ပြန်လည်ဝင်ရောက်ခြင်း မပြုသောကြောင့် ထိုင်းနိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာန၏စာရင်းများတွင် နေထိုင်ခွင့်သက်တမ်းကျော်လွန်နေထိုင်သူ အနေဖြင့် စာရင်းဝင်သွားသောကြောင့် ထိုင်းနိုင်ငံသို့ MOU စနစ် ဖြင့် ပြန်လည်ဝင်ရောက်ပါက ဒဏ်ငွေပေးဆောင်ရခြင်း၊ဝင်ခွင့်ကန်သတ်ခြင်းစသည့် အရေးယူခံရခြင်းတို့ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
#Local_News #MOUမြန်မာအလုပ်သမား #တရားဝင်အထွက်တုံးထု #YMG/LW #Yangon_Times
#Local_News
Published-27 October 2023
ကြည့်မြင်တိုင်တွင် YBS၂-စီးနှင့် ကွန်တိန်နာကားဝင်တိုက်မှုဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃-ဦးရှိခဲ့ သည့်အနက် ၁-ဦးမှာ စိုးရိမ်ရကြောင်း ရောင်စဉ်မဲ့ လူမှုကူညီရေးအသင်းက သိရသည်။
ယနေ့ အောက်တိုဘာလ (၂၇)ရက် နံနက် ၉ နာရီကျော်အချိန်ကYBS၂-စီး တိုက်မိစဉ် လွတ်နေသည့် နေရာ ကြားထဲသို့ ကွန်တိန်နာကားက ဝင်တိုး၍ ထပ်မံတိုက်မိမှုဖြစ်ပွားခဲ့သောကြောင့်YBS ကားပေါ်မှ ခရီးသည် ၃- ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာ ၁-ဦးမှာ စိုးရိမ်ရကြောင်း ရောင်စဉ်မဲ့လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူက ပြောသည်။
"အမျိုးသားတစ်ယောက်၊ အမျိုးသမီး နှစ်ယောက် ဒဏ်ရာရတယ်။ အမျိုးသား တစ်ယောက်က စိုးရိမ်ရတယ် လို့သိရပါတယ်။အမျိုးသမီး ၂ယောက် မှာ ၁ ယောက်က ခါးထိတယ်၊ နောက်တစ်ယောက်က ခေါင်းထိတယ်"ဟု ယင်းကဆိုသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်မှထိခိုက်ဒဏ်ရာရရှိသူ ၃-ဦးကို ရောင်စဉ်မဲ့လူမှုကူညီရေးအသင်းက မြေပြင်ကုသမှုပေးပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Local_News #YBS၂-စီးနှင့်ကွန်တိန်နာဝင်တိုက်မှုဖြစ် #ဒဏ်ရာရရှိသူ ၃-ဦး #Yangon_Times/PP
#Local_News
Published -27 October 2023
(၅၅၀၀) ကျော်အတွက်ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈ ခုကို ရန်ကုန်တိုင်းတွင်လုပ်ကိုင်ခွင့်ပြုလိုက်ကြောင်း ရင်းနှီးမြှုပ်နှံမှု ကော်မတီကသိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၀/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးတွင် စက် မှုကဏ္ဍတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂)ခုနှင့် ရာခိုင်နှုန်း ပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၆)ခုကို အတည်ပြုပေးခဲ့ကြောင်းသိရသည်။
အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ ဖိနပ်အမျိုးမျိုး ထုတ်လုပ်ရောင်းချခြင်း ( ၁၀၀% ပြည်တွင်းရောင်းချခြင်း) လုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုးချုပ်လုပ်ခြင်း လုပ်ငန်း၊ CMP စနစ်ဖြင့် Wearing Apparel အမျိုးမျိုး ချုပ်လုပ်ခြင်း လုပ်ငန်း၊ ဟင်းသီးဟင်းရွက် များနှင့် သစ်သီးဝလံများအား အေးခဲ၍ ထုပ်ပိုးတင်ပို့ရောင်းချခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် နားကြပ်နှင့် ဆက်စပ်ပစ္စည်း အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း၊ စက္ကူကို အခြေခံ၍ ပါကင်ဗူးနှင့် တံဆိပ်အမျိုးမျိုးထုတ်လုပ်ပြီး ပြည်တွင်းသို့ (၁၀၀%) ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်း၊ CMP စနစ်ဖြင့် အရည်အသွေးမြှင့် Poly Resin အား အခြေခံ၍ အရည်အသွေးမြှင့် Poly Resin, Cold Cast Bronze, Pewter ကြွေထည်ရုပ်ထုများနှင့် ပန်းပုရုပ်ထုများ ထုတ်လုပ်ခြင်းလုပ်ငန်းတို့ ဖြစ်ကြောင်းသိရသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ ကျပ် (၄,၅၅၂.၃၂၅)သန်းနှင့် အမေရိကန် ဒေါ်လာ (၆.၂၃၆)သန်း ဖြစ်ကြောင်း သိရသည်။
#Local_News #အလုပ်အကိုင်အခွင့်အလမ်း #ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၈ခု #Yangon_Times/Pp
၂၇ အောက်တိုဘာ ၂၀၂၃
ယနေ့မနက်ပိုင်းတွင် ဖြစ်ပွားနေသော ချင်းရွှေဟော်နှင့်အနီးတစ်ဝိုက် တိုက်ပွဲများကိစ္စနှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကို YMG. ကဆက်သွယ်မေးမြန်းခဲ့မှုအပေါ် ပြန်လည် ဖြေကြားချက် အပြည့်အစုံ။
#Local_News
Published-27 October 2023
မြန်မာ့ထောပတ်သီးနှံ တိုးမြှင့်ထုတ်လုပ်ရေး၊ တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်ပြီး ပြည်ပသို့တင်ပိုနိုင်ရေးနှင့် ဈေးကွက်ကျယ်ပြန့်စွာ ရရှိရေးတို့အတွက် ယမန်နေ့ကဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။
ထောပတ်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်လာစေရန်၊ ထောပတ်သီးနှံမှ ပြည်ပပို့ကုန်ဝင်ငွေတိုးမြှင့် ရရှိစေရန်နှင့် ထောပတ်သီးနှံ၏ တန်ဖိုးကွင်းဆက်တစ်လျှောက် အားသာချက်၊ အားနည်းချက်၊ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများကို ဆွေးနွေးဖော်ထုတ်ရန် အတွက် “ထောပတ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု၊ ပြည်ပတင်ပို့မှုနှင့်စိန်ခေါ်မှုများ” အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာ (၂၆)ရက် နေ့က နေပြည်တော်၌ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်က မြန်မာ့ရေမြေရာသီဥတုတွင် အောင်မြင်စွာ စိုက်ပျိုးဖြစ်ထွန်းနိုင်သည့် ထောပတ်သီးနှံစိုက်ပျိုးထုတ်လုပ်မှုကို နိုင်ငံတော်အစိုးရက အားပေးမြှင့်တင်လျက်ရှိပြီး အရည်အသွေးကောင်းသော မြန်မာ့ထောပတ်သီးနှံ တိုးမြှင့်ထုတ်လုပ်ရေး၊ တန်ဖိုးမြင့် ထုတ်ကုန်များအဖြစ် ထုတ်လုပ်ပြီး ပြည်ပသို့တင်ပိုနိုင်ရေးနှင့် ဈေးကွက်ကျယ်ပြန့်စွာ ရရှိရေးတို့အတွက် အလေးထားဆောင်ရွက်ကြောင်း ပြောကြားသည်။
ထောပတ်သီးနှံကို ကမ္ဘာ့ကုန်သွယ်မှုအနေဖြင့် ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈ ဘီလီယံခန့်ရှိပြီး မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ်တွင် တန်ချိန်နှစ်ထောင့်လေးရာခန့်၊ ၂၀၂၂ ခုနှစ်တွင် တန်ချိန် ခုနစ်ရာကျော်ခန့်ကို ထိုင်း၊ ကမ္ဘောဒီးယား၊ ဟောင်ကောင်၊ တရုတ်၊ မလေးရှား၊ ဗြိတိန်နိုင်ငံများသို့ တင်ပို့ရောင်းချခဲ့သည်ကို တွေ့ရှိပြီး တင်ပိုသည့် ပမာဏ ၃ ဆကျော် လျော့ကျသွားခြင်းကို သေချာစွာဆန်းစစ်လေ့လာရန် လိုအပ်သည်ဟု ပြောကြားခဲ့ပါသည်။
နှစ်စဉ် ကမ္ဘာ့ထောပတ်သီး ဈေးကွက်ဝယ်လိုအား မြင့်တက်လာလျက်ရှိရာ မြန်မာနိုင်ငံ၏ ရေ၊ မြေ၊ ရာသီဥတုနှင့်ကိုက်ညီသော မျိုးသစ်များတင်သွင်းခြင်း၊ ဒေသကိုက်ညီမှု သုတေသနများဆောင်ရွက်ခြင်း၊ ခေတ်မီစိုက်ပျိုးနည်းပညာများ ကျင့်သုံးခြင်း၊ GAP နှင့် အော်ဂဲနစ်လက်မှတ်များရယူခြင်း၊ တန်ဖိုးမြင့် ထောပတ်သီးထုတ်ကုန်များ ထုတ်လုပ်ခြင်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ပါသည်။
အလားတူထောပတ်သီးအနှစ်၊ ထောပတ်သီး အဆီ၊ အလှကုန်နှင့်ဆေးဝါးများ ထုတ်လုပ်ရန်ကုန်ကြမ်း စသည်ဖြင့် ဈေးကွက်တောင်းဆိုမှုအရ ဆန်းသစ်တီထွင်သောနည်းလမ်းများဖြင့် တန်ဖိုးမြင့် ကုန်ပစ္စည်းအမျိုးမျိုးထုတ်လုပ်ပြီး အကျိုးစီးပွားပိုမိုဖြစ်ထွန်းစေရေး ကြိုးပမ်းသွားမည်ဟု ပြောကြားသည်။
ထောပတ်သီးနှံကို လွန်ခဲ့သည့် ၇၅ နှစ်ခန့်က စတင်၍ မြန်မာနိုင်ငံ၌ စိုက်ပျိုးခဲ့ရာ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ဒေသတစ်ဝိုက်တွင် အဓိကစိုက်ပျိုးကြသည်။
#Local_News #ထောပတ်သီး #တန်ဖိုးမြင့်ကုန်ပစ္စည်းအမျိုးမျိုး #Yangon_Times/PP
#World_News
Published 27 October 2023
ဂါဇာကမ်းမြောင်ရှိ ပါလက်စ်တိုင်း ဟားမတ်စ်စစ်သွေးကြွတွေကို အစ္စရေးလ်တို့ လက်တုန့်ပြန်ခြင်း အဆုံးမသတ်နိုင်ပါက အမေရိကန်လည်း ဒီပြဿနာမီးကနေ ကင်းလွတ်မှာ မဟုတ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး ဟိုစိန်အမိုင်ရက်ဒိုလာဟီယန်က ကုလသမဂ္ဂမှာ ကြာသပတေးနေ့က ပြောကြားသွားပါတယ်။
‘’ပါလက်စ်တိုင်းမှာ လူမျိုးသုဥ်း သတ်ဖြတ်မှုတွေကို ချုပ်ကိုင်နေတဲ့ အမေရိကန်တွေကို ပွင့်ပွင့်လင်းလင်း ပြောချင်တာက ထိုဒေသတွင်း စစ်ပွဲဂယက် ပျံ့ပွားလာမှာကို ကျုပ်တို့မလိုလားပါဘူး။ ဂါဇာမှာ သတ်ဖြတ်မှုတွေ ဆက်ပြီးဖြစ်နေမယ်ဆိုရင် သူတို့လည်း ဒီပြဿနာမီးကနေ ကင်းလွတ်မှာ မဟုတ်ပါဘူး’’ လို့ အရှေ့အလယ်ပိုင်းရှိ ၁၉၃ နိုင်ငံပါဝင်တဲ့ အထွေထွေညီလာခံ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
ဂါဇာကို အုပ်စိုးနေတဲ့ ဟားမတ်စ်တို့ဟာ အောက်တိုဘာ ၇ ရက်နေ့က အစ္စရေးလ်ကို ကျူးကျော်ပြီး လူပေါင်း ၁,၄၀၀ ခန့် သတ်ဖြတ်ခဲ့ကာ ဓားစာခံရာဂဏန်းခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့အတွက် အစ္စရေးလ်က ဟားမတ်စ်တို့ကို အမြစ်ပြတ်ချေမှုန်းရန် ကြွေးကြော်ထားပါတယ်။
အစ္စရေးလ်က ဂါဇာကို လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်နေသလို မြို့ကိုဝိုင်းရံထားပြီး မြေပြင်ကျူးကျော်မှု ပြုလုပ်ရန် ပြင်ဆင်နေပါတယ်။
ထိုအတောအတွင်း လူပေါင်း ၇ ထောင်ကျော် သေဆုံးခဲ့တယ်လို့ ပါလက်စ်တိုင်း အာဏာပိုင်များက ဆိုပါတယ်။
ဟားမတ်စ်တို့က အရပ်သားဓားစာခံတွေကို လွှတ်ပေးဖို့ အသင့်ဖြစ်နေပြီလို့ အီရန်ကို ပြောဆိုခဲ့ပြီး အစ္စရေးလ်အကျဥ်းထောင်တွေမှာ ရှိတဲ့ ပါလက်စ်တိုင်း ၆ ထောင်ခန့်ကိုလည်း လွှတ်ပေးရေးအတွက် ကမ္ဘာကြီးအနေနဲ့ တွန်းအားပေးသင့်ကြောင်း အမိုင်ရက်ဒိုလာဟီယန်က ပြောကြားသွားပါတယ်။
အီရန်နိုင်ငံအနေနဲ့ အလွန်အရေးကြီးတဲ့ လူသားချင်းစာနာထောက်ထားမှု ကြိုးပမ်းမှုမှာ ပါဝင်ရန် ကာတာ၊ တူရကီတို့နဲ့အတူ အသင့်ရှိနေကြောင်း၊ ပါလက်စ်တိုင်း ၆ ထောင်ကို လွှတ်ပေးရေးက ဆောင်ရွက်ရန် လိုအပ်တဲ့ နောက်အချက်တစ်ခုဖြစ်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ တာဝန်ရှိကြောင်း ပြောဆိုသွားပါတယ်။
#World_News #စစ်ပွဲဆက်လက်ဖြစ်ပွား #အီရန်ကသတိပေး #Source: Reuters
#Local_News
Published_ 27 October 2023
ကချင်ပြည်နယ်၊တနိုင်းမြို့အနီးတွင် အောက်တိုဘာလ(၂၇)ရက်မနက်ပိုင်း၌အင်အားရစ်တာစကေး(၄.၂)အဆင့်ရှိ ငလျင်လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ထုတ်ပြန်ချက်တွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၀) နာရီ၊ (၅၉) မိနစ်၊ (၀၆) စက္ကန့်အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၅၈) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (တနိုင်းမြို့၏ အရှေ့-အရှေ့တောင်ဘက် (၂၉) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၆.၃၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၇.၁၃) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း ဖော်ပြပါရှိသည်။
မြန်မာနိုင်ငံသည်၂၀၂၃ ခုနှစ်အတွင်း ဒေသအနှံ မြေငလျင်ငယ်များ ဆက်တိုက်လှုပ်ခတ်ခဲ့သလို မြေငလျင်ကြီး အချို့လည်းရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းစသည့်ဒေသအချို့တွင် လှုပ်ခတ်ခြင်းများရှိခဲ့ကြောင်းနှင့် စစ်ကိုင်းပြတ်ရွေ့ကြောပေါ်ရှိ ဒေသများအနေဖြင့် တစ်ကျော့ပြန် မြေငလျင်ကြီးများကို သတိပြုကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မြေငလျင်ဌာနခွဲ)မှ သတိပေးထားကြောင်း သိရသည်။
#Local_News #ကချင်ပြည်နယ် #တနိုင်းမြို့ #ငလျင်လှုပ် #tthl #Yangon_Times
#World_Health
Published 27 October 2023
ဖျားနာနေမကောင်း ဖြစ်နေတဲ့အချိန်မှာ ကော်ဖီကို အနံ့အရသာမခံနိုင်ပေမယ့် ကဖင်းဓာတ်က လူကိုနိုးကြားနေစေမှာ ဖြစ်ပါတယ်။
ဒါကြောင့် ထိုအချိန်မှာ ကော်ဖီကို သင့်တင့်ရုံသောက်သုံးတာက အဆင်ပြေတယ်လို့ စတိုနီဘရွတ်ခ်ကလေးဆေးရုံမှ ဒေါက်တာ ရှရွန်နာ့ခ်မန်းက ပြောပြသွားပါတယ်။
နေ့စဥ်ကော်ဖီသောက်နေကျလူဟာ မသောက်မိတဲ့အခါမှာသာ ပိုမိုဆိုးရွားနိုင်ပြီး ကဖင်းဓာတ်မရတဲ့ အခြေအနေကို ခံစားရနိုင်တာ ဖြစ်ပါတယ်။
ကော်ဖီသောက်ပြီးတော့ နေမကောင်းဖြစ်နေရာကနေ သက်သာလာစေမှာတော့ မဟုတ်ပါဘူး။
ကော်ဖီမှာ ပိုလီဖီနောလ်လို ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်ပေမယ့် ရောဂါကိုတော့ မကုသနိုင်ပါဘူး။
ခဏတာ နေမကောင်းဖြစ်တာမျိုးမှာ ကော်ဖီသောက်ခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးကလွဲရင် ဘာမှမရှိပါဘူးလို့ မမ်မိုရီယဲလ်ဟာမန်းဆေးရုံမှ ဒေါက်တာ လင်ဒါယန်ဆေးက ပြောပြခဲ့ပါတယ်။
တစ်ခါတလေ အစာအိမ်မှာ ကော်ဖီက ဒုက္ခပေးတတ်တဲ့ အခြေအနေမှာတော့ ခဏတာ မသောက်ဘဲနေသင့်ပါတယ်။
ဖျားနာပြီး ရေဓာတ်ခန်းခြောက်နေတဲ့အချိန်မှာ ချွဲသလိပ်တွေကို မျိုချမိပြီး အစာအိမ်ထဲ ရောက်သွားတာကြောင့် ကော်ဖီပါသောက်မယ်ဆိုရင် မူးဝေအော့အန်တတ်ပါတယ်။
ကော်ဖီကလည်း ရေဓာတ်ခန်းခြောက်စေတာကြောင့် ရေများများသောက်ပြီး ရေဓာတ်ကို ထိန်းသိမ်းနေထိုင်သင့်ပါတယ်။
ချွဲပျော်စေရန်အတွက် ရေနွေးဖြင့် ရေချိုးနိုင်သလို အိပ်ရေးဝဖို့လည်း လိုအပ်ပါတယ်။
ဖျားနာတဲ့အခါ အကောင်းဆုံးကတော့ ရက်အနည်းငယ် အနားယူသင့်တာပါပဲ။
#World_Health #ကော်ဖီ #ကဖင်းဓာတ် #Source: New York Post
#Local_News
Published -27 October 2023
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်၊ အမှတ်(၉)ကျောင်းလမ်းရှိ အမှတ်(၉)အခြေခံ အထက်တန်း ကျောင်း မီးလောင်မှုဖြစ်စဉ်မှ သံသယရှိသူ အမျိုးသမီးတစ်ဦးအား ဖမ်းမိထားကြောင်း နစက သတင်းထုတ်ပြန် ရေး အဖွဲ့က ထုတ်ပြန်လိုက်သည်။
အောက်တိုဘာလ ၂၅ ရက်၊ နံနက် ၃ နာရီ မိနစ် ၄၀ တွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် အလျား ၉၅ ပေ၊ အနံ ၃၀ ပေရှိ သွပ်မိုး၊ အုတ်ခံ၊ ပျဉ်ထောင် ၂ ထပ်ကျောင်းဆောင် အဆောက်အဦ ၁ လုံးနှင့် အလျား ၄၀ ပေ၊ အနံ ၃၀ ပေရှိ RC J ထပ် သင်ထောက်ကူအဆောက်အဦ ၁ လုံးတို့ မီးလောင်ပျက်စီးခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုးငွေကျပ် ကိုးဆယ့်သုံးသိန်းခုနှစ်သောင်းငါးထောင်ကျပ်ခန့် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ သံသယဖြစ်ဖွယ် အမျိုးသမီးတစ်ဦးအား စစ်ဆေးလျက်ရှိကြောင်း၊ မီးလောင်မှုကြောင့် ပျက်စီးသွားသော အဆောက်အဦများကို ပြန်လည်ပြုပြင်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ကျောင်းသူ၊ ကျောင်းသားများအား ကျောင်းပြန်လည်ဖွင့်ချိန်တွင် နှစ်သုတ်တက် စနစ်ဖြင့် အရှိန်မပျက်ပညာသင်ကြားနိုင်ရေး စီစဉ်ထားကြောင်း သိရသည်။
#Local_News #မော်လမြိုင်မြို့ #အမျိုးသမီးတစ်ဦးအားဖမ်းမိ #Yangon_Times/PP
#World_Health
Published 27 October 2023
သုတေသီအဖွဲ့တစ်ဖွဲ့ ဆန်းသစ်တီထွင်လိုက်တဲ့ အနာကျက်ဂျယ်လ်တစ်မျိုးဟာ သံလိုက်အစွမ်းသတ္တိရှိပြီး ဆီးချိုရောဂါဒဏ်ရာများ သက်သာနိုင်စွမ်းကို မြှင့်တင်ပေးနိုင်ကာ အနာပြန်ဖြစ်ခြင်း လျော့ကျနိုင်သလို နောက်ဆုံး ခြေထောက်ဖြတ်ပစ်ရတဲ့ အခြေအနေမျိုးဖြစ်နိုင်ချေ နည်းသွားနိုင်ပါတယ်။
ထိုတီထွင်မှုကို စင်္ကာပူအမျိုးသားတက္ကသိုလ် NUSမှ အဖွဲ့က အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အရေပြားကုသပေးတဲ့ ဆဲလ်တွေနဲ့ သံလိုက်အမှုန်များပါဝင်တဲ့ ဟိုက်ဒရိုဂျယ်လ်များကို ရောစပ်ကာ ပတ်တီးပါဝင်တဲ့ ပစ္စည်းကို ထုတ်လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
ကြိုးမဲ့သံလိုက်ပစ္စည်းတစ်ခုကို ပြင်ပမှာထားပြီး အရေပြားဆဲလ်များကို လှုံ့ဆော်ခြင်းဖြင့် ဒဏ်ရာပြန်လည်သက်သာနိုင်စွမ်းကို မြန်ဆန်စေမှာ ဖြစ်ပါတယ်။
သံလိုက်လှုံ့ဆော်မှုက တစ်နာရီ နှစ်နာရီခန့် ကြာမြင့်လေ့ရှိပါတယ်။
ဓာတ်ခွဲခန်းစမ်းသပ်ချက်များအရ ထိုပစ္စည်းဟာ ဆီးချိုဒဏ်ရာတွေကုသရာမှာ သမားရိုးကျ လက်ရှိနည်းလမ်းများထက် ၃ ဆ ပိုမိုမြန်ဆန်ကြောင်း တွေ့ရှိခဲ့ပါတယ်။
ဒဏ်ရာတဝိုက်ကနေရာမှာ ဂလူးကို့စ်ပမာဏ ထိန်းချုပ်ပေးခြင်း၊ ဒဏ်ရာအနီးနားမှ အလုပ်မလုပ်တဲ့ ဆဲလ်တွေကို လှုံ့ဆော်ခြင်း၊ ထိခိုက်ထားတဲ့ သွေးကြောများကို ကုသပေးခြင်း၊ ပျက်စီးသွားတဲ့ သွေးကြောကွန်ရက်ကို ပြန်လည်ပြုပြင်ခြင်းတို့ကို တပြိုင်နက် လုပ်ဆောင်ပေးနိုင်ပါတယ်။
ကမ္ဘာပေါ်မှာ လက်ရှိ ဆီးချိုရောဂါခံစားနေရသူ သန်း ၅၀၀ ကျော်ရှိမယ်လို့ ယူဆရကာ ဒီထက်ပိုပြီး များလာနိုင်ခြေရှိပါတယ်။
ဆီးချိုအနာတွေဖြစ်တဲ့ ခြေထောက်အနာတွေဟာ ကမ္ဘာ့ကျန်းမာရေးမှာ ပြဿနာတစ်ရပ် ဖြစ်နေပါတယ်။
ဆီးချိုခြေထောက်နာ ဖြစ်ပွားသူပေါင်း နှစ်စဥ် ၉ သန်းမှ ၂၆ သန်းကြားရှိနိုင်ပြီး ဆီးချိုဝေဒနာရှင်တွေထဲက ၁၅ မှ ၂၅ ရာခိုင်နှုန်းလောက်ဟာ သူတို့ရဲ့ဘဝမှာ ဆီးချိုခြေထောက်ဒဏ်ရာ တစ်ကြိမ်တစ်ခါတော့ ခံစားရဖူးပါတယ်။
သုတေသီအဖွဲ့ထဲကတစ်ဦးက ယင်းတို့ဟာ အဓိကအချက်ကို ရှာဖွေပြီး စက်ပစ္စည်းဖြင့် ညင်သာစွာ လှုံ့ဆော်ဖို့ ကြိုးစားခဲ့တာဖြစ်ကြောင်း၊ ဒဏ်ရာသက်သာစေရန် ငြိမ်နေတဲ့ အရေပြားဆဲလ်တွေကို လှုံ့ဆော်ပေးတာဖြစ်ကြောင်း ရှင်းပြသွားပါတယ်။
ပြင်ပစက်မှ ထုတ်လွှတ်လိုက်တဲ့ သံလိုက်စက်ကွင်းနဲ့ ပေါင်းစည်းလိုက်တဲ့အခါ ဂျယ်လ်က အရေပြားဆဲလ်တွေ နိုးထလှုပ်ရှားလာအောင် လှုံ့ဆော်ပေးသွားတာ ဖြစ်ပါတယ်။
#World_Health #သံလိုက်ဂျယ်လ် #သိပ္ပံပညာရှင်အဖွဲ့တီထွင် #Source: India Today
၂၇ အောက်တိုဘာ ၂၀၂၃
တရုတ်ဝန်ကြီးချုပ်ဟောင်း လီကာချန်း Li Keqiang သည် သောကြာနေ့က နှလုံးဖောက်ပြီး ကွယ်လွန်သွားပါတယ်။ သူဟာ ကွယ်လွန်ချိန်မှာ အသက် ၆၈နှစ်ရှိပြီဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟောင်းလီကာချန်းဟာ ဆယ်စုနှစ်တစ်စုအထိ ဝန်ကြီးချုပ် လုပ်ခဲ့ရာ မှ အနားယူပြီး ၁၀လခန့်အကြာမှာ နှလုံးရောဂါကြောင့်သေဆုံးခဲ့ရတာလို့ ရိုက်တာကသတင်းဖော်ပြပါတယ်။
တစ်ကြိမ်တစ်ခါက တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင်မှုမှာ အပြိုင်ဖြစ်ခဲ့တယ်လို့ မြင်ခဲ့ကြတဲ့ လီဟာ ပြီးခဲ့တဲ့နှစ်များအတွင်း သမ္မတရှီကျင့် ဖျင်နှင့် ဘေးချင်းကပ်အတူရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။
ပီကင်းတက္ကသိုလ်မှ စီးပွားရေးဘွဲ့ရ လီကာချန်းကို လစ်ဘရယ်ဈေးကွက်စီးပွားရေးကို ထောက်ခံသူတစ်ဦးအဖြစ်မြင်ခဲ့ရပေမယ့် ရှီနှစ်သက်တဲ့ နိုင်ငံတော်ကထိန်းချုပ်တဲ့စနစ်ကို ညွတ်တိမ်းခဲ့ရသူဖြစ်တယ်လို့လည်း သတင်းကရေးသားပါတယ်။
“ ရှန်ဟိုင်းတွင် ယခုရက်များအတွင် အနားယူနေသည့် ရဲဘော်ကြီးလီကာရှန်းသည် အောက်တိုဘာ ၂၆ ရက်တွင် ရုတ်တရက် နှလုံးဖောက်လာခဲ့ပါတယ်။ သူ့ကိုအစွမ်းကုန်ကြိုးစားကုသသော်လည်း နောက်ဆုံးတွင် အောက်တိုဘာ ၂၇ ရက် ညသန်းခေါင်ယံ၌ ရှန်ဟိုင်းတွင်ကွယ်လွန်ခဲ့ပါတယ်” လို့ နိုင်ငံပိုင်ရုပ်သံ CCTV က သတင်းထုတ်ပြန်သွားပါတယ်။
မတ်လတွင် ရာထူးမှမဆင်းမီအထိ လီသည် တရုတ်နိုင်ငံဝန်ကြီးချုပ်နှင့် ဝန်ကြီးအဖွဲ့အကြီးအကဲအဖြစ် ရှီ၏ လက်အောက်တွင် ဆယ်စုနှစ်တစ်စု တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
“ ယန်စီမြစ်နှင့် မြစ်ဝါမြစ်တို့သည် ဘယ်တော့မှနောက်ပြန်စီးဆင်းမည်မဟုတ်” လို့ သူ့ကို လူအများရှေ့နောက်ဆုံးတွေ့ရတဲ့ မတ်လ သတင်းစာရှင်းလင်းပွဲမှာ သူကပြောခဲ့ပါတယ်။
သူ့ကို တရုတ်နိုင်ငံရဲ့ အရှေ့ပိုင်း အန်ဟွေးပြည်နယ်တွင် မွေးဖွားခဲ့ပါတယ်။ သူ့ဖခင်ဟာ အစိုးရအရာရှိတစ်ဦးဖြစ်ပြီး လီဟာ ယဉ်ကျေးမှုတော်လှန်ရေးအတွင်း လယ်ကွင်းတွေထဲ အလုပ်ကြမ်းလုပ်ဖို့ စေလွှတ်ခံခဲ့ရသူဖြစ်ပါတယ်။
Source Reuters
Page 1012 of 2002