#Local_News
Published 18 January 2024


ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်းမ စျေးဟောင်းအရှေ့နားတွင်ယာဉ်သုံးစီးဆင့်တိုက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများထံက သိရသည်။

 

ယနေ့ ဇန်နဝါရီလ ၁၈ရက် မနက်အစောပိုင်း ၁ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ရပ်ထားသည့် ကားနှစ်စီးကို  မောင်းနှင်လာသည့် ကားကအရှိန်မထိမ်းနိုင်ဘဲဝင် တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။

 

ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါလာသည့် အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အခင်းဖြစ်ပွားသည့်နေရာမှ လူနာများအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာနသို့  အားမာန်လူငယ်ပရဟိတအသင်း (ရန်ကုန်)မှ ကူညီပို့ဆောင်ပေးခဲကြောင်း သိရသည်။

 

#Local_News #ယာဉ်သုံးစီးဆင့်တိုက်မှုဖြစ် #YMG/LW #Yangon_Times