အခုအချိန်မှာ ကမ္ဘာ့လျှပ်စစ်ကားဈေးကွက်အတွင်း ဂျာမနီကားထုတ်လုပ်ရေးကုမ္ပဏီတွေ ဆက်လက်နာမည်ရဖို့အရေး ခက်ခဲလာပါတယ်။
Published_ 12 September 2023
#World_Industry #ကမ္ဘာ့လျှပ်စစ်ကားဈေးကွက် #တရုတ်နိုင်ငံထုတ်ကား
#Daily_News
Published_ 12 September 2023
၁။ ကြက်မဲမွေးမြူလိုသူများလာသဖြင့် ကြက်မဲဥ၊ ကြက်မဲမျိုးဥနှင့် ကြက်မဲအကောင်ပေါက်များအရောင်းသွက်နေ
၂။ တညင်းကုန်းလက်ကားဈေးကြီးတွင် ဆိုင်ခန်းပေါင်း ၁၀၀၀ ကျော်ပါဝင်တဲ့ သစ်သီးဝလံဈေးရုံကြီးအောက်တိုဘာ ၁ ရက်တွင်ဖွင့်လှစ်မည်
၃။ အခုရက်ပိုင်းအတွင်း ရန်ကုန်အပါအဝင်ဒေသ(၆)ခုတွင် မိုးသည်းမည်
၄။ ကမ္ဘာ့လျှပ်စစ်ကားဈေးကွက်တွင် တရုတ်နိုင်ငံထုတ်ကားများအား ဂျာမနီယှဥ်ပြိုင်ရန်ခက်ခဲလာ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
၁၂ စက်တင်ဘာ ၂၀၂၃
အာဖရိကနိုင်ငံတွေဟာ သူတို့ရဲ့ကလေးငယ်တွေကို ဥရောပအင်အားကြီးနိုင်ငံတွေက လူကုန်ကူးပြီး လှောင်အိမ်တွေထဲ ထည့်ပြသခဲ့ကြတဲ့ ကိုလိုနီဖိနှိပ်ချုပ်ခြယ်မှုတွေရဲ့ အမှောင်ခေတ်ကို အမြဲသတိရနေကြလိမ့်မယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က အင်္ဂါနေ့က ပြောဆိုတဲ့အကြောင်း ရုရှားမီဒီယာများက ရေးသားကြပါတယ်။
အဲဒီနိုင်ငံတွေကပဲ သူတို့ရဲ့ ကိုလိုနီနိုင်ငံဟောင်းတွေကို သူ့ကျွန်ခိုင်းဖတ်ဘဝထဲ အတင်းဆွဲသွင်းနေကြတယ်လို့ သူက ဆက်လက်ပြောဆိုပါတယ်။
ရုရှားနိုင်ငံ ဗလက်ဒီဗိုစတော့ခ်မြို့မှာ ကျင်းပနေတဲ့ အရှေ့ဖျားဒေသစီးပွားရေးဖိုရမ် ဖွင့်ပွဲမှာ ပူတင်က ပြောခဲ့တာဖြစ်ပြီး မော်စကိုက စီးပွားရေးအကူအညီတွေ အလျှံပယ်ပေးခဲ့တဲ့ ဆိုဗီယက်ခေတ်အနေအထားအတိုင်း အာဖရိကနှင့် နီးစပ်တဲ့ဆက်ဆံရေး ပြန်လည်ထူထောင်ဖို့ သိပ်ခက်ခဲမယ်မဟုတ်ဘူးဆိုတာ သူအသေအချာပြောနိုင်တယ်လို့လည်း ဆက်ပြောပါတယ်။
လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလမှာ ကိုလိုနီပြုသူလို ဘယ်တော့မှမလုပ်ခဲ့တဲ့ မော်စကိုရဲ့ကူညီမှုတွေကို အာဖရိကနိုင်ငံတွေ သတိရနေမှာ ဖြစ်တယ်လို့လည်းပူတင်ကပြောပါတယ်။ “ ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အမြဲတမ်း အပြန်အလှန်ဆောင်ရွက်မှု ဒါမှမဟုတ် ကူညီလိုတဲ့စိတ်ဆန္ဒတွေအပေါ်မှာ အခြေခံခဲ့ကြတယ်” လို့ ပူတင်ကပြောပါတယ်။
ဒါပေမယ့် အဲဒီနိုင်ငံတွေဟာ ဆိုဗီယက်ရဲ့အကူအညီတွေသာမက အနောက်ရဲ့ ရက်စက်ယုတ်မာမှုတွေကိုပါ သတိရနေကြတယ်လို့ ပူတင်က မှတ်သားပြောဆိုပါတယ်။ “ အာဖရိကက ပြည်သူတွေကို လှောင်အိမ်တွေထဲထည့်ခေါ်သွားကြတယ်။ ဒါကို မျက်ရည်မကျဘဲ ကြည့်လို့ကို မရဘူး။ ကလေးငယ်တွေဟာ လှောင်အိမ်တွေထဲ ထိုင်နေကြရပြီး လူတိုင်းမြင်နေအောင် ခင်းကျင်းပြသထားတာခံခဲ့ကြရတယ်။ အာဖရိကနိုင်ငံတွေက ဘယ်သူတစ်ဦးတစ်ယောက်မျှ ဒါကိုမေ့လိမ့်မှာမဟုတ်ဘူး”
အနောက်ဟာ သူတို့ရဲ့ လက်အောက်သွတ်သွင်းမှုတွေကို ဘယ်တော့မှမစွန့်လွှတ်ကြဘူး။ အခုလဲ သူတို့ဟာ အရှင်သခင်ပုံစံဖမ်းနေကြတယ်။ သူတို့ရဲ့ ကိုလိုနီလက်သစ်ဝါဒကို သွတ်သွင်းနေကြတယ်” လို့ ပူတင်က ပြောပါတယ်။ အနောက်နိုင်ငံတွေဟာ အာဖရိကကို ဒေါ်လာထရီလီယံတန်ဖိုးချီတဲ့ ချေးငွေတွေ ထုတ်ပေးနေတယ်လို့ ပူတင်က ရှင်းပြပါတယ်။ ဒါတွေဟာ ချေးငွေတွေဆိုတာထက် လျော်ကြေးငွေလိုမျိုးဖြစ်တယ်လို့လည်းသူကဆိုပါတယ်။
ရုရှားဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက စိန့်ပီတာစဘတ်မြို့မှာ ရုရှား-အာဖရိက ဖိုရမ်ကျင်းပခဲ့ပြီး နယ်ပယ်အစုံမှာ သဘောတူစာချုပ်များစွာ ချုပ်ဆိုခဲ့ပါတယ်။ အဆိုပါအစည်းအဝေးကိုမတက်ဖို့ အနောက်က ဖိအားပေးခဲ့သည့်တိုင် အာဖရိက ကိုယ်စားလှယ်အဖွဲ့ ဒါဇင်များစွာ တက်ရောက်ခဲ့ကြတာဖြစ်တယ်လို့ သတင်းများမှာဖော်ပြထားပါတယ်။
-knl/ymg
အလုပ်ရှင် အလုပ်သမားနဲ့ပို့ဆောင်ပေးတဲ့ အေဂျင်စီတို့ချုပ်ဆိုရတဲ့ အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်ကိုချုပ်ဆိုပြီးမှ အလုပ်ရှင်နဲ့ အေဂျင်စီမှဖျက်သိမ်းပါက ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေအရအရေးယူသွားမယ်လို့ အလုပ်သမားဝန်ကြီးဌာနထံက သိရပါတယ်
Published_ 12 September 2023
#ပြည်ပအလုပ်အကိုင်ဆိုင်ရာ #သဘောတူစာချုပ်
#YMG/LW
#Yangon_Times
‘မြန်မာနိုင်ငံအတွင်းကို လေကြောင်းခရီးနဲ့ဝင်ရောက်လာမယ့် တရုတ်နိုင်ငံသားနဲ့ အိန္ဒိယနိုင်ငံသားကမ္ဘာ လှည့်ခရီးသွားတွေကို ဆိုက်ရောက်ဗီဇာမကြာမီခွင့်ပြုတော့မှာဖြစ်တယ်’
နေပြည်တော်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန
Published_ 12 September 2023
#တရုတ်နှင့်အိန္ဒိယ #ကမ္ဘာလှည့်ခရီးသွား #ဆိုက်ရောက်ဗီဇာ
#tthl #Yangon_Times
#Local_News
Published_ 12 September 2023
နှစ်လအတွင်းရွှေတိဂုံစေတီတော်ကြီးသို့ အလှူရှင်(၄၁)ဦးမှရွှေပြား(၅၇) ချပ်နှင့် အလှူရှင်(၇၈)ဦးမှကျပ်သိန်းပေါင်း တစ်သောင်းကျော်လှူဒါန်းနိုင်ခဲ့ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁ ရက်မှ သြဂုတ် ၃၁ ရက်ထိကာလအတွင်း ခြောက်ကျပ်သားရွှေပြားသုံးချပ်၊ သုံးကျပ်သားရွှေပြား နှစ်ချပ်နှင့် တစ်ကျပ်သားရွှေပြား ၅၂ ချပ်တို့အား အလှူရှင် ၄၁ ဦးတို့မှလည်းကောင်း၊ ငွေသားအလှူရှင် ၇၈ ဦး အပါအဝင် လှူဒါန်းငွေစုစုပေါင်းကျပ် ၁၅၂၆၇၈၀၀၂၀ (ကျပ်သိန်းတစ်သောင်း ငါးထောင်နှစ်ရာခြောက်ဆယ်ခုနှစ်သိန်းရှစ်သောင်းနှစ်ဆယ် )တို့အား လှူဒါန်းခဲ့ကြသည်ဟု ဖော်ပြပါရှိသည်။
အဆိုပါ ရွှေပြားအလှူရှင်များအပြင် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဒါတရားထက်သန်စွာ လှူဒါန်းထားကြသည့် ကျပ်တစ်သိန်းနှင့်အထက်အလှူရှင်များအား ရွှေတိဂုံစေတီတော်ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့က (၅၈၂)ကြိမ် မြောက် ထုတိအနုမောဒနာဂုဏ်ပြုလွှာ ပြန်လည်ချီးမြှင့်ခြင်းအခမ်းအနားနှင့် လှူဒါန်းမှုအစုစုအတွက် ရေစက်ချ အလှူတော်မင်္ဂလာအခမ်းအနားကျင်းပပေးခဲ့ပြီး ဂုဏ်ပြုလွှာများ ချီးမြှင့် ခဲ့ကြောင်းသိရသည်။
#tthl #Local_News #ရွှေတိဂုံစေတီတော်ကြီး #ရွှေပြား(၅၇)ချပ်လှူဒါန်းနိုင်ခဲ့
#Yangon_Times
‘မုတ်သုန်အားကောင်းနေသလို အခုရက်ပိုင်းအတွင်းလေဖိအားနည်းရပ်ဝန်းလည်းဖြစ်ပေါ်လာနိုင်တဲ့ အတွက် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ လာမယ့်နှစ်ရက်အတွင်း မိုးပိုနိုင်တယ်’မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
Published_ 12 September 2023
#tthl #မုတ်သုန်အားကောင်း #လေဖိအားနည်းရပ်ဝန်း
#Yangon_Times
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်မှာ ရှိတဲ့ တညင်းကုန်းလက်ကားဈေးကြီးမှာ ဆိုင်ခန်းပေါင်း ၁၀၀၀ကျော် ပါဝင်တဲ့ သစ်သီးဝလံရောင်းဝယ်ရေးဈေးရုံကြီးကို လာမယ့်အောက်တိုဘာ ၁ရက်မှာ ဖွင့်လှစ်တော့မယ်လို့ တညင်းကုန်းလက်ကားဈေးကြီး လုပ်ငန်းရေးရာဌာနက သိရပါတယ်။
Published_ 12 September 2023
#သစ်သီးဝလံရောင်းဝယ်ရေး #တညင်းကုန်းလက်ကားဈေးကြီး
#YMG /LW
#Yangon_Times
‘ကြက်မဲဥတစ်လုံးကို ကျပ်၁၀၀၀၊ ကြက်မဲမျိုးဥတစ်လုံးကျပ်၁၈၀၀နဲ့ ရောင်းပေးနေပါတယ်။ ကြက်မဲဥတွေဟာရိုးရိုးကြက်ဥတွေထက် ကျန်းမာရေးပိုမိုကောင်းမွန်စေသလို စမွေးမြူကာစမှာ သာကုန်ကျစရိတ် နည်းနည်းများပေမယ့် ကျွေးရတဲ့ကြက်စာနဲ့ကုန်ကျစရိတ်ဟာ ရိုးရိုးကြက်မွေးရတာနဲ့သိပ်မကွာတဲ့အတွက် ကြက်မဲတွေကိုမွေးစေချင်တယ်’ ပြင်ဦးလွင်ကြက်မဲခြံပိုင်ရှင် ဒေါ်မွန်မွန်ရှိန်
Published_ 12 September 2023
#tthl #ကြက်မဲကောင်ပေါက် #ကြက်မဲမျိုးဥ
#Yangon_Times
#Local_News
Published_ 12 September 2023
မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းလေပြင်းထန်သဖြင့် ရန်ကုန်မှစစ်တွေသို့ ထွက်ခွာလာသည့် ဘိလပ်မြေအိတ်များ တင်လာသည့်ကုန်တင်ရေယာဉ် MVရွှေအိမ်သည်ရေယာဉ်သည်ရေဝင်တိမ်းစောင်းမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါရေယာဉ်တွင် ဘိလပ်မြေအိတ်တန်၄၀၀၀ခန့် တင်ဆောင်လာပြီး စက်တင်ဘာလ၁၀ ရက်ည၁၀နာရီခန့်တွင် ရာသီဥတုဆိုးရွားပြီး လှိုင်းလေပြင်းထန် သည့်အတွက် ရေယာဉ်တိမ်းစောင်းကာ ရေယာဉ်စက်ခန်းအတွင်း ရေဝင်ရောက်မှုဖြစ်ပွားခဲ့သည်ဟုဆိုသည်။
ယင်းဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းအနီး မြန်မာ့ပင်လယ်ပြင်တွင်လုံခြုံရေးဆောင်ရွက် နေသောတပ်မတော်ရေမှလုံခြုံရေးအဖွဲ့ဝင်များရောက်ရှိလာပြီး စက်လှေ၏စက်ခန်းမှရေများကိုစုပ်ထုတ်ပေးခြင်းနှင့်လိုအပ်သောကူညီကယ်ဆယ်ရေးများကိုဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#tthl #MVရွှေအိမ်သည်ရေယာဉ် #ဘိလပ်မြေအိတ်တင်လာ
#Yangon_Times
#Local_News
Published_ 12 September 2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့အနီး ညသန်းခေါင်အချိန်တွင် အင်အားရစ်တာစကေး(၅.၅)အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြေငလျင်ဌာနခွဲ၏ ထုတ်ပြန်ချက်အရသိရသည်။
ထုတ်ပြန်ချက်တွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၀) နာရီ၊ (၀၁) မိနစ်၊ (၅၈) စက္ကန့်အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၃၅) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဖောင်းပြင်မြို့၏ မြောက်-အနောက်မြောက်ဘက် (၁၆) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၄.၄၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၇၈) ဒီဂရီ၊ အနက် (၅၈) ကီလိုမီတာ ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၅) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း ဖော်ပြထားသည်။
၂၀၂၃ခုနှစ်အတွင်း မြေငလျင်ငယ်များဆက်တိုက်လှုပ်ခတ်နေပြီး စစ်ကိုင်းတိုင်းဒေသကြီးကဲ့သို့ ပြတ်ရွေ့ကြောပေါ်တွင်တည်ရှိနေသည့်ဒေသများအနေဖြင့် ငလျင်ငယ်များအပြင်တစ်ကျော့ပြန်ငလျင်ကြီး များလည်းပြန်လည်လှုပ်ခတ်နိုင်သဖြင့်ဒေသခံများသတိပြုနေထိုင်ကြရန် မိုးလေဝသနှင့်ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြေငလျင်ဌာနခွဲမှ သတိပေးချက်ထုတ်ပြန်ထားသည်။
#tthl #Local_News #စစ်ကိုင်းတိုင်း #ဖောင်းပြင်အနီး #အင်အား(၅.၅)အဆင့်ရှိငလျင်လှုပ်
#Yangon_Times
#World_News
Published 12 September 2023
အမေရိကန် ဂူလေ့လာရေးသမားတစ်ဦးဟာ တူရကီနိုင်ငံတောင်ပိုင်း မြေအောက်မီတာ ၁ ထောင်ကျော်မှာ ပိတ်မိကာ ဖျားနာနေခဲ့ပြီး နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်ငန်းများ ရက်အတော်ကြာအောင် ကြိုးပမ်းခဲ့ပြီးနောက် အင်္ဂါနေ့အစောပိုင်းမှာ ကယ်တင်ခဲ့နိုင်ကြောင်း တူရကီ TUMAF ဂူလေ့လာရေးဖက်ဒရေးရှင်းက ပြောကြားလိုက်ပါတယ်။
အသက် ၄၀ အရွယ် မာ့ခ်ဒစ်ကီဟာ မာဆင်ပြည်နယ် တောရပ်စ်တောင်တန်းများရှိ မော်ကာဂူထဲမှာ နိုင်ငံတကာ လေ့လာရေးမစ်ရှင်တစ်ခု ဆောင်ရွက်နေတာဖြစ်ပြီး မြေအောက် ၁,၀၄၀ ပေအရောက်မှာ အစာအိမ်အူလမ်းကြောင်းမှ သွေးယိုစိမ့်မှုခံစားရတယ်လို့ အကြောင်းကြားခဲ့ပါတယ်။
ဒစ်ကီကို ဂူအန္တရာယ်ထဲကနေ ကယ်ဆယ်နိုင်ခဲ့ပြီလို့ TUMAF က X ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။
ဂူကယ်ဆယ်ရေး လုပ်ငန်းစဥ်ဟာ အောင်မြင်စွာပြီးဆုံးခဲ့ပြီ ဖြစ်ပြီး ပါဝင်ကူညီခဲ့သူအားလုံးကို ဂုဏ်ပြုပါတယ်လို့ ဖော်ပြခဲ့ပါတယ်။
ဒစ်ကီကို ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ရန် စခန်းရှိ ဆေးဘက်ဆိုင်ရာဌာနသို့ ခေါ်ဆောင်သွားခဲ့ကြောင်း အီတလီကယ်ဆယ်ရေးများက ဆိုပါတယ်။
တူရကီနိုင်ငံမှ တတိယမြောက် အနက်ရှိုင်းဆုံးဂူထဲကနေ ဒစ်ကီကို ကယ်ဆယ်ရန်အတွက် တူရကီ၊ ခရိုအေးရှား၊ အီတလီနဲ့ အခြားနိုင်ငံများမှ ကယ်ဆယ်ရေးသမား ၁၅၀ ကျော်လောက်ဟာ ၉ ရက်ကြာအောင် ကြိုးစားအားထုတ်ခဲ့ကြပါတယ်။
ကယ်ဆယ်ရေး ဗီဒီယိုရိုက်ကူးချက်တွေထဲမှာ ဒစ်ကီက ဂူထဲမှာ လဲလျောင်းနေကာ ဆေးအဖွဲ့မှ ကုသပေးနေပုံ မြင်တွေ့ခဲ့ရသလို အခြားအဖွဲ့တွေက ဂူတွေထဲသို့ ကျဥ်းမြောင်းတဲ့လမ်းတွေကနေ ကြိုးများဖြင့် ဆင်းသွားကြပုံတွေလည်း မြင်တွေ့ရပါတယ်။


#World_News #တူရကီဂူတွင်းမြေအောက် #အမေရိကန်ဂူလေ့လာရေးသမား #ကယ်ဆယ်နိုင်ခဲ့ #Source: Reuters
Page 1008 of 1939