#World_Health
Published 14 September 2023
ကလေးတွေအပေါ်မှာ ဖခင်တွေရဲ့ ပြုစုပျိုးထောင်ပေးလိုစိတ်နဲ့ အကာအကွယ်ပေးချင်စိတ်တို့ဟာ လည်ပင်းထရာပီဇီယပ်စ်ကြွက်သားနဲ့ သက်ဆိုင်နေတယ်လို့ စကန်ဒီနေဗီယန် စိတ်ကျန်းမာရေးဂျာနယ်မှာ လေ့လာချက်ကို ဖော်ပြခဲ့ပါတယ်။
ထိုကြွက်သားက လည်ပင်းရင်းကနေ စတင်ကာ ပခုံးတလျှောက်ဖြတ်သွားပြီး ကျောအလယ်အထိ ရောက်ရှိပါတယ်။
ဦးခေါင်း၊ လည်ပင်း၊ လက်၊ ပခုံးတို့ကို လှုပ်ရှားနိုင်ရန် ကူညီပေးပြီး ကျောရိုးနဲ့ ကိုယ်နေဟန်ထား တည်ငြိမ်စေပါတယ်။
ဒီကြွက်သားတွေက လည်ပင်းကို ချိတ်ဆက်ထားသလို မျက်နှာချင်းဆိုင် စကားပြောနေတဲ့အခါမှာလည်း မြင်တွေ့နိုင်တဲ့အရာတွေ ဖြစ်ကြောင်း ဒေါက်တာမစ်ချ်ဘရောင်းက ပြောပြသွားပါတယ်။
အာကန်ဆက်စ်တက္ကသိုလ်မှ သုတေသီတွေက ကွန်ပျူတာဖြင့် ဖန်တီးထားပြီး လည်ပင်းသာကွဲပြားတဲ့ တူညီတဲ့အမျိုးသားပုံရိပ် ၄ ခုကို ပါဝင်စမ်းသပ်သူ ၃၀၅ ဦးကို ကြည့်ရှုစေခဲ့ပါတယ်။
ပုံထဲက အမျိုးသားကိုကြည့်ပြီး တိုက်ရည်ခိုက်ရည်ကောင်းမကောင်း၊ ရေရှည်ရေတို ပေါင်းဖက်ရန် သင့်မသင့်၊ မိမိသားသမီးကို ကာကွယ်နိုင်စွမ်း ပြုစုပျိုးထောင်နိုင်စွမ်း ရှိမရှိတို့ကို အမှတ် ၁ မှ ၇ အထိ ပေးခဲ့ကြပါတယ်။
လည်ပင်းကြွက်သားကြီးသူတွေက သားသမီးတွေကို ကာကွယ်ပေးချင်စိတ်ရှိပေမယ့် ပြုစုပျိုးထောင်စိတ် နည်းပါးပြီး ရေရှည်လက်တွဲချင်စိတ် နည်းပါးတယ်လို့ ထင်မြင်ခဲ့ကြပါတယ်။
လည်ပင်းသေးသူတွေကတော့ ပြုစုပျိုးထောင်သူကောင်းတွေ ဖြစ်တယ်လို့ ယူဆခဲ့ကြပါတယ်။
အစဥ်အလာအရတော့ အမျိုးသားတွေရဲ့ လည်ပင်းကိုကြည့်ပြီး ရုပ်ပိုင်းဆိုင်ရာ စွမ်းအားကို အကဲဖြတ်ကြပါတယ်။
မျက်နှာနဲ့ ခန္ဓာကိုယ်ထက်စာရင် လည်ပင်းက ယောက်ျားတစ်ယောက်ကို ခန့်မှန်းရာမှာ ပိုပြီးယုံကြည်စိတ်ချရပါတယ်။
သုတေသီတွေက ဓာတ်ပုံထဲမှာ လည်ပင်းကိုကွေးပြီး ခေါင်းကိုဆန့်တဲ့ စတာနိုကလီဒိုမက်စတွိုက် ကြွက်သားကိုလည်း ဖန်တီးခဲ့ပေမယ့် အမျိုးသားတွေရဲ့ ဖခင်ပီသစိတ်ကို ခန့်မှန်းရာမှာ ထိရောက်မှု မရှိခဲ့ပါဘူး။
နောက်ပိုင်းသုတေသနတွေမှာလည်း အမျိုးသားတွေရဲ့ လည်ပင်းတည်ဆောက်ပုံကိုကြည့်ပြီး စိတ်အခြေအနေတွေကို အကဲဖြတ်ရာမှာ အသုံးဝင်နိုင်ဖွယ်ရှိပြီး ဒီလေ့လာချက်က လူမျိုးကွဲပြားမှုတွေမှာ ယူဆရနိုင်သလားဆိုတာ လေ့လာရဦးမှာဖြစ်သလို လက်ရှိစမ်းသပ်ချက်ကတော့ အမေရိကန်တောင်ပိုင်းမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
#World_Health #လည်ပင်းအရွယ်အစား #ဖခင်ပီသမှုကိုအကဲဖြတ်
Source: New York Post
#Local_News
Published-14 September 2023
မြန်မာနိုင်ငံ၏ သဘာဝရေပြင်မှ ဖမ်းဆီးရရှိသည့် ရေထွက်ကုန်ပစ္စည်းနှင့် မွေးမြူရေးရေထွက် ကုန်ပစ္စည်းများ တရုတ်နိုင်ငံသို့ တင်ပိုရေးဆိုင်ရာ SPS သဘောတူစာချုပ်များကို သွင်းကုန်နှင့်ပို့ကုန် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှု ညီလာခံ၌ ချုပ်ဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ စက်တင်ဘာ (၁၄) ရက်နေ့မှ (၁၇) ရက်နေ့အထိ ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု (Belt and Road Initiative - BRI)တွင်ပါဝင်သည့် နိုင်ငံများအတွက် သွင်းကုန်နှင့်ပို့ကုန် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှုညီလာခံနှင့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲများကို ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ညီလာခံနှင့် ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့လည်း ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
#Local_News #မြန်မာ့ရေထွက်ကုန်ပစ္စည်း #SPS သဘောတူစာချုပ်
#Yangon_Times/PP
#Local_News
Published-14 September 2023
မိုးသည်းထန်စွာရွာသွန်း၍ ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ တောင်ခြေရင်းရှိ ရပ်ကွက်များတွင်တောင်ကျမိုးရေများဝင်ရောက်မှုကြောင့် အုတ်တံတိုင်းပြိုကျမှုဖြစ်ကာ အမျိုးသား ၁ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သိရသည်။
ဖြစ်စဥ်မှာ စက်တင်ဘာလ ၁၄ရက် နံနက် ၂နာရီ ၄၀ မိနစ်အချိန်ခန့်က လားရှိုးမြို့၊ တောင်ခြေရင်းရှိ အမှတ်(၅/၆/၇ /၁၂) ရပ်ကွက်များတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေအိမ်များအတွင်း တောင်ကျမိုးရေများဝင်ရောက်မှုဖြစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တောင်ကျမိုးရေများဝင်ရောက်မှုကြောင့် ရပ်ကွက်(၅)၊ နယ်မြေ(၁၃) တွင်နေအိမ်အုတ်တံတိုင်းပြိုကျမှုဖြစ်ခဲ့၍ လူနေအိမ်ပေါ်ပိမိနေပြီး အမျိုးသား ၁ဦးသေဆုံးခဲ့၍ လားရှိုးလူငယ်ပရဟိတပိုင်လူနာတင်ယာဉ်ဖြင့် လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတလူမှုရေးအဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ မိုးရေဝင်ရောက်လျက်ရှိသော နေအိမ်များမှ လူနှင့်ပစ္စည်းများအား ဘေးလွတ်ရာနှင့် ၎င်းတို့၏ဆွေမျိုးများနေအိမ်သို့ရွှေ့ပြောင်းပေးခဲ့ကြောင်းလည်း သိရသည်။


#Local_News #မိုးသည်းထန်စွာရွာသွန်းမှု #အုတ်တံတိုင်းပြိုကျမှုဖြစ်
#Yangon_Times/PP
#World_Health
Published 14 September 2023
မနက်စာက တစ်နေ့တာအတွက် မရှိမဖြစ်လိုအပ်တဲ့ စားသောက်မှုတစ်ခုဖြစ်ပြီး မနက်စာ မစားဘူးဆိုရင် တစ်နေ့တာလှုပ်ရှားမှုတွေကို ထိခိုက်စေလောက်တဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
မနက်စာကို အာဟာရညီညွတ်စွာ ပြည့်ဝအောင် စားသုံးမယ်ဆိုရင် တစ်နေ့တာအတွက် စွမ်းအင်တွေ ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။
မနက်စာ မစားဖြစ်ဘူးဆိုရင် နောက်ထပ်နောက်ထပ် ဆာလောင်နေမှာဖြစ်ပြီး ပိုမိုစားသုံးဖြစ်မှာ ဖြစ်ပါတယ်။
ဒါဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အပြင် ကိုယ်အလေးချိန် တက်လာစေမှာ ဖြစ်ပါတယ်။
မနက်စာကို မဖြစ်မနေ စားသုံးသင့်တဲ့ အကြောင်းအရင်း ၃ ခုကို အာဟာရပညာရှင် ရူဂျူတာဒီဝယ်ကာက အင်စတာဂရမ်မှာ မျှဝေသွားပါတယ်။
(၁) ကိုယ်အလေးချိန်ကျစေရန် ကူညီပေးခြင်း
မနက်စာ မစားဘူးဆိုရင် နေ့လယ်စာနဲ့ ညစာစားတဲ့အခါ ကယ်လိုရီတွေ ပိုမိုစားသုံးဖြစ်မှာ ဖြစ်ပါတယ်။
မနက်စာကို ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသုံးမယ်ဆိုရင်တော့ တစ်နေ့တာအတွက် ကယ်လိုရီကို ဖြန့်ဝေသွားမှာဖြစ်ပြီး ကိုယ်အလေးချိန်ချရာမှာ အကူအညီဖြစ်စေမှာ ဖြစ်ပါတယ်။
(၂) မကောင်းတဲ့ကယ်လိုရီများ မစားသုံးမိစေရန်ကာကွယ်ခြင်း
မနက်စာ မစားတဲ့သူတွေက ညဘက်မှာ ပိုမိုဆာလောင်တတ်ပြီး အာဟာရတန်ဖိုးမရှိတဲ့ အစားအစာ ကယ်လိုရီတွေ ပိုမိုစားသုံးမိတတ်ပါတယ်။
(၃) ဆာလောင်သဖြင့် စိတ်ဆိုးဒေါသထွက်ခြင်းကို တားဆီးပေးခြင်း
လုံလောက်စွာ မစားသုံးရသဖြင့် ဒေါသထွက်တာမျိုး မဖြစ်ရအောင် မနက်စာကို ပြည့်ဝအောင် စားသုံးဖို့ လိုအပ်ပါတယ်။
#World_Health #မနက်စာ #မဖြစ်မနေစားသုံးသင့်
Source: NDTV
BRICS အဖွဲ့ဝင်နိုင်ငံသစ် ၆ နိုင်ငံတိုးချဲ့ရေးကိစ္စက တစ်ကမ္ဘာလုံးမှာပါ ဆက်လက်သက်ရောက်နေပြီး အရင်က အမေရိကန်နဲ့ ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ ဆော်ဒီအာရေဗျနိုင်ငံ အပါအဝင် ပင်လယ်ကွေ့နိုင်ငံများကလည်း တိုးတက်လာတဲ့ အဆိုပါစီးပွားရေးနိုင်ငံများ အဖွဲ့အစည်းမှာ အဖွဲ့ဝင်ဖြစ်လာရန် ကြိုးပမ်းလာကြပါတယ်။
Published 13 September 2023
#World_Politics #အနောက်တိုင်းကိုမှီခိုနေ #BRICSအဖွဲ့ဝင် #ဆော်ဒီအာရေဗျနိုင်ငံ
#Daily_News
Published_ 13 September 2023
၁။ မွန်၊ ကရင်၊ တနင်္သာရီဒေသများတွင် မိုးသည်းထန်ပြီး ရေကျော်နိုင်သဖြင့် ခရီးသွားသူများသတိပြုသွားလာရန်လို
၂။ မြန်မာငွေတန်ဖိုးကျတဲ့အတွက် ယခင်နှစ်များထက် ဘင်္ဂလားဒေ့ရှ်မှ ဂျင်းဝယ်ယူမှုပိုများလာ
၃။ ရိုးရာမတိမ်ကော မပပျောက်အောင် ယခုနှစ်တွင်တနင်္သာရီရိုးရာ နဂါးလှေတော်ပွဲပြန်ကျင်းပလိုဟုဆို
၄။ ကာလကြာရှည်စွာ အနောက်တိုင်းကို မှီခိုနေခဲ့သည့်ဆော်ဒီအာရေဗျနိုင်ငံ BRICS အဖွဲ့ဝင်ဖြစ်လာရန်ကြိုးပမ်းလာ.... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
၁၃ စက်တင်ဘာ ၂၀၂၃
အိန္ဒိယနိုင်ငံတောင်ပိုင်း ကဲရာလာပြည်နယ်မှာ ဖြစ်ခဲပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ဦးနှောက်စား Nipah နီပါး ဗိုင်းရပ်စ်ပိုး ကူးစက်လို့ လူနှစ်ဦး သေဆုံးပြီးနောက် စာသင်ကျောင်းအချို့ကို စက်တင်ဘာ ၁၃ ရက်ဗုဒ္ဓဟူးနေ့မှာ ပိတ်လိုက်ရပါတယ်။
ဆေးရုံမှာ လူကြီးတစ်ဦးနှင့် ကလေးငယ်တစ်ဦးကို ယခုဆေးရုံတင်ထားရဆဲပါ။ လူပေါင်း ၁၃၀ကျော်ကို အဆိုပါဦးနှောက်စားပိုးကူးစက်ခဲ့ တာဖြစ်ပါတယ်။ အဲဒီပိုးဟာ လင်းနို့တွေ၊ဝက်တွေနှင့် အခြားလူတွေနှင့် တိုက်ရိုက်ထိတွေ့ရာကနေကူးစက်တာဖြစ်တယ်လို့ အိန္ဒိယ ကျန်းမာရေးအရာရှိတစ်ဦးကပြောပါတယ်။
“ ကူးစက်ခံရသူတွေနှင့်ထိတွေ့ခဲ့သူတွေကို အရင်ဆုံး အဓိကထား လိုက်နေပါတယ်။ ပြီးတော့ရောဂါလက္ခဏာပြနေသူတွေကိုလည်း သီးသန့်ခွဲထားပါတယ်” လို့ ပြည်နယ်ကျန်းမာရေးဝန်ကြီး ဗီနာဂျော့က အိန္ဒိယမီဒီယာတွေကိုပြောပါတယ်။ ဗိုင်းရပ်စ်မျိုးကွဲကို လေ့လာ ဆန်းစစ်းနေတယ်လို့လည်းသူကပြောပါတယ်။
“ ကျန်းမာရေးအကျပ်အတည်းကိုထိန်းချုပ်နိုင်စေဖို့ ပြည်နယ်ရဲ့ အစိတ်အပိုင်းတွေမှာ သွားလာမှုကန့်သတ်ထားပါတယ်” လို့ သူက ဆက်ပြောပါတယ်။
ဩဂုတ် ၃၀ရက်ကတည်းက ကူးစက်မှုကြောင့် လူနှစ်ဦးသေဆုံးခဲ့ရပါတယ်။ ၂၀၁၈ခုနှစ်ကတည်းကဆိုရင် ဒါဟာ စတုတ္ထအကြိမ် မြောက်ပြည်နယ်မှာ ဗိုင်းရပ်စ်ကူးစက်ခြင်းဖြစ်ပါတယ်။ ကိုချီကိုဒီခရိုင်က ရွာ(၇)ရွာကို ထိန်းချုပ်ရေးဇုံအဖြစ်ကြေညာထားပါတယ်။
ပထမဆုံးသေဆုံးသူဟာ မာရူတွန်ကရာရွာက မြေပိုင်ရှင်တစ်ဦးဖြစ်ပြီး သူ့သမီးနှင့်ယောက်ဖတို့လည်း ကူးစက်ခံရပြီး ဆေးရုံက သီးခြား အခန်းထဲထည့်ထားရတယ်လို့ အစိုးရအရာရှိတစ်ဦးကပြောပါတယ်။ ဒုတိယသေဆုံးသူဟာ ပထမသေဆုံးသူနှင့်ဆေးရုံမှာထိတွေ့ခဲ့ပြီး သူတို့နှစ်ဦး ဘာမှတော်စပ် ဆက်စပ်ခြင်းတော့မရှိဘူးလို့ အဆိုပါအရာရှိကပြောပါတယ်။
ပထမဆုံးသော နီပါးဗိုင်းရပ်စ်ကို ၁၉၉၉ခုနှစ်မှာ မလေးရှားနှင့်စင်္ကာပူက ဝက်မွေးသူတွေနှင့်အခြားသူတွေဆီကနေ စတင်ကူးစက်ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။
ကဲရာလာပြည်နယ်မှာ ၂၀၁၉မှာ ပထမဆုံးကူးစက်မှုဖြစ်တုန်းက ၂၃ဦးအကူးခံရပြီး ၂၁ ဦးသေဆုံးခဲ့ရပါတယ်။ ၂၀၂၁ မှာ နောက်ထပ် နှစ်ဦးထပ်သေဆုံးခဲ့ရပါတယ်။
အိန္ဒိယနိုင်ငံ ကဲလာရာပြည်နယ်ဟာ လင်းနို့ဗိုင်းရပ်စ်တွေကူးစက်နိုင်တဲ့ ကမ္ဘာ့အန္တရာယ်အရှိဆုံးနေရာတွေထဲမှာ တစ်ခုပါဝင်နေပါတယ်။
‘ပိုက်ဆံပေးပြီး ဆီတိုးခိုင်းထားတဲ့ လူတန်းစားအဖွဲ့ရှိနေတဲ့အတွက် စားအုန်းဆီရောင်းချပေးရသူတွေအတွက် အခက်တွေ့စေတယ်လို့ဆိုပါတယ်’
စားအုန်းဆီလက်ကားဒိုင်မှ တာဝန်ရှိသူတစ်ဦး
Published_ 13 September 2023
#tthl #စားအုန်းဆီ #တိုးခိုင်းပြီးပြန်ရောင်းချသူ
#Yangon_Times
စက်တင်ဘာလ ဒုတိယအပတ်အတွင်း အမေရိကန်ဒေါ်လာအပါအဝင် ပြည်ပငွေလဲလှယ်နှုန်းထား ကျဆင်းလာပေမယ့် စက်သုံးဆီဈေးကတော့ ဈေးမြင့်မှာသာရှိနေပါတယ်။92 တစ်လီတာကို (၂၂၈၅) ကျပ် ကနေ ၂၃၃၅ ကျပ်အထိ ဈေးမြင့် လာတာကြောင့်တစ်လီတာကို ကျပ် ၅၀ ခန့် အထိ ဈေးမြင့်လာတယ်လို့သိရပါတယ်
Published_ 13 September 2023
#စက်သုံးဆီဈေး မြင့်လာ #အမေရိကန်ဒေါ်လာ
#YMG/LW
#Yangon_Times
‘တနင်္သာရီဒေသရဲ့ရိုးရာဓလေ့တွေကို မတိမ်ကောမပပျောက်အောင်ထိန်းသိမ်းဖို့လိုအပ်တဲ့အတွက် တနင်္သာရီရိုးရာနဂါးလှေတော်ပွဲပြန်လည်ကျင်းပလိုပါတယ်’
တနင်္သာရီတိုင်းယဥ်ကျေးမှုအမွေအနှစ် စောင့်ရှောက်ရေးအဖွဲ့ဝင်တစ်ဦး
Published_ 13 September 2023
#tthl #နဂါးလှေတော်ပွဲ #တနင်္သာရီတိုင်းယဥ်ကျေးမှုအမွေအနှစ်
#Yangon_Times
#World_Health
Published 13 September 2023
အီလက်ထရွန်နစ် စီးကရက်တွေက ကြွက်တွေရဲ့ ဝှေးစေ့အရွယ်အစားနဲ့ သုတ်ပိုးအရေအတွက်တို့အပေါ် သက်ရောက်နေပုံကို သိပ္ပံပညာရှင်များ လေ့လာခဲ့ကြပါတယ်။
ကြွက်တွေဟာ ခန္ဓာဗေဒ၊ ဇီဝကမ္မဖြစ်စဥ်၊ မျိုးဗီဇပိုင်းတွေမှာ လူသားတွေနဲ့ ဆင်တူတာကြောင့် ယင်းတို့ဖြင့် စမ်းသပ်မှုတွေ ပြုလုပ်ကြတာ ဖြစ်ပါတယ်။
ဒါကြောင့် ကြွက်တွေကို စမ်းသပ်မှုလုပ်ရာကနေ ရလာတဲ့ရလဒ်တွေဟာ အီး-စီးကရက်သုံးစွဲတဲ့ သူတွေမှာလည်း ယူဆလို့ ရနိုင်ပါတယ်။
သာမန်ကြွက်တစ်ကောင်ဟာ ပုံမှန်အားဖြင့် သုတ်ရည် ၁ မီလီလီတာမှာ သုတ်ပိုးကောင် ၉၈.၅ သန်း ပါဝင်ပါတယ်။
ကြွက်တွေကို အဖွဲ့ ၃ ဖွဲ့ခွဲလေ့လာခဲ့ရာ Winston အမှတ်တံဆိပ် စီးကရက်ငွေ့နဲ့ ထိတွေ့တဲ့အဖွဲ့၊ အီး-စီးကရက်ငွေ့နဲ့ ထိတွေ့တဲ့အဖွဲ့၊ ဘာစီးကရက်ငွေ့မှ မထိတွေ့တဲ့ အဖွဲ့ဆိုပြီး ခွဲခြားခဲ့ကြပါတယ်။
ဆေးလိပ်ငွေ့တွေကို တစ်ခါထိတွေ့ရင် တစ်နာရီဖြင့် တစ်နေ့ကို နှစ်ကြိမ်ထိတွေ့စေပါတယ်။
ထိုအခါမှာ အီး-စီးကရက်ငွေ့ရှူရတဲ့ ကြွက်တွေမှာ သုတ်ပိုးကောင် ၉၅.၁ သန်းခန့် ကျဆင်းသွားပြီး သာမန်စီးကရက်ငွေ့ ရှူရတဲ့ကြွက်တွေမှာတော့ ၈၉ သန်း ကျဆင်းသွားပါတယ်။
အီး-စီးကရက်ငွေ့တွေကို အရင်က ဘေးအန္တရာယ်မရှိဘူးလို့ ယူဆခဲ့ကြပေမယ့် ဓာတ်တိုးမှုများ ဖြစ်နိုင်ပြီး ဝှေးစေ့မှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။
အထီးမျိုးပွားစနစ်နဲ့ သုတ်ပိုးကောင်ကျဆင်းမှုများအပေါ် ဆေးလိပ်ငွေ့ရဲ့ သက်ရောက်မှုတွေကို အလုံးစုံသိရှိနားလည်ဖို့ နောက်ထပ်သုတေသန ပြုလုပ်ရန်လိုအပ်ကြောင်း၊ ဒီလေ့လာချက်က အမျိုးသားမျိုးပွားစနစ် ကျန်းမာရေးအပေါ် စီးကရက်သောက်ခြင်းရဲ့ သက်ရောက်မှုတွေကို နားလည်စေနိုင်မယ့် အခွင့်အရေးဖြစ်နေပါတယ်။
#World_Health #အီး-စီးကရက် #သုတ်ပိုးအရေအတွက်
Source: The Jerusalem Post
#Local_News
Published_ 13 September 2023
၂၀၂၃−၂၀၂၄ဘဏ္ဍာနှစ်အတွင်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နဲ့ကလေးငယ် တစ်သိန်းကျော်၊ အသက်(၈၅)နှစ်အထက်ဘိုးဘွားသုံးသောင်းကျော်ကို ထောက်ပံ့ကြေး များပေးသွားမည် ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သိရသည်။
ယင်းကဲ့သို့ထောက်ပံ့ပေးမည့်အကြောင်းကို လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးစိုးဝင်း ဧရာဝတီတိုင်း၊ ပုသိမ်မြို့၌ကျင်းပသည့် ကိုယ်ဝန်ဆောင်၊ ကလေးငယ် နှင့်သက်ကြီးဘိုးဘွားများ၊ စေတနာဝန်ထမ်းအဖွဲ့အစည်းများကို ထောက်ပံ့ကြေးပေးအပ်သည့် အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက ‘၂၀၂၃−၂၀၂၄ဘဏ္ဍာနှစ်အတွက် ဧရာဝတီတိုင်းဒေသကြီးမှ အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ် (၁၁၈၇၆၆)ဦးအတွက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ လူမှုရေးပင်စင်အစီအစဉ်အနေဖြင့် အသက်(၈၅)နှစ်အထက်သက်ကြီးဘိုးဘွား(၃၁၇၇)ဦးကို ထောက်ပံ့ နိုင်ရေးဆောင်ရွက်ပေးသွားမည်’ ဖြစ်ကြောင်း ပြောခဲ့သည်။
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၃−၂၀၂၄ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်အတွင်း ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်နှစ်နှစ်အောက်ကလေးငယ်များ၊ အသက်(၈၅)နှစ်အထက်သက်ကြီးဘိုးဘွားများနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများကို ငွေကျပ်၆၂၇၉ ဒသမ ၅၄၉ သန်းပေးအပ်ခဲ့ကြောင်း သိရသည်။
#tthl #Local_News #ဧရာဝတီတိုင်း #ကလေးငယ်တစ်သိန်းကျော် #ထောက်ပံ့ကြေးပေးမည်
#Yangon_Times
Page 1006 of 1938