#Local_News
Published_ 19 May 2023
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်းက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ၅၃ လမ်း၊ ၁၂၆ လမ်းနှင့် ၁၂၇ လမ်းကြားရှိ ဝင်းကျော်စိုး(ခ)ခန့်စိုး ၏ နေအိမ်ကို သတင်းအရရှာဖွေရာ နေအိမ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅၅၀၀ တန်ဖိုးရှိ ပလတ်စတစ်ဆပ်ပြာခွက် ၂၂၀၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၂၂ ကီလို သိမ်းဆည်းရမိခဲ့ပြီးမြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ဒါ့အပြင် ကွင်းဆက်စစ်ဆေး ဖော်ထုတ်ချက်အရ နံနက် ၁၁ နာရီခွဲအချိန် မန္တလေးမြို့၊ ၄၂ လမ်းနှင့် ၁၀၁ လမ်းကြားရှိ ဟိုတယ်တွင် ရှမ်းပြည်နယ်မှ သယ်ဆောင်လာသည့် ဘိန်းဖြူများ ဖမ်းမိနေအိမ်တွင် သိုလှောင်ထားရှိပြီး ကချင်ပြည်နယ်သို့ သယ်ဆောင် ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူ မနာဝ(ခ)ဂျူးမေ အား ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက် အရသိရသည်။
အဆိုပါပြစ်မှုကျူးလွန်သူတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
#ymg/ynzw #Local_News #ငွေကျပ်သိန်း၅၅၀၀တန်ဖိုးရှိဘိန်းဖြူ ၂၂ကီလိုဖမ်းဆီးရမိ
#YMG #Yangon_Media_Group
#Local_News
Published-19 June 2023
ဧရာဝတီတိုင်း၊ ဖျာပုံမြို့အနီး မြန်မာပင်လယ်ပြင်အတွင်းမှာ ဗဟိုပြုပြီးအင်အားရစ်တာစကေး(၅.၁)အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန(မြေငလျင်ဌာနခွဲ)မှ သိရပါတယ်။
#Local_News ##ဖျာပုံမြို့အနီးအင်အား၅.၁အဆင့်ရှိငလျင်လှုပ်
#YMG #Yangon_Media_Group
#Local_News
Published-19 June 2023
မိုခါရံပုံငွေဘောလုံးပွဲမှ ရရှိတဲ့ကျပ်သိန်း ၉၅၀ ကျော်ကို မိုခါမုန်တိုင်းဒဏ်သင့်ဒေသတွေရဲ့ ပြန်လည်ထူထောင် ရေးလုပ်ငန်းတွေမှာ အသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။
#YMG #Yangon_Media_Group
#Local_News
Published-19 June 2023
ရန်ကုန်မှာ ပေါင်ထားတဲ့မြေတွေကို ဂရမ်ပျောက်နေတယ်ဆိုပြီး လိမ်လည်ရောင်းချနေတာတွေရှိနေတဲ့အတွက် မြေဝယ်မယ့်သူတွေအနေနဲ့ စနစ်တကျ စစ်ဆေးဝယ်ယူဖို့လိုအပ်တယ်လို့တရားလွှတ်တော်ရှေ့နေထံမှ သိရပါတယ်။
#Local_News #ပေါင်ထားသည့်မြေများကိုလိမ်လည်ရောင်းချမှုများရှိနေ
#YMG #Yangon_Media_Group
#Local_News
Published-19 June 2023
ဧရာဝတီတိုင်း၊ ဖျာပုံမြို့အနီး မြန်မာပင်လယ်ပြင်အတွင်းတွင် ဗဟိုပြုပြီး အင်အားရစ်တာစကေး(၅.၁)အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားသည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မြေငလျင်ဌာနခွဲ)မှသိရသည်။
ဇွန်လ ၁၉ ရက် မနက် ၈ နာရီ ၁၀ မိနစ်တွင် ဖျာပုံမြို့၏ အရှေ့တောင်ဘက်မိုင် ၇၀ ခန့်အကွာ မြန်မာ့ပင်လယ်ပြင်တွင် ဗဟိုပြုပြီးတော့ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
‘‘ဖျာပုံမြို့အနီး မြန်မာ့ပင်လယ်ပြင်ကိုဗဟိုပြုပြီးလှုပ်ခတ်တာပါ။ အင်အားရစ်တာစကေး(၅.၁)အဆင့်ရှိပါတယ်’’ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မြေငလျင်ဌာနခွဲ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၂၀၂၃ ခုနှစ်အတွင်း မြေငလျင်ငယ်များဆက်တိုက်လှုပ်ခတ်ခဲ့ပြီး စစ်ကိုင်းပြတ်ရွေ့စသည့်ပြတ်ရွေ့ကြောပေါ်တည်ရှိသည့် ဒေသများတွင်မြေငလျင်ကြီး၊ ငယ်တွေလှုပ်ခတ်မှုများခဲ့သလို ပြတ်ရွေ့ကြောပေါ်မရှိသည့် ဒေသများတွင်လည်း မြေငလျင်ကြီး၊ ငယ်တွေလှုပ်ခတ်နိုင်ခြေရှိတဲ့အတွက် သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့်ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာန(မြေငလျင်ဌာနခွဲ)မှ သတိပေးနှိုးဆော်ထားသည်။
#ymg/tthl #Local_News #ဖျာပုံမြို့အနီးအင်အား ၅.၁အဆင့်ရှိ ငလျင်လှုပ်ခတ်
#YMG #Yangon_Media_Group
#Local_News
Published-19 June 2023
မိုခါရန်ပုံငွေဘောလုံးပွဲမှ ရရှိသည့်ကျပ်သိန်း၉၅၀ကျော်ကို မိုခါမုန်တိုင်းဒဏ်သင့်ဒေသများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း
သိရသည်။
ရန်ပုံငွေဘောလုံးပြိုင်ပွဲတွင် ရုပ်ရှင်အသင်း(Movie FC)၊ဂီတအသင်း(Music FC)၊ Forever FC အသင်း နှင့်ညွန့်ပေါင်းအသင်း(Old Star FC)တို ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
မိုခါရန်ပုံငွေ ဘောလုံးပွဲပြိုင်ပွဲတွင် ဂီတအသင်း(Music FC)ကပထမ၊ ရုပ်ရှင်အသင်း(Movie FC)ကဒုတိယ၊ ညွန့်ပေါင်းအသင်း(Old Star FC)ကတတိယနှင့် Forever FC အသင်းက စတုတ္ထနေရာကိုရရှိခဲ့ခြင်းဖြစ်သည်။
ပြိုင်ပွဲဗိုလ်လုပွဲကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌ၊ မြန်မာနိုင်ငံဂီတအစည်းအရုံးဥက္ကဌ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဌ၊ ရန်ကုန်တိုင်းဥပဒေချုပ်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး ပြိုင်ပွဲဆုရရှိသူများကိုဆုချီးမြှင့်ခြင်း၊ အလှူရှင်များ၏ အလှူငွေများကိုလက်ခံခြင်းများကို ဆောင်ရွက်ခဲ့သည်။
မိုခါရန်ပုံငွေဘောလုံးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျပ်သိန်း၃၀၀၊ စီးပွားရေးလုပ်ငန်းရှင်များမှ ကျပ်သိန်း၂၅၀နှင့် ကျန်အလှူရှင်များမှ အလှူငွေများလက်ခံရရှိခဲ့ပြီး စုစုပေါင်းကျပ် ကိုးရာ့ငါးဆယ်ငါးသိန်းငါးသောင်းကို မိုခါမုန်တိုင်းဒဏ်သင့်ဒေသများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။


#ymg/tthl #Local_News #ကျပ်သိန်း ၉၅၀ကျော်ကို မိုခါမုန်တိုင်းဒဏ်သင့်ဒေသများပြန်လည်ထူထောင်ရေးတွင် သုံးမည် #YMG #Yangon_Media_Group
#Local_News
Published-19 June 2023
မြန်မာမူလတန်းကလေးငယ်တစ်ဦး မြန်မာနိုင်ငံကိုယ်စားပြုပြီး ကမ္ဘာ့အဆင့်”Chinese Brigde –Chinese Show’’ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ထုတ်ပြန်ချက်အရ သိရသည်။
တတိယအကြိမ် ကမ္ဘာ့မူလတန်းကျောင်းသားကျောင်းသူများ ”Chinese Brigde –Chinese Show’’ပြိုင်ပွဲကို ဇွန်လ(၁၈)ရက်တွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှာ ကျင်းပခဲ့ပြီး ရန်ကုန်မြို့ရှိ တရုတ်ဘာသာစကားကျောင်းအဖွဲ့ အစည်းတွေမှ ကျောင်းသား၊ ကျောင်းသူပြိုင်ပွဲဝင် ၂၀ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆရာဆရာမ၊ ကျောင်းသားကျောင်းသူ ၁၀၀ ကျော် တက်ရောက်ခဲ့သည်။
ယင်းပြိုင်ပွဲတွင် ရန်ကုန်မြို့ရှိ Bowen တရုတ်ဘာသာသင်သင်တန်းကျောင်းမှ ကလေးငယ်Tan Xianen ကပထမဆုရရှိခဲ့ပြီး တစ်ကမ္ဘာလုံး အဆင့်ဖိုင်နယ်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။
ပြိုင်ပွဲကို မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးသံမှူးကြီး Ms. Coa Jinguကတက်ရောက်ခဲ့ပြီး တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှု နှင့် တရုတ်ဘာသာစကားနိုင်ငံရပ်ခြားတွင် ပြန့်ပွားစေရေးအတွက် တိုးတက်မှုအခြေအနေသစ်ကို မိတ်ဆက်ပေးခဲ့ပြီး မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူများက တရုတ်ဘာသာစကားအားကြိုးစားသင်ယူကာ တရုတ်နိုင်ငံနှင့် ကမ္ဘာကြီး ကူးလူးဖလှယ်ချိတ်ဆက်သည့်စွမ်းရည်တိုးတက်စေကာ တရုတ်-မြန်မာချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၏ သံတမန်လေးများအဖြစ်ထမ်းဆောင်ရန်အားပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
#ymg/tthl #Local_News #Chinese Brigde – Chinese Showပြိုင်ပွဲ #မြန်မာမူလတန်းကလေးငယ်သွားရောက်ယှဉ်ပြိုင် #YMG #Yangon_Media_Group
#Local_News
Published-19 June2023
ရာနှင့်ချီသော မြန်မာနိုင်ငံသားများထံမှ လာဘ်ယူ၍ ပန်းရောင်မှတ်ပုံတင်ကတ်လုပ်ပေးခဲ့သူ ထိုင်းအရာရှိများအား စစ်ဆေးနေကြောင်း ထိုင်းနိုင်ငံဒေသတွင်း သတင်းများက သိရသည်။
လွန်ခဲ့သောသုံးလအတွင်းက မြန်မာနိုင်ငံသား ရွှေ့ပြောင်းနေထိုင်သူ ၇၀၀ ကို ပန်းရောင်မှတ်ပုံတင်ကတ်များ ထုတ်ပေးရန်အတွက် ထိုင်းနိုင်ငံ၊ မဲဆောက်ခရိုင်၌ နိုင်ငံသားမှတ်ပုံတင်ဦးစီးဌာနမှ ထိုင်းအရာရှိသုံးဦးက တံစိုးလက်ဆောင် ဘတ်ငွေ သန်း ၃၀ ယူ၍ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းများထွက်ပြီးနောက် ယခုအခါ စုံစမ်းစစ်ဆေးမှုပြုလုပ်ခြင်းခံနေကြရပြီဖြစ်ကြောင်း အဆိုပါ ဒေသတွင်း သတင်းများက ဆိုသည်။
အဆိုပါ မှတ်ပုံတင်အရာရှိသုံးဦးက ဒုက္ခသည်များ၊ကယားပြည်နယ်တွင် လှုပ်ရှားနေသော PDF များကဲ့သို့ မြန်မာနိုင်ငံ နစက အစိုးရကို ဆန့်ကျင်ရေးအဖွဲ့ဝင် ၇၀၀ ခန့်အတွက် ပန်းရောင်မှတ်ပုံတင်များ ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ၊၎င်းတို့က တစ်နေ့လျှင်ပျမ်းမျှ ပန်းရောင်မှတ်ပုံတင်ကတ် ၁၅ ကတ်မှ ၂၀ ကတ်အထိ ထုတ်ပေးခဲ့ကြောင်းလည်း သိရသည်။
ကတ်တစ်ခုလျှင် ဘတ် ၄၀၀၀၀ မှ ၁၀၀၀၀၀ ထိ တောင်းဆိုခဲ့သောကြောင့် ဘတ်ငွေ ၂၈ သန်းမှ သန်း ၃၀ ထိ လာဘ်ရယူခဲ့ကြခြင်း ဖြစ်ကြောင်း တက်ခ်ပြည်နယ်အုပ်ချုပ်ရေးမှူး ဆွန်ချိုင်းထံ ဒေသခံများနှင့် တာဝန်ရှိသူများက ယင်း ၃ ဦးကို တိုင်ကြားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
မဲဆောက်မှတ်ပုံတင်ရုံးတွင် ပန်းရောင်မှတ်ပုံတင်ကတ်များရရှိရေး တန်းစီစောင့်ဆိုင်းနေသော ရွှေ့ပြောင်းနေထိုင်သူများ ပုံမှန်မဟုတ်ဘဲ ရှည်လျားစွာတန်းစီနေကြသည်ကို တွေ့ရှိခဲ့ကြသည့် ထိုင်းနိုင်ငံသားများက သတင်းပေးပို့မှုအရ မဲဆောက်ခရိုင် မှတ်ပုံတင်ရုံးကိုစစ်ဆေးရန် အမိန့်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#ymg/BM #Local_News #လာဘ်ယူ၍ပန်းရောင်မှတ်ပုံတင်ကတ်လုပ်ပေးခဲ့သူ
#YMG #Yangon_Media_Group
#Local_News
Published-19 June2023
မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ စစ်ကိုင်း-မန္တလေးလမ်းဘေးတွင် ဇွန်လ ၁၈ ရက်ညပိုင်းက အိမ်စီးကားတစ်စီး ပက်လက်လန်တိမ်းမှောက်၍ ကလေးငယ်တစ်ဦးအပါအဝင် လူနှစ်ဦးသေဆုံးပြီး၊ အမျိုးသမီး ၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းက သိရသည်။
ဖြစ်စဥ်မှာ ဇွန်လ ၁၈ ရက် ည၁၀ နာရီခန့်က အမရပူရမြို့နယ်၊ ရွှေဂဲပွားရပ်ကွက်၊ စစ်ကိုင်း-မန္တလေးလမ်းအတိုင်းမောင်းနှင်လာသည့် အိမ်စီးကားသည် ဒေါ်အေးကြင်ထမင်းဆိုင်အနီးတွင် အရှိန်မထိန်းနိုင်ဘဲ ပက်လက်လန်တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"မိသားစု ၃ ယောက် အိမ်ပြန်လမ်းမှာဖြစ်တာ။ အဲဒီနားမှာ လူယက်မှုဖြစ်တတ်တော့ အမြန်မောင်းမိတာဖြစ်မယ်။မှောက်တော့ကားက ပက်လက်လန်သွားတယ်။ သားအဖ၂ ယောက် သေတယ်။ အမျိုးသမီးကတော့ ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါတယ်"ဟုအဆိုပါ လူမှုကူညီရေးအသင်းမှ သိရသည်။
အဆိုပါ ယာဥ်တိမ်းမှောက် မှုဖြစ်စဥ်ကြောင့် သားအဖ ၂ဦးမှာ အခင်းဖြစ်ရာနေရာ၌ပင်ပွဲချင်းပြီး သေဆုံး၍ အမျိုးသမီးမှာ စိုးရိမ်ရ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
သို့ဖြစ်ပါ၍ ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးခဲ့သူနှစ်ဦးကို ဒဏ်ရာရ ရှိသူ(အမျိုးသမီး) ကို သီရိဆင်ကာပရဟိတလူမှုကူညီရေးအသင်းမှ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#ymg/BM #Local_News #စစ်ကိုင်း-မန္တလေး ကားလမ်းဘေးတွင် အိမ်စီးကားတိမ်းမှောက်
#YMG #Yangon_Media_Group
#World_Politics
Published 19 June 2023
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး 'အန်တိုနီဘလင်ကန်'ရဲ့ တရုတ်ခရီးစဉ်ဒုတိယနေ့နဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ တနင်္လာနေ့မှာ တရုတ်ထိပ်သီးသံအမတ်'ဝမ်ယိ'နဲ့ တွေ့ဆုံခဲ့ပြီး ဗျူဟာကျပြိုင်ဘက်တွေအဖြစ် သဘောထားကွဲလွဲမှုတွေကနေ ပဋိပက္ခအထိဖြစ်မလာအောင် ဦးတည်ဆွေးနွေးခဲ့ကြပါတယ်။
သံတမန်နှစ်ဦးဟာ ပေကျင်းမြို့ ဒေါင်ယူထိုင်ပြည်နယ်ဧည့်ရိပ်သာမှာ တရုတ်နဲ့အမေရိကန်အလံများရှေ့မှောက် လက်ဆွဲနှုတ်ဆက်ကြပြီး သူတို့ရဲ့ကိုယ်စားလှယ်အဖွဲ့များနဲ့အတူ အစည်းအဝေးခန်းမသို့ သွားရောက်ခဲ့ကြပါတယ်။
ထိုနေ့နှောင်းပိုင်းမှာပဲ ဘလင်ကန်အနေနဲ့ တရုတ်သမ္မတ'ရှီကျင့်ဖင်'နဲ့လည်း ဆက်လက်ဆွေးနွေးသွားဦးမလားဆိုတာကို အားလုံးကစောင့်ကြည့်နေကြကြောင်း သတင်းရင်းမြစ်တစ်ခုက ဆိုပေမယ့် နိုင်ငံခြားရေးဌာနကတော့ အတည်မပြုသေးပါဘူး။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတစ်ဦးအနေဖြင့် ၅ နှစ်အတွင်း တရုတ်ကိုပထမဆုံးအကြိမ် လာရောက်လည်ပတ်တာဖြစ်ပြီး တနင်္ဂနွေနေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီး'ချင်ကန်'နဲ့တွေ့ဆုံကာ ပွင့်လွင့်ပြီးအပြုသဘောဆောင်တဲ့ ဆွေးနွေးမှုများကို ၇ နာရီခွဲကြာတဲ့အထိ ပြောကြားခဲ့ကြပေမယ့် ထိုင်ဝမ်အရေး၊ ကုန်သွယ်ရေး၊ လူအခွင့်အရေး၊ ဖန်တနိုင်းထုတ်လုပ်မှုမှာ တရုတ်မှအမေရိကန်သို့ ကုန်ကြမ်းပစ္စည်းစီးဆင်းမှုတွန်းအားပေးရေး စတဲ့ကိစ္စအရပ်ရပ်တွေမှာတော့ တိုးတက်အောင် မဆွေးနွေးနိုင်ခဲ့ပါဘူး။
နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်စေရန် နှစ်ဖက်စလုံးမှ ဆန္ဒရှိကြောင်းထုတ်ဖော်ခဲ့ကြပြီး ဆက်လက်ဆွေးနွေးဖို့ရန်အတွက် ချင်ကန်က ဝါရှင်တန်သို့ သွားရောက်လည်ပတ်ဖွယ်ရှိတယ်လို့ သဘောတူခဲ့ကြကာ ရက်အတိအကျတော့ မကြေညာသေးပါဘူး။
တရုတ်နိုင်ငံသို့ ဘလင်ကန်လာရောက်စဉ် တိုးတက်အောင်မြင်မှုရရှိမယ်လို့ မမျှော်လင့်ထားပေမယ့် နှစ်နိုင်ငံဆက်ဆံရေးမှာ အခြေခံအကျဆုံးအနေအထားကိုတော့ ဆက်လက်ထိန်းသိမ်းနိုင်ဖို့ မျှော်လင့်ကြောင်း တရုတ်အစိုးရပိုင် Global Times က တနင်္လာနေ့မှာ ဖော်ပြထားပါတယ်။
ပြဿနာများကို အစည်းအဝေးအနည်းအကျဉ်းမျှဖြင့် ဖြေရှင်းနိုင်မှာမဟုတ်ပေမယ့် စတင်ဆွေးနွေးမှုများက အောင်မြင်ဖို့လမ်းစဖြစ်လာနိုင်ကြောင်း အမေရိကန်အရာရှိများက ဆိုပါတယ်။
အမေရိကန်လေပိုင်နက်မှာ တရုတ်သူလျှိုပူဖောင်းလို့ သံသယဖြစ်စရာအရာဝတ္ထုတွေ့ရှိပြီးနောက် ဘလင်ကန်ရဲ့ခရီးစဉ်ဟာ ဖေဖော်ဝါရီလက ရွှေ့ဆိုင်းခဲ့ကာ ထိုနှစ်နိုင်ငံကြား ဆက်ဆံရေးယိုယွင်းလာခြင်းက ကမ္ဘာ့ဘဏ္ဍာရေးဈေးကွက်၊ ကုန်သွယ်ရေးအတိုင်းအတာများ၊ လမ်းကြောင်းများ၊ ထောက်ပံ့ရေးကွင်းဆက်များအပေါ် သက်ရောက်နေပါတယ်။
တရုတ်နဲ့ အမေရိကန်ကြား ထိပ်သီးဆက်ဆံရေးနဲ့ပတ်သက်ပြီး ထိုင်ဝမ်က အသေးစိတ်အကြောင်းအရာတွေကို အနီးကပ်လေ့လာနေပါတယ်လို့ ထိုင်ဝမ်ဝန်ကြီးချုပ်'ချန်ချင်ဂျန်'က သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။
တရုတ်-အမေရိကန်ဆက်ဆံရေးဟာ ထိုင်ဝမ်အရေးကိစ္စနဲ့ပတ်သက်ပြီး လတ်တလောနှစ်များအတွင်း ပျက်စီးလာကာ တစ်နေ့နေ့မှာ စစ်ရေးအရထိပ်တိုက်ရင်ဆိုင်ရမှာကို စိုးရိမ်ပူပန်နေကြပါတယ်။
အမေရိကန်အရာရှိတွေက ဆွေးနွေးမှုမှာ ကြီးကြီးမားမားတိုးတက်မှု မရရှိပေမယ့် လာမယ့်လများအတွင်း ဘဏ္ဍာရေးဝန်ကြီး'ဂျဲနတ်ယယ်လန်'နဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး'ဂျီနာရေမွန်ဒို'တို့ရဲ့ ခရီးစဉ်များအပါအဝင် နှစ်နိုင်ငံအစည်းအဝေးများဖြစ်လာရန် လမ်းစဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူများက မျှော်မှန်းထားပါတယ်။
Source: France24 #World_Politics #တရုတ်နိုင်ငံသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးလာရောက်
#YMG #Yangon_Media_Group
#World_Health
Published 19 June 2023
အခုအချိန်မှာ လူပြောအများဆုံး စားသောက်မှုပုံစံက သွေးအမျိုးအစားပေါ်မူတည်တဲ့ စားသောက်မှုပဲဖြစ်ပါတယ်။
ကျန်းမာရေးကောင်းကျိုးအမြင့်မားဆုံး ရရှိဖို့အတွက် မိမိရဲ့သွေးအမျိုးအစားပေါ်မူတည်ပြီး အစားအသောက်ကို ရွေးချယ်စားသောက်ရမှာဖြစ်ပါတယ်။
လူတွေစားသောက်လိုက်တဲ့ အစားအစာတွေက သွေးအမျိုးအစားပေါ်မူတည်ပြီး ဓာတုနည်းအရ ကွဲပြားစွာဓာတ်ပြုကြပါတယ်။
ထိုနည်းလမ်းအတိုင်း စားသောက်မယ်ဆိုရင် ယေဘုယျကျန်းမာရေးကို ကောင်းမွန်စေပြီး နာတာရှည်ရောဂါဖြစ်နိုင်ချေကို လျော့နည်းစေမှာဖြစ်တယ်လို့ အကြံပြုထားပါတယ်။
အဓိကသွေးအမျိုးအစားတွေက အေ၊ ဘီ၊ အေဘီ၊ အို တို့ဖြစ်ပြီး စားသုံးသင့်တဲ့အစားအစာတွေက တဖြည်းဖြည်းနဲ့ ဆင့်ကဲပြောင်းလဲလာပါတယ်။
အိုသွေးအမျိုးအစားက ရှေးအကျဆုံးဖြစ်ပြီး ၄ သောင်းဘီစီခန့်က စတင်ခဲ့ဟန်တူကာ ကာဗိုဟိုက်ဒရိတ်နည်းပါးပြီး ပရိုတိန်းမြင့်မားတဲ့အစားအသောက်များ စားသုံးသင့်ပါတယ်။
အေသွေးအမျိုးအစားကတော့ အိုသွေးနောက်ပေါ်ပေါက်လာခဲ့ဟန်ရှိကာ အပင်အခြေပြုစားစရာတွေ စားသုံးသင့်ပါတယ်။
ကိုယ်အလေးချိန်လျှော့ချရာမှာ ဒီလိုစားသောက်မှုပုံစံပေါ်လည်း မူတည်နေပါတယ်။
ဘီသွေးပိုင်ရှင်များကတော့ အသားနဲ့ နို့ထွက်ပစ္စည်းများ စားသုံးပေးသင့်ပါတယ်။
အေနဲ့ဘီသွေးရောစပ်နေတဲ့ အေဘီသွေးကတော့ ပေါ်ပေါက်တာ နှစ် ၁ ထောင်မပြည့်သေးကာ ကြက်ဆင်သား၊ တိုဖူး၊ ပင်လယ်စာ၊ ဟင်းသီးဟင်းရွက်တို့ စားသုံးသင့်တယ်လို့ အကြံပြုထားပါတယ်။
ဒီလိုမျိုးရွေးချယ်စားသုံးပေးခြင်းဖြင့် ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအစာတွေကိုဖယ်ရှားပေးကာ အကျိုးရှိတဲ့ရလဒ် ထွက်ပေါ်စေနိုင်မှာဖြစ်ကြောင်း အက်စ်တာ CMI ဆေးရုံမှ ဒေါက်တာ'အက်ဒ်ဝီနာရာဂျ်'က ဆိုပါတယ်။
ဒီစားသောက်မှုပုံစံအတိုင်း စားသောက်လို့ ကျန်းမာရေးအကျိုးကျေးဇူးရရှိတယ်ဆိုတဲ့ သိပ္ပံနည်းကျအထောက်အထားတော့ မရှိသေးဘူးလို့ အက်စ်တာ RV ဆေးရုံမှ ဒေါက်တာ'ဆူမီတာဘစ်ဝက်စ်'က ပြောပြလိုက်ပါတယ်။
Source: India Today #World_Health #သွေးအမျိုးအစားပေါ်မူတည်၍ရွေးချယ်စားသောက်ရ
#YMG #Yangon_Media_Group
#World_Science
Published 19 June 2023
ခွေးတွေက နေပူပူအချိန်မှာ ကိုက်ချင်စိတ်ပိုများပြီး မိုးရွာတဲ့အချိန်တွေမှာ ကိုက်ချင်စိတ်နည်းပါးတတ်ကြောင်း သုတေသီများတွေ့ရှိထားပါတယ်။
၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း အမေရိကန်မြို့ ၈ မြို့မှ ခွေးကိုက်မှုပေါင်း ၆၉,၅၂၅ ကြိမ်ကို သုံးသပ်ခဲ့ရာ တစ်နေ့ကို ၃ ကြိမ်ဖြစ်ပွားတာတွေ့ရပါတယ်။
ရာသီဥတုပူတဲ့အချိန်မှာ ရန်လိုတဲ့စိတ်ဖြစ်ပေါ်တာ ခွေးတွေသာမဟုတ်ဘဲ လူသားတွေလည်း ပိုမိုကြမ်းရမ်းတဲ့စိတ်ဖြစ်ပေါ်ပါတယ်။
ဒါ့အပြင် မျောက်တွေ၊ ကြွက်တွေလည်း အလားတူရန်လိုစိတ်ပိုများကြောင်း တွေ့ရပါတယ်။
ဟားဗတ်တက္ကသိုလ်မှ တွဲဖက်ပရော်ဖက်ဆာ'ကလက်စ်လင်းမန်း'က ထိုမြို့တွေမှ ခွေးကိုက်မှုအချက်အလက်တွေကို လေ့လာခဲ့ပါတယ်။
ခွေးကိုက်မှုနှုန်း၊ နေ့စဉ်အပူချိန်၊ အိုဇုန်းလေထုပမာဏ၊ အမှုန်အမွှားများ၊ ခရမ်းလွန်ရောင်ခြည်၊ မိုးနဲ့ နှင်းအခြေအနေတို့ကို ထည့်သွင်းလေ့လာခဲ့ပါတယ်။
ခရမ်းလွန်ရောင်ခြည်များတဲ့အချိန်မှာ ခွေးကိုက်မှုနှုန်း ၁၁ ရာခိုင်နှုန်း၊ အပူချိန်များတဲ့နေ့တွေမှာ ၄ ရာခိုင်နှုန်း၊ အိုဇုန်းပမာဏများတဲ့အချိန်မှာ ၃ ရာခိုင်နှုန်းအသီးသီး များပြားနေကြောင်း ဖော်ပြခဲ့ကြပါတယ်။
မိုးများများရွာတဲ့နေ့တွေမှာတော့ ခွေးကိုက်မှုနှုန်း ၁ ရာခိုင်နှုန်းလျော့ကျသွားပါတယ်။
အဆိုပါသုံးသပ်ချက်တွေဟာ ခွေးအမျိုးအစား၊ အထီးအမ၊ သင်းကွပ်ထားခြင်းစတဲ့ အခြေအနေတွေပေါ် ထည့်သွင်းစဉ်းစားထားခြင်းမရှိပါဘူး။
အရင်သုတေသနတွေမှာတော့ ခွေးတွေက သူတို့သိပြီးသားလူတွေကို ပိုပြီးကိုက်တတ်သလို လူက ခွေးနဲ့ထိတွေ့ပြောဆိုဖို့ ကြိုးစားရင်း ကိုက်တတ်ကြတာကို တွေ့ရှိထားပါတယ်။
Source: Daily Mail #World_Science #ခွေးကိုက်မှုနှုန်းပိုများကြောင်းတိရိစ္ဆာန်အထူးကုသတိပေး
#YMG #Yangon_Media_Group
Page 1002 of 1817