"သန္ဓေတားဆေးတွေရေရှည်သုံးစွဲရင် ကလေးမရနိုင်ဘူးဆိုတာ မဟုတ်ပါဘူး။ သောက်ဆေးသောက်တဲ့သူတွေက ဆေးဖြတ်လိုက်တာနဲ့ ပြန်ရနိုင်ပါတယ်။ ထိုးဆေးထိုးတဲ့သူတွေကတော့ ကလေးရဖို့ (၆) လကနေ (၁) နှစ်အထိစောင့်ရပါတယ်" .........လို့သန္ဓေတားဆေးများနဲ့ပတ်သက်တဲ့အသိမှားကိုပြောပြလာတဲ့ ဒေါက်တာ နွေးနွေးသန့်စင် (သားဖွားမီးယမ်အထူးကုဆရာဝန်ကြီး၊ ကန်သာယာနိုင်ငံတကာအဆင့်မီအထူးကုဆေးရုံကြီး)
#Health
#Dr. နွေးနွေးသန့်စင်
#YGN #Yangon_Times
#Daily_News
Published_ 16 September 2023
၁။ လာမည့်အောက်တိုဘာတွင် မန္တလေးရှိယဉ်ကျေးမှုဇုန်(၂)ခု၌ ဇုန်ဝင်ကြေးတိုးကောက်တော့မည်ဟုဆို
၂။ ရွှေတိဂုံရှိ X-Rayစက်များ စက်ချို့ယွင်းမှုများလာသဖြင့် X-Rayစက်အသစ်(၅)လုံးဝယ်ယူပြီးတပ်ဆင်သွားမည်ဟုဆို
၃။ ပြည်တွင်း ပြည်ပဝယ်လိုအားကြောင့် မြေပဲဈေးထက်ဝက်ခန့်ပိုမြင့်လာ
၄။ ဗီယက်နမ်စစ်ပွဲအတွင်းအမေရိကန်စစ်တပ်မှအသုံးပြုခဲ့သည့်ဗုံးအစအနများ ယနေ့ထက်တိုင်ဗီယက်နမ်ပြည်သူများကိုခြိမ်းခြောက်နေ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
#Local_News
Published_ 16 September 2023
အခုရက်ပိုင်းအတွင်း စစ်တောင်းမြစ်၊ ပဲခူးမြစ်၊ သောင်ရင်းမြစ်ရေများကြီးမည်ဖြစ်၍ မဒေါက်မြို့၊ပဲခူးမြို့၊ မြဝတီမြို့နေထိုင်သူများ အထူးသတိပြုနေထိုင်ရန်လိုအပ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှသိရသည်။
စစ်တောင်းမြစ်သည် စိုးရိမ်ရေအမှတ်အထက်(၁)ပေခွဲခန့်ရှိနေပြီး နောက်(၁)ရက်အတွင်း (၂)လက်မခန့်မြင့် လာကာယင်းမြို့၏ စိုးရိမ်ရေအမှတ်အထက်ဆက်လက်တည်ရှိနိုင်သည်ဟုဆိုသည်။
ပဲခူးမြစ်သည် စိုးရိမ်ရေအမှတ်အထက်(၂)လက်မကျော်နေပြီး နောက်(၁)ရက်အတွင်း (၂)လက်မခန့်မြင့် လာကာယင်းမြို့၏ စိုးရိမ်ရေအမှတ်အထက်ဆက်လက်တည်ရှိနိုင်သည်ဟုဆိုသည်။
သောင်ရင်းမြစ်သည် စိုးရိမ်ရေအမှတ်အောက်(၂)ပေခန့်ရှိနေပြီး နောက်(၁)ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေ အမှတ်တွင်တည်ရှိနိုင်သည်ဟု ဆိုသည်။
ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် စိုးရိမ်ရေအမှတ်အထက်(၇)လက်မခန့်ကျော်လွန်ရောက်ရှိနေပြီး နောက်နှစ်ရက်အတွင်းယင်းမြို့၏ စိုးရိမ်ရေအမှတ်အောက်သို့ပြန်လည်ကျဆင်းနိုင်ကြောင်း၊ ငဝန်မြစ်ရေသည် သာပေါင်းမြို့တွင် စိုးရိမ်ရေအမှတ်အထက်(၈)လက်မခန့် ကျော်လွန်ရောက်ရှိနေပြီး နောက်နှစ်ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေအမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ကြောင်း သိရသည်။
#tthl #Local_News #စစ်တောင်းမြစ် #ပဲခူးမြစ်
#Yangon_Times
#Local_News
Published_ 16 September 2023
ရေနစ်သေဆုံးသော မြန်မာတစ်နိုင်ငံလုံး သင်္ချာအိုလံပစ်ပြိုင်ပွဲ ဒုတိယဆုရှင် ရခိုင်လူငယ်ကွန်ပျူတာဆရာကိုနေထိန်ဝင်းကို ယနေ့သဂြိုလ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်၊ ညနေက ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ်၊ ပြိုင်ချောင်းကျေးရွာအနီး ချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေချိုးကြစဉ် ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကိုနေထိန်ဝင်းမှာ ရခိုင်ပြည်နယ်ပုဏ္ဏားကွန်းမြို့နယ်၊ အလယ်ချောင်းကျေးရွာကဖြစ်ပြီး ၂၀၂၁ ခုနှစ် မြန်မာတစ်နိုင်ငံလုံး သင်္ချာအိုလံပစ်ပြိုင်ပွဲတွင် ဒုတိယရရှိထားသူဖြစ်သည့်အပြင် ပညာရေး တက္ကသိုလ်(B.Ed) ကျောင်းဆင်း ကျောင်းဆရာတစ်ဦးဖြစ်ကြောင်း သိရသည်။
ပညာရေးဝန်ထမ်းအဖြစ် တစ်နှစ်ကျော်ခန့် တာဝန်ထမ်းဆောင်ခဲ့ကာ ယခုအခါအလုပ်ထွက်ထားပြီး ဒေသခံလူငယ်များအား ကွန်ပျူတာသင်ကြားပေးနေသူလည်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူမှာ အသက် ၂၈ နှစ်အရွယ်သာ ရှိသေးသော လူငယ်တစ်ဦးဖြစ်ကြောင်း၊ ယင်းကိုနေထိန်ဝင်း၏ ရုပ်အလောင်းကိုဇာတိရွာအလယ်ချောင်းကျေးရွာသုသာန်၌ သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။
#Local_News #သင်္ချာအိုလံပစ်ပြိုင်ပွဲဒုတိယဆုရှင် #ရခိုင်လူငယ်ကွန်ပျူတာဆရာ #ရေနစ်သေဆုံး #Yangon_Times/PP
မိုးမြေပဲဈေးကွက်အတွင်း စတင်ဝင်ရောက်ချိန်က ဝယ်လိုအားမရှိတဲ့အတွက် ကုန်သည်တွေက မြေပဲဖြူ အတောင့်တစ်တင်း ကို ၁၈၀၀၀ ကျပ် မှ ၂၃၀၀၀ကျပ် သာအမြင့်ဆုံးပေးတဲ့ အတွက်အစောပိုင်း ရောင်းချတဲ့ တောင်သူတွေအထိနာခဲ့တယ်လို့ ဆိုပါတယ်။
Published_ 16 September 2023
#မိုးမြေပဲဈေးကွက် #ပြည်တွင်းပြည်ပဝယ်လိုအား #မြေပဲဖြူ
#YMG/LW #Yangon_Times
‘‘ X-Rayစက်အဟောင်းတွေက ခဏခဏချို့ယွင်းလာတာတွေများလာတဲ့အတွက်ကြောင့်မို့ အသစ်ပြန်လဲဖို့ အိတ်ပိတ်တင်ဒါခေါ်ယူပြီးဝယ်ယူတပ်ဆင်သွားမှာဖြစ်တယ်။ X-Ray စက်သစ်(၅)လုံး ဝယ်ယူသွားမယ်’’ ဦးဘိုးသင်း၊ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ဝင်
Published_ 16 September 2023
#X-Ray #စက်အသစ်(၅)လုံးဝယ်ယူ
#tthl #Yangon_Times
#Local_News
Published-16 September 2023
ရန်ကုန်တိုင်းဒေသကြီး၊ သဃ်န်းကျွန်းမြို့နယ်တွင် ယာဉ် ၃စီးဆင့်တိုက်မှုဖြစ်ပွားပြီး Taxi ယာဉ်မောင်းအမျိုးသားမှာ ဇက်ကျိုးသည့်အနေအထားဖြင့် သေဆုံးမှုစက်တင်ဘာလ ၁၆ရက်(ယနေ့)ဖြစ်ခဲ့ကြောင်း Medical လူငယ်များအသင်းက သိရသည်။
ဖြစ်စဉ်မှာ ယနေ့ နံနက်တစ်နာရီ မထိုးမီအချိန်က (စက်တင်ဘာလ ၁၅ ရက် ညသန်းခေါင်းကျော်) အချိန် သဃ်န်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမကြီး၊ အသင်းတိုက် မီးပွိုင့်တွင် အိမ်စီးကားနှင့် Taxi ကားတို့ဝင်တိုက်မိပြီး နောက်ထပ် Taxi တစ်စီးကို ထပ်မံတိုက်မိခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ယာဉ်(၃)စီးဆင့်တိုက်မှုဖြစ်စဉ်ကြောင့် အသက် ၅၀ ကျော်အရွယ် Taxi ယာဉ်မောင်းအမျိုးသား ၁ ဦး အခင်းဖြစ်ရာနေရာ၌ပင် သေဆုံးမှုဖြစ်ခဲ့၍ သေဆုံးသူ၏ရုပ်အလောင်း (DB)အား သဃ်န်းကျွန်းစံပြဆေးရုံ ရင်ခွဲရုံသို့ PRနံပါတ်(82)ဖြင့် ပို့ဆောင်ကူညီခဲ့ကြောင်းလည်း အဆိုပါအသင်းကသိရသည်။
ယင်းအပြင် အိမ်စီးကားမှာလည်း ထိခိုက်ပျက်စီးမှုများပြားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁ဦးရှိခဲ့ကြောင်းလည်း သိရသည်။
#Local_News #သဃ်န်းကျွန်း #ယာဉ်၃စီးဆင့်တိုက် #Taxi ယာဉ်မောင်းသေဆုံး
#Yangon_Times/PP
‘‘ နိုင်ငံခြားသားခရီးသွားတွေအတွက် စက်တင်ဘာလအထိ မန္တလေးယဉ်ကျေးမှုဇုန်နဲ့ အင်းဝ၊ ပင်းတယ ယဉ်ကျေးမှုဇုန်ဝင်ကြေး ကျပ်တစ်သောင်း သတ်မှတ်ထားရာမှ လာမယ့်အောက်တိုဘာလမှာတော့ ဇုန်ဝင်ကြေးကျပ်တစ်သောင်းခွဲပြောင်းလဲသတ်မှတ်သွားမှာဖြစ်ပါတယ်’’ ဒေါက်တာသန်းထိုက်၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ)၊ညွှန်ကြားရေးမှူး
Published_ 16 September 2023
#မန္တလေးယဉ်ကျေးမှုဇုန် #အင်းဝယဉ်ကျေးမှုဇုန် #ဝင်ကြေးတိုးကောက်
#tthl #Yangon_Times
#Local_News
Published-16 September 2023
မြန်မာကျပ်ငွေနှင့် ရုရှားရူဘယ်အကြား တိုက်ရိုက်ပေးချေနိုင်မှု ကတ်စနစ် အသုံးပြုရေးလုပ်ဆောင်နေကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
မြန်မာငွေပေးချေမှုအဖွဲ့ (MPU) က MIR Card System ကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး MPU နှင့် ရုရှားနိုင်ငံ၏ National Payment Cards System (NSPK) 03: Non-Disclosure Agreement (NDA)ကို လက်မှတ်ရေးထိုးခဲ့ကာ နားလည်မှုစာချွန်လွှာကိုလည်း လက်မှတ် ရေးထိုးခဲ့ပြီးဖြစ် ကြောင်း သိရသည်။
ယခုအခါ MPU နှင့် MIR တို့အကြား Network ချိတ်ဆက်မှုများ ဆောင်ရွက်ပြီးစီးပြီးဖြစ်၍ Host to Host Connectivity Testing များ ပြုလုပ်နိုင်ရန် ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
MIR Payment System ကတ် အသုံးပြုပါက အမေရိကန်ဒေါ်လာအသုံးပြုမှုအပေါ် မှီခိုအားထားမှုများ လျော့ နည်းလာစေ မည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ငွေပေးချေရာတွင် လွယ်ကူ လျင်မြန်စွာပေး ချေနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ငွေပေးချေမှုရပ် ဝန်းပိုမိုကျယ်ပြန့်စေရေးအတွက် ယွမ်-ကျပ်၊ ဘတ်-ကျပ်၊ ရူပီး-ကျပ် တိုက်ရိုက် ပေးချေနိုင်ရေး ဆောင်ရွက်ထားပြီး ယခုအခါ ရုရှားနိုင်ငံနှင့် ရူဘယ်-ကျပ် ပေး ချေနိုင်ရေးဆက်လက် ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ယင်းကို ပြည်တွင်းရှိမည်သည့် ဘဏ်ဖြင့်ဖြစ်စေ ပေးချေမှုဆောင်ရွက်နိုင်ရေး စီစဉ်ထားကြောင်းလည်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
#Local_News #မြန်မာကျပ်ငွေ #ရုရှားရူဘယ် #ကတ်စနစ်အသုံးပြု
#Yangon_Times/PP
#World_News
Published 16 September 2023
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ သောကြာနေ့က ရုရှားတိုက်လေယာဥ်စက်ရုံတစ်ခုသို့ သွားရောက်ကာ လျင်မြန်စွာ တိုးတက်နေတဲ့ ရုရှားလေကြာင်း နည်းပညာများကို လေးစားသဘောကျကြောင်း ထုတ်ဖော်ပြောကြားလိုက်ပြီး နိုင်ငံ့ပြင်ပမှ ခြိမ်းခြောက်လာနိုင်တဲ့ ရန်များကို အသာရနိုင်လိမ့်မယ်လို့ ပြောကြားလိုက်ကြောင်း KCNA သတင်းဌာနက စက်တင်ဘာ ၁၆ ရက်နေ့မှာ ဖော်ပြလိုက်ပါတယ်။
အနောက်တိုင်းမှ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားတဲ့ ရုရှားတိုက်လေယာဥ်စက်ရုံသို့ ကင်မ်ဂျုံအန်းက သောကြာနေ့မှာ သွားရောက်လေ့လာ ကြည့်ရှုခဲ့တာဖြစ်ပြီး ဒီလိုလည်ပတ်ခြင်းက ယူကရိန်းစစ်ပွဲအတွင်း ရုရှားစစ်တပ် အင်အားတောင့်တင်းလာမှာနဲ့ မြောက်ကိုရီးယား ဒုံးကျည်စီမံကိန်း အားကောင်းလာမှာကို အမေရိကန်နဲ့ မဟာမိတ်များက စိုးရိမ်နေကြပါတယ်။
ဗုဒ္ဓဟူးနေ့တုန်းကလည်း ကင်မ်ဂျုံအန်းနဲ့ ရုရှားသမ္မတပူတင်တို့ဟာ စစ်ရေးစစ်ရာကိစ္စများ၊ ယူကရိန်းစစ်ပွဲအကြောင်းနဲ့ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရေးတို့အကြောင်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ကင်မ်ဂျုံအန်းဟာ စမ်းသပ်ရေးလေယာဥ်မှူးများနဲ့ တွေ့ဆုံကာ Su-57 လေယာဥ်ပေါ်တက်ပြီး ပဥ္စမမြောက်မျိုးဆက် တိုက်လေယာဥ်ရဲ့ ပျံသန်းမှုစွမ်းရည်နဲ့ နည်းပညာပိုင်း လုပ်ဆောင်ချက်များအကြောင်း အသေးစိတ်ရှင်းပြတာကို နားထောင်ခဲ့ပါတယ်။
စက်ရုံမှထုတ်လုပ်တဲ့ ခရီးသည်တင်လေယာဥ်ကြီးပေါ် တက်ရောက်ကာ ယင်းရဲ့စွမ်းဆောင်ရည်ကို လေ့လာမှတ်သားခဲ့ပြီး Su-35 တိုက်လေယာဥ် စမ်းသပ်ပျံသန်းမှုကို ကြည့်ရှုခဲ့ပါတယ်။
ကင်မ်ဂျုံအန်းဟာ ရုရှားမှာ စနေနေ့အထိ ဆက်ရှိနေဖွယ်ရှိပြီး ဗလာဒီဗိုစတော့မြို့နဲ့ ရေတပ်စခန်းတစ်ခုကို သွားရောက်လည်ပတ်ဖွယ် ရှိပါတယ်။
ကင်မ်ဂျုံအန်း ခရီးလည်ပတ်စဥ်အတွင်း ရုရှားနဲ့ မြောက်ကိုရီးယားတို့ကြား စစ်ရေးသဘောတူညီချက် တစ်စုံတစ်ရာ လက်မှတ်ရေးထိုးတာမျိုး မရှိဘူးလို့ ရုရှားအစိုးရက ပြောကြားလိုက်ပါတယ်။
မြောက်ကိုရီးယားနဲ့ ရုရှားတို့ကြား စစ်ရေးပူးပေါင်းဆောင်ရွက်ခြင်းဟာ မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ ကုလသမဂ္ဂ အရေးယူပိတ်ဆို့မှုများကို ချိုးဖောက်ရာကျပြီး ဒီအတွက် တန်ဖိုးပေးဆပ်ရလိမ့်မယ်လို့ တောင်ကိုရီးယားနဲ့ အမေရိကန်တို့က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
မြောက်ကိုရီးယားဟာ ရုရှားကို လက်နက်များ ထောက်ပံ့နေတယ်လို့ အမေရိကန်က စွပ်စွဲထားပေမယ့် တကယ်တမ်း လက်နက်များ ပေးပို့ခြင်း ရှိမရှိကတော့ သေချာမသိရသေးပါဘူး။

#World_News #ရုရှားတိုက်လေယာဥ် #ရုရှားခရီးစဥ်အတွင်း #ကင်မ်ဂျုံအန်း
Source: CNA
#Local_News
Published_ 16 September 2023
ရန်ကုန်မြို့သာကေတအဝိုင်းတွင် အိမ်ယာမဲ့ အမျိုးသားတစ်ဦး ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့ထံက သိရသည်။
စက်တင်ဘာ ၁၆ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်က သာကေတမြို့နယ်အဝိုင်းထိပ်အနီးတွင် အသက်(၄၀)နှစ်ဝန်းကျင်ခန့်လမ်းဘေးနေ အမျိုးသားတစ်ဦး ပြင်ပဒဏ်ရာမရှိပဲ သေဆုံးနေကြောင်းကို ပြည်သူများမှ အကြောင်းကြားလာသဖြင့် သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့ ကသွားရောက်ကူညီပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နေရာတွင်အိမ်ယာမဲ့လင်မယားနှစ်ဦးနေထိုင်တာဖြစ်ပြီး သေဆုံးသွားသူမှာ အသက်၄၀ အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ကြောင်း သိရသည်။
''အဲ့နေရာမှာ အဖီလေးထိုးပြီးတော့ လင်မယားနှစ်ယောက်နေတာ အခုသေဆုံးတာက အမျိုးသား ကျန်တဲ့သူ့အမျိုးသမီးကလဲ နေမကောင်းဘူး၊ သေဆုံးသူအလောင်းကိုတော့ သယ်လာပြီးပြီ သူ့အမျိုးသမီးကတော့ အဲ့နေရာမှာပဲကျန်ခဲ့တယ်''ဟု သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့ကတာဝန်ရှိသူက ပြောသည်။
အဆိုပါ ရုပ်အလောင်းအား အောင်နိုင်သူလူမှုကူညီရေးအသင်းနာရေးယာဉ်ဖြင့် စံပြဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
#YMG/LW #Local_News #သာကေတအဝိုင်း #အိမ်ယာမဲ့အမျိုးသားတစ်ဦး #ပြင်ပဒဏ်ရာမရှိဘဲသေဆုံး #Yangon_Times
#World_Health
Published 16 September 2023
အသက် ၇၀ အရွယ် အမျိုးသမီးကြီးတစ်ဦးက အသက် ၂၀ စာမျှ နုပျိုနေရတဲ့ လျှို့ဝှက်ချက်များကို ထုတ်ဖော်မျှဝေခဲ့ပါတယ်။
ငယ်ရွယ်နုပျိုစေတဲ့ ပုံပေါက်နေစေရန် သူမနေ့စဥ်ပြုလုပ်လေ့ရှိတဲ့ အလေ့အထ ၃ မျိုးကို တစ်တော့ဗီဒီယိုမှာတင်ခဲ့ရာ လိုက်ခ် ၃ သောင်းကျော် ရရှိထားပါတယ်။
ထိုအမျိုးသမီးကြီးရဲ့ တူမဖြစ်သူဟာ သူမရဲ့ @thirtywaves ဆိုတဲ့ တစ်တော့အကောင့်မှာ အဒေါ်ဖြစ်သူကို မိတ်ဆက်ပေးထားပြီး ‘’ဒါကတော့ အသက် ၇၀ အရွယ် အဒေါ်ဖြစ်ပြီးတော့ နုပျိုရခြင်းရဲ့ လျှို့ဝှက်ချက်များကို မျှဝေပေးသွားပါမယ်’’ လို့ ပြောပြသွားပါတယ်။
(၁) ပထမဆုံးအချက်က အရေပြားကို ကုတ်ဖဲ့ ပွတ်ဆွဲခြင်း မပြုလုပ်ဖို့ပါပဲ။
ဒါကို သားရေသားကို ပွတ်လိုက်ရင် အစင်းကြောင်းထင်သွားတာကို ဥပမာပြပြီး ပြောပြခဲ့ပါတယ်။
မျက်နှာအရေပြားကို ညင်သာစွာတို့ပေးဖို့နဲ့ မိတ်ကပ်ဖျက်ဆေးတွေနဲ့ မျက်လုံးနားတဝိုက် မပွတ်ဆွဲဖို့ အကြံပေးခဲ့ပါတယ်။
(၂) နောက်တစ်ချက်ကတော့ မျက်နှာကို တစ်နေ့တစ်ကြိမ်သာ သစ်ဖို့ပါပဲ။
အမျိုးသမီးကြီးက ညဘက်အခါမှာ လက်ချောင်းထိပ်များဖြင့် ညင်သာစွာ အသုံးပြုပြီး သဘက်ဖြင့် ဖွဖွသုတ်ပေးပါတယ်။
ခဏခဏ မျက်နှာသစ်တဲ့အခါ မျက်နှာရှိ သဘာဝအဆီဓာတ်များ လွင့်စင်သွားပြီး အရေးကြောင်းတွေ ဖြစ်ပေါ်တတ်ပါတယ်။
(၃) နောက်ဆုံးအချက်ကတော့ မျက်နှာအရေပြား ထိန်းသိမ်းမှုအဖြစ် ရက်တီနောလ် လိမ်းပေးတာပါပဲ။
ဆရာဝန် ညွှန်ကြားချက်ဖြင့် ရက်တီနောလ်လိမ်းဆေး အသုံးပြုရန် အကြံပြုခဲ့ပါတယ်။
အမျိုးသမီးကြီးက ထိုဆေးကို နဖူး၊ ပါး၊ လည်ပင်း၊ ရင်ဘတ်၊ နှုတ်ခမ်း၊ မျက်လုံးဘေးသားတွေမှာ လိမ်းပေးပါတယ်။
ဒါ့အပြင် အယ်လ်ကိုဟောကို သင့်တင့်စွာသာ သောက်သုံးရန်နဲ့ အာဟာရညီညွတ်မျှတစွာ စားသုံးရန်လည်း အကြံပြုသွားပါတယ်။
အဆိုပါ အသက် ၇၀ အမျိုးသမီးကို ကြည့်ပြီး နှစ် ၂၀ စာလောက် ငယ်ရွယ်တယ်ထင်ရကြောင်း ဗီဒီယိုကြည့်ရှုသူတွေက ချီးမွမ်းခဲ့ကြပါတယ်။
#World_Health #လျှို့ဝှက်ချက်(၃)ခု #အသက်(၇၀)အရွယ်အမျိုးသမီး
Source: The Jerusalem Post
Page 1002 of 1938