#Local_News
Published-20 june 2023
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာရှိတဲ့ မိုခါမုန်တိုင်းဘေးသင့်ခဲ့သူတွေအနေနဲ့ လတ်တလောမိုးရာသီကာလမှာ အစားအသောက်ထက်အမိုးအကာတွေ ပိုလိုအပ်နေတယ်လို့ ရှင်သန်ရေးကူမှုညီမှုအသင်းမှ သိရပါတယ်။
#YMG #Yangon_Media_Group
#Local_News
Published_20 June 2023
စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီရဲ့ ဇွန်လ ၁၉ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ရည်ညွှန်းသတ်မှတ်ဈေးမှာ တစ်ပိဿာကို ၃၈၆၀ ကျပ်သတ်မှတ်ထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါတယ်။
#YMG #Yangon_Media_Group
#Daily_News
Published_ 20 June 2023
၁။ စားသုံးဆီဈေး လက္ကားရည်ညွှန်ဈေးငွေကျပ် ၃၈၆၀ ဈေးဖြစ်ကြောင်း သတ်မှတ်အရင်အပတ်ထင်ငွေကျပ် ၁၀၀ ကျော်ဈေးတက်
၂။ မိုးကာလဖြစ်သဖြင့် ရခိုင်ပြည်နယ်ရှိ မိုခါမုန်တိုင်းဘေးသင့်သူများ အစားအသောက်ထက် နေအိမ်အမိုးအကာများ ပိုလိုအပ်နေ
၃။ ရွှေစျေးနှုန်းများ စျေးအမြင့်ပိုင်းမှာရှိနေပေမယ့် တစ်လနှစ်လအတွင်းစျေးပြန်ငြိမ်နိုင်တယ်လို့ ရန်ကုန်တိုင်းရွှေအသင်းဥက္ကဌပြောကြား
၄။ ဗြိတိန်တွင် ပါကစ္စတန် ဘာတီစားသောက်ဆိုင်များ ရှင်သန်ရန်ကြိုးပမ်းနေရ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#World_News
Published 20 June 2023
OceanGate Expeditions မှ ထိန်းချုပ်မောင်းနှင်တဲ့သင်္ဘောဟာ တနင်္ဂနွေနေ့မနက်ပိုင်းက စတင်ဆင်းသက်ခဲ့ပြီး ၂ နာရီမကြာမီမှာပင် ရေမျက်နှာပြင်နဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့က တွစ်တာမှာ ပြောကြားခဲ့ပါတယ်။
သင်္ဘောပေါ်ပါလာသူတွေထဲမှာ ဗြိတိန်လေယာဉ်မှူးတစ်ဦးလည်း ပါဝင်တယ်လို့ယူဆရပြီး ဒီမတိုင်ခင်က သူဟာ လေ့လာရေးခရီးမှာပါဝင်မယ့်အကြောင်း ဆိုရှယ်မီဒီယာမှာ တင်ခဲ့ပါတယ်။
ကနေဒါလေ့လာရေးသင်္ဘော'ပိုလာပရင့်စ်'ဟာ ကိပ်ကော့ဒ်အရှေ့ဘက် မိုင် ၉၀၀ ခန့်အကွာမှာ ရေငုပ်ဆင်းသက်သွားရင်း အဆက်အသွယ်ပြတ်သွားခဲ့ပြီးနောက် လေယာဉ်တစ်စင်းစေလွှတ်ကာ လူ ၅ ဦးကိုရှာဖွေနေခဲ့ကြောင်း အမေရိကန်ကမ်းခြေစောင့်တပ်က တနင်္လာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ကနေဒါကမ်းခြေစောင့်တပ်ကလည်း လေ့လာရေးနေရာသို့ လေယာဉ်တစ်စင်း၊ သင်္ဘောတစ်စင်းစေလွှတ်ကာ ကြိုးပမ်းရှာဖွေနေကြောင်း ဆိုပါတယ်။
တိုက်တန်းနစ်ဆိုက်နေရာသို့ ရေငုပ်လေ့လာရေးခရီးဟာ လောလောဆယ်ဆောင်ရွက်နေဆဲဖြစ်တယ်လို့ OceanGate Expedition က သူတို့ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
ရေငုပ်သင်္ဘောကို တိုက်တန်လို့အမည်ပေးထားကာ မီတာ ၄ ထောင်အထိ ရေငုပ်ဆင်းသက်နိုင်ပြီး သင်္ဘောသား ၅ ဦးအတွက် ၉၆ နာရီအချိန်ရတယ်လို့ ကုမ္ပဏီကပြောထားပါတယ်။
ရေငုပ်သင်္ဘောမှာပါတဲ့ သင်္ဘောသားတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေကို အလုံးစုံအာရုံစိုက်ထားကြောင်း OceanGate Expeditions ရဲ့ပြောကြားချက်ကို CBS News နဲ့ အခြားမီဒီယာများက ဖော်ပြခဲ့ကြပါတယ်။
နယူးဖောင်းလန်းမှာ နှစ် ၄၀ အတွင်း အဆိုးရွားဆုံးဆောင်းတွင်းကြောင့် ဒီတာဝန်က ၂၀၂၃ ခုနှစ်အတွင်း တိုက်တန်းနစ်ဆီသို့ ပထမဆုံးလူသားကိုယ်တိုင်သွားရောက်တဲ့ ဖြစ်စဉ်ဖြစ်နိုင်ဖွယ်ရှိတယ်လို့ အသက် ၅၈ နှစ်ရှိ လေယာဉ်မှူးက ပြောပြခဲ့ပါတယ်။
ရေငုပ်သင်္ဘောနဲ့ အဆက်အသွယ်ပြန်ရဖို့ အစိုးရအဖွဲ့အစည်းတွေနဲ့ ပင်လယ်ရေနက်ကုမ္ပဏီတွေထံမှ အကူအညီများစွာရရှိတဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်လို့ OceanGate က ဖော်ပြခဲ့ပါတယ်။
ခရီးသည်နဲ့သင်္ဘောအမှုထမ်းပေါင်း ၂,၂၂၄ ဦးပါလာတဲ့ တိုက်တန်းနစ်သင်္ဘောဟာ ၁၉၁၂ ခုနှစ်မှာ အင်္ဂလန်မှနယူးယော့ခ်သို့ ခရီးဦးထွက်လာရင်း ရေခဲတုံးကြီးနဲ့တိုက်မိကာ နစ်မြုပ်ခဲ့တာကြောင့် လူပေါင်း ၁,၅၀၀ ကျော်သေဆုံးခဲ့ရပါတယ်။
လျှပ်စစ်ပိုင်း ဒါမှမဟုတ် ဆက်သွယ်ရေးပိုင်းမှာ ပြဿနာရှိတယ်ဆိုရင် ရေပေါ်ပြန်တက်လာပြီး မျောနေလိမ့်မယ်လို့ လန်ဒန်ကောလိပ်တက္ကသိုလ်မှ ပင်လယ်အင်ဂျင်နီယာပရော်ဖက်ဆာ 'အယ်လီစတဲဂရိတ်ဂ်'က ပြောပြခဲ့ပါတယ်။
ရေငုပ်သင်္ဘော ရေငုပ်စဉ် ပကတိအကောင်းတိုင်းရှိနေဆဲဆိုရင် တိုက်တန်သွားခဲ့တဲ့ ရေအနက်အတိုင်းသွားနိုင်မယ့် သင်္ဘောက အနည်းငယ်သာရှိနေပါတယ်။
Source: France24 #World_News #တိုက်တန်းနစ်လေ့လာရေးခရီးစဉ် #ရေငုပ်သင်္ဘောပျောက်ဆုံးနေကာ ရှာဖွေရေးပြုလုပ်နေ #YMG #Yangon_Media_Group
#Local_News
Published - 20 June 2023
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် ဇွန်လ ၂၀ ရက်(ယနေ့) နံနက်ပိုင်းက နာရီပိုင်းအတွင်း ယာဥ်တိုက်မှု ၂ကြိမ်ဖြစ်ခဲ့ကြောင်း ပေးဆပ်သူတို့နှလုံးသားပရဟိတအသင်းက သိရသည်။
ယာဥ်တိုက်မှုဖြစ်စဥ်အနေဖြင့် ယနေ့နံနက် ၇ နာရီ ၁၀မိနစ်အချိန်ခန့်က သာကေတမြို့နယ် ဧရာဝဏ်လမ်းမကြီးနှင့်မြင်တော်သာလမ်းမကြီးထောင့်တွင် YBS ခရီးသည်တင်ယာဥ်အပါအဝင် ဘောက်ဆာယာဥ်ငယ်နှင့် အိမ်စီးကား ၁ စီး ယာဥ်မတော်တဆမှုဖြစ်ခဲ့ကြောင်း သိရသည်။
ထို့အတူ နံနက် ၈ နာရီ ၁၅ မိနစ်အချိန်ခန့်က သာကေတမြို့နယ် ဧရာဝဏ်လမ်းမကြီးပေါ်မြခွာညိုဝါဝါဝင်းအိမ်ယာရှေ့တွင် အိမ်စီးကားနှင့် Taxi ကားတိုက်မှုထပ်မံဖြစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဥ်တိုက်မှုဖြစ်စဥ်များကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့သော်လည်း ယာဥ်ကြောပိတ်ဆို့မှုများဖြစ်ခဲ့၍ ပေးဆပ်သူတို့ နှလုံးသားပရဟိတအသင်းမှ ယာဥ်ကြောပိတ်ဆို့နေမှုအား ရှင်းလင်းပေး၍ လိုအပ်သည်များကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#Local_News #တစ်နာရီကျော်အတွင်းယာဥ်တိုက်မှု ၂ကြိမ်ဖြစ်
#Yangon_Times/BM
#Local_News
Published-20 June 2023
ငါးမဖမ်းရရာသီဖြစ်သည့် ငါးသားပေါက်ချိန်ဧပြီ၊ မေ၊ ဇွန်လတို့တွင် ငါးမဖမ်းရန်နှင့် ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်တွင် တရားမဝင်ကျားဖောင်လုပ်ငန်းလုပ်ခြင်း မပြုရန် ငါးလုပ်ငန်းဦးစီးဌာနမှ အသိပညာပေးခဲ့ကြောင်း သိရသည်။
၂၀၂၃- ၂၀၂၄ လုပ်ငန်းရာသီမတိုင်မီ ရေလုပ်ငန်းရှင်များကို တရားမဝင်ကျားဖောင်လုပ်ငန်းလျော့နည်းပပျောက်စေရေးအတွက် အသိပညာပေးဟောပြောပွဲကြိုတင် ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ခရိုင်ငါးလုပ်ငန်းဦးစီးမှူးက ငါးမဖမ်းရရာသီဖြစ်သည့် ငါးသားပေါက်ချိန် ဧပြီ၊ မေ၊ ဇွန်လတို့တွင် ငါးများဖမ်းဆီးခြင်း မပြုလုပ်ရန်၊ Close Season ကာလအတွင်း တရားမဝင်ကျားဖောင်လုပ်ငန်းများ လုပ်ကိုင်ခြင်းမရှိ စေရန်၊ အင်္ဂလန်ကျားဖောင်အားရေယာဉ်တစ်စီးလျှင် ခွင့်ပြုကိရိယာအရေအတွက် ရှစ်ဖောင်သာလုပ်ကိုင်ရေး၊ ခွင့်ပြုကိရိယာမဟုတ်ဘဲ ကိရိယာလွှဲမှားစွာ လုပ်ကိုင်ခြင်းမပြုရေးတို့ကို ပြောကြားခဲ့သည်။
ဒီ့အပြင် ကမ်းဝေးငါးဖမ်းလိုင်စင်မရှိဘဲ အင်္ဂလန်ကျားဖောင်လုပ်ကိုင်မှုမရှိစေရေးတို့ကို ရေလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြောကြားခဲ့သည်။
ယင်းဟောပြောပွဲကို ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရေလုပ်ငန်းရှင်များအသင်းဥက္ကဌ အပါအဝင် ချောင်းဝကျေးရွာမှ ရေလုပ်ငန်းရှင် ၄၅ ဦး၊ ခါးပြတ်ကျေးရွာမှ ရေလုပ်ငန်းရှင် ၅၁ ဦးတို့နှင့် တွေ့ဆုံဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
Photo -MWD
#ymg/tthl #Local_News #ငါးသားပေါက်ချိန်ငါးမဖမ်းရန်ရေလုပ်ငန်းရှင်များကိုကြိုတင်အသိပေး
#YMG #Yangon_Time
#Local_News
Published_20 June 2023
လှိုင်သာယာ၊ ငါးမန်းတံတားအဆင်း၊ တပင်ရွှေထီးလမ်းမကြီးပေါ်တွင် ဇွန်လ ၁၉ ရက်နေ့ နေ့လည်ပိုင်းက ဖုန်းလုပြီး ထွက်ပြေးသူနှစ်ဦး ဆိုင်ကယ်ဖြင့် ဆီဘောက်စာကားကိုတိုက်မှုဖြစ်ပွားခဲ့ကြောင်း သွေးဒါနမျိုးဆက် လူမှုကူညီရေးအသင်းမှ Yangon Time ကို ပြောသည်။
အဆိုပါ ဖုန်းလုယူပြီးထွက်ပြေးသူနှစ်ဦးတွင် တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားပြီး ကျန်တစ်ဦးမှာ ကားအောက်ထဲဝင်သွားသောကြောင့် အသက်အန္တရာယ်စိုးရိမ်စရာမရှိဘူးလို့ သွေးဒါနမျိုးဆက် လူမူကူညီရေးအသင်းမှ Yangon Time ကိုပြောသည်။
လက်ရှိမှာ ထိခိုက်ဒဏ်ရာရရှိသူတစ်ဦးမှာ သတိပြန်လည်နေပြီး လက်ကောက်ဝတ်မှ လက်ချောင်းများအထိကျိုးကြေသွားသည့်အတွက် လိုအပ်သောဆေးကုသမှုပေး၍ လှိုင်သာယာပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#ymg/ynzw #Local_News #ဖုန်းလုပြီးဆိုင်ကယ်ဖြင့်ထွက်ပြေးစဉ် ဆီဘောက်စာကားကိုဝင်တိုက်
#YMG #Yangon_Time
တရုတ်သမ္မတရှီကျင့်ဖျင်ဟာ ဘေဂျင်းကိုရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်နှင့် ဇွန်၁၉ ရက် ညနေပိုင်းက တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံရာမှာ တစ်နိုင်ငံနှင့်တစ်နိုင်ငံအပြန်အလှန်ဆက်ဆံရေးအတွက် အပြန်အလှန်လေးစားမှုနှင့်ရိုးသားမှုကို ရှီက အလေးပေးပြောဆိုခဲ့တယ်လို့ CCTVက သတင်းထုတ်ပြန်ပါတယ်။
ဘလင်ကန်ဟာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံခြားရေးရာကော်မရှင်ညွန်ကြားရေးမှူး ဝမ်ယီနှင့် နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ချင်းကန်တို့နှစ်ဦးနှင့် အရင်တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။
Source CCTV +
#US_China_Relations
#Xi_Blinken
#World_Soccer
Published 19 June 2023
အာဂျင်တီးနားကမ္ဘာကျော်ဘောလုံးသမား'လီယွန်နယ်မက်ဆီ'ဟာ ဗုဒ္ဓဟူးနေ့က တရုတ်ပြည်မှ ပရိသတ်များနဲ့ လူငယ်ကစားသမားများကို အားပေးစကားပြောကြားခဲ့ကာ အခြားအရာများထက် အားကစားကို ပိုမိုချစ်မြတ်နိုးရန် အရေးကြီးကြောင်း အလေးပေးပြောကြားသွားပါတယ်။
#World_Soccer #လူငယ်ကစားသမားများအတွက်မက်ဆီအားပေးစကားပြော
#YMG #Yangon_Media_Group
#Daily_News
Published_ 19 June 2023
၁။ ပေါင်ထားသည့်မြေများကို လိမ်လည်ရောင်းချမှုများရှိနေသဖြင့် သတိပြုရန်လိုဟုဆို
၂။ မိုခါရံပုံငွေဘောလုံးပွဲမှရရှိသည့်ကျပ်သိန်း၉၅၀ကျော်ကို မိုခါမုန်တိုင်းဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးတွင် အသုံးပြုမည်
၃။ ဖျာပုံမြို့အနီး အင်အား ၅.၁ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့
၄။ လီယွန်နယ်မက်ဆီနှင့် အာဂျင်တီးနားအသင်းအား တရုတ်ဘောလုံးပရိသတ်များမှအားရဝမ်းသာ ကြိုဆိုခဲ့ကြကာ လူငယ်ကစားသမားများအတွက် မက်ဆီအားပေးစကားပြောကြား .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published-19 June2023
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ်၌ ပျက်၍ရပ်ထားသည့်တွဲကားကို မှန်လုံယာဉ်က နောက်မှဝင်တိုက်၍ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယနေ့ ဇွန်လ ၁၉ ရက် နံနက် ၁၁ နာရီအချိန်ခန့်က မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်း ကွမ်းခြံကုန်းအဆင်းတွင် ပျက်၍ လမ်းဘေးတွင်ရပ်ထားသည့်တွဲကားကို မှန်လုံယာဉ်ငယ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခြင်းဖြစ်ကြောင်း သင်္ဃန်းညီနောင်မြို့သစ် လူမှုကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။
"နောက်ကနေ ဝင်တိုက်မိတဲ့ ကားထဲမှာ ယာဉ်မောင်းညပ်နေလို့ ကယ်ထုတ်ပေးပြီး သင်္ဃန်းညီနောင်မြို့သစ်လူမှုကူညီရေးအဖွဲ့က မြဝတီမြို့ဆေရုံကြီးကို ပို့ပေးခဲ့ရပါတယ်"ဟုအဆိုပါ အဖွဲ့တာဝန်ရှိသူက ပြောသည်။
#ymg/BM #Local_News #ပျက်၍ရပ်ထားသည့်တွဲကားကိုမှန်လုံယာဉ်ကနောက်မှဝင်တိုက်
#YMG #Yangon_Media_Group
#Local_News
Published-19 June 2023
နောက်နှစ်ရက်အတွင်း ရန်ကုန်တိုင်းနှင့် ရခိုင်ပြည်နယ်အပါအဝင်ဒေသ(၅)ခုတွင် မိုးပိုမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇွန်လ ၁၉ ရက်ညနေပိုင်းထုတ်ပြန်ချက်အရ သိရသည်။
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် နောက်နှစ်ရက်အတွင်း မိုးပိုမည်ဖြစ်သည်ဟု ဆိုသည်။
ရန်ကုန်တိုင်း၊ရခိုင်ပြည်နယ်နှင့်မွန်ပြည်နယ်တွင်နေရာကွက်ပြီးမိုးကြီးမည်ဖြစ်သည်။
မိုးတိမ်တောင်ဖြစ်ထွန်းမှုအနေဖြင့်် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း၊ရန်ကုန်တိုင်း၊ဧရာဝတီတိုင်း၊တနင်သာရီတိုင်း၊ ရှမ်း၊ချင်း၊ကရင်၊ရခိုင်ပြည်နယ်နှင့်ကချင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းနေပြီး မိုးတိမ်တောင်များကြောင့် မိုးသည်းခြင်း၊မိုးကြိုးပစ်ခြင်း၊လျှပ်စီးလက်ခြင်း၊မိုးသီးကြွေခြင်းများဖြစ်ပေါ်နိုင်သဖြင့် သတိပြုနေထိုင်ကြရန်အကြံပြုထားသည်။
#ymg/tthl #Local_News #ရန်ကုန်တိုင်းနှင့် ရခိုင်ပြည်နယ် အပါအဝင်ဒေသ(၅)ခုတွင်မိုးပို
#YMG #Yangon_Media_Group
Page 1001 of 1817