#World_Health
Published 24 May 2023
လူတစ်ဦးဟာ သူ့ရဲ့အံကပ်ကို မတော်တဆမျိုချမိပြီး တစ်ဆို့နေခဲ့ကာ သေလုမြောပါးဖြစ်ပြီးနောက် ကံကောင်းပြီးအသက်ဆက်ရှင်ခဲ့ပါတယ်။
ဝစ္စကွန်ဆင်မှ အမည်မဖော်လိုသူ အသက် ၂၂ နှစ်အရွယ်အမျိုးသားဟာ ငွေရောင်သွားတုတပ်ဆင်ထားရင်း မတော်တဆဖြစ်သွားကာ အပြင်းအထန်ချောင်းဆိုးပြီး အသက်ရှူကြပ်နေခဲ့ပါတယ်။
ဆေးရုံရောက်သွားပြီး ဓာတ်မှန်ရိုက်ခဲ့ရာမှာ အဆုတ်လမ်းကြောင်းမှာ ၁ လက်မခွဲအရွယ်အစားရှိ အံကပ်ညပ်နေခဲ့တယ်လို့ Cureus medical ဂျာနယ်က ယခုအပတ်မှာဖော်ပြခဲ့ပါတယ်။
အဲဒီနောက် ဆရာဝန်တွေကအလျင်အမြန်ဖြင့် အသက်ရှူလမ်းကြောင်းချဲ့ကိရိယာကိုအသုံးပြုကာ လည်ချောင်းကနေ ဖယ်ရှားလိုက်ကြပါတယ်။
တဖြည်းဖြည်းနဲ့ သူ့ရဲ့အဆုတ်လေကြောင်းမှ သွားတုကို အောင်မြင်စွာဖယ်ထုတ်နိုင်ခဲ့ပါတယ်။
လူနာဟာ ခွဲစိတ်နေစဉ် အဆုတ်လေလမ်းကြောင်းရှိ ကြွက်သားများကျုံ့သွားတာကြောင့် စတီးရွိုက်ပေးခဲ့ရပါသေးတယ်။
မေလအစောပိုင်းကလည်း အမျိုးသမီးတစ်ဦးဟာ မွေးနေ့ကိတ်ကိုက်လိုက်စဉ် သွားတုပြုတ်ကျသွားတဲ့ဗီဒီယိုဟာ တစ်တော့မှာ ပျံ့နှံ့သွားခဲ့ပါတယ်။
ထိုဖြစ်ရပ်ကတော့ ရယ်မောအဖြစ်နဲ့သာ ပြီးဆုံးသွားခဲ့ပါတယ်။
Source: NY Post #World_Health #သွားတုကိုမတော်တဆမျိုချမိ
#YMG #Yangon_Media_Group
#Local_News
Published _ 24 May 2023
(၇၅)ကြိမ်မြောက် စိန်ရတုတိပိဋကဓရတိပိဋကကောဝိဒစာအောင် သာသနာ့အာဇာနည် အရှင်သူမြတ် ၁၅၂ ပါး တို့အား အောင်လက်မှတ်နှင့်ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲကို မေ ၂၃ တွင် ကျင်းပခဲ့ပါတယ်။
အဆိုပါအခမ်းအနားသို့ နစက ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတက်ရောက်၍ တိပိဋကဓရတိပိဋကကောဝိဒစာအောင် သာသနာ့အာဇာနည် အရှင်သူမြတ်တို့အား အောင်လက် မှတ်နှင့်ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
(၇၅)ကြိမ်မြောက် စိန်ရတု တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးတွင် သုတ္တန္တပိဋက ဒီဃနိကာယ်ရေးဖြေအောင် ဒီဃနိကာယကောဝိဒ ဘွဲ့ရသာသနာ့ အာဇာနည်အရှင်မြတ် ၃ ပါး၊ ဝိနယပိဋက ဝိနည်းတစ်ပုံရေးဖြေအောင် ဝိနယ ကောဝိဒဘွဲ့ရ သာသနာ့အာဇာနည်အရှင်မြတ် ၈ ပါး၊ ဝိနယပိဋက ဝိနည်း(ပထမပိုင်း) ရေးဖြေအောင် ဉဘတောဝိဘင်္ဂကောဝိဒဘွဲ့ရ သာသနာ့အာဇာနည်အရှင်မြတ် ၇ ပါး၊ အဘိဓမ္မဝိဋက အဘိဓမ္မာ (ပထမပိုင်း)ငါးကျမ်းအာဂုံအောင် မူလအာဘိဓမ္မိကဘွဲ့ရ သာသနာ့အာဇာနည်အရှင်မြတ် ၄ ပါး၊ သုတ္တန္တပိဋက ဒီဃနိကာယ်အာဂုံအောင် ဒီဃဘာဏကဘွဲ့ရ သာသနာ့အာဇာနည် အရှင်မြတ် ၈ ပါး၊ ဝိနယပိဋက ဝိနည်း(ဒုတိယပိုင်း) အာဂုံအောင် ဝိနယဓရဘွဲ့ရ သာသနာ့အာဇာနည် အရှင်မြတ် ၃၇ ပါး၊ ဝိနယပိဋကဝိနည်း(ပထမပိုင်း) အာဂုံအောင် ဉဘတော ဝိဘဂံဓရဘွဲ့ရ သာသနာ့အာဇာနည်အရှင်မြတ် ၈၅ ပါး ၊ စုစုပေါင်း ၁၅၂ ပါး အောင်မြင်တော်မူခဲ့ပါတယ်။
ယခုကျင်းပပြီးစီးခဲ့သည့် (၇၅)ကြိမ်မြောက် စိန်ရတုတိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲအထိ (၇၅) နှစ်တာကာလအတွင်း တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ တံဆိပ်တော်ရ သာသနာ့အာဇာနည်အရှင်သူမြတ်(၁၅)ပါး၊ တိပိဋကဓရ ပိဋကတ်သုံးပုံအာဂုံဆောင် သာသနာ့အာဇာနည်အရှင်သူမြတ်(၇)ပါး ပေါ်ထွန်းခဲ့ပြီး သာသနာ့အကျိုးကို ဆက် လက်သယ်ပိုး ဆောင်ရွက်တော်မူလျက်ရှိကြောင်း သတင်းရရှိပါတယ်။
#ymg_mnn #Local_News #တိပိဋကဓရတိပိဋကကောဝိဒစာအောင် #အောင်လက်မှတ်နှင့်ဘွဲ့တံဆိပ်တော်များဆက်ကပ်
#YMG #Yangon_Media_Group
#World_Health
Published 24 May 2023
ယခုအချိန်မှာ ရာသီစာဖြစ်တဲ့ သရက်သီးတွေ ဈေးကွက်ထဲဝင်လာကြပြီး အသီးလိုက်စားသုံးကြသလို ဖျော်ရည်အဖြစ်လည်း သောက်သုံးကြပါတယ်။
အရသာရှိရုံမက မရှိမဖြစ်ဗိုက်တာမင်များ၊ သတ္တုဓာတ်များ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်ကာ ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးပြီး ရောဂါဘယများမှကာကွယ်ပေးပါတယ်။
ဒါပေမဲ့ သရက်သီးအလွန်အကျွံစားမိရင်တော့ ခန္ဓာကိုယ်အတွက်ဘေးဖြစ်စေပြီး အစာအိမ်ရောဂါပိုးဝင်ရောက်ခြင်းတို့ ဖြစ်တတ်ပါတယ်။
ဖောရောင်ခြင်း၊ ဝမ်းပျက်ခြင်း၊ ဗိုက်နာခြင်း၊ အနာများနဲ့ အစာမကြေခြင်းတို့ ဖြစ်တတ်ပါတယ်။
သရက်သီးဟာ ကျန်းမာရေးနဲ့သင့်လျော်ပေမယ့် ပိုးသတ်ဆေး၊ ရင့်မှည့်စေတဲ့ဆေးတွေပါဝင်တာကြောင့် အနည်းဆုံး ၂ နာရီစိမ်ပြီးမှ စားသုံးသင့်သလို သေချာဆေးကြောသင့်ကြောင်း Aster CMI ဆေးရုံမှ အာဟာရပညာရှင်ဒေါက်တာ'အက်ဒ်ဝီနာရာဂျ်'က ပြောပြခဲ့ပါတယ်။
သရက်သီးမှာ ဖရပ်တို့စ်လို့ခေါ်တဲ့ ကာဗိုဟိုက်ဒရိတ်များပါဝင်ကာ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေပါတယ်။
သရက်သီးမှည့်ဆေးတွေနဲ့ ပိုးသတ်ဆေးအသုံးပြုခြင်းကြောင့် သွေးတွင်းသကြားဓာတ် မညီမမျှဖြစ်စေကာ သင့်တင့်ရုံမျှသာ စားသုံးသင့်ပါတယ်။
သရက်သီးကို တစ်ထိုင်တည်းနဲ့ တစ်လုံးအပြည့်စားတာမျိုးထက် တစ်ခြမ်းခြမ်းပြီး တစ်နေ့ကို နှစ်ခါစားသုံးသင့်ကြောင်း၊ အဓိကအစားအစာမဟုတ်ဘဲ သရေစာအဖြစ်သာ သဘောထားသင့်ကြောင်း၊ ဖရပ်တို့စ်ကြွယ်ဝတာကြောင့် သွေးတွင်းသကြားဓာတ်ကိုမြင့်တက်စေကြောင်း ဒေါက်တာ'ရာဂျ်'က ပြောကြားခဲ့ပါတယ်။
သရက်သီးအများကြီးစားပြီး ဓာတ်မတည့်တာမျိုးဖြစ်တယ်ဆိုရင် ကျန်းမာရေးပညာရှင်နဲ့ ချက်ချင်းပြသသင့်ပါတယ်။
အကျိုးပြုအစားအစာတွေဖြစ်တဲ့ နို့ဆီ၊ ထောပတ်နို့တို့စားသုံးရမှာဖြစ်ပြီး ရေအများအပြားသောက်သုံးပေးရပါမယ်။
ဝမ်းပျက်ခြင်း၊ အစာအိမ်ရောဂါပိုးကူးခြင်းတို့ သက်သာစေရန် အမျှင်ဓာတ်များတဲ့ အစားအစာတွေ၊ အသီးအနှံတွေ ကန့်သတ်စားသုံးရမှာဖြစ်ပြီး ရေဓာတ်ဖြည့်ပေးရမှာဖြစ်ပါတယ်။
Source: India Today #World_Health #သရက်သီး
#YMG #Yangon_Media_Group
#Local_News
Published_ 23 May 2023
လာမယ့်ဇွန်လ(၂၇)ရက်နေ့ဟာ 'မြန်မာနိုင်ငံဂီတနေ့' ဖြစ်ပြီး 'မြန်မာနိုင်ငံဂီတနေ့'အခမ်းအနားနဲ့ဂုဏ်ပြုဂီတဖျော်ဖြေရေး အစီအစဉ်တွေကျင်းပပြုလုပ်သွားဖို့ရှိတယ်လို့ မြန်မာနိုင်ငံဂီတအစည်းအရုံးမှ သိရပါတယ်၊၊
#Local_News #'မြန်မာနိုင်ငံဂီတနေ့' #ဂုဏ်ပြုဂီတဖျော်ဖြေပွဲပြုလုပ်
#YMG #Yangon_Media_Group
#World_Animal
Published 23 May 2023
တရုတ်အနောက်တောင်ဘက် ချုံချင်မြို့မှာ မွေးခဲ့တဲ့ ဘင်္ဂလားကျားပေါက် ၅ ကောင်ကို တစ်လသားပြည့်တဲ့အချိန်မှာ လူမြင်ကွင်းသို့ ပထမဆုံး ပြသသွားမှာဖြစ်ပါတယ်။
#World_Animal #ဘင်္ဂလားကျားပေါက်(၅)ကောင်
#YMG #Yangon_Media_Group
#Local_News
Published_ 23 May 2023
ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ လပိုင်းအတွင်းမှာ တစ်အောင်စကို ဒေါ် ၂၀၀၀ ကျော်အထိ ဈေးမြင့်တက်ခဲ့ပေမယ့် လက်ရှိမေလ အလယ်လောက်ကစပြီး ၂၀၀၀ အောက်ကိုပြန်လည်ကျဆင်းနေပါတယ်။
#Local_News #ကမ္ဘာ့ရွှေဈေးစံချိန်တင်မြင့်တက်
#YMG #Yangon_Media_Group
#Local_News
Published_ 23 May 2023
ယနေ့ မေလ (၂၃) ရက်မှ စတင်ပြီး ၂၀၂၃ - ၂၀၂၄ ခုနှစ်ပညာသင်နှစ်တွင် အခြေခံပညာ KG မှ Grade-11အထိ အတန်းများရဲ့ကျောင်းအပ် လက်ခံနေပြီလို့ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ သိရပါတယ်။
#Local_News #အခြေခံပညာအတန်း #ကျောင်းအပ်လက်ခံနေပြီ
#YMG #Yangon_Media_Group
#Local_News
Published_ 23 May 2023
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ဖူးကြီးသောက်သုံးရေလှောင်ကန်ကို ဖူးကြီးချောင်းသာဆိုပြီး သွားရောက်အပန်းဖြေရေဆင်းကူးသူများရှိနေတယ်လို့ ဖူးကြီးကျေးရွာဒေသခံတွေထံမှ သိရပါတယ်၊၊
#Local_News #ဖူးကြီးသောက်သုံးရေလှောင်ကန် #အပန်းဖြေရေဆင်းကူးသူများရှိနေ
#YMG #Yangon_Media_Group
#Daily_News
Published_ 23 May 2023
၁။ ဖူးကြီးသောက်သုံးရေလှောင်ကန်ကို ဖူးကြီးချောင်းသာဆိုပြီးသွားရောက်အပန်းဖြေရေဆင်းကူးသူများရှိနေ
၂။ ယနေ့မေလ (၂၃) ရက်နေ့တွင် စတင်ကာအခြေခံပညာအတန်းတွေ ကျောင်းအပ်လက်ခံနေပြီ
၃။ ကမ္ဘာ့ရွှေဈေး စံချိန်တင်မြင့်နေရာက ပြန်ကျဆင်းနေပေမယ့် ပြင်ပရွှေပေါက် သိန်း၃၀ အထက်သို့ ဆက်လက်မြင့်တက်နေ
၄။ တရုတ်တွင် မွေးဖွားသည့် ဘင်္ဂလားကျားပေါက်(၅)ကောင် တစ်လသားပြည့်သည့်အချိန်၌ လူအများထံပြသသွားမည် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 23 May 2023
ခေါက်ကြေးနဲ့ ပြေးဆွဲနေတဲ့ တစ်ဦးချင်းပိုင် YBS ယာဉ်တွေ ကို မေလကုန်နောက်ဆုံးထားပြီး အများပိုင်ကုမ္ပဏီ အဖြစ်ပြောင်းလဲဖို့ YRTC ကညွှန်ကြားလိုက်ပါတယ်။
#Local_News #အများပိုင်ကုမ္ပဏီ #ခေါက်ကြေးဆွဲတစ်ဦးချင်းပိုင် YBS
#YMG #Yangon_Media_Group
#Point_Of_View
Published_ 23 May 2023
အချင်းဆဲလ်မှ တစ်ဆင့်ရောဂါတွေအများကြီးကုပေးနိုင်တယ်ဆိုတာကို သက်သေပြထားပြီးဖြစ်ပါတယ်၊၊ အချင်းဆဲလ်ကိုအသုံးပြုပြီးအမာရွတ်တွေ၊ အရိုးနာကျင်မှုတွေ၊ လေဖြတ်ခြင်းတွေကြုံနေသူကိုသက်သာအောင် ကုသပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့်မို့လို့အချင်းဆဲလ်ဟာအနာဂတ်မှာအရမ်းအသုံး၀င်လာမှာပါတယ်။
#Point_Of_View #ကလေးဆီကရလာတဲ့ပင်မဆဲလ်ရောဂါကုသနိုင်
#YMG #Yangon_Media_Group
#Local_News
Published_ 23 May 2023
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် မေလ ၂၂ ရက်နေ့ နေ့လည် ၂နာရီကျော်ခန့်ကငွေဇာလှိုင်းအလှကုန်ဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ ဓားပြမှုဖြစ်စဉ်မှာ ဆိုင်ကယ်သုံးစီးနှင့် အမျိုးသမီးတစ်ဦး၊ အမျိုးသားနှစ်ဦး ရောက်ရှိလာပြီး တုတ်၊ ဓားများအပါအဝင် သတ်နတ်ဟုယူဆရသော အရာတစ်ခုကို အဝတ်နဲ့ပတ်၍ ယူဆောင်လာပြီး တံခါးများပိတ်ကာ အနုကြမ်းစီးခဲ့တာကြောင့် ရွှေနဲ့ ငွေများပါသွားကြောင်း လူမှုကွန်ယက်သတင်းများအရ သိရသည်။
အဆိုပါ ဓားပြတိုက်ခံရမှုကြောင့် ကျပ်သိန်း (၇၀၀) ကျော်နဲ့ ရွှေထည်တွေ ပါသွားတယ်လို့လည်း ကနဦး သိရပါတယ်။
မုံရွာမြို့ပေါ်မှာ ရွှေဆိုင်၊ ဖုန်းဆိုင်၊ ဆိုင်ကယ်ဆိုင်တွေမှာ ဓားပြတိုက်မှု၊ အနုကြမ်းစီးမှုများ မကြာခဏဆိုသလိုဖြစ်ပွားနေပြီး အကြိမ်၂၀ထပ် မနည်းတော့ကြောင်း ဒေသခံတွေကပြောသည်။
#ymg/ynzw #Local_News #မုံရွာမြို့ #ငွေဇာလှိုင်းအလှကုန်ဆိုင် ဓားပြတိုက်ခံရ
#YMG #Yangon-Media-Group
Page 996 of 1776