#Local_News
Published- 30 January 2024

ယခုဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ၏ နယ်စပ်လမ်းကြောင်းများမှ တစ်ဆင့်နယ်စပ်ကုန်သွယ်မှုမှ ၆.၅၂ ဘီလီယံရရှိထားပြီး ကန်ဒေါ်လာ ၂ ဘီလီယံကျော် ပိုငွေပြနေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်အထိ မြန်မာနိုင်ငံမှကုန်ပစ္စည်းတင်ပို့မှုမှ ကန်ဒေါ်လာ ၄.၃၈ ဘီလီယံရရှိခဲ့ပြီး အိမ်နီးချင်းနိုင်ငံများမှ သွင်းကုန်များအတွက် ကန်ဒေါ်လာ ၂.၁၄ ဘီလီယံ သုံးစွဲထားရာ သွင်းကုန်နည်းပြီး ပို့ကုန်များသည့်အတွက် နယ်စပ်ကုန်သွယ်မှုမှဒေါ်လာ ၂ ဘီလီယံကျော်ကုန်သွယ်မှုပိုငွေပြခဲ့ကြောင်း သိရသည်။

 

မြန်မာနိုင်ငံသည် တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများနှင့် နယ်စပ်လမ်းကြောင်းမှ နှစ်ဖက်အပြန်အလှန် ကုန်သွယ်မှုများ ပြုလုပ်လျှက်ရှိကာပြည်တွင်းမှ စိုက်ပျိုးထွက်ရှိသည့် လယ်ယာထွက်ကုန်၊ သစ်တောထွက်ကုန်၊ ရေထွက်ကုန်နှင့် အခြားထွက်ကုန်များကို တင်ပို့နေပြီး တစ်ဖက်နိုင်ငံများမှ လူသုံးကုန်၊ စက်မှုကုန်ကြမ်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းသုံး အစရှိသည့် ကုန်ပစ္စည်းများကို ပြန်လည်တင်သွင်းလျက်ရှိကြောင်းသိရသည်။

 

#Local_News #နယ်စပ်ကုန်သွယ်မှု၇ဘီလီယံနီးပါးရရှိ #ကန်ဒေါ်လာ၂ဘီလီယံကျော်ပိုငွေပြနေ #YMG/NN #Yangon_Times