၁၂ နိုဝင်ဘာ ၂၀၂၃
ဟားမာ့စ်ရဲ့ ဒုံးကျည်တွေကို ကြားဖြတ်ဟန့်တားနိုင်ဖို့ အစ္စရေးက ယင်းရဲ့နိုင်ငံတောင်ပိုင်းမှာ “ သံမဏိလိပ်ခုံး” လို့ အမည်ပေးထားတဲ့ ဒုံးကျည်ဖျက်စနစ်ကို ယာယီတပ်ဆင်နေရာချထားလိုက်ပါတယ်။
ဒုံးကျည်တိုက်ဖျက်ရေးစနစ်တပ်ဆင်ထားတဲ့နေရာဟာ ဂါဇာကမ်းမြောင်မှ ၁၅ ကီလိုမီတာခန့်အကွာမှာရှိပါတယ်။ အဆိုပါ ဒုံးကျည်ဖျက်စနစ်ကို ဒေါင်လိုက်တပ်ဆင်ထားတာဖြစ်ပါတယ်။ “သံမဏိလိပ်ခုံး” ရဲ့ ရေဒါစနစ်ကိုတော့ အနီးက ထရပ်တစ်စီးအပေါ်မှာ တပ်ဆင်ထားပါတယ်။
၁၂ နိုဝင်ဘာ ၂၀၂၃
ကျောက်မဲနှင့်သီပေါအကြားက ကျင်သီတံတားကို TNLA သောင်းကျန်းသူများက ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
နိုဝင်ဘာ ၁၂ ရက်က မီဒီယာများသို့ဖြန့်ဝေပေးပို့တဲ့ နောက်ဆုံးအခြေအနေရှင်းလင်းပြောကြားချက် ရုပ်သံမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့တာဖြစ်ပါတယ်။
“ ကျောက်မဲနှင့် သီပေါအကြားထဲတွင်ရှိတဲ့ ဒုဌဝတီ မြစ်ငယ် မြစ်ကူး ကျင်သီတံတားကို TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့က ဖောက်ခွဲဖျက်ဆီးခဲ့တာရှိပါတယ်။ ဒီတံတားဟာ မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီးအပေါ်ကတံတားဖြစ်ပါတယ်။
ဒီအကြမ်းဖက်သောင်းကျန်းသူများအနေနှင့် ရည်ရွယ်ချက်သည် ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်၊ ပြည်သူလူထုရဲ့လမ်းပန်းဆက်သွယ်ရေး ပြည်သူ့ဆက်သွယ်ရေးလမ်းကြောင်းကို အဓိကထားပြီး ဖောက်ခွဲဖျက်ဆီးတိုက်ခိုက်နေတာဖြစ်ပါတယ်။ ဒီဟာတွေသည် အစိုးရကိုတိုက်ခိုက်တဲ့လုပ်ငန်းမဟုတ်ပါဘူး ပြည်သူကိုတိုက်ရိုက်ထိပါးစော်ကားတဲ့လုပ်ငန်းဖြစ်ပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။
လွိုင်ကော်တွင် အဝေးမှလှမ်း၍ပစ်ခတ်မှုအချို့မှအပ ငြိမ်သက်လျက်ရှိတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက လွိုင်ကော်မြို့ရဲ့ နိုဝင်ဘာ၁၂ ရက်နောက်ဆုံးအခြေအနေကို ရှင်းလင်းပြောကြားပါတယ်။
“လွိုင်ကော်ဘက်အခြေအနေကတော့ မနက်ပိုင်းမှာ အဝေးကနေပစ်ခတ်မှုမှအပ ကျန်တာ ငြိမ်သက်လျက်ရှိပါတယ်။ တစ်ရက်နှစ်ရက်လောက်အတွင်းမှာ သောင်းကျန်းသူများအနေနှင့် အပြင်းအထန်တိုက်ခိုက်ခဲ့တာမျိုးရှိပါတယ်။ တပ်မတော်အနေနှင့် ပြန်လည်တွန်းလှန်တိုက်ခိုက်ခဲ့နိုင်ပါတယ်” လို့ သူက ပြောတာပါ။
ထီးချိုင့်ဖက်တွင် တိုက်ပွဲအချို့ဆက်လက်ဖြစ်ပွားနေတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောဆိုပါတယ်။
“ ထီးချိုင့်ဘက်မှာတော့ အချို့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနှင့် အခြေအနေပြန်လည်ထိန်းသိမ်းပြီး ဆောင်ရွက်လျက်ရှိပါတယ်” လို့ သူကပြောကြားပါတယ်။
ယင်းအပြင် အကြမ်းဖက်သောင်းကျန်းသူများနှင့်ပတ်သက်တဲ့ သတင်းများနှင့် လှုပ်ရှားမှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပေးပို့နေတဲ့တာဝန်သိ ပြည်သူလူထုများလည်းရှိတဲ့အကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ဖော်ပြောကြားသွားပြီး အားလုံးပူးပေါင်းဆောင်ရွက်သွားကြဖို့ အခြေအနေအမြန်ဆုံး တည်ငြိမ်အောင် ထိန်းသိမ်းသွားနိုင်ဖို့ ဆောင်ရွက်သွားရမှာဖြစ်တယ်လို့လည်း ရုပ်သံထဲမှာ ရှင်းလင်းပြောဆိုခဲ့ပါတယ်။
-ymg/knl
သက်တော်(၇၀)အထက် ကုန်းဘောင်ဆက်သက်ကြီးဝါကြီး ဘုရင့်ဆွေတော်မျိုးတော်(၄၇)ပါးကို ပူဇော်ကန်တော့မည်
‘ မင်းတုန်းမင်းတရားကြီး၊ ကနောင်မင်းနဲ့သီပေါမင်းတို့ရဲ့ မြေးတော်၊ မြစ်တော်၊ တီတော်တွေအဓိက ပါဝင်မှာဖြစ်ပါတယ်။ ဒီဇင်ဘာလ၃ရက်မှာ ရန်ကုန်မြို့နာဂလှိုဏ်ဂူကုန်းတော်၊မဟာဗိမာန်တော်ကြီးမှာ ကျင်းပသွားမှာဖြစ်တယ်’ ကုန်းဘောင်ဆက်ဘုရင့်ဆွေတော်မျိုးတော်များအသင်း(အောက်မြန်မာပြည်) သတင်းနှင့်ပြန်ကြားရေး ထိပ်တင်စည်သူဟိန်း
#Local_News
Published_ 12 November 2023
#သက်တော်(၇၀)အထက် #ကုန်းဘောင်ဆက်သက်ကြီးဝါကြီး #ကနောင်မင်းနဲ့သီပေါမင်း
#tthl #Yangon_Times
၁၂ နိုဝင်ဘာ ၂၀၂၃
စက်သုံးဆီနှင့်ပတ်သက်၍ ကောလာဟလ သတင်းများထွက်ပေါ်နေမှုအပေါ် နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာ ၁၂ရက်နေ့တွင်ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါပြောကြားချက်ကို မီဒီယာများသို့ ဖြန့်ဝေပေးခဲ့ပါသည်။ ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက် အပြည့်အစုံမူရင်းအတိုင်း ပြန်လည်ဖော်ပြပေးအပ်ပါတယ်။
-ymg/knl
#World_Health
Published 12 November 2023
ဆီးချိုရောဂါ ဒုတိယအမျိုးအစား ဖြစ်လာမှာကို စိုးရိမ်နေတဲ့သူတွေ အနေနဲ့ သကြားကိုသာ စိတ်ပူသင့်တာ မဟုတ်ပါဘူး။
ဆားအလွန်အကျွံ စားသုံးတာကလည်း ဆီးချိုရောဂါ ဖြစ်လာနိုင်ခြေကို မြင့်မားစေကြောင်း လေ့လာချက်တစ်ခုမှာ တွေ့ရှိထားပါတယ်။
ဗြိတိန်ဘိုင်အိုဘဏ်မှာ စာရင်းသွင်းထားတဲ့ လူပေါင်း ၄ သိန်းကျော်မှာ ဆားစားသုံးမှုနဲ့ ပတ်သက်ပြီး စစ်တမ်းကောက်ယူ လေ့လာခဲ့ပါတယ်။
အချိန် ၁၁.၈ နှစ်ကြာ လေ့လာခဲ့ရာမှာ ဆီးချိုဖြစ်ပွားသူ ၁၃,၀၀၀ ကျော်ရှိခဲ့ပါတယ်။
ဆားကို တစ်ခါတရံ၊ များသောအားဖြင့်၊ အမြဲတမ်း စားသုံးလေ့ရှိသူတွေဟာ ဆားကို မစားတဲ့သူတွေနဲ့ယှဥ်ရင် ဆီးချိုဖြစ်နိုင်ခြေ ၁၃၊ ၂၀ ၊ ၃၉ ရာခိုင်နှုန်း အသီးသီး ပိုများနေပါတယ်။
ဆားကို လျှော့ချစားသုံးပါက နှလုံးသွေးကြောရောဂါနဲ့ သွေးတိုးရောဂါတို့ ဖြစ်နိုင်ခြေနည်းစေတာကို သိရှိထားပြီးဖြစ်ပေမယ့် ဆီးချိုရောဂါနဲ့လည်း ဆက်စပ်နေတာကိုတော့ ပထမဆုံးအကြိမ် တွေ့ရှိခဲ့တာဖြစ်ကြောင်း တူလိန်းတက္ကသိုလ်မှ သုတေသနပြုစုသူ ဒေါက်တာလုကျီက ပြောပြသွားပါတယ်။
ဆားအများအပြား စားသုံးခြင်းက ဆီးချိုရောဂါ ဖြစ်နိုင်ခြေနဲ့ တိုက်ရိုက်ဆက်စပ်နေတာကို ထပ်မံလေ့လာဖို့ လိုအပ်သေးပေမယ့် ဆားပါတဲ့အခါ စားစရာကို များစွာစားမိကာ အဝလွန်ခြင်းနဲ့ ရောင်ရမ်းခြင်းတို့ ဖြစ်လာနိုင်စေပါတယ်။
မကြာခဏ ဆားစားသုံးခြင်းနဲ့ BMI ၊ ခါးမှတင်အတိုင်းအတာအချိုးတို့ကြား ဆက်စပ်မှုကို တွေ့ရှိထားပါတယ်။
ဆားသုံးစွဲမှု လျှော့ချရန် လက်တွေ့စမ်းသပ်မှုများ ပြုလုပ်ဖို့ အရေးကြီးကြောင်းကိုလည်း ဒေါက်တာလုကျီက ပြောပြသွားပါတယ်။
လူတွေအနေနဲ့ ဆားအစားထိုးပစ္စည်းများဖြင့် အနံ့အရသာ ဖန်တီးဖို့ကြိုးစားရန် အကြံပြုလိုက်ပါတယ်။
ရိုးရှင်းစွာ ပြောင်းလဲအသုံးပြုရုံဖြင့် ကျန်းမာရေးအပေါ် သိသာစွာ အကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။
#World_Health #ဆီးချိုရောဂါ #သကြားအပြင်အခြားပစ္စည်းတစ်မျိုး #Source: India Today
'အရင်ကထက်စာရင်တစ်နိုင်ငံလုံးလိုလိုမြေပဲပေါ်နေတော့ဈေးကျနေတာပါ၊ နောက်
တရုတ်အိပ်စပို့မရှိတော့ နည်းနည်းအတာလည်းပါတယ်'
#Local_News
Published_ 12 November 2023
#မြေပဲဆံဈေး #ပဲဆီဈေး
#YMG/NN #Yangon_Times
#World_Health
Published 12 November 2023
နေ့စဥ်သုံး ကိုယ်ဝန်တားဆေးတွေဟာ ဆုံးဖြတ်ချက်ချခြင်းနဲ့ စိတ်ထိန်းချုပ်ခြင်းတို့ကို ဆောင်ရွက်ပေးတဲ့ ဦးနှောက် အစိတ်အပိုင်းတွေကို ပါးလွှာစေနိုင်ကြောင်း ကနေဒါမှ သုတေသနအသစ်မှာ တွေ့ရှိထားပါတယ်။
အသက် ၁၅ နှစ်မှ ၄၉ နှစ်ကြား အမေရိကန်အမျိုးသမီးများရဲ့ ၃ ပုံ ၂ ပုံခန့်သုံးစွဲနေကြတဲ့ ကိုယ်ဝန်တားဆေးများရဲ့ ဦးနှောက်အပေါ် သက်ရောက်မှုများကို လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။
သဘာဝအရရော ဓာတုနည်းလမ်းများအရ ထုတ်လုပ်ထားတဲ့ ဟော်မုန်းတွေရဲ့ အခန်းကဏ္ဍကို မွန်ထရီယယ်တက္ကသိုလ်မှ သုတေသီများက စူးစမ်းရှာဖွေခဲ့ကြပါတယ်။
တားဆေးသောက်သုံးနေခဲ့ပြီး ရပ်တန့်လိုက်တဲ့ အမျိုးသမီးများ၊ လုံးဝမသောက်သုံးဖူးသူများ ပါဝင်တဲ့ အသက် ၂၃ နှစ်မှ ၃၅ နှစ်ကြားအမျိုးသမီး ၁၃၉ ဦးကို အမျိုးသား ၄၁ ဦးနဲ့ နှိုင်းယှဥ်ခဲ့ကြပါတယ်။
ထိုအခါမှာ တားဆေးအသုံးပြုတဲ့ အမျိုးသမီးများက စိတ်ခံစားချက် ထိန်းချုပ်မှုအပိုင်းကို လုပ်ဆောင်ပေးတဲ့ ဦးနှောက် အစိတ်အပိုင်းနေရာမှာ ပိုမိုပါးလွှာနေကြောင်း သုတေသန ပြုစုသူ အဲလက်ဇန်ဒရာဘရိုင်လဒ်က ပြောပြသွားပါတယ်။
ဦးနှောက် အစိတ်အပိုင်း ပါးလွှာတဲ့အခါ စိတ်ခံစားမှုထိန်းချုပ်တဲ့အပိုင်း ချို့ယွင်းလာတာလို့ မှတ်ချက်ပြုထားပါတယ်။
ဒါပေမဲ့ တားဆေးအသုံးပြုခြင်း ရပ်တန့်လိုက်တဲ့အခါ ပါးလွှာခြင်းက ပုံမှန်ပြန်ဖြစ်သွားပါတယ်။
သုတေသနရဲ့ ရည်ရွယ်ချက်က ဆေးရဲ့သက်ရောက်မှုကို တန်ပြန်ရန်မဟုတ်ဘဲ ဦးနှောက်အပေါ် သက်ရောက်မှုကို သိရှိနားလည်ရန် အရေးကြီးကြောင်းကို ဖော်ပြချင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အမျိုးသမီးတွေရဲ့ ကျန်းမာရေးမှာ သိပ္ပံနည်းကျ စိတ်ဝင်စားမှုများလာစေရန်၊ အသက်ငယ်ရွယ်ချိန်မှာ ကိုယ်ဝန်တားဆေး အသုံးပြုခြင်းနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုတို့အကြောင်း သိရှိစေရန် ဖြစ်ပါတယ်လို့ ဆိုပါတယ်။
ဆယ်ကျော်သက်အရွယ်မှာ တားဆေးစတင်အသုံးပြုတဲ့ မိန်းကလေးတွေမှာ စိတ်ဓာတ်ကျဝေဒနာ ဖြစ်နိုင်ခြေများတယ်လို့လည်း ယခင်သုတေသနမှာ တွေ့ရှိဖူးပါတယ်။
ဆေးအသုံးပြုခြင်း ရပ်ဆိုင်းလိုက်တာနဲ့ သူတို့ရဲ့ မိတ်ဖက်ကြိုက်နှစ်သက်ပုံတွေ၊ စိတ်ဝင်စားမှုတွေ ပြောင်းလဲသွားတယ်လို့ သိရပါတယ်။
မူးဝေအော့အန်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း၊ စိတ်ပြောင်းလဲခြင်းတို့ ဖြစ်တတ်တယ်ဆိုတာကို သိရှိကြပေမယ့် စိတ်ခံစားချက်များနဲ့ လိုအင်ဆန္ဒများအပေါ် သက်ရောက်တယ်ဆိုတာတော့ မသိခဲ့ကြပါဘူး။
#World_Health #ကိုယ်ဝန်တားဆေး #ဦးနှောက်ကိုပြောင်းလဲစေနိုင် #Source: New York Post
၁၁ နိုဝင်ဘာ ၂၀၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)အပါအဝင် တိုက်ပွဲဖြစ်စဉ်များနှင့်ပတ်သက်၍ ယနေ့ နိုဝင်ဘာ ၁၁ရက်နေ့အခြေအနေများကို နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ရှင်းလင်းပြောကြားခဲ့ပါတယ်။ အဆိုပါရှင်းလင်း ပြောကြားချက်ကို မီဒီယာများသို့ ယနေ့ညပိုင်းတွင် ဖြန့်ဝေပေးခဲ့ရာ အဆိုပါရှင်းလင်းပြောကြားချက် အပြည့်အစုံမူရင်းကို ဖော်ပြပေးအပ်ပါတယ်။
-ymg/knl
အရှေ့တောင်အာရှရဲ့ အကြီးဆုံးရေပေါ် ဆိုလာစက်ရုံကြီးကို အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ကြာသပတေးနေ့မှာ ဖွင့်ပွဲကျင်းပခဲ့ပါတယ်။
#Asia_Development
Published_ 11 November 2023
#အင်ဒိုနီးရှားသမ္မတ #ဆိုလာစက်ရုံဖွင့်ပွဲ
#Daily_News
Published_ 11 November 2023
၁။ ပန်းတစ်ပွင့်တောင်တွင် တန်ဆောင်တိုင်စုပေါင်းမဟာဘုံကထိန်ပွဲနှင့် ဆေးပေါင်းခချိန်ဆေးဖော်ပြီး အာယုဆေးဒါနလှူဒါန်းမည်
၂။ ယခုနှစ် ဆီးဂိမ်းပြိုင်၌ မြန်မာ့ရိုးရာသိုင်းအားကစားသမားများမှ ရွှေတံဆိပ်ခုနှစ်ခုဖြင့် အများဆုံးဆွတ်ခူးပေးခဲ့
၃။ ရှမ်းမြောက်တွင် ဖြစ်ပေါ်နေမှုများကြောင့် နှမ်းဈေးတစ်တင်းကိုတစ်သောင်းကျော်ဈေးကျ
၄။ အရှေ့တောင်အာရှ၏အကြီးဆုံး ရေပေါ်ဆိုလာစက်ရုံဖွင့်ပွဲအား အင်ဒိုနီးရှားသမ္မတတက်ရောက်ဖွင့်လှစ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ထိတွေ့မှုတွေကြောင့် လမ်းပန်းဆက်သွယ်ရေး အခက်ခဲဖြစ်ပေါ်နေတဲ့အတွက် နှမ်းဝယ်လိုအားနည်းလာပြီး တစ်တင်းကို ကျပ်တစ်သောင်းကျော် ဈေးကျလာတယ်လို့ မကွေးတိုင်းရှိ နှမ်းကုန်သည်တွေထံက သိရပါတယ်။
#Local_News
Published_ 11 November 2023
#နှမ်းဝယ်လိုအားနည်း #နှမ်းကုန်သည်
#YMG/LW Yangon_Times
'ဒီနှစ်ဆိုရင်ဆီးဂိမ်းမှာ ရွှေတံဆိပ်အများဆုံးရခဲ့တာ ကျွန်တော်တို့သိုင်းအဖွဲ့ကပါ၊ ဒါပေမယ့်ခေါင်းစဉ်ကတော့"ဗိုဗီနမ်" ၊"အားနစ်" ၊"ခွန်ဘိုကာတာ"ခေါင်းစဉ်တွေနဲ့သွားပြိုင်ရတာပါ 'မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်၊ ရန်ကုန်တိုင်းဆပ်ကော်မတီ၏ အတွင်းရေးမှူး(သိုင်းပညာရှင်) နိုင်ငံတကာဒိုင်လူကြီး(ပင်စီကလပ်) ဦးကြည်ဝင်း
#Local_News
Published_ 11 November 2023
#ဆီးဂိမ်းပြိုင်ပွဲ #သိုင်းအားကစားသမား
#YMG/NN #Yangon_Times
Page 991 of 2004