#World_Health
Published 28 September 2023
ဗြိတိသျှသွားဘက်ဆိုင်ရာ အဖွဲ့အစည်းမှ သိပ္ပံနည်းကျအကြံပေးပုဂ္ဂိုလ် ဒေါက်တာပရာဗင်းရှာမာက လူတွေရဲ့ သွားနှင့်ခံတွင်း သန့်ရှင်းရေးအလေ့အထတွေနဲ့ ပတ်သက်ပြီး ပြုလုပ်လေ့ရှိတဲ့ အမှား ၄ မျိုးကို ထုတ်ဖော်သွားပါတယ်။
ပထမဆုံးအမှားက သွားတိုက်ပြီးနောက် ချက်ချင်းပလုတ်ကျင်းပစ်တာပါပဲ။
ထိုအခါမှာ ဖလိုရိုက်ရဲ့ အာနိသင် လျော့နည်းသွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ခံတွင်းသန့်စင်ဆေးရည်ကို အသုံးပြုရာမှာလည်း သွားတိုက်ပြီးနောက် အချိန်အတိုင်းအတာတစ်ခု စောင့်ဆိုင်သင့်တယ်လို့ ရှာမာက Daily Mail နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
ဖလိုရိုက်ဟာ လျော့ပါးလာတဲ့ သွားကြွေလွှာတွေကို ပြန်လည်သန်မာစေပြီး သွားဘက်တီးရီးယားများ ကြီးထွားလာခြင်းနဲ့ သွားပိုးစားခြင်းတို့ကို ကာကွယ်ပေးပါတယ်။
ဒုတိယအမှားကတော့ အစာစားပြီးနောက် ချက်ချင်း သွားတိုက်ပစ်ကြတာပါပဲ။
စားသောက်ပြီးနောက် အနည်းဆုံးမိနစ ၃၀ မှ ၆၀ ကြား စောင့်ဆိုင်းပြီးမှ သွားတိုက်သင့်တယ်လို့ ပညာရှင်များက အကြံပြုထားပါတယ်။
ချက်ချင်းကြီး သွားတိုက်ပစ်တဲ့အခါ အက်ဆစ်ဓာတ်ပါတဲ့ ဖျော်ရည်များ၊ စားစရာများကြောင့် သွားမျက်နှာပြင်များကို ပွတ်စားသွားပြီး သွားပျက်စီးလာနိုင်ပါတယ်။
တတိယအမှားကတော့ သွားကြားရှင်းလင်းရေးပစ္စည်းများ အသုံးမပြုတာပါ။
သွားကြားမှာ ညပ်နေတဲ့ စားကြွင်းစားကျန်တွေကို ရှင်းထုတ်ပေးနိုင်မယ့် သွားကြားသန့်ရှင်းရေးကိရိယာများကို ဆိုလိုတာဖြစ်ပါတယ်။
သွားကြားထဲ နေရာလွတ်သိပ်မရှိတဲ့ သူတွေအတွက် အမျှင်သေးသွယ်တဲ့ ကိရိယာအသုံးပြုပေးသင့်ပါတယ်။
ဒါ့အပြင် သန့်ရှင်းရေးလုပ်ရာမှာ စက်ဝိုင်းပုံသဏ္ဍာန် သန့်ရှင်းဖို့ကိုလည်း အလေးပေး ပြောကြားသွားပါတယ်။
နောက်ဆုံးအမှားကတော့ ညအိပ်ရာမဝင်ခင် သွားမတိုက်တာပါပဲ။
ဖလိုရိုက်ပါဝင်တဲ့ သွားတိုက်ဆေးဖြင့် တစ်နေ့ကို ၂ ကြိမ် အချိန် ၂ မိနစ်ကြာအောင် တိုက်ပေးသင့်ပါတယ်။
တံတွေးက ဘက်တီးရီးယားတွေကို ရှင်းလင်းပေးကာ ညအချိန်မှာ တံတွေးထုတ်လုပ်မှု အနည်းဆုံးဖြစ်တာကြောင့် အထူးသဖြင့် ညအိပ်ရာမဝင်ခင် သွားတိုက်ပေးသင့်ပါတယ်။
#World_Health #သွားနှင့်ခံတွင်းသန့်ရှင်းရေး #အမှားအယွင်းများ
#Source: New_York_Post
#World_Health
Published 28 September 2023
သွေးပေါင်ချိန်မြင့်မားခြင်း သို့မဟုတ် သွေးတိုးရောဂါကြောင့် အခြားရောဂါအများအပြားနဲ့ နှလုံးရောဂါတို့ ဖြစ်လာနိုင်ချေ မသိမသာများပြားစေပါတယ်။
ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာများနဲ့ နေထိုင်စားသောက်မှုပုံစံများ အပါအဝင် အခြားအကြောင်းအရာများကြောင့် သွေးတိုးနိုင်ပေမယ့် သွေးပေါင်ချိန်မြင့်မားခြင်းကို ရိုးရှင်းစွာ ထိန်းချုပ်ပေးနိုင်တဲ့ နည်းလမ်းများလည်း ရှိပါတယ်။
အချို့သော အစားအသောက်တွေမှာ သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်တဲ့ အစွမ်းသတ္တိများ ရှိကြပါတယ်။
ဒီလိုစားစရာတွေထဲမှာ ငရုတ်ကောင်းလည်း အပါအဝင် ဖြစ်ပါတယ်။
ငရုတ်ကောင်းမှာ ပါဝင်တဲ့ ပိုက်ပါရင်ဒြပ်ပေါင်းက သွေးပေါင်ချိန်တိုးခြင်းကို ကူညီထိန်းချုပ်ပေးနိုင်တယ်လို့ Cardiovascular Pharmacology ဂျာနယ်မှာ ဖော်ပြထားပါတယ်။
အာဟာရပညာရှင် မစ္စ ဆွီဒယ်ထရီနီဒတ်ဒ်က သွေးပေါင်ချိန်တိုးခြင်းနဲ့ ငရုတ်ကောင်းတို့ကြား ဆက်စပ်မှုအပြင် ငရုတ်ကောင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတို့ကိုလည်း ရှင်းပြခဲ့ပါတယ်။
အငန်ဓာတ်နည်းပါးတဲ့ အစားအစာများ၊ ပိုတက်ဆီယမ်ပါဝင်တဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ပဲ၊ အဆီဓာတ်နည်းပါးတဲ့ နို့ထွက်ပစ္စည်း၊ အိုမီဂါ၃ဖက်တီးအက်ဆစ်ပါဝင်တဲ့ ငါးများကို တွဲဖက်စားသုံးပေးဖို့ လိုပါတယ်။
ဟင်းပွဲတွေမှာ အနံ့အရသာအတွက် ထည့်သွင်းလေ့ရှိတဲ့ ငရုတ်ကောင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေကတော့..
(၁) အစာခြေခြင်းကို ကောင်းမွန်စေပါတယ်။
(၂) အစာအိမ်ထဲရှိ ဟိုက်ဒရိုကလိုရစ်အက်ဆစ်ကို လှုံ့ဆော်ပေးတာကြောင့် အစာကြေစေပါ
တယ်။ အစာကြေတဲ့အတွက် ဇီဝကမ္မဖြစ်မှုနှုန်းကို ကောင်းမွန်စေပြီး ကိုယ်အလေးချိန် ကျစေပါတယ်။
(၃) သွေးပေါင်ချိန်မြင့်မားခြင်းကို ထိန်းချုပ်ပေးပါတယ်။
(၄) ပိုတက်ဆီယမ် မြင့်မားစွာပါဝင်တာကြောင့် နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်တို့ကို ကူညီထိန်းချုပ်ပေးပါတယ်။
ငရုတ်ကောင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူး ရရှိရန် ပမာဏကို ဂရုပြုရန်လိုအပ်ပြီး ..
(၁) စားသုံးတဲ့ပမာဏကို ဂရုစိုက်သင့်ပါတယ်။
(၂) အများအပြားစားမိရင် အစာအိမ် မနေနိုင်မထိုင်နိုင်ဖြစ်ပြီး ပူလောင်တဲ့ ခံစားမှုမျိုး ခံစားရတတ်ပါတယ်။
စားစရာအမျိုးမျိုးမှာ ထည့်သွင်းနိုင်တဲ့ ငရုတ်ကောင်းကို တစ်နေ့ ၂၀ မီလီဂရမ်ခန့် စားသုံးခြင်းက စိတ်ချရပါတယ်။
#World_Health #သွေးတိုးခြင်း #ဟင်းခတ်အမွှေးအကြိုင်တစ်မျိုး
#Source: DoctorNDTV
တရုတ်နိုင်ငံရဲ့ ၁၃ ကြိမ်မြောက် သိပ္ပံစူးစမ်းလေ့လာရေးအဖွဲ့က အာတိတ်သမုဒ္ဒရာသို့ သွားရောက်ကာ ဂက်ကယ်လ်ရစ်ဂျ် မီးတောင်ကွင်းပြင်သို့ ခေတ်မီဆန်းပြားတဲ့ လေ့လာမှုများပြုလုပ်ဖို့အတွက် ပင်လယ်ကြမ်းပြင်မှာ ရေငုပ်သံလိုက်ဓာတ်ကိရိယာ ၇ ခုကို နေရာချထားခဲ့ပါတယ်။
Published_ 27 September 2023
#သိပ္ပံစူးစမ်းလေ့လာရေးခရီးစဉ် #ရေငုပ်သံလိုက်ဓာတ်ကိရိယာ
#Asia_Expedition
၂၇ စက်တင်ဘာ ၂၀၂၃
မကြာတော့သည့် ကာလတစ်ခု၌ မြန်မာ့ခရီးသွားလုပ်ငန်းသည် ကိုဗစ်-၁၉ မတိုင်မီကာလအခြေအနေကို ပြန်လည်ရောက်ရှိနိုင်မည်ဟုယုံကြည်တယ်လို့ နစက ဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားပါတယ်။
စက်တင်ဘာ ၂၇ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်း (ဗဟိုဌာန-၂)၌ ကျင်းပပြုလုပ်တဲ့ ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားတွင် နစက ဥက္ကဋ္ဌက ယခုလိုထည့်သွင်းပြောကြားခဲ့တာဖြစ်တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနက ပြည်တွင်း၊ ပြည်ပ ခရီးသွားများ တိုးတက်လာစေရန် မဟာဗျူဟာ လုပ်ငန်းစီမံချက်များ ရေးဆွဲ ဆောင်ရွက်ထားတဲ့အတွက် ယခုနှစ်တွင် မြန်မာနိုင်ငံကို ခရီးသည်ရောက်ရှိမှု ပိုမိုတိုး တက်များပြား လာမည်ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။
မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွာများဝင်ရောက်မှုသည် ယခင်နှစ်နှင့် ကာလတူနှိုင်းယှဉ်ကြည့်တဲ့အခါ ၆ ဆခန့် တိုးတက် လာခဲ့တယ်လို့ ဗိုလ်ချူပ်မှူးကြီးက ဆက်လက်ပြောကြားပါတယ်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ အထိ နိုင်ငံတကာခရီးသွားဧည့်သည် ခြောက်သိန်းကျော် ဝင်ရောက်ခဲ့တာဖြစ်ပြီး ယခင်နှစ်က အလားတူကာလအပိုင်းအခြားမှာ ခရီးသွား တစ်သိန်းကျော်သာ ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
ရေရှည်တည်တံ့ပြီး ဖွံ့ဖြိုးတိုးတက်စေသည့် ခရီးသွားလုပ်ငန်းဖော်ဆောင်နိုင်ရန် ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အဦများကို တည်ဆောက်ရာ၌ သဘာဝ သယံဇာတများကို အကျိုးရှိစွာအသုံးပြုပြီး စွမ်းအင်ချွေတာရေး နည်းလမ်းများနှင့် ဆောင်ရွက်သည့် အစိမ်းရောင်အဆောက်အဦများ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ရင်းနှီး မြှုပ်နှံကြပါလို့လည်း ဗိုလ်ချုပ်မှူးကြီးက လုပ်ငန်းရှင်တွေကိုတိုက်တွန်းခဲ့တယ်လို့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံတွင်သဘာဝတရားကြီးကပေးထားသည့် အကြီးမားဆုံး လက်ဆောင် ဖြစ်အဖြစ် အလားတူ အဖိုးမဖြတ်နိုင်သည့် ယဉ်ကျေးမှုအမွေအနှစ် များစွာရှိတဲ့အတွက် အဆိုပါသဘာဝအရင်းအမြစ် ယဉ်ကျေးမှု အမွေအနှစ်များကို အခြေခံပြီး ခရီးစဉ်ဒေသ နှင့်ခရီးသွား ဆွဲဆောင်မှုများအဖြစ် ဖော်ထုတ်ဖို့လည်း ဗိုလ်ချုပ်မှူးကြီးက အကြံပြုပြောဆိုခဲ့ပါတယ်။
တည်ငြိမ်အေးချမ်းမှုရှိခြင်းသည် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေသောကြောင့် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်သွား ကြရလိမ့်မယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောဆိုပါတယ်။
မြန်မာနိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဧပြီ ၁၇ ရက်မှစတင်ကာ နိုင်ငံတကာ လေကြောင်းလိုင်းများ ပြန်လည်စတင်ပြေးဆွဲခွင့်ပြုခဲ့ပြီး ကမ္ဘာလှည့် e-visa ကို မေလ ၂၀ ရက်က စတင်ခွင့်ပြုပေးခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်တွင် ပြည်ပနိုင်ငံအသီးသီးမှ လေဆိပ်၊ ရေဆိပ်နှင့် နယ်စပ်စသည့် နိုင်ငံတကာဝင်ပေါက်အသီးသီးမှ နိုင်ငံတကာ ခရီးသွား စုစုပေါင်း ၂ သိန်းကျော် ဝင်ရောက်ခဲ့ပြီး ၂၀၂၁ ခုနှစ်ကထက် ၄၃ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့ပါတယ် ။၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ အထိ နိုင်ငံတကာခရီးသွားဧည့်သည် ခြောက်သိန်းကျော် ဝင်ရောက်ခဲ့ကြောင်း သိရှိရပါတယ်။
အဲဒီနောက် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ကောင်စီဝင်ဗိုလ်ချုပ်ကြီးတင်အောင်စန်းတို့က ကမ္ဘာ့ခရီးသွားလုပ်ငန်း နေ့အထိမ်းအမှတ် ပြိုင်ပွဲများမှ ဆုရရှိသူတွေကို ဆုချီးမြှင့်ခဲ့ပြီးနောက် အထိမ်းအမှတ်ပြပွဲတွင် ခင်းကျင်းပြသထားတာတွေကိုကြည့်ရှုအားပေး ခဲ့ကြကြောင်းသတင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
-knl/ymg
#Daily_News
Published_ 27 September 2023
၁။ ရွှေတိဂုံသို့ နေ့စဉ်နိုင်ငံခြားသားခရီးသွား(၂၀၀)မှ (၃၀၀)ဦးခန့် ဝင်ရောက်၊ အာရှခရီးသွားများအများဆုံးလာရောက်ဟုဆို
၂။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများအနေဖြင့် လူနာများထံက ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ထပ်ဆောင်း ကောက်ခံတာမျိုး လုံးဝမပြုလုပ်ဖို့ပြည်တွင်းအခွန်များဦးစီးဌာနအသိပေး
၃။ မန္တလေးတွင် ဆန်များကိုဈေးလျှော့ရောင်း၊ ဧည့်မထဆန်တစ်ပြည်(၂၅၀၀)ကျပ်ဖြင့် ဆိုင်ပေါင်း(၅၃)ဆိုင်၌ ရောင်းချပေးနေဟုဆို
၄။ တရုတ်နိုင်ငံ၏(၁၃)ကြိမ်မြောက် သိပ္ပံစူးစမ်းလေ့လာရေးခရီးစဉ်တွင် ရေငုပ်သံလိုက်ဓာတ်ကိရိယာပစ္စည်း(၇)ခုကို ပင်လယ်ကြမ်းပြင်၌နေရာချတိုင်းတာနိုင်ခဲ့.... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
‘ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အဦးတွေရဲ့ကုန်ကျစရိတ်ဟာ မူလကုန်ကျစရိတ်ထက် ၅ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိပဲ ပိုကုန်ကျမှာဖြစ်တဲ့အတွက် အဆောက်အဦးအသစ်တွေဆောက်လုပ်တဲ့အခါမှာ ငလျင်ဒဏ်ခံနိုင်အောင်ကြိုတင်တွက်ချက်ပြီးမှ ဆောက်လုပ်သင့်တယ်။ဆောက်ပြီးသားအဆောက်အဦးတွေကိုလည်း ငလျင်ဒဏ်ခံအောင်ပြုပြင်လို့ရပါတယ် ’ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဝင်၊ မြေငလျင်လေ့လာသူ ဦးစောထွေးဇော်
Published_ 27 September 2023
#Local_News
#ငလျင်ဒဏ်ခံအောင်ပြုပြင် #မူလကုန်ကျစရိတ်
#tthl #Yangon_Times
အခြားနေရာ ဒေသကစိုက်ပျိုးတဲ့ ခရမ်းချဉ်သီးများ ဈေးကွက်ထဲဝင်လာတော့မှာဖြစ် တဲ့အတွက် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ခရမ်းချဉ်စိုက်တောင်သူတွေ ကုန်သိုလှောင်မထားဘဲ ထုတ်ရောင်းချဖို့လိုတယ်လို့ ရှမ်းပြည်နယ်ရှိ ကုန်သည်တွေက ပြောပါတယ်
Published_ 27 September 2023
#Local_News
#ခရမ်းချဉ်သီး #ခရမ်းချဉ်စိုက်တောင်သူ
#YMG/LW
#Yangon_Times
#Local_News
Published 27 Setember 2023
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ငမိုးရိပ်တံတားပေါ်မှ ခုန်ချသွားခဲ့သည့် အမျိုးသမီးငယ်၏ ရုပ်အလောင်းအား ယနေ့စက်တင်ဘာ (၂၇) ရက် နံနက်ပိုင်းက သုဝဏ္ဏတံတားအောက်ကမ်းစပ်မှ ပြန်လည်တွေ့ရှိခဲ့ကြောင်း သုဝဏ္ဏပရဟိတအသင်းမှ သိရသည်။
အင်္ကျီအဖြူ၊ ဘောင်းဘီအနက်ရောင်ဝတ်ဆင်ထားသည့် အသက်(၁၇)နှစ်အရွယ်ရှိ မိန်းကလေးငယ်တစ်ဦးသည် စက်တင်ဘာ (၂၅) ရက် ည (၆) နာရီကျော်ခန့်က ငမိုးရိပ်တံတားပေါ်မှ ခုန်ချသွားခဲ့သဖြင့် သုဝဏ္ဏပရဟိတ အသင်းနှင့် မိတ်ဖက်အသင်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များမှ ရှာဖွေမှုများပြုလုပ်ခဲ့ရာ ယနေ့နံနက်တွင် ပြန်တွေ့ခဲ့ခြင်း ဖြစ်သည်။
"စပြီးခုန်ချသွားတဲ့ အချိန်ညပိုင်းထဲက ရှာဖွေခဲ့တာ နောက်နေ့ကျတော့ သူ့မိသားစုဝင်တွေ ဆက်သွယ်လာတယ်၊ ဒီနေ့မနက်မှာတော့ သုဝဏ္ဏတံတားအောက်ကမ်းစပ်မှာပြန်တွေ့တာပါ"ဟု သုဝဏ္ဏပရဟိတ အသင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။
ပြန်လည်တွေ့ရှိခဲ့ရသည့် အမျိုးသမီးငယ်၏ ရုပ်အလောင်းအား သုဝဏ္ဏပရဟိတအသင်းမှ ပြန်လည်ဆယ်ယူကာ ရင်ခွဲစစ်ဆေးမှုများပြုလုပ်နိုင်ရန် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Local_News #ငမိုးရိပ်တံတား #ရုပ်အလောင်း၃ရက်ကြာမှပြန်တွေ့
#YMG/LW #Yangon_Times
‘ဧည့်မထဆန်အိတ်ရေစုစုပေါင်း(၈၀)ခန့်ကိုကျပ်(၂၅၀၀)နဲ့ ရောင်းချပေးခဲ့ပါတယ်။ ဧည်မထ ဆန်ပြတ်သွားတဲ့အတွက် မဂျမ်းတောဆန်ကျပ်(၆၅၀၀)တန်ဆန်ကိုသူတို့လျှော့ပေးခိုင်းထားသလို ကျပ်(၅၅၀၀)နဲ့ရောင်းချပေးနေတယ်’ မန္တလေးရှိ ငွေလမင်းဆန်ပွဲရုံမှတာဝန်ရှိသူတစ်ဦး
Published_ 27 September 2023
#Local_News
#ငွေလမင်းဆန်ပွဲရုံ #မန္တလေးရှိဆန်ဆိုင်(၅၃)ဆိုင်
#tthl #Yangon_Times
ကျန်းမာရေးစောင့်ရှောက်မှုပေးသူများရဲ့ အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းဟာ ကုန်သွယ်လုပ်ငန်းခွန် မကျသင့်တဲ့ ဝန်ဆောင်မှုအမျိုးအစားဖြစ်တဲ့အတွက် ဆေးကုသမှုခံယူသူများထံမှ ကုန်သွယ်လုပ်ငန်းခွန်ကောက်ခံပေးသွင်းရန် မလိုအပ်ကြောင်း အခွန်ဦးစီးဌာနက အသိပေးချင်မှာ ဖေါ်ပြထားပါတယ်။
Published_ 27 September 2023
#Local_News
#ကျန်းမာရေးလုပ်ငန်း #ပြည်တွင်းအခွန်များဦးစီးဌာန
#YMG/LW #Yangon_Times
‘ရွှေတိဂုံစေတီတော်ကို ပြည်တွင်းခရီးသွားတွေဟာပုံမှန်နေ့ရက်တွေမှာတစ်ရက်ကို၂၀၀၀၀ခန့်၊ ပိတ်ရက်တွေမှာ တစ်ရက်ကို လူဦးရေ ၅၀၀၀၀မှ ၆၀၀၀၀ခန့်ဝင်ရောက်နေပြီး ပြည်ပခရီးသွားကတော့ တစ်ရက်ကို (၂၀၀)မှ (၃၀၀)ဦးခန့်ဝင်ရောက်တယ်’ ရွှေတိဂုံစေတီတော်ဂေါပအဖွဲ့ဝင်ဦးဘိုးသင်း
Published_ 27 September 2023
#Local_News
#ရွှေတိဂုံ #ပြည်တွင်းခရီးသွား #အိန္ဒိယဘုရားဖူးများ
#tthl #Yangon_Times
#Local_News
Published-27 September 2023
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့သုသာန်တစ်ခုထဲတွင် မွေးကင်းစ ခလေးငယ် ၁ဦးကို စွန့်ပစ်ထားမှု ယမန်နေ့ကဖြစ်ခဲ့ကြောင်း ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းက သိရသည်။
တာချီလိတ်မြို့သုသာန်တစ်ခုထဲတွင် မွေးကင်းစစွန့်ပစ်ထားသော မွေးကင်းစသမီးလေးအား တွေ့ရှိထားပါသဖြင့် ၎င်းကလေးအား ဦးလှမိုးတို့ မိုးမေတ္တာပရဟိတ လူငယ်ဖွံ့ဖြိုးရေးဂေဟာတွင် စောင့်ရှောက်ပေးပါရန် အကူညီတောင်းခံလာခဲ့၍ ချက်ချင်းသွားရောက်ပြီး ခေါ်ဆောင်ခဲ့ကြောင်းသိရသည်။
"သမီးလေးအတွက်လိုအပ် သည့် ကျန်းမာရေး စောင့်ရှောက်မှုတွေ ပြုလုပ်ပေးသွားပါမယ်၊ သမီးလေး၏ ဘဝတစ်ခုလုံးအတွက် မိဘမေတ္တာအပြည့်အဝပေးပြီး နွေးထွေးစွာ ထာဝရစောင့်ရှောက်ပေးသွားမှာဖြစ်ပါတယ်"ဟု ဦးလှမိုး"တာချီလိတ်"လူ မှုကူညီရေးအသင်းကသိရသည်။
အဆိုပါအသင်းက နောက်နောင်တွင်လည်း ယခုကဲ့သို့ အဖြစ်မျိုးမလုပ်ကြဘဲ အသင်းထံ လာရောက် အပ်နှံကြရန် လည်းပြောကြားထားသည်။
#Local_News #တာချီလိတ် #သုသာန်တစ်ခုထဲတွင်လာရောက်စွန့်ပစ်
#Yangon_Times /PP
Page 987 of 1938