#Local_News
Published_ 2 August 2023
အာဆီယံစီးပွားရေးဆိုင်ရာလုပ်ငန်းအစည်းအဝေးတွင် အာဆီယံဒေသတွင်းလျှပ်စစ်မော်တော်ယာဉ်(EV) အသုံးပြုမှုစနစ်နှင့်ဝန်းကျင်တစ်ရပ်ဖြစ်ပေါ်စေရေးဆိုသည့်အချက်ထည့်သွင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပသည့်(၄၄) ကြိမ်မြောက်အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာအဆင့်မြင့် လုပ်ငန်းအဖွဲ့အစည်းအဝေးတွင်ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်၊၊
အစည်းအဝေးတွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သည့် အာဆီယံဒေသဖြစ်လာစေရေး ကာဗွန်လျှော့ချ ရေးဆိုင်ရာ အာဆီယံဗျူဟာရေးဆွဲမှု၊ အာဆီယံဒေသတွင်း လျှပ်စစ်မော်တော်ယာဉ် (EV) အသုံးပြုမှုစနစ်နှင့် ဝန်းကျင်တစ်ရပ်ဖြစ်ပေါ်စေရေးဆိုသည့်အချက်များထည့်သွင်းဆွေးနွေးခဲ့သည်။
ယင်းကိစ္စရပ်များအပြင် အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန်မျှော်မှန်းချက်ရေးဆွဲမှုတွင် အာဆီယံစီးပွားရေး အသိုက်အဝန်းအနေဖြင့် ထည့်သွင်းလိုသည့် ကိစ္စရပ်များ၊ အသစ်ထွက်ပေါ်လာသည့် အာဆီယံစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ ကိစ္စရပ်များ၊ အင်ဒိုနီးရှားနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ် ၂၀၂၃ ခုနှစ်အတွင်း ဦးစားပေးဆောင်ရွက်ရန် သတ်မှတ်ခဲ့သည့် စီးပွားရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ တိုးတက်မှုအခြေအနေ၊ အာဆီယံစီးပွားရေး အသိုက်အဝန်းပုံစံ ၂၀၂၅ အကောင်အထည်ဖော်မှုအပေါ် ဘက်စုံစောင့်ကြည့်လေ့လာရေး အကဲဖြတ်မှု၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေ၊ ဒေသတွင်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုအတွက် အာဆီယံအပြာရောင် စီးပွားရေးမူဘောင် (ASEAN Blue Economy Framework) ရေးဆွဲမှုနှင့် အာဆီယံ၏ ချုပ်ဆိုပြီးသော လွတ်လပ်သော ကုန်သွယ်မှုဒေသ အသုံးပြုမှု ( Utilization of FTAs) အခြေအနေများအပေါ် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲကို မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်ပါဝင်တက်ရောက်ခဲ့ကြောင်းနှင့် လာမည့်(၄၅)ကြိမ်မြောက်အစည်းအဝေးမှစတင်၍ လာအိုနိုင်ငံမှ သဘာပတိအိမ်ရှင်နိုင်ငံအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။
#tthl #Local_News #အာဆီယံဒေသတွင်း ကာဗွန်လျှော့ချရေး
#Yangon_Times
#Local_News
Published_ 2 August 2023
အင်္ဂလိပ်ဘာသာစကားကျပန်းပြိုင်ပွဲMic Up!တွင်အထူးဆုရရှိခဲ့သောမြန်မာပြိုင်ပွဲဝင်(၁၀)ဦး ထိုင်းနိုင်ငံ၌ဖိုင်နယ်ပွဲသွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သိရသည်။
အဆိုပါပြိုင်ပွဲကို RVIအုပ်စုမှကြီးမှူးပြီး China Dailyမှပံ့ပိုးကူညီပေးထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် Mic Up! အင်္ဂလိပ်ဘာသာစကားကျပန်းစကားပြောပြိုင်ပွဲကို အငယ်တန်းအုပ်စုနှင့်လူငယ်အုပ်စုခွဲကာ ပြိုင်ပွဲများ ပြုလုပ်ခဲ့သည်။
အငယ်တန်းအုပ်စုပြိုင်ပွဲတွင်အထူးဆုရရှိခဲ့သော ပြိုင်ပွဲဝင်(၅)ဦးကို မြန်မာနိုင်ငံဆိုင်ရာတရုတ်သံမှူးကြီး Dr.Zheng Zhihongကဆုချီးမြှင့်ပေးခဲ့သည်ဟုဆိုသည်။
ယင်းပြိုင်ပွဲများတွင် မြန်မာနိုင်ငံမှ ကျောင်းသားလူငယ်၂၀၀နီးပါပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အထူးဆုရရှိသောပြိုင်ပွဲဝင် (၁၀)ဦးသည် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ထိုင်းနိုင်ငံသို့ နောက်ဆုံးဖိုင်နယ်ပွဲ သွားရောက်ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်းသိရသည်။
#tthl #Local_News #အင်္ဂလိပ်ဘာသာစကားကျပန်းပြိုင်ပွဲ
#Yangon_Times
ကြားနာစစ်ဆေးသွားမယ့် အမှုအမျိုးအစားတွေက ရာဇဝတ်အထွေထွေ အထူးအယူခံအမှုတွေဖြစ်
Published 2 August 2023
#ဒေါ်အောင်ဆန်းစုကြည် ဒေါက်တာမျိုးအောင်နဲ့ ဦးရဲမင်းဦး
#Ymg/my
#Yangon_Times
ပြိုင်ပွဲကနေ ရွှေတံဆိပ်တစ်ခုစီနှင့် ငွေတံဆိပ်တစ်ခုစီ စုစုပေါင်း လေးခု ရယူပေးခဲ့
Published_ 2 August 2023
#YMG/my
#Yangon_Times
#မြန်မာစကိတ်သမားနှစ်ဦးရွှေတံဆိပ်တစ်ခုနှင့် ငွေတံဆိပ်တစ်ခုရ
#Local_News
Published-2 August 2023
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ကရင်တိုင်းရင်းသားတစ်ဦး ထိုင်းထီ ဘတ်ခြောက်သန်းဆု ဆွတ်ခူးသွားကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီပြည်နယ်ရှိ ရေခဲဆိုင်တွင် ဆယ်စုနှစ်တစ်ခုကျော် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ကရင်တိုင်းရင်းသားတစ်ဦးသည် ဇူလိုင် ၃၁ ရက်က ဖွင့်လှစ်သော ထိုင်းထီအမြင့်ဆုံးဆုဖြစ်သည့် ဘတ်ခြောက်သန်းဆု(ပထမဆု) ကံထူးသွားကြောင်း ထိုင်းသတင်းမီဒီယာများတွင် ဖော်ပြထားသည်။
ထိုင်းထီဆုကြီးကံထူးရှင် မြန်မာလုပ်သားသည် ပန်းရောင်ဘတ်ကဒ် ကိုင်ဆောင်ထားသော အသက် (၃၆) နှစ်ရှိသူ ဖိုးထူးဖြစ်ကြောင်း သိရသည်။
ကံထူးသူ ကိုဖိုးထူးသည် စံခလဘူရီမြို့နယ်ရှိ ကျရုန်ချိုင်ရေခဲဆိုင်တွင် ၁၅ နှစ်ကြာ လုပ်ကိုင်နေသူဖြစ်ပြီး ၎င်းပေါက်သည့် ထီနံပါတ်မှာ 260453 ဖြစ်သည်ဟုသိရပြီးထီဆုကြီးပေါက်ကြောင်း သိရှိပြီးနောက် စံခလဘူရီမြို့နယ်ရဲစခန်းသို့ သွားရောက်၍ ရဲနေ့စဉ်မှတ်တမ်းတွင် အကြောင်းကြားအသိပေးအကူအညီတောင်းခဲ့သည်ဟု သိရသည်။
#Local_News #ကရင်တိုင်းရင်းသား၁ဦးဘတ်(၆)သန်းထိုင်းထီပေါက်
#Yangon_Times/PP
#Local_News
Published 2 August 2023
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာတွင် ယနေ့ ဩဂုတ် (၂)ရက် နံနက်ပိုင်းက ရွာလုံးကျွတ် ရေနစ်မြှုပ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသအခြေစိုက် ကယ်ဆယ်အဖွဲ့ထံမှ သိရသည်။
ယနေ့ နံနက်ပိုင်းမှ စတင်၍ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် ရေလွှမ်းမိုးခဲ့ရာ မြေနိမ့်ပိုင်းအတွင်း နေထိုင်သော သူများနေထိုင်၍မရလောက်အောင်ပင် ရေနှစ်မြှုပ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
“အနိမ့်ပိုင်းတွေမှာ နေထိုင်တဲ့သူတွေပိုဆိုးပါတယ်။ အခုတော့ ကျွန်တော်တို့ ကူညီကယ်ဆယ်ရေးတွေ ဆက်တိုက်လုပ်ပေးနေပါတယ်။ လောလောဆယ်တော့ ကယ်ဆယ်ရေးကို အဓိက ထားလုပ်နေရတော့ လူဉီးရေစာရင်းတော့ ကောက်ခံတာမျိုးမလုပ်နိုင်သေးဘူး” ဟု ဆိုသည်။
အလားတူ ယနေ့ နံနက်ပိုင်းတွင်လည်း မွန်ပြည်နယ်၊ သထုံမြို့နယ်၊ဒုံဝန်းကျေးရွာတွင် ဘီးလင်းမြစ်ရေသည် စိုးရိမ်ရေမှတ်ထက်ပေဝက်ခန့်မြင့်တက်လာမှုကြောင့် အနိမ့်ပိုင်း နေထိုင်သူများရေနစ်မြှပ်သဖြင့် ကူညီ ကယ်ဆယ်ရေးများ ပြုလုပ်ပေးနေရပြီး၊ သေဆုံးမှု တစ်စုံတစ်ရာမရှိသေးကြောင်း သိရသည်။
ပြီးခဲ့သော ဇူလိုင် (၃၁ )ရက်က မိုးသည်းထန်စွာရွာသွန်းသဖြင့် တောင်ကျရေများစီးဆင်းပြီး ကဒတ်ချောင်း ရေလျှံလာမှုကြောင့် ကျိုက်ထိုမြို့ပေါ် လူနေရပ်ကွက်များတွင် ရေနစ်မြှပ်မှု ဖြစ်ပွားကာ လူဦးရေ (၂၂၇ )ဉီးအား ဘေးလွှတ်ရာသို့ အရေးပေါ် ပြောင်းရွှေခဲ့ရသည်။
မိုး/ဇလ က ဩဂုတ်(၁)ရက်မှ ဩဂုတ်(၃) ရက်နေ့အထိ ရန်ကုန်တိုင်းအပါအဝင် ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် တနသာ်ရီတိုင်းတို့တွင် မိုးအဆက်မပြတ်ရွာသွန်းမည်ဖြစ်၍ အဆိုပါဒေသအတွင်း ရှိ ကုန်းမြင့်များ၌ နေထိုင်သူများ မြေပြိုခြင်းနှင့် မြစ်ချောင်းနံဘေး မြေနိမ့်ပိုင်းတွင် နေထိုင်သူများ ရေကြီးရေလျှံဖြစ်ပွားနိုင်သဖြင့် သတိပြုနေထိုင်ကြရန် နှိုးဆော်ထားသည်။
#Ymg/my #Local_News #အလူးလေးကျေးရွာတွင် ရွာလုံးကျွတ်ရေနစ်မြှုပ်
#Yangon_Times
#Local_News
Published_ 2 August 2023
ဩဂုတ်လ ၂ ရက် နံနက်ပိုင်းတွင် တိုင်းထွာချက်အရ ဘီးလင်းမြစ်ရေသည် စိုးရိမ်ရေမှတ်ထက် ပေဝက်ခန့် ကျော်လွန်ရောက်ရှိနေပြီး ဆက်လက်မြင့်တက် နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းချက်ထုတ်ပြန်ထား ပါတယ်။
ဒီကနေ့နံနက် ၇ နာရီခွဲအချိန် တိုင်းထွာချက်အရ ဘီးလင်းမြစ်ရေသည် ဘီးလင်း မြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ခန့် ကျော်လွန်ရောက်ရှိနေပြီး လာမည့် တစ်ရက်အတွင်း တစ်ပေခန့်မြင့်တက်လာနိုင်ကာမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်တယ်လို့ ဆိုပါတယ်။
ထို့ကြောင့် ဘီးလင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အနေဖြင့် အထူးသတိပြုနေထိုင်ကြရန်လည်း မိုး/ဇလက သတိပေးထားပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံကမ်းခြေကို ခီပူပါရာမြို့အနီးမှ ဖြတ်ကျော်ခဲ့သော အားကောင်းသော မုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကုန်းတွင်းသို့ ရောက်ရှိခဲ့ကာ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ တဖြည်းဖြည်း အားလျော့သွားမယ်လို့လည်း ခန့်မှန်း ထားပါတယ်။
မုန်တိုင်းငယ်ရဲ့အရှိန်နှင့် အားအလွန်ကောင်းသော မုတ်သုန်လေကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိ ပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် မိုး/ဇလက အသိပေးထားပါတယ်။
#ygm_mnn #Local_News #ဘီးလင်းမြစ်ရေသည် စိုးရိမ်ရေမှတ်ထက်ပေဝက်ခန့်ကျော်လွန် #Yangon_Media_Group
‘ မြစ်ဝကျွန်းပေါ်ဒေသနဲ့ကမ်းရိုးတန်းဒေသတွေမှာ မိုးသက်လေပြင်းတိုက်ခတ်နိုင်တယ်။ မိုးများတဲ့အတွက် နောက်ဆက်တွဲဖြစ်တဲ့ ရေကြီးရေလျှံဖြစ်တာနဲ့ မြေပြိုတာတွေဖြစ်လာနိုင်ခြေရှိတယ်’ ဦးလှထွန်း၊ညွှန်ကြားရေးမှူး(မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)
Published_ 2 August 2023
#tthl
#Yangon_Times
#မိုးသက်လေပြင်းတိုက်ခတ်ခြင်း
‘ဗိုလ်တထောင်စေတီတော်ကြီးကိုအရင်က လေးနှစ်တစ်ကြိမ်လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခဲ့ရာမှ နောက်ပိုင်းမှာငါးနှစ်တကြိမ်လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့တာပြီး၂၀၂၃ခုနှစ်မှာငါးနှစ်ပြည့်ပြီဖြစ်လို လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်သွားမှာဖြစ်တယ်’ ရုံးအဖွဲမှူး(ဗိုလ်တထောင်စေတီတော်ဂေါပကအဖွဲ့)
Published_ 2 August 2023
#tthl
#Yangon_Times
#ရွှေသင်္ကန်းကပ်လှူ
Published 2 August 2023
စာချုပ်သက်တမ်း ၁၂ လသာ ကျန်ရစ်တော့သော စပါးတိုက်စစ်မှူးဟယ်ရီကိန်းအားခေါ်ယူရန်အတွက် စပါးအသင်းဥက္ကဋ္ဌ ဒင်နီယယ် လီဗိုင်းနှင့် ဘိုင်ယန်မြူးနစ် အသင်းတာဝန်ရှိသူမှား ဆွေးနွေးမှုတစ်ရပ်ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဘိုင်ယန်အသင်းက အသက် ၃၀ နှစ်ရှိ ဟယ်ရီကိန်းအား ကမ်းလှမ်းမှုအသစ်တစ်ရပ် ထပ်မံပြုလုပ်ရန် စီစဉ်လျက်ရှိသည်။ကိန်းသည်လက်ရှိတွင်စပါးအသင်းနှင့်အတူလေ့ကျင့်လျက်ရှိပြီး စပါးတွင်းသည်ရာသီကြိုခြေစမ်းပွဲအဖြစ် သြဂုတ် ၅ ရက်တွင်ရှက်တာဒိုးနက်အသင်းနှင့်ယှဉ်ပြိုင်ကစားရန်ပြင်ဆင်လျက်ရှိသည်။
ကိန်းနှင့် ဘိုင်ယန်မြူးနစ်တို့အကြား ပုဂ္ဂိုလ်ရေး အချက်အလက်များ သဘောတူညီခဲ့ပြီဟု ဘိုင်ယန်အသင်း ဂုဏ်ထူးဆောင်ဥက္ကဌ အူလီဟိုးနက်စ်က လွန်ခဲ့သည့်လကပြောကြားခဲ့သော် ကမ်းလှမ်းမှု ၂ကြိမ်ကို စပါးကပယ်ချခဲ့သည်။
ဆွေးနွေးမှုများအရ ဘိုင်ယန်မြူးနစ်က ကိန်းကား ယူရိုသန်း ၁၀၀ (ပေါင်၈၅.၆သန်း) ပမာဏဖြင့် ကမ်းလှမ်းရန် စီစဉ်လျက်ရှိသည်ဟုသိရသည်။ဟယ်ရီကိန်းအပြင် စပါး၏ ဝါရင့် ဂိုးသမားဟူဂိုလိုရစ်မှာလည်း အသင်းမှထွက်ခွာရန် ပြင်ဆင်လျက်ရှိသည်။
သို့သော် ပြီးခဲ့သည့်ရာသီကဗီလာရီးရဲလ်သို့အားသားရောက်ကစားခဲ့သောအာဂျင်တီးနားလက်ရွေးစင်ကွင်းလယ်လူ လိုဆယ်လ်ဆိုမှာခြေစမ်းပွဲများတွင် နည်းပြ၏ကျေနပ်မှုကို ရအောင် စွမ်းဆောင်ထားနိုင်သဖြင့် အသင်းတွင်ဆက်လက်ရှိနေဖွယ်ရှိသည်။
#ဘိုင်ယန်မြူးနစ်တာဝန်ရှိသူများထပ်မံဆွေးနွေးနေ
ref:fot mob
#Yangon_Times
#World_Politic
Published 2 August 2023
အမေရိကန်သမ္မတဟောင်း 'ဒေါ်နယ်ထရမ့်'ဟာ ၂၀၂၀ ရွေးကောက်ပွဲကို ပြောင်းပြန်လှန်ရန် အားထုတ်ကြိုးပမ်းမှုဖြင့် အင်္ဂါနေ့က စွဲချက်တင်ခံရကာ ၄ လအတွင်း တတိယအကြိမ် စွဲချက်တင်ခံရတာဖြစ်ပြီး လာမယ့်နှစ် သမ္မတရွေးကောက်ခံခွင့် ပြန်လည်ရရှိရန် စည်းရုံးမှုများ ပြုလုပ်နေစဉ်ပင် ရာဇဝတ်မှုဖြင့် တရားစွဲဆိုခံထားရပါတယ်။
ဒီမိုကရက်တစ် 'ဂျိုးဘိုင်ဒင်'ရဲ့ အောင်ပွဲကို အသိအမှတ်မပြုစေရန် ကွန်ဂရက်လွှတ်တော်ကို တားဆီးပြီး တိုင်းပြည်ကိုလိမ်ညာစေခြင်း၊ မဲဆန္ဒရှင်များ တရားမျှတစွာ ရွေးကောက်ပွဲ မဲပေးခွင့် ဆုံးရှုံးစေခြင်းတို့ဖြင့် ရီပတ်ဘလစ်ကန်'ထရမ့်'ကို အမှု ၄ မှု ၄၅ မျက်နှာပါ စွဲချက်တင်မှုမှာ ဖော်ပြထားပါတယ်။
ထရမ့်ဟာ ရွေးကောက်ပွဲရလဒ်များကို ပြောင်းလဲရန်၊ ဒုသမ္မတ'မိုက်ခ်ပန့်စ်'အပါအဝင် ပြည်နယ်နဲ့ ဖက်ဒရယ်အရာရှိများကို လိမ်လည်ပြောဆိုရန် တွန်းအားပေးခဲ့ပြီး နောက်ဆုံးမှာ အမေရိကန်လွှတ်တော် အဆောက်အအုံကပ်ပီတိုလ်ကို အကြမ်းဖက်တိုက်ခိုက်ရန် လှုံ့ဆော်ခဲ့ကာ အမေရိကန်ရဲ့ ဒီမိုကရေစီကို ပျက်ပြားစေရန်နဲ့ အာဏာရရှိရန် အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ကြောင်း အစိုးရရှေ့နေများက ပြောကြားလိုက်ပါတယ်။
ကြာသပတေးနေ့မှာ ဝါရှင်တန်ရှိ ဖက်ဒရယ်တရားရုံးသို့ ဦးစွာလာရောက်ရန် ထရမ့်ကို အမိန့်ချခဲ့ပါတယ်။
အဆိုပါစွဲချက်တွေဟာ အထူးအကြံပေးပုဂ္ဂိုလ် 'ဂျက်ခ်စမစ်'ကနေ ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးပြီး ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
တရားရေးဆိုင်ရာ ပြဿနာတွေ ရှိနေပေမယ့် ထရမ့်ဟာ ရီပတ်ဘလစ်ကန် သမ္မတလောင်းအတွက် ရှေ့ပြေးဖြစ်နေဆဲဖြစ်ကြောင်း လူထုသဘောထားစစ်တမ်းများအရ သိရပါတယ်။
၂၀၂၁ ဇန်နဝါရီ ၆ ရက်နေ့မှာ ထရမ့်က သူ့ရဲ့ရွေးကောက်ပွဲအနိုင်ရပိုင်ခွင့် ခိုးယူခံလိုက်ရတယ်လို့ ပြင်းထန်တဲ့ မိန့်ခွန်းပြောကြားခဲ့ပြီးနောက် မကြာခင်မှာပဲ ထရမ့်ထောက်ခံသူတွေက ဘိုင်ဒင်အနိုင်ရမှုကို တရားဝင်အသိအမှတ် မပြုနိုင်ရန် အမေရိကန်ကပ်ပီတိုလ်အဆောက်အအုံကို ဝင်ရောက်သောင်းကျန်းခဲ့ပါတယ်။
စမစ်က သတင်းထောက်တွေကို ပြောကြားရာမှာ အဆိုပါအကြမ်းဖက်မှုအတွက် 'ထရမ့်'အပေါ်ကို အပြစ်ပုံချခဲ့ပါတယ်။
"၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့ ကပ်ပီတိုလ်ကို တိုက်ခိုက်မှုဟာ အမေရိကန်ဒီမိုကရေစီအုတ်မြစ်ကို မကြုံစဖူးတိုက်ခိုက်မှု ဖြစ်ပါတယ်။ စွဲချက်မှာ ဖော်ပြထားတဲ့အတိုင်း တရားခံဟာ အမေရိကန်အစိုးရရဲ့ ပင်မလုပ်ဆောင်ချက်တွေကို ပိတ်ပင်ရန် ရည်ရွယ်ပြီး မုသားတွေနဲ့ ဖုံးလွှမ်းရန် ကြိုးပမ်းခဲ့ပါတယ်" လို့ စမစ်က ပြောပြပါတယ်။
အဆိုပါတိုက်ခိုက်မှုနဲ့ ဆက်စပ်ပြီး လူပေါင်း ၁ ထောင်ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။
စွဲချက်ထဲမှာ ပူးပေါင်းကြံစည်ပြီး တရားစွဲဆိုမခံရတဲ့ အမည်မဖော်သူ ၆ ဦးလည်း ပါဝင်နေပါတယ်။
ထရမ့်ဟာ ရာဇဝတ်မှုဆိုင်ရာ စွဲချက်များနဲ့ ရင်ဆိုင်ရတဲ့ ပထမဆုံးအမေရိကန် သမ္မတဟောင်းဖြစ်နေပါတယ်။
စာရွက်စာတမ်းများ ထိန်းသိမ်းထားမှုအတွက် စုံစမ်းစစ်ဆေးခံရစဉ် လုံခြုံရေးဗီဒီယိုများကို ဖျက်ပစ်ရန် ဝန်ထမ်းများကို အမိန့်ပေးခဲ့တယ်လို့လည်း ထရမ့်ကိုစွပ်စွဲထားကာ အစိုးရရှေ့နေများက နောက်ထပ်ရာဇဝတ်မှု ၃ ခု ထပ်တိုးတင်ခဲ့ပါတယ်။
၂၀၂၀ ခုနှစ်က ရွေးကောက်ပွဲရှုံးနိမ့်မှုကို ပြန်ပြောင်းရန်ကြိုးပမ်းမှုအပေါ် စွပ်စွဲတာတွေနဲ့ ပတ်သက်ပြီး ဂျော်ဂျီယာရှိ ခရိုင်ရှေ့နေမှ ထရမ့်ကို ရာဇဝတ်မှုဖြင့်တရားစွဲဆိုထားပါသေးတယ်။
နိုင်ငံရေးအရ အမှားအယွင်းမခံတဲ့ အမှုကိစ္စများ စုံစမ်းစစ်ဆေးရန် အထူးအကြံပေးများကို ခန့်အပ်လေ့ရှိပြီး တရားရေးဌာနခေါင်းဆောင်မှုမှ ပတ်သက်မှုမရှိတဲ့ အတိုင်းအတာဖြင့် လုပ်ဆောင်ကြမှာဖြစ်ပါတယ်။
#World_Politics #ဒေါ်နယ်ထရမ့် တရားစွဲဆိုခံရ
Source: Reuters
Published_ 2 August 2023
ကလေးတွေ ဘယ်အချိန်မှာ အိပ်ရာဝင်သင့်လဲဆိုတာနဲ့ ပတ်သက်ပြီး ကမ္ဘာပေါ်က မိဘတိုင်းသိချင်နေကြကာ အဖြေကလည်း အမျိုးမျိုးဖြစ်နေပါတယ်။
မွေးကာစကလေးတွေဟာ ပုံမှန်အိပ်ချိန်ရှိသင့်တယ်လို့ အများစုက သဘောတူထားကြပါတယ်။
ဒါကြောင့် မွေးကင်းစအရွယ်ကစလို့ ဆယ်ကျော်သက်အရွယ်အထိ ကလေးတွေ ဘယ်အချိန်အိပ်သင့်လဲဆိုတာကို ကျွမ်းကျင်သူများ ရှင်းပြထားချက်ကို Sleepsisters.com ဝက်ဘ်ဆိုက်က ဖော်ပြထားပါတယ်။
အသက် ၃ လအထိ မွေးကင်းစကလေးများ - နေ့နဲ့ညအချိန်တွေမှာ ၂ နာရီခန့်စီ အချိန်ပိုင်းခြား အိပ်စက်သင့်ပြီး ညဘက်ဆိုရင်တော့ ၈ နာရီနဲ့ ၁၁ နာရီကြား အိပ်ရာဝင်စေသင့်ပါတယ်။
အသက် ၄ လမှ ၈ လကြား - ပုံမှန်တရေးအိပ်ခြင်းများအပြင် ကောင်းစွာဖွံ့ဖြိုးနိုင်ရန်အတွက် ညနေ ၅ နာရီခွဲမှ ၇ နာရီခွဲအတွင်း ညသိပ်သင့်ပါပြီ။
၈ လမှ ၁၀ လကြား - နေ့ခင်းဘက် ဒုတိယတစ်ကြိမ် အိပ်စက်ပြီးနောက် ၅ နာရီထက် နောက်မကျစေဘဲ ညဘက်သိပ်သင့်ပါတယ်။
၁၀ လမှ ၁၅ လကြား - ထိုကလေးတွေက တရေးအိပ်ချိန်တိုတောင်းတာကြောင့် ညနေ ၆ နာရီမှ ၇ နာရီအတွင်း အိပ်စက်သင့်ပါတယ်။
အသက် ၁၅ လမှ ၃ နှစ်ကြား - ဒီအသက်အရွယ်မှာလည်း တရေးအိပ်ချိန်တိုတောင်းတာကြောင့် ညနေ ၆ နာရီနဲ့ ၇ နာရီကြား အိပ်ရာဝင်စေဖို့ လိုအပ်ပါတယ်။
၃ နှစ်မှ ၆ နှစ်ကြား - သူတို့က ည ၆ နာရီမှ ၈ နာရီကြား အိပ်ရာဝင်သင့်ပြီး တရေးမအိပ်ဘူးဆိုရင် ညဘက်မှာ နောက်ထပ်တစ်နာရီကြာအောင် ပိုအိပ်သင့်ပါတယ်။
၇ နှစ်မှ ၁၂ နှစ်ကြား - ကျောင်းတက်စဉ် ခွန်အားပြည့်ဖြိုးနေစေဖို့ အိပ်စက်ခြင်းက အလွန်အရေးကြီးလာပြီး ည ၇ နာရီခွဲမှ ၉ နာရီကြား အိပ်စက်သင့်ပါတယ်။
၉ နှစ်မှ ၁၈ နှစ်ကြား - ဒီအချိန်မှာ အရွယ်ရောက်တော့မှာဖြစ်တာကြောင့် ညစဉ် ၁၀ နာရီမှာ အိပ်ပေးသင့်ပါတယ်။
အိပ်ချိန်စုစုပေါင်းနဲ့ ပတ်သက်လို့..
အသက် ၃ လအထိ မွေးကင်းစကလေးများ - ၁၄ နာရီမှ ၁၇ နာရီကြား
အသက် ၄ လမှ ၁၁ လကြား - ၁၂ နာရီမှ ၁၅ နာရီကြား
အသက် ၁ နှစ်မှ ၂ နှစ်ကြား - ၁၁ နာရီမှ ၁၄ နာရီကြား
အသက် ၃ နှစ်မှ ၅ နှစ်ကြား - ၁၀ နာရီမှ ၁၃ နာရီကြား
၆ နှစ်မှ ၁၃ နှစ်ကြား - ၉ နာရီမှ ၁၁ နာရီကြား
၁၄ နှစ်မှ ၁၇ နှစ်ကြား - ၈ နာရီမှ ၁၀ နာရီကြား
Source: The Jerusalem Post
#World_Health
Page 987 of 1857