စားသုံးသူရေးရာဦးစီးဌာနရဲ့ Website Complaint System ကတဆင့် တိုင်ကြားနိုင်
Published_ 31 July 2023
#စားသုံးသူရေးရာ ဦးစီးဌာန
#YMG/my
#Yangon_Times
#Local_News
Published 31-7-2023
ဘားအံမြို့သံလွင်တံတား၊ တရုတ်လှဘက်အခြမ်းရှိ စစ်ဆေးရေးဂိတ်အနီးတွင် ယနေ့ ဇူလိုင် (၃၁) ရက် နံနက် ၆ နာရီ ၄၅ မိနစ်အချိန်က ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံက သိရသည်။
ယင်းဖြစ်စဉ်ကြောင့် ပြည်သူ ငါးဦး အ နက် တစ်ဦး သေဆုံးပြီး၊ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
"အသံက အကျယ်ကြီးဘဲ အကို။ ဘယ်ကနေပေါက်တယ်ဆိုတာတော့ ကျွန်တော်လည်းမသိဘူး။ အရေးပေါ်ကားတွေ စစ်တပ်လုံခြုံရေးကားတွေ အများကြီးရောက်နေတယ်။ အခြားဘယ်သူမှဖြတ်သန်းခွင့်မပြုဘူး။ အခု သွားလာခွင့်မပြုထားတော့ အနားလည်းကပ်မကြည့်ရဲတာနဲ့ ပြန်လာလိုက်တယ်"ဟု ဒေသခံတစ်ဦးက Yangon Times ကို ပြောသည်။
အဆိုပါဖြစ်စဉ်တွင် တံတားလုံခြုံရေး ယူထားသော ရဲတပ်ဖွဲ့အချို့လည်းထိခိုက်ဒဏ်ရာရှိသည်ဟု သိရသော်လည်း ဘယ်နှစ်ဦးထိခိုက်ဒဏ်ရာ ရရှိသည်ကို အတည်ပြုနေဆဲဖြစ်သည်။
ဖြစ်စဉ်အတွက် တပ်မတော်သတင်းမှန်ပြန်ကြားရေးက ဖြေကြားထားရာတွင် Honda Fit အနက်ရောင်တစ်စီးသည် ယာဉ်ကြောပြောင်းပြန်မောင်းနှင်လာပြီး၊ မျက်နှာချင်းဆိုင်မှမော်တော်ယာဉ်တစ်စီးအား ဝင်ရောက်တိုက်ခိုက်သဖြင့် ပေါက် ကွဲမှုဖြစ်ပွားခဲ့သည်ဟု ဆိုထားသည်။
ပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦးသေဆုံးပြီး၊ ပြည်သူအမျိုးသားသုံးဦး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဆိုသည်။


#YMG/my
#Yangon_Times
#Local_News
Published-31 July 2023
ရခိုင်ပြည်နယ်အပါအ၀င် ပြည်တွင်းပြည်ပတွင်သာသနာပြုနေသည့် မြောက်ဦး ဆရာတော်ဘုရားကြီး၏ ဘွဲ့အမည်ကိုအသုံးပြု၍ အကောင့်တုများဖြင့် ငွေကြေး လိမ်လည်မှုများရှိနေ၍ ဒကာ၊ ဒကာများအနေဖြင့်အထူးသတိထားကြရန် ဆရာတော် ကြီးက အသိပေးထားသည်။
ရခိုင်ပြည်နယ်မှ လူသိများထင်ရှားသည့် မြောက်ဦးဆရာတော်ကြီး အရှင်ဝါယာမိန္ဒ၏ ဘွဲ့အမည်ကိုအသုံးပြု၍ အကောင့်တုများဖြင့် ဆရာတော်ကြီး၏ ဒကာ၊ ဒကာမအချို့ထံ အလှူငွေများတောင်းခံနေကြောင်း ဇူလိုင်လ ၃၁ရက်က ဆရာတော်ကြီး၏ လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် အသိပေးထားသည်။
“ဆရာတော်ကြီး၏ အားလုံးသော တပည့် ဒကာ၊ ဒကာမများအား အသိပေးအပ်ပါ တယ်။ Viber မှာ မြောက်ဦးဆရာတော်အကောင့်တုတွေနှင့် အလှူခံနေကြလို့” ဟု ဆရာတော်ကြီး၏လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိပေးထားသည်။
အကောင့်တုတစ်ခုဖြင့်လိမ်လည်ရာတွင် “ဒကာမကြီး ဘုန်းဘုန်းပို့ခိုင်းထားစရာရှိပါ တယ်။ ဘုန်းဘုန်းတပည့်ဦးဇင်းလေးပါ။ wavemoney အကောင့်နံပါတ်ပို့ပေးထားပါ တယ် ၅သိန်းထည့်ပေးထားလိုက်ပါ ဦးဇင်းလေးကို။ 09650052690 ကျောင်းသားလေး နာမည်က အောင်ကျော်ဇင်ပါ ” ဟု ဒကာမတစ်ဦးထံ အလှူခံထားကြောင်း သိရသည်။
မြောက်ဦးဆရာတော်ကြီး အရှင်ဝါယာမိန္ဒသည် ယခုကဲ့သို့အွန်လိုင်းမှအလှူငွေတောင်း ခံခြင်းမျိုး မည်သည့်အခါမှ ကိုယ်တိုင်ပြုလုပ်ခြင်းမရှိသလို အလှူရှင်များနှင့်လည်း မည် သည့်အခါမှ အွန်လိုင်းမှတိုက်ရိုက်ပြောဆိုဆွေးနွေးခြင်းမျိုးမရှိကြောင်းဆရာတော်ကြီး၏ တပည့်အရင်းတစ်ဦးဖြစ်သူ ဦးတင်ငြိမ်းဦးက ပြောကြားသည်။
ယင်းကဲ့သို့အကောင့်တုများဖြင့် လိမ်လည်မှုများရှိနေသည့်အတွက် ဆရာတော်ကြီးထံ အလှူငွေများလှူဒါန်းလိုပါက (ဆရာလေး) မဘေဘေ၊ မရည်မွန်လွင်တို့ထံ ဖုန်းဖြင့် ဆက်သွယ်ပြီးမှသာ လှူဒါန်းပေးပါရန် ဆရာတော်ကြီး၏လူမှုကွန်ရက်စာမျက်နှာမှတစ် ဆင့်အသိပေးထားသည်။
#Local_News #ဘွဲ့အမည်ကိုအသုံးပြု၍အကောင့်တုများဖြင့်ငွေကြေး လိမ်လည်#Yangon_Times/PP
#Local_News
Published 31 July 2023
မြန်မာနိုင်ငံတွင်အလုပ်သမားအဖွဲ့အစည်းများနှင့် အလုပ်ရှင်အဖွဲ့အစည်းစုစုပေါင်း(၃၀၄၃)ဖွဲ့ ကို တရားဝင်အသိအမှတ်ပြုကာ ဖွဲ့စည်းခွင့်ပြုထားကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
၂၀၁၁ ခုနှစ်အလုပ်သမားအဖွဲ့အစည်းဥပဒေပြဌာန်းပြီးချိန်မှ ၂၀၂၃ခုနှစ်ဇူလိုင်လ၃၀ရက်အထိ အဆိုပါ အလုပ်သမားအဖွဲ့ အစည်းများ၊အလုပ်ရှင်အဖွဲ့အစည်းများကို အလုပ်သမားဝန်ကြီးဌာနမှ အသိအမှတ်ပြုလက်မှတ်များထုတ်ပေးပြီး ဖွဲ့စည်းခွင့်ပြုထားသည်ဟုဆိုသည်။
ယင်းခွင့်ပြုထားသည့် အဖွဲ့အစည်းများစွာအနက် မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(CTUM)၊ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်(MSF)၊မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ်(IWFM)၊မြန်မာနိုင်ငံတောင်သူလယ်သမားနှင့်စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (MICF-TUsF)၊မြန်မာနိုင်ငံတောင်သူလယ်သမား၊စိုက်ပျိုးရေးနှင့်စားသောက်ကုန်ထုတ်လုပ်ရေးလုပ်ငန်းဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(AFFM-IUF)များအပါအဝင် အဖွဲ့(၁၁)ဖွဲ့ပါဝင်ကြောင်းဖော်ပြထားသည်။
အဆိုပါအဖွဲ့အစည်းများအပြင် တိုင်းနှင့်ပြည်နယ်အသီးသီးတွင်အလုပ်သမားအဖွဲ့အစည်း(၂၅)ဖွဲ့၊မြို့နယ်အလုပ်ရှင် အဖွဲ့အစည်း(၁)ဖွဲ့၊မြို့နယ်အလုပ်သမားအဖွဲ့အစည်း(၁၅၆)ဖွဲ့၊အခြေခံအလုပ်ရှင်အဖွဲ့အစည်း(၂၆)ဖွဲ့၊အခြေခံ အလုပ်သမားအဖွဲ့ (၂၈၂၄)ဖွဲ့တို့ကိုလည်း အသိအမှတ်ပြုလက်မှတ်များထုတ်ပေးထားကြောင်းနှင့် ၂၀၁၁ခုနှစ်မှ ယနေ့ချိန်အထိ အလုပ်သမားအဖွဲ့အစည်းများနှင့် အလုပ်ရှင်အဖွဲ့အစည်းစုစုပေါင်း(၃၀၄၃)ဖွဲ့ကိုအသိအမှတ်ပြု လက်မှတ်များထုတ်ပေးပြီးဖြစ်ကြောင်းထုတ်ပြန်ဖော်ပြထားသည်။
#tthl #Local_News #အလုပ်သမားအဖွဲ့အစည်း #အလုပ်ရှင်အဖွဲ့အစည်း
#Yangon_Times
အမှိုက်ကတစ်ဆင့် မြေဆွေးထုတ်လုပ်တာကို မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့သန့်ရှင်းရေးဌာနက လှိုင်သာယာမြို့နယ် ထိန်ပင်စွန့်ပစ်အမှိုက်ပုံရုံးမှာထုတ်လုပ်
Published 31 July 2023
#စွန့်ပစ်အမှိုက်မှ မြေဆွေး
#YMG/my
#Yangon_Times
သင်္ဘောဟာ စတင်နစ်မြှုပ်ချိန်ကစလို ဆယ်ယူနိုင်တဲ့ အချိန်ထိ (၁၀)ကြာနစ်မြှုပ်ခဲ့တာဖြစ်
Published 31 July 2023
#ကုန်တင်သင်္ဘောပြန်လည်ဆယ်ယူနိုင်
#YMG/my #Yangon_Times
‘ရန်ကုန်မြစ်ကြောင်းသွားလာနေတဲ့သဗ္ဗာန်တွေ၊ စက်လှေ၊ သင်္ဘောတွေနဲ့ ခရီးသွားတွေအနေနဲ့ မြစ်ကြောင်းအတွင်း မိုးသည်းထန်တာနဲ့အတူ လေပြင်းပါတိုက်နိုင်လို့ သတိထားသွားလာကြဖို့လိုတယ်’ ဦးလှထွန်း၊ညွှန်ကြားရေးမှူး (မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)
Published 31 July 2023
#ရန်ကုန်တွင် မိုးဆက်တိုက်သည်းမည်
#tthl
#Yangon_Times
Published 31 July 2023
တောင်ပံတိုက်စစ်ကစားသမားမာရက်ဇ် ကိုဆုံးရှုံးခဲ့ရပြီးနောက်ေဆာ်ဒီလိဂ်ရဲ့ငွေကြေးသုံးစွဲမှုကဈေးကွက်ကိုပြောင်းလဲစေခဲ့ကြောင်းပရီးမီးယားလိဂ်ကိုသတိပေးပြောကြားခဲ့သည်။။မာရက်ဇ်ကိုယခု အပြောင်းအရွှေ့ကာလ၌ရောင်းချရန်မမျှော်လင့်ခဲ့သဖြင့်မန်စီးတီးသည် မာရက်ဇ်၏နေရာကိုတိုက်ရိုက်အစားထိုးနိုင်သည့်ကစားသမားကိုအားဖြည့်မည်မဟုတ်သော်လည်းကွဲပြားခြားနားသည့်တိုက်စစ်မှုးတစ်ဦးအားခေါ်ယူရန်မျှော်လင့်ထားကြောင်းဂွာဒိီယိုလာကပြောကြားခဲ့သည်။ အငှားချထားသည့်ကစားသမားများကိုလည်းကြည့်ရှုရမည်ဖြစ်ပြီးတစုံတစ်ရာဖြစ်နိုင်ချေများကိုစောင့်ကြည့်ရမည်ဟု ၎င်းကဆက်လက်ပြောကြားသည်။
ဆော်ဒီလိဂ်ကစျေးကွက်ကိုပြောင်းလဲစေခဲ့ကြောင်း ပရီးမီးယားလိဂ်ကလပ်အသင်းကြီးများပင်လျှင်၎င်းတို့၏အဓိက ကစားသမားများကို ထိန်းချုပ်နိုင်စွမ်းမရှိကြောင်း ဂွာဒီယိုလာက သတိပေးပြောဆိုခဲ့သည်။အနာဂတ်တွင်ယခုကဲ့သို့ပို့မိုဖြစ်လာနိုင်ကြောင်း၊ မာရက်ဇ်သည် အလွန်ကောင်းမွန်သော ကမ်းလှမ်းမှုရရှိ၍ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း ဂွာဒီယိုလာကပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည်အသင်းခေါင်းဆောင်ဂွန်ဒိုဂန်အား ဘာစီလိုနာသို့ ပြောင်းရွှေ့ခွင့်ပြုခဲ့ပြီးနောက် ညာနောက်ခံလူ ဝေါ့ကာမှာလည်း ဘိုင်ယန်မြူးနစ် အသင်းကခေါ်ယူရန် ကြိုးပမ်းနေသဖြင့် ကစားသမားကောင်းများ ဆုံးရှုံးရမည့်အခြေအနေနှင့်ရင်ဆိုင်နေရသည်။
Ref: 90min
#Yangon_Times
#World_News
Published 31 July 2023
တနင်္ဂနွေနေ့က ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ခီဘာပက်ထွန်ခဝါပြည်နယ်ရှိ နိုင်ငံရေးစုဝေးပွဲတစ်ခုမှာ အသေခံဗုံးခွဲသမားတစ်ဦးမှ ဖောက်ခွဲရေးပစ္စည်းများဖြင့် တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၄၂ ဦးသေဆုံးကာ ၁၃၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးတာဝန်ရှိသူများက ပြောကြားလိုက်ပါတယ်။
သဘောထားတင်းမာနေတဲ့ အစ္စလာမ်နိုင်ငံရေးနဲ့ ဆက်နွယ်နေတဲ့ ဂျာမီယက်အယ်လ်မာအစ္စလာမ်ဖာဇီ (JUI-F)ပါတီက အာဖဂန်နစ္စတန်နဲ့ နယ်စပ်ချင်းထိနေတဲ့ ဘဂျောမျိုးနွယ်စုနယ်မြေဟောင်းမှာ ပြုလုပ်တဲ့ စုဝေးပွဲမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ဘဂျောရှိဆေးရုံတွေနဲ့ ဒဏ်ရာရသူအများစု ထားရှိရာ အနီးနားနေရာတွေမှာ အရေးပေါ်အခြေအနေ ကြေညာထားကြောင်း ခရိုင်ရဲအရာရှိ 'နာဇီယာခန်း'က ပြောကြားခဲ့ပါတယ်။
အပြင်းအထန်ဒဏ်ရာရသူများကို ဘဂျောမှ ပြည်နယ်မြို့တော်ပီရှာဝါရှိ ဆေးရုံများသို့ စစ်ရဟတ်ယာဉ်များဖြင့် ပို့ဆောင်ခဲ့ပါတယ်။
ပထမဆုံးတုန့်ပြန်ကယ်ဆယ်ရေး ၁၁၂၂ က သေဆုံးသူစာရင်း ၄၂ ယောက်ရှိပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။
ဘဂျောမှ ခါမြို့ရှိ JUI-F အလုပ်သမားများစည်းဝေးပွဲမှာ ပေါက်ကွဲမှုကြောင့် လူ ၁၃၀ ကျော်ဒဏ်ရာရခဲ့ပြီး အတော်များများက ပြင်းထန်ကြောင်း ခန်းက ပြောပြခဲ့ပါတယ်။
ထိုပေါက်ကွဲမှုက အသေခံဗုံးခွဲမှုတစ်ခုဖြစ်တယ်လို့ ပြည်နယ်ရဲချုပ် 'အက်ခ်တာဟာယက်'က ရိုက်တာသတင်းသို့ ပြောပြသွားပါတယ်။
တာရိခ်အီတာလီဘန်ပါကစ္စတန် (TTP)နဲ့ အစ္စလာမာဘက်ဒ်တို့ကြား အပစ်အခတ်ရပ်စဲရေး ပျက်စီးသွားချိန်မှစကာ ပါကစ္စတန်မှာ အစ္စလာမ္မစ်စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုများ ပြန်လည်တွေ့မြင်နေရပါတယ်။
လတ်တလောလများအတွင်း ပါကစ္စတန်ရှိ တိုက်ခိုက်မှုကြီးတွေရဲ့ နောက်ကွယ်မှာ TTP နဲ့ ဆက်စပ်အဖွဲ့များရှိနေပြီး ယခုတနင်္ဂနွေနေ့တိုက်ခိုက်မှုမှာတော့ သူတို့အဖွဲ့နဲ့ မသက်ဆိုင်ကြောင်း ပြောဆိုလိုက်ကာ ရှုတ်ချလိုက်ပါတယ်။
TTP က အာဖဂန်နစ္စတန်မှာ ခိုအောင်းရာနေရာများ ရှိတယ်လို့ ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့များက ပြောကြားထားပြီး ထိုနေရာမှာ အုပ်စိုးနေတဲ့ တာလီဘန်တို့ကတော့ ငြင်းဆိုထားပါတယ်။
အာဖဂန်အုပ်ချုပ်ရေးအစိုးရလည်း အဆိုပါပေါက်ကွဲမှုကို ရှုတ်ချလိုက်ကြောင်း ပြောရေးဆိုခွင့်ရှိသူ 'ဇာဘီဟူလာမူဂျာဟစ်'က ထုတ်ပြန်လိုက်ပါတယ်။
အစ္စလာမာဘက်ဒ်ရှိ အမေရိကန်သံရုံးနဲ့ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း 'အင်မ်ရန်ခန်း'ကလည်း ပေါက်ကွဲမှုကို ရှုတ်ချကြောင်း ဆိုရှယ်မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။
Source: Reuters
#Yangon_Times
#Local_News
Published- 31 July 2023
မြန်မာ့မျှစ်ခြောက်ကို ဂျပန်နိုင်ငံမှ နှစ်စဉ် မျှစ်ခြောက်တန်ချိန် (၂၀၀)ခန့် အထိအမှာရှိနေကြောင်း မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်းမှ သိရသည်။
မြန်မာနိုင်ငံမှာ မျှစ်ကို ပြည်တွင်းစားသုံးမှုသာမက မျှစ်ခြောက်ပြုလုပ်ကာ ပြည်ပသို တင်ပိုမှုတွေ ရှိနေပြီးဂျပန်နိုင်ငံမှ နှစ်စဉ် မျှစ်ခြောက်တန်ချိန် (၂၀၀) အမှာ ရှိနေသော်လည်း ကုန်ကြမ်းရှားပါးမှုကြောင့် (၇) တန် လောက်သာ တင်ပိုနိုင်ပြီးဈေးကွက်လိုသလောက် တင်ပိုနိုင်ခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်း၊ မျှစ်လုပ်ငန်းအစုအဖွဲမှ ဥက္ကဋ္ဌ ဒေါ်နန်းခင်အုန်း၏ ပြောကြားချက်အရ သိရသည်။
မြန်မာနိုင်ငံတွင် မျှစ်ကို သဘာဝဝါးတောတွေကနေသာ ခူးယူနေရခြင်းဖြစ်ပြီး၊ ဝါးစိုက်ခင်းအဖြစ် စိုက်ပျိုးလာမှသာ ကုန်ကြမ်းရရှိမှု လုံလောက်ကာ နိုင်ငံခြားပိုကုန်အဖြစ်လည်း တင်ပိုနိုင်မည် ဖြစ်၍ယခုလက်ရှိ စိုက်ခင်းများ လုပ်ဆောင်သွားရန်အတွက် ကြိုးပမ်းနေကြောင်းလည်းသိရသည်။
မြန်မာနိုင်ငံအတွက် မျှစ်ခြောက်ဈေးကွက်သည် အလားအလာကောင်းနေပြီး၊ မဲခေါင်-လန်ချန်း အစီအစဉ်အရ ဝါးတောတွေပျိုးထောင်ရန် လုပ်ဆောင်နေပြီးနိုင်ငံတော်အနေနဲ့လည်း ဝါးစိုက်ခင်းများထူထောင်ရန်အတွက် မြေလျှောက်ထားခွင့်တွေကိုလည်း ခွင့်ပြုပေးထားကြောင်းလည်း သိရသည်။
#Yangon_Times/PP
Published_ 31 July 2023
အရသာရှိတဲ့ ချယ်ရီသီးတွေရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများကို ဒေါက်တာ'မိုင်ယာရို့စ်မန်'က စူးစမ်းလေ့လာခဲ့ပါတယ်။
စိတ်ခံစားမှု ကောင်းမွန်စေပြီး နှစ်ခြိုက်စွာ အိပ်စက်နိုင်ရန် အထောက်အကူ ဖြစ်စေမယ့် အသီးဆိုရင်တော့ ချယ်ရီသီးဖြစ်ပြီး နှလုံးရောဂါ၊ ဆီးချိုသမားတွေအတွက်လည်း အသင့်လျော်ဆုံးဖြစ်ကြောင်း စစချင်းပြောကြားလိုက်ပါတယ်။
အသီးတွေထဲမှာ ချယ်ရီသီးက သကြားစုပ်ယူမှုအနည်းဆုံး အသီးဖြစ်နေပါတယ်။
အင်ဆူလင်လှုံ့ဆော်မှု အနည်းဆုံးသာရှိစေကာ ဆီးချိုဖြစ်ချင်သူများအတွက် အသင့်လျော်ဆုံး ဖြစ်ပါတယ်။
ချယ်ရီသီးတွေမှာ ပိုလီဖီနောလ် အမြောက်အများပါဝင်ပြီး သွေးကြောခဲခြင်းနဲ့ နှလုံးရောဂါဖြစ်နိုင်ချေတို့ကို လျှော့ချပေးပါတယ်။
ဒါ့အပြင် ချယ်ရီသီးတွေမှာ ထရစ်ပ်တိုဖန်လည်း အများအပြား ပါဝင်နေပါတယ်။
ထိုဓာတ်ကနေ ဆီရိုတိုနင်ထုတ်လုပ်ပေးတာဖြစ်ပြီး စိတ်ခံစားမှုနဲ့ အိပ်စက်ခြင်းကို မြှင့်တင်ပေးပါတယ်။
ချယ်ရီသီးတွေကို ညနေပိုင်းစားပေးခြင်းဖြင့် ညဘက်ကောင်းစွာ အိပ်စက်နိုင်မယ့် အကျိုးကျေးဇူးတွေ အများဆုံးရရှိနိုင်မှာ ဖြစ်ပါတယ်။
ချယ်ရီသီးအမျိုးအစားကွဲပေါင်း ၁၀ မျိုးကျော်ရှိကြောင်း အော်ဂဲနစ်ချယ်ရီစိုက်ပျိုးသူ 'အက်ပ်ဖရိမ်အဇော့ဗ်'က မျှဝေပြောကြားခဲ့ပါတယ်။
ချဉ်တဲ့ချယ်ရီသီးတွေက ယိုနဲ့ ဗစ်ရှ်နက်ခ်ဝိုင်ပြုလုပ်ရန်အတွက် ပိုမိုသင့်တော်ကြောင်း၊ ထိုအသီးတွေက အာဟာရတန်ဖိုးပိုများကြောင်း ရှင်းပြသွားပါတယ်။
ချယ်ရီသီးစိုက်ပျိုးရန်အတွက် မြေမြင့်ပိုင်းနဲ့ အေးမြတဲ့ရာသီဥတု လိုအပ်ပါတယ်။
ချယ်ရီသီး ရိတ်သိမ်းခြင်းနဲ့ ထုပ်ပိုးခြင်းအတွက် လုပ်သားအင်အား များစွာလိုအပ်တာကြောင့် တန်ဖိုးကြီးတာဖြစ်ပါတယ်။
ချယ်ရီသီးတွေက သိုလှောင်ထားနိုင်ချိန် တိုတောင်းပြီး ရာသီချိန်ကလည်း တိုတောင်းလွန်းပါတယ်။
Source: The Jerusalem Post
#World_Health
#YMG #Yangon_Times
အမေရိကန် ရုပ်ရှင်ဒါရိုက်တာ အိုလီဗာစတုန်းက သူ့အနေနှင့် သမ္မတဂျိုးဘိုင်ဒင်ကို မဲပေးမိလို့ နောင်တရမိတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဘိုင်ဒင်ဟာ အမေရိကန်ကို တတိယကမ္ဘာစစ်ထဲ ဆွဲသွင်းကောင်းဆွဲသွင်းလိမ့်မယ်လို့ လည်း သူက ဝေဖန်လိုက်ပါတယ်။
မကြာသေးမီက ထုတ်လွှင့်ခဲ့တဲ့ ရပ်ဆဲလ်ဘရန်းရဲ့ ရုပ်သံဆွေးနွေးခန်း"Stay Free" မှာ သူက ပြောကြားလိုက်တာပါ။ စတုန်းဟာ "Ukraine on Fire."ဆိုတဲ့ သတင်းမှတ်တမ်းရုပ်ရှင်အပါအဝင် သူ့ရဲ့ မှတ်တမ်းရုပ်ရှင်ကားတွေနှင့် နိုင်ငံတကာ ဆုတွေရရှိခဲ့သူဖြစ်ပါတယ်။
“ ဒီစစ်ပွဲ(ယူကရိန်းစစ်ပွဲ) ရဲ့ အကြောင်းပြချက်တွေကိုကြည့်လိုက်ပါ။ အမေရိကန်က ဒါဟာ ရုရှားက ယူကရိန်းကို ကျူးကျော်တာလို့ လွယ်လွယ်ပြောလိမ့်မယ်။ ဒီစစ်ပွဲရဲ့ ဇာစ်မြစ်က အမေရိကန်က ကမကထပြုထောက်ခံပေးတဲ့ ၂၀၁၄ အာဏာသိမ်းမှုပဲဖြစ်တယ်။ ဒါဟာ ရုရှားဖက်ဒရေးရှင်းကို ထိုးဖောက်ဖို့ လေးနက်တဲ့အစီအစဉ်တစ်ခုဖြစ်တယ်” လို့ စတုန်း က ရုပ်သံအစီအစဉ်မှာပြောပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ယင်းရဲ့ ကိုယ့်သေတွင်းကိုယ်တူးမယ့် လမ်းကြောင်းကို မရှောင်ကွင်းနိုင်ဘူးဆိုရင် တတိယကမ္ဘာစစ်နှင့် ရင်ဆိုင်ရနိုင်တယ်။ ပြီးတော့ ဘိုင်ဒင်ဦးဆောင်မှုလည်း ပျက်သုဉ်းလိမ့်မယ်” လို့ သူကပြောပါတယ်။
“ ဘိုင်ဒင်လုပ်နေတာတွေမရပ်တန့်ဘူးဆိုရင်.. သူ့ကိုကျွန်တော်မဲပေးခဲ့တာ ကျွန်တော်မှားခဲ့တာ.. သူဟာ အဘိုးကြီးမို့လို့ စိတ်တည်တည်ငြိမ်ငြိမ်ရှိမယ် ပိုနူးညံ့မယ်လို့ ကျွန်တော်ကထင်ခဲ့တာ ယခုသူမှာ အဲဒါတွေတစ်ခုမှမမြင်ရဘူး”လို့ စတုန်းက ဆက်ပြောပါတယ်။
Source : foxnews.com
Page 990 of 1857