#Lcoal_News
Published-3 February 2024

ကမ္ဘာ့ဆန်ဈေးနှုန်းနှင့်အတူ ပြည်တွင်းဆန်ဈေးကောင်းရရှိသဖြင့် တင်ပို့မှု လျော့ကျခဲ့သော်လည်း ပို့ကုန်ဝင်ငွေတိုးတက်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) မှသိရသည်။

 

'ဆန်တစ်တန်ကို အမေရိကန်ဒေါ်လာ ၄၅၀ ဝန်းကျင်လောက် ရှိပါတယ်။ ဆန်ဖြူတစ်တန်ကို အမေရိကန်ဒေါ်လာ ၆၀၀ လောက်ရှိပါတယ်။ ဒါ့ကြောင့် နိုင်ငံတကာမှာလည်း ဆန်ဈေးနှုန်းတွေ မြင့်တက်တာ တွေ့ရပါတယ်'ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) မှ ဥက္ကဌဦးရဲမင်းအောင်က ပြောသည်။

 

နိုင်ငံတကာတွင် ဆန်ဈေးနှုန်းများ မြင့်တက်သကဲ့သို့ ပြည်တွင်းဈေးကွက်အတွင်းမှာလည်း စပါးဈေးနှင့် ဆန်ဈေးနှုန်းများ မြင့်တက်လျက်ရှိပြီး လွန်ခဲ့သည့် ၁၅ နှစ်အတွင်း ဆန်ဈေးနှုန်းများ အမြင့်မားဆုံး အခြေအနေကို ရောက်ရှိလာကြောင်း သိရသည်။

 

'တန်ချိန်အားဖြင့် မနှစ်က ကာလတူတွေထက် လျော့နည်းတင်ပို့တာဖြစ်ပြီး ဝင်ငွေအားဖြင့် ပိုမိုရရှိတဲ့ အနေအထားမျိုး တွေ့ပါတယ်။ ” ဟု ဦးရဲမင်းအောင်က ပြောသည်။

 

လက်ရှိတွင်နိုင်ငံတကာမှ ဆန်လိုအပ်ချက်များသဖြင့် ဝယ်လိုအားမြင့်တက်လျက်ရှိပြီး ဇန်နဝါရီလအတွင်း ဆန်တင်ပို့မှုမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၁၀ သန်းရရှိထားကြောင်း သိရသည်။

 

#Lcoal_News #ကမ္ဘာ့ဆန်ဈေးနှုန်း #တင်ပို့မှု‌လျော့ကျ #YMG/NN #Yangon-Times