#Local_News
Published_ 26 September 2023
ထိုင်းနိုင်ငံဘန်ကောက်-ရန်ကုန်- မကွေးဒေသ (Fam Trip)ခရီးစဉ်ဖော်ဆောင်ရန်ဆောင်ရွက်နေကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း ခရီးသွားဈေးကွက် ဖော်ဆောင်ရန်နှင့် ထိုင်းခရီးသွားဧည့်သည်များ ဝင်ရောက်လာစေရန် ရည်ရွယ်၍ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ခွင့်ပြုမှု၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ မကွေးတိုင်း၏ စီစဉ်မှုဖြင့် ထိုင်းနိုင်ငံသား Ms.Petchsri Nonsiri ပါအဖွဲ့ဝင်(၃)ဦးတိုအားဖိတ်ခေါ်ခဲ့ပြီး ဇူလိုင်လအတွင်း ဘန်ကောက်- ရန်ကုန် - မကွေး - မင်းဘူး - ပွင့်ဖြူ - မင်းဘူး - မင်းလှ - မကွေး - ရေနံချောင်း - ရန်ကုန် - ဘန်ကောက်ခရီးစဉ် (Fam Trip) အား လာရောက်လည်ပတ်စေပြီး Fam Trip ခရီးစဉ်ကို မိတ်ဆက်ခဲ့သည်ဟုဆိုသည်။
မကွေးတိုင်းသို့လာရောက်လည်ပတ်သည့် ထိုင်းခရီးသွားများသည် (၃)ညအိပ်(၄)ရက်ခရီးစဉ် Package Tour အားသဘောကျနှစ်ခြိုက်၍ ထိုင်းနိုင်ငံရှိမိတ်ဆွေများနှင့်ခရီးသွားကုမ္ပဏီများ ခရီးစဉ်ကိုဖြန့်ဝေပေးသွားမည်ဟု မျှော်လင့်ကြောင်းဖော်ပြထားသည်။
ထိုင်းခရီးသွားဧည့်သည်များသည် ခရီးစဉ်ပထမနေ့၌ မကွေးမူလမြသလွန်စေတီတော် ၊ ကမ်းနားလမ်းညဈေးတန်းနှင့် ကန်သာကန်တို အားသွားရောက်လည်ပတ်ခဲ့ပါသည်။
ခရီးစဉ်ဒုတိယနေ့တွင် မင်းဘူးမန်းရွှေစက်တော်ရာဘုရား ၊ မန်းချောင်းအတွင်း ကနူးလှေလှော်ခြင်း၊ မန်းချောင်းဆင်စခန်း၊ ရှားပါးကြယ်လိပ်များနှင့် ရွှေသမင် များအားအစာကျွေးခြင်း၊ မင်းဘူးနဂါးပွက်တောင်နှင့် စက္ကိန်းတဲဘုရားတို့အား ဖူးမြော်ကြည်ညိုခဲ့သည်။
ခရီးစဉ်တတိယနေ့တွင် မင်းလှခံတပ်၊ ကွေ့ချောင်းခံတပ်တိုအား ကြည့်ရှုလေ့လာပြီးနောက် ဒေသထွက်ကုန်များအား ဝယ်ယူကြကြောင်း၊ ခရီးစဉ်စတုတ္ထနေ့တွင် ရေနံချောင်းမြို့ရှိ ကျောက်စာရုံ၊ ကိုလိုနီခေတ်ရှေးဟောင်းအဆောက်အအုံများ၊ သဘာဝလှပသော ရေနံချောင်း ဂျပ်ကြားနှင့် ဒေသခံများ၏ လူနေမှုသဘာဝများကို ကြည့်ရှုလေ့လာကြောင်း သိရသည်။
#tthl #Local_News #ဘန်ကောက်-ရန်ကုန်-မကွေး #(Fam Trip)
#Yangon_Times
‘ဟောင်ကောင်မှာကျင်းပမယ့် ‘ဟောင်ကောင်ပါဖောင့်မန် အနုပညာကုန်စည်ပြပွဲ’မှာပါဝင်ယှဉ်ပြိုင်ဖို့ ရွေးချယ်ခံရသူ(သို့မဟုတ်)ရွေးချယ်ခံရတဲ့အဖွဲ့တွေကို ခရီးစရိတ်နဲ့နေထိုင် စရိတ် ကန်ဒေါ်လာတစ်ထောင်ပေးအပ်မှာဖြစ်ပြီး ကွမ်ကျိုးနဲ့ ရှန်ကျန့်ပြည်နယ်တို့ကိုလေ့လာရေး ခရီးသွားရောက်နိုင်မှာဖြစ်တယ်’ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး
Published_ 26 September 2023
#ဟောင်ကောင် #ကွမ်ကျိုးနဲ့ ရှန်ကျန့်ပြည်နယ် #အနုပညာကုန်စည်ပြပွဲ
#tthl #Yangon_Times
ရှမ်းပြည်နယ်ကထွက်ရှိတဲ့ သီးနှံအချို့မှာ စိုက်ပျိုးစရိတ်နဲ့ သယ်ယူစရိတ်တွေကြောင့် ဈေးမြင့်လာပေမယ့် ရန်ကုန်ဈေးကွက်မှာ အရောင်းဝယ်သွက်နေတယ်လို့ သီရိမင်္ဂလာဈေးရှိ ရှမ်းပြည်ထွက်ကုန်များ ရောင်းချတဲ့ ပွဲရုံတွေထံက သိရပါတယ်။
Published_ 26 September 2023
#ရှမ်းပြည်ထွက်သီးနှံ #အရောင်းဝယ်သွက်
#YMG/LW #Yangon_Times
‘ပုဂံစေတီပုထိုးတွေနဲ့ ပုံစံတူဖန်တီးထားတဲ့ ပုံစံငယ်ဝါးနှီးလက်ရာတွေကို ပုဂံရှိဟိုတယ်တစ်ခုမှာ ထားရှိဖို့အော်ဒါမှာယူခဲ့တာမှ စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ဒေသခံတွေရဲ့အားပေးမှု၊ ခရီးသွားတွေရဲ့ အားပေးမှုနဲ့ နိုင်ငံခြားသားတွေရဲ့စိတ်ဝင်စားမှုတွေရရှိလာတယ်လို့ ဆိုပါတယ်။ ပုဂံဒေသခံလက်မှုဖန်တီးသူ
Published_ 26 September 2023
#ပုဂံစေတီပုထိုး #ပုဂံဒေသခံလက်မှုဖန်တီးသူ
#tthl #Yangon_Times
#Local_News
Published_ 26 September 2023
မကွေးတိုင်း၊ နတ်မောက်လမ်းမတွင် အမျိုးသားတစ်ဦး ဦးနှောက် ပွင့်ထွက်၍ဒဏ်ရာများစွာဖြင့်သေဆုံးနေမှု ယမန်နေ့ညကဖြစ်ခဲ့ကြောင်း ရောင်စုံ မေတ္တာလူမှုကူညီရေးအသင်းက သိရသည်။
ဖြစ်စဥ်မှာမကွေးမြို့နယ်၊ နတ်မောက်လမ်း ၊ ညောင်ကန်ရွာနှင့် တည်ပင်ကန်ပေါက်ရွာကြားတွင်ကားကြိတ်ခံထားရသည်ဟုယူဆရသောဦးခေါင်းပွင့်ထွက်၊ ဘယ်ခြေထောက်ကျိုုး၊ ခန္ဓာကိုယ်ဘယ်ဘက်တစ်ခြမ်းလုံး ပွင့်ထွက်၊ ပေါက်ပြဲ၊ ပွန်းပဲ့ဒဏ်ရာများဖြင့်အမျိုးသားတစ်ဦးသေဆုံးနေမှု စက်တင်ဘာလ ၂၅ရက် ည ၁၁နာရီ ၄၇ မိနစ်ကဖြစ်ခဲ့ကြောင်း သိရသည်။
သို့ဖြစ်ပါ၍ ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းမှ သွားရောက်ကူညီခဲ့ပြီး လိုအပ်သောစစ်ဆေးချက်များရယူနိုင်ရန်အတွက် မကွေးတိုင်းပြည်သူ့ဆေးရုံကြီး၊ ရင်ခွဲရုံသို့ အခမဲ့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Local_News #ဒဏ်ရာများဖြင့်သေဆုံး #မကွေးတိုင်း
#Yangon_Times/PP
#Local_News
Published_ 26 September 2023
Online မှ စျေးရောင်းချသူများအနေဖြင့် အောက်တိုဘာ ၂ရက်မှစ၍ မှတ်ပုံတင်နိုင်ပြီး ဒီဇင်ဘာလလကုန်အထိ မှတ်ပုံတင်ကြေးကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
မှတ်ပုံတင်သူများအတွက် Online Registration ပြုလုပ်မည်ဆိုပါက မိမိလုပ်ငန်းအမည်၊ Logo၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာနှင့်အတူလျှောက်ထားရမည်ဖြစ်ပြီး Online Application Form ကြေး ၄၀၀၀ ကျပ်ခန့် ကျသင့်မည် ဖြစ်ကြောင်း သိရသည်။
မည်သည့် ထုတ်ကုန်ပစ္စည်းမဆို ကိုယ်ပိုင်ပစ္စည်းဖြန့်ဝေရောင်းချသည်ဖြစ်စေ၊ ပြန်ယူရောင်းချသည်ဖြစ်စေ Online ဖြင့် အသုံးပြုသူများ အားလုံးမှတ်ပုံတင်ရမည်ဖြစ်ပြီး မိမိလုပ်ငန်းက အခြားအခွန် ၊ စည်ပင်လိုင်စင်ဆောင်ရွက်ထားလျှင်လည်း မှတ်ပုံတင်ရမည်ဟု သိရသည်။
ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ Online မှတ်ပုံတင်ခြင်းမရှိဘဲ ရောင်းချနေသည်ကို စစ်ဆေး တွေ့ရှိပါက အရေးယူခံရမည်ဖြစ်ကြောင်းသိရသည်။
မိမိရောင်းချမည့် ကုန်ပစ္စည်း ၊ ဝန်ဆောင်မှုလုပ်ငန်းများသည် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများ၏ ခွင့်ပြုချက်ဖြင့် တရားဝင်လုပ်ငန်းများ အတွက်သာ ခွင့်ပြုပေးမည် ဖြစ်ကြောင်းလည်း သိရသည်။
Photo - စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
#Local_News #Onlineမှစျေးရောင်းချသူများ #မှတ်ပုံတင်ကြေးကင်းလွတ်ခွင့်ပြုမည်
#Yangon_Times/PP
#Local_News
Published_ 26 September 2023
ငှက်မျိုးစိပ်များ မျိုးသုဉ်းမပျောက်ကွယ်ရန်နှင့် သဘာဝအလျောက် ကျင်လည်ကျက်စားနိုင်ရန်အတွက် ရခိုင်ပြည်၊ မာန်အောင်မြို့နယ်တွင် ငှက်အိမ်အလုံး ၁၅၀ ကို ချိတ်ဆွဲပေးနေကြောင်း ဒေသခံများထံက သိရသည်။
ငှက်အိမ်များကို မာန်အောင်ကျွန်းမှ “သိမ္ဘလ” ကမ်းခြေ၊ တောင်နီတောင်၊ သန္တာကျောက်တန်း အနီးတဝိုက်ရှိ သစ်ပင်များတွင် စက်တင်ဘာလ ၂၃ ရက်နေ့မှစ၍ ချိတ်ဆွဲနေပြီးငှက် မျိုးစိပ်များ မျိုးသုဉ်းပျောက်ကွယ်မည့်အန္တရာယ်မှ ကာကွယ်နိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ် ရှင်သန်လာစေရေးအတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်းငှက်အိမ်ချိတ်ဆွဲရာတွင် ဦးဆောင်လုပ်ကိုင်နေသူက ပြောကြားထားသည်။
ငှက်အိမ်များ ချိတ်ဆွဲနိုင်ရေးအတွက် ရမ်းဗြဲမြို့နယ်မှ စာရေးဆရာ အောင်ဇေမင်းထံမှ ထည့်ဝင်သည့် အလှူငွေနှင့် ဒေသတွင်း ငှက် မျိုးစိပ်များ ချစ်မြတ်နိုးထိန်းသိမ်းသူများ၏ အလှူထည့်ဝင်ငွေများဖြင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်းသိရသည်။
ငှက်အိမ်များကို သစ်၊ ဝါးများအသုံးပြုကာ ပုံစံသုံးမျိုးဖြင့် ပြုလုပ်ထားပြီး ငှက်အိမ်တစ်လုံးလျှင် ငွေကျပ် ၅၀၀၀ ခန့် ကုန်ကျစရိတ်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လအတွင်းကလည်း ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့အနီးရှိ ကျောင်းတောင်နှင့် တန်းဖိုခါး တောင်တန်းတို့တွင် ငှက်အိမ်အလုံး ၁၂၀ ကို စတင်ချိတ်ဆွဲခဲ့ပြီး လက်ရှိရမ်းဗြဲတွင် ငှက်အိမ် ၄၀၀ ကျော်အထိ ချိတ်ဆွဲထားနိုင်ပြီဖြစ်ကြောင်းလည်း သိရသည်။
Photo-အောင်မြင့်သူ
#Local_News #မာန်အောင် #ငှက်အိမ် ၁၅၀ ချိတ်ဆွဲနေ
#Yangon-Times/PP
#Local_News
Published_ 26 September 2023
တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှုတိုးမြှင့်နိုင်ရန်၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မြန်ဆန်ချောမွေ့စေရန်နှင့် နှစ်နိုင်ငံငွေပေးချေမှုနှင့် စာရင်း ရှင်းလင်းမှု လွယ်ကူချောမွေ့စေရန်အတွက် ယွမ်-ကျပ် တိုက်ရိုက်ပေးချေမှုစနစ် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ Bank of China (Hong Kong) မှ 2023 Yangon Branch “Golden Autumn” RMB Forum ကို စက်တင်ဘာ ၂၅ ရက်တွင် Wyndham Grand Yangon Hotel ၌ ကျင်းပခဲ့ပါတယ်။
အခမ်းအနားတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက Video Conferencing ဖြင့်တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး ဒုတိယဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ယွမ်/ကျပ် လုပ်ငန်းကော်မတီ အဖွဲ့ဝင်များနှင့် သုတေသနလုပ်ငန်းအဖွဲ့မှ အဖွဲ့ဝင်အရာထမ်းများ၊ ယွမ်-ကျပ်တိုက်ရိုက် အသုံးပြုပေးချေမှုဆိုင်ရာ Designated Bank များဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ယူအေဘီဘဏ်၊ ရိုးမဘဏ်၊ ဧရာဝတီတောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်၊ ဧရာဝတီဘဏ်၊ CB Bank PCL နှင့် ကမ္ဘောဇဘဏ်တို့မှ တာဝန်ရှိသူများ တက်ရောက်ကြပါတယ်။
ဖိုရမ်တွင် Bank of China (Hong Kong)မှ Mr. Ying Jian က တရုတ်ယွမ်အား ကမ္ဘာသုံးငွေကြေးအဖြစ် ဆောင်ရွက်မှုအဆင့်ဆင့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် နယ်စပ်ဖြတ်ကျော် တရုတ်ယွမ်ကုန်သွယ်မှုအတွက်ပေးချေမှု အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုများ၊ တရုတ်နိုင်ငံပြင်ပ၌ တရုတ်ယွမ်စာရင်း ရှင်းလင်းမှုတွင် Bank of China (Hong Kong)သည် ပထမဆုံးတရုတ်ယွမ် Clearing Bank ဖြစ်ပြီး ကမ္ဘာတစ်ဝန်းနှင့် အရှေ့တောင်အာရှတွင် တရုတ်ယွမ် Clearing Bank အဖြစ် ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ အရင်းအနှီးဈေးကွက်၊ ငွေရေးကြေးရေး ဈေးကွက်တိုတွင် တရုတ်ယွမ်ဖြင့် ဆောင်ရွက်ခဲ့မှုများ၊ IMF ၏ SDR Currency Basket တွင် တရုတ်ယွမ်ပါဝင်လာမှုနှင့် Global Reserve Currency ဖြစ်ပေါ်လာခဲ့မှုများကို ဆွေးနွေးခဲ့ပါတယ်။
ယင်းနောက် Mr. Nathan Yeung က တရုတ်ယွမ် ငွေလဲလှယ်နှုန်းအလားအလာနှင့် တရုတ်နိုင်ငံ၏ စီးပွားရေးဆန်းစစ်ချက်နှင့်ပတ်သက်၍ ဆွေးနွေးရာတွင် အမေရိကန်ဒေါ်လာ၏ ဦးဆောင်မှု အခန်းကဏ္ဍသည် ကျဆင်းလာသော်လည်း အရေးပါသော အခန်းကဏ္ဍတွင် ရှိနေဆဲဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေးအညွှန်းကိန်းများသည် တိုးတက်လျက်ရှိနေပြီး အမေရိကန်ဒေါ်လာနှင့် တရုတ်ယွမ် Spot Rate များသည်လည်း မြင့်တက်လျက်ရှိသဖြင့် တရုတ်ယွမ်၏ ခိုင်မာမှုသည် တိုးမြှင့်လာနေတယ်လို့ ဆိုပါတယ်။
ထို့ပြင် Mr.Zhao Yidi က တရုတ်ယွမ်ဖြင့် ငွေရေးကြေးရေးဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမှုနည်းလမ်းများနှင့်ပတ်သက်၍ တရုတ်ယွမ်ဖြင့် ငွေတိုက်စာချုပ် ထုတ်ဝေရောင်းချမှုများ၊ တရုတ်ယွမ်၏ FX Rate နှင့် Interest Rate များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပြီး Mr.Yue Jiacheng က နယ်စပ်ဖြတ်ကျော်ဘဏ်များအကြား ငွေပေးချေမှုစနစ်(CIPS) တို့နှင့်စပ်လျဉ်း၍ မိတ်ဆက်ဆွေးနွေးပို့ချခဲ့ကြောင်း သတင်းရရှိပါတယ်။
#ygm_mnn #Local_News #Bank_of_China #ယွမ်-ကျပ်တိုက်ရိုက်ပေးချေမှု
#Yangon_Media_Group
#World_Military
Published 26 September 2023
အမေရိကန်အစိုးရအဖွဲ့က ယင်းရဲ့မဟာမိတ် ပိုလန်နိုင်ငံရဲ့ စစ်ကာကွယ်ရေး ခေတ်မီလာစေရန် ကူညီထောက်ပံ့တဲ့အနေနဲ့ အမေရိကန်ဒေါ်လာ ၂ ဘီလီယံချေးဖို့ ကမ်းလှမ်းလိုက်ပါတယ်။
ပိုလန်နိုင်ငံဟာ ယူကရိန်းကို ပေးပို့မယ့်လက်နက်များ ထားရှိရာ အချက်အခြာနေရာလည်း ဖြစ်နေပါတယ်။
နေတိုး(NATO)အဖွဲ့အစည်း အရှေ့ဘက်ခြမ်းရှိ စုပေါင်းကာကွယ်ရေးမှာ မဟာမိတ်ပိုလန်ရဲ့ လုံခြုံရေးကလည်း အရေးပါပြီး ဒီလိုငွေမျိုးက အမေရိကန်ရဲ့ အရေးအကြီးဆုံး မဟာမိတ်တွေရဲ့ လုံခြုံရေးအတွက် ရည်ရွယ်ထားရှိတာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ကြေညာခဲ့ပါတယ်။
အမေရိကန်မှ ကာကွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများ အရေးပေါ် ဝယ်ယူမှုကို အထောက်အကူ ဖြစ်စေမယ့် နိုင်ငံခြားစစ်ရေး ချေးငွေကုန်ကျစရိတ်အတွက်လည်း အမေရိကန်က ပိုလန်ကို ဒေါ်လာသန်း ၆၀ ထောက်ပံ့နေပါတယ်။
ပိုလန်ဟာ ယူကရိန်းကို အခိုင်အမာ ထောက်ခံနေသူဖြစ်ပြီး ရုရှားကျူးကျော်စစ်ကာလအတွင်း တင့်ကားများ၊ တိုက်လေယာဥ်များ၊ အခြားပစ္စည်းကိရိယာများ ထောက်ပံ့ပေးထားပါတယ်။
ယူကရိန်းကို ပေးပို့မယ့် အနောက်တိုင်းလက်နက်များကိုလည်း ပိုလန်မှာ စုဝေးထားရှိပါတယ်။
ဆိုဗီယက်နည်းပညာကို အခြေခံခဲ့တဲ့ လက်နက်ပစ္စည်းတွေနေရာမှာ ခေတ်မီနည်းပညာများဖြင့် အစားထိုးနိုင်ရန် အမေရိကန်၊ တောင်ကိုရီးယား ကာကွယ်ရေးတို့နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။
လက်ရှိမှာတော့ ယူကရိန်းကောက်ပဲသီးနှံနဲ့ ပတ်သက်ပြီး ကုန်သွယ်ရေး အငြင်းပွားမှုများကြောင့် ပိုလန်နဲ့ ယူကရိန်းတို့ကြား ဆက်ဆံရေး တင်းမာနေပါတယ်။
ပိုလန်ဝန်ကြီးချုပ် မာတူဇ်မိုရာဝီယက်ကီက ပိုလန်ဟာ ယူကရိန်းထံသို့ နောက်ထပ်လက်နက်များ ပေးပို့မနေတော့ဘူးလို့ ပြေကြားထားပါတယ်။
ဒါကြောင့် ယူကရိန်းအတွက် အနောက်နိုင်ငံမှ ထောက်ပံ့မှုတွေ အားလျော့နိုင်တာတယ်လို့ စိုးရိမ်းနေရပါတယ်။
ယူကရိန်းကို ကူညီရာမှာ ပိုလန်ရဲ့ကဏ္ဍကို အမေရိကန်အရာရှိများက ချီးကျူးလိုက်ပြီး ရုရှားရန်ကာကွယ်ဖို့က ပိုလန်ရဲ့ ဗျူဟာမြောက် အကျိုးစီးပွားနဲ့ သက်ဆိုင်နေတယ်လို့ ဆိုကြပါတယ်။
#World_Military #ပိုလန်ကာကွယ်ရေးစနစ် #ဒေါ်လာ(၂)ဘီလီယံချေးငွေထုတ်ပေး
Source: AP News
#Local_News
Published 26 Setember 2023
ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ရန်ကုန်-အင်းစိန်လမ်းမကြီး၊ ကြို့ကုန်းအရှေ့ ရှိ BOCမှတ်တိုင်အနီးတွင် YBS ခရီးသည်တင်ယာဉ်နဲ့ အခြားယာဉ်တစ်စီးတို့ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအသင်းတွေဆီက သိရသည်။
ကြို့ကုန်းအရှေ့၊ BOC မှတ်တိုင်အနီးမှာ ဒီကနေ့ စက်တင်ဘာ ၂၆ မနက် ၈ နာရီခွဲလောက်တွင် ယာဉ်တိုက်မှုဖြစ်ပြီး လူညပ်နေကြောင်း ကြားသိရတာကြောင့် အင်းစိန် မီးသတ်တပ်ဖွဲ့နှင့် လူမှုကယ်ဆယ်ရေးအသင်းများ က ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအဖွဲ့ဆီက သိရသည်။
အဆိုပါ ကားအတွင်းညပ်နေသည့်လူနာကိုနံနက် ၉ နာရီခန့်တွင် ကယ်ထုတ်နိုင်ခဲ့ပြီး သက်ဆိုင်ရာ ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီးစိုးရိမ်ရအခြေနေရှိကြောင်းသိရသည်။
#Local_News #အင်းစိန်ကြို့ကုန်း #ခရီးသည်တင်ယာဉ်နှင့်အခြားယာဉ်တိုက်မိ
#YMG/LW #Yangon_Times
#Local_News
Published_ 26 September 2023
ရွေး/ကော်အဖွဲ့ဝင် ဦးဘရန်ရှောင်နှင့် စီးပွား/ကူးသန်းဒုဝန်ကြီးဦးညွန့်အောင်တို့ကို တာဝန်မှအနားပေးလိုက်ကြောင်း နစကရဲ့ အမိန့်ထုတ်ပြချက်အရသိရပါတယ်။
လစ်လပ်သွားတဲ့ရွေး/ကော်အဖွဲ့ဝင်နေရာကို ဦးခင်ဇော်ကိုလည်းကောင်း၊စီးပွား/ကူးသန်းဒုဝန်ကြီးနေရာကို ဦးမင်းမင်းကိုလည်းကောင်း ခန့်အပ်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး ဦးလွင်ဦးကို တိုးချဲ့ခန့်အပ်ခဲ့ကြောင်းသိရပါတယ်။


#Yangon_Times #YMG
#World_Health
Published 26 September 2023
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ဆေးရုံတက်ကုသခံယူရပြီးနောက် ကိုဗစ်နောက်ဆက်တွဲ ဝေဒနာများ ခံစားရတဲ့သူတွေမှာ ကိုယ်တွင်းအင်္ဂါများ သိသိသာသာ ထိခိုက်မှုရှိတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။
ဒါဟာ ရောဂါကူးစအချိန်က ပြင်းထန်မှုနဲ့ ဆက်စပ်နေနိုင်ပါတယ်။
ဒီလိုတွေ့ရှိတာဟာ ကိုဗစ်နောက်ဆက်တွဲ လက္ခဏာများကို ထိရောက်စွာ ကုသနိုင်မယ့် နည်းလမ်းများ ရှာဖွေတွေ့ရှိလာနိုင်ပြီး ဒီလိုရှုပ်ထွေးတဲ့ လက္ခဏာများအကြောင်း ပိုမိုနားလည်လာနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ကိုဗစ်ပြင်းထန်စွာ ခံစားရပြီး ဆေးရုံတက်ကုသခံယူခဲ့ရတဲ့ လူနာ ၂၅၉ ဦးကို လေ့လာခဲ့တာ ဖြစ်ပါတယ်။
ဆေးရုံမှဆင်းပြီး ၅ လကြာပြီးနောက် သူတို့ရဲ့ အတွင်းအင်္ဂါတွေကို MRI စကင်ရိုက်ခဲ့ရာမှာ ကိုဗစ်မကူးစက်သူတွေနဲ့ နှိုင်းယှဥ်ရင် သိသာစွာ ကွဲပြားနေကြောင်း တွေ့ရှိခဲ့ကြပါတယ်။
MRI စကင်များအရ ဆေးရုံတက်ကုသခံယူခဲ့ရတဲ့ လူနာတွေရဲ့ အဆုတ်၊ ဦးနှောက်၊ ကျောက်ကပ်တို့မှာ ပုံမှန်မဟုတ်တဲ့ အခြေအနေမျိုး ဖြစ်နိုင်ချေ ၃ ဆပိုများကြောင်း တွေ့ရှိခဲ့ပါတယ်။
အဆုတ်အင်္ဂါက အထိခိုက်ဆုံးဖြစ်ပြီး ပုံမှန်မဟုတ်တဲ့ အခြေအနေမျိုး ဖြစ်နိုင်ချေ ၁၄ ဆပိုများနေပါတယ်။
ဒါ့အပြင် ဦးနှောက်မှာ ပုံမှန်မဟုတ်တာမျိုးက ၃ ဆ၊ ကျောက်ကပ်မှာ ပုံမှန်မဟုတ်တာမျိုးက ၂ ဆ ဖြစ်နိုင်ချေ ပိုများနေပါတယ်။
ကိုယ်တွင်းအင်္ဂါတွေ ပြင်းထန်မှုရှိမရှိက လူနာအသက်အရွယ်၊ ကိုဗစ်ကြောင့် ဘယ်လောက်အထိ ရောဂါပြင်းထန်သလဲ၊ တစ်ချိန်တည်းမှာပဲ အခြားရောဂါတွေ ရှိမရှိဆိုတဲ့ အချက်တွေပေါ် မူတည်နေပါတယ်။
ဒီတွေ့ရှိချက်တွေက ကိုဗစ်ကြောင့် ဆေးရုံတက်ကုသခံယူရသူတွေမှာ အဆုတ်နဲ့ ကျောက်ကပ်၊ ဦးနှောက်၊ စိတ်ကျန်းမာရေးကဏ္ဍတွေမှာ ရေရှည်ကုသခံယူသွားမှု လိုအပ်ပုံကို ထောက်ပြနေပါတယ်လို့ အောက်စ်ဖို့ဒ်တက္ကသိုလ်မှ ဒေါက်တာဘက်တီရေမန်က ပြောပြသွားပါတယ်။ ကိုဗစ်နောက်ဆက်တွဲ ဝေဒနာများ ဖြစ်ပေါ်လာစေတဲ့ လက္ခဏာများကို ပိုမိုသိရှိလာရန် ဒီလေ့လာချက်ကနေ အကူအညီဖြစ်စေနိုင်ကြောင်း လက်စ်တာတက္ကသိုလ်မှ ဒေါက်တာခရစ္စဘရိုက်လင်းက ရှင်းပြပါတယ်။
ဒီလူနာတွေမှာ အင်္ဂါထိခိုက်မှု ဘာကြောင့်ဖြစ်ရသလဲဆိုတာနဲ့ ကိုဗစ်နောက်ဆက်တွဲ ဝေဒနာတွေကို ဖြေရှင်းရန် စမ်းသပ်ကုသနည်းများ ထုတ်လုပ်ပုံတို့ရဲ့ အရေးကြီးပုံများကို အလေးပေးပြောကြားသွားပါတယ်။
#World_Health #ကိုယ်တွင်းအင်္ဂါများထိခိုက်မှုရှိ #ကိုဗစ်နောက်ဆက်တွဲဝေဒနာ
Source: WION
Page 989 of 1938