Published 16 November 2023
မြန်မာ့စီးပွားရေးလုပ်ငန်းစုကြီး ရိုးမအုပ်စု၏ မြန်မာ့မီးရထားရုံးချုပ်နေရာရှိ ရိုးမစင်ထရယ် စီမံကိန်းကို ယခုနှစ်ကုန်၌ ပြန်လည်စတင်မည်ဖြစ်ကြောင်းသိရသည်။
ရိုးမအုပ်စုသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်း ရပ်တန့်သွားခဲ့သည့် ရန်ကုန်မြို့လယ်ရှိ မြန်မာ့မီးရထားရုံးချုပ်နေရာ ၊Yoma Central စီမံကိန်းကို ယခုနှစ်ကုန်ပိုင်းမှာ ပြန်လည်စတင်နိုင်ရန်မျှော်မှန်းထားခြင်းဖြစ်ပြီး ယင်းစီမံကိန်းပြန်လည်စတင်နိုင်ရေးအတွက် ပြင်ဆင်မှုများကို စီစဉ်ထားသည့်အတိုင်း ဆက်လက်လုပ်ဆောင်နေကြောင်း စင်ကာပူ စတော့အိတ်ချိန်စာရင်းဝင် Yoma Strategic Holdings မှ ပြောရေးဆိုခွင့်ရှိသူက Nikkei Asia သို့ ဖြေကြားထားသည်။
အဆိုပါ စီမံကိန်းပြန်လည်စတင်နိုင်ရေးအတွက် ပြင်ဆင်မှုများကို စီစဉ်ထားသည့်အတိုင်း ဆက်လက်လုပ်ဆောင်နေပြီး စီမံကိန်းတွင်မြေဧရိယာ ၄ ဟက်တာခန့် ကျယ်ဝန်းသည့် စီမံကိန်းမြေပေါ်၌ ရောနှောအသုံးပြု အဆောက်အအုံ လေးလုံးပါရှိပြီး ရိုးမအုပ်စုက စီမံကိန်း၏ ၆၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ကာ ဂျပန်စီးပွားရေးလုပ်ငန်းစု မစ်ဆူဘီရှီကလည်း ရှယ်ယာရှင်အဖြစ် ပါဝင်ထားကြောင်း သိရသည်။
ထို့အပြင် Yoma Strategic ၏ အဆိုအရ လူနေအိမ်တာဝါတည်ဆောက်ခြင်းနှင်ဘ လုပ်ငန်းပြန်လည်စတင်မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ စီမံကိန်းကို ၂၀၁၇ ခုနှစ်၌ စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းတွင် အပြီးသတ်ရန်မူလက ရည်မှန်းထားသော်လည်း ၂၀၂၁ ဖေဖော်ဝါရီ နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်ကြောင့် စီမံကိန်းများရပ်တန့်သွားခဲ့ကြောင်း၊ဆိုင်းငံ့ထားသည့် အခြားစီမံကိန်းထဲတွင် ဟောင်ကောင်နှင့် ရှန်ဟိုင်းဟိုတယ်လုပ်ငန်းစုက အော်ပရေတာအဖြစ် ဆောင်ရွက်နေသည့် The Peninsula Yangon ဟိုတယ်လည်း ပါဝင်ကြောင်းသိရသည်။
မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှုများသည် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ကျပ်ငွေထက် အိမ်ခြံမြေကဏ္ဍဆီ အများဆုံး စီးဆင်းလျက်ရှိပြီး ခိုင်မာသည့် အိမ်ခြံမြေရောင်းအားကြောင့်လည်း စီမံကိန်းပြန်လည်စတင်နိုင်ရန် Yoma Strategic ကို တွန်းအားဖြစ်စေခဲ့
ကြောင်းသိရသည်။
#Yangon_Times/NN
#Local_News
#Published_ 16 November 2023
#YMG #Yangon_Times #Yangon_Media_Group
ရွှေကုန်ကြမ်း အနည်းငယ်ရှားပါးသည့်အပြင် ဈေးကွက်တွင်း ရွှေဝယ်လိုအားများလာသောကြောင့်ရွှေဈေးနှုန်း ရုတ်တရက်ခုန်တက်
ပွင့်လင်းရာသီဖြစ်ပေမယ့် လတ်တလောဖြစ်နေတဲ့ အခြေအနေတွေကြောင့် ရွှေကုန်ကြမ်းရှားပါးတာ၊ ဈေးကွက်တွင်း ရွှေဝယ်လိုအား မြင့်တက်လာတာအပြင် ဒေါ်လာဈေးလည်း အနည်းငယ်မြင့်တက်လာတာကြောင့် မြန်မာ့ရွှေဈေး တစ်ကျပ်သားကို၃၆သိန်း ကျော်အထိ ခုန်တက်လာတယ်လို့မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းချုပ်က သိရပါတယ်။
#Yangon_Times/NN
#Local_News
#Published_ 16 November 2023
#YMG #Yangon_Times #Yangon_Media_Group
ကမ္ဘာ့ဖလားဒုတိယအဆင့်ခြေစစ်ပွဲ ဂျပန်-မြန်မာပွဲစဉ် ယနေ့ပြိုင်မည်၊ စောစီးစွာဂိုးမပေးရရေးကြိုးပမ်းမည်
‘မြန်မာအသင်းအနေနဲ့ ဂျပန်အသင်းကို အတတ်နိုင်ဆုံး ပထမပိုင်းရဲ့ အစောပိုင်း မိနစ်တွေမှာ လုံးဝဂိုးမပေးရဖို့ ကြိုးစားဖို့ရှိတယ်၊ မြန်မာအသင်းအနေနဲ့ တစ်ဆင့်ချင်း ရလဒ်ကောင်းအောင် လုပ်သွားဖို့ ရှိပါတယ်” မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်
#Yangon_Times/tthl
#Local_Sports
#Published_ 16 November 2023
#YMG #Yangon_Times #Yangon_Media_Group
ဖုန်တွေသဲတွေ ပြည့်နေပြီး ရေရှားပါးတဲ့ ဂိုဘီကန္တာရ အနောက်မြောက်ပိုင်းမှာ နေထိုင်တဲ့ လူငယ်စုံတွဲဟာ ခေတ်မီရေသွင်းစနစ်ကို အသုံးပြုပြီး အသီးအနှံတွေ စိုက်ပျိုးကာ စီးပွားဖြစ်နေပုံကို ဖော်ပြသွားပါတယ်။
#Asia_Development
#Published_ 16 November 2023
#YMG #Yangon_Times #Yangon_Media_Group


၁၆ နိုဝင်ဘာ ၂၀၂၃
ရှမ်းပြည်နယ်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း Online လိမ်လည်မှုများ၊ လူကို သွေးဆောင် ဆွဲခေါ်မှုများ၊ လူပြန်ပေးမှုများ၊ တရားမဝင်ချုပ်နှောင်မှုများ ခြောက်လှန့်တောင်းယူမှုများကို အားပေး ကူညီခြင်းများကို ကျူးလွန်နေသော တရုတ်နိုင်ငံသား(၄)ဦးကို ဖမ်းဝရမ်းဆင့်ထုတ်ထားရာတွင် အဆိုပါ(၄)ဦးအနက် မြီရှောက်ချန်း၊ မြီကော်ဖျင်း (ခေါ်) မြီရှောက်ဖျင်း နှင့် မြီကျိန်းကျိန် (၃)ဦးးတို့ကို (၁၆-၁၁-၂၀၂၃) ရက်နေ့ မနက်ပိုင်းတွင် ၎င်းတို့အား ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၌ ဖမ်းဆီးရမိခဲ့တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အဆိုပါဖမ်းမိတရားခံ(၃)ဦးကို တရားဥပဒေအရအရေးယူနိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့လွှဲပြောင်းပေးနိုင်ဖို့ ဆက်လက်စီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့ သတင်းတွင်ဖော်ပြထားပါတယ်။
မြီရှောက်ချန်း၊ မြီကော်ဖျင်း (ခေါ်) မြီရှောက်ဖျင်း၊ မြီကျွီလန်နှင့် မြီကျိန်းကျိန် (၄)ဦးးတို့ကို နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်ထားခဲ့တာဖြစ်ပါတယ်။
-ymg/knl
Published 16 November 2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ အမှတ်(၂၄/C)၊ နတ်မောက်ရိပ်သာလမ်း ၊ ဆရာစံရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် Saigon Beauty Skin & Luxury Clinic လုပ်ငန်းမှ ဆေးကုသခွင့်လိုင်စင်မရှိဘဲ အလှအပ ဆိုင်ရာခွဲစိပ်မှု များ ပြုလုပ်နေသည့် အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှုးမှ တရားလို ပြုလုပ်၍ ဗဟန်းမြို့နယ် ရဲစခန်းတွင် အမှု ဖွင့် အရေးယူဆောင်ရွက်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။
အဆိုပါ ဆေးခန်းသည် (၁၄-၁၁-၂၀၂၃) ရက်နေ့တွင် လူမူကွန်ယက်၌ Aesthetic လုပ်ငန်းများဖြစ်သော နှာခေါင်းခွဲစိတ်မှုများ၊ မျက်ရစ်နှင့် နှုတ်ခမ်းခွဲစိတ်ကုသမှုများကို ပြုလုပ်ပေးလျက်ရှိကြောင်း လူမှုကွန်ရက်စာမျက်နှာ၌ ကြော်ငြာထားသည်ကို တွေ့ရှိရသဖြင့် ရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြို့နယ်ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်းပါဝင်သော အဖွဲ့ဖြင့် ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ထိုသို့စစ်ဆေးရာတွင်မြန်မာနိုင်ငံတွင်ဆေးကုသခွင့်လိုင်စင်မရှိသည့်ဗီယမ်နမ်နိုင်ငံသားတစ်ဦး နှင့် မြန်မာနိုင်ငံသားဆရာဝန် တစ်ဦးတို့ပါဝင်သောအဖွဲ့မှ တရားမဝင်ခွဲစိတ်ကုသခြင်း၊ တရားမဝင်ဆေးဝါးများအသုံးပြုခြင်းများ အားတွေ့ရှိရကြောင်းသိရသည်။
အဆိုပါSaigon Beauty Skin & Luxury Clinic လုပ်ငန်းအား မြန်မာနိုင်ငံဆေးဝါးဥပဒေ၊ မြန်မာနိုင်ငံဆေးကောင်စီဥပဒေနှင့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေများဖြင့်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ တရားလိုပြုလုပ်၍ ဗဟန်းမြို့နယ်ရဲစခန်း တွင် အမှုဖွင့်လှစ်ဆောင်ရွက်ထားလျက်ရှိကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 16 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published 16 November 2023
လားရှိုးတက္ကသိုလ် တွင် ၂၀၂၃ခုနှစ် ပညာသင်နှစ်အတွက် ကျင်းပမည့် အဝေးသင်
စာမေးပွဲ ရက်များ ကို ရက်အကန့်သတ်မရှိရွှေ့ဆိုင်းလိုက်ကြောင်း လားရှိုးတက္ကသိုလ်မှ ကြေညာချက်ထုတ်ပြန်ထားသည်။
အဝေးသင် သင်တန်း ၂၀၂၃ပညာသင်နှစ်၊ တတိယသုတ်မှ မြန်မာစာနှင့် သမိုင်း အထူးပြုသင်တန်းနှစ်များအားလုံး၏ ကျင်းပလျက်ရှိသော စာမေးပွဲကို နိုဝင်ဘာ ၁၆ရက်နေ့ နေ့လယ်ပိုင်းမှ စတင်၍ ဖြေဆိုချိန်များအားလုံးကို ရက်ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာနမှ တယ်လီဖုန်းဖြင့်ညွန်ကြားချက်အရ နိုဝင်ဘာ ၁၆ရက်နေ့ နေ့လည်ပိုင်းမှ စတင်ပြီးတော့ ဖြေဆိုချိန်အားလုံးကို ရွှေ့လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ဒေသတွင်း ပဋိပက္ခများကြောင့် လွိုင်ကော် တက္ကသိုလ်တွင်လည်း နိုဝင်ဘာ ၁၃ရက်၌ စတင်ဖြေဆိုမည့် အဝေးသင် တတိယ အသုတ်စာမေးပွဲများကို လည်း ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ရကြောင်းသိရသည်။
#Yangon_Times/LW
#Local_News
#Published_ 16 November 2023
#YMG #Yangon_Times #Yangon_Media_Group
နယ်မြေမအေးချမ်းတဲ့အတွက် ပြောင်းခင်းများကို စွန့်ပစ်ထားရသလိုဖြစ်နေ
ရှမ်းပြည်မြောက်ပိုင်းရှိ မြို့နယ်တွေမှာ ရှိတဲ့ ပြောင်းစိုက်တောင်သူတွေထံ လမ်းပန်းဆက်သွယ်ရေး အခက်ခဲကြောင့် လာရောက် ဝယ်ယူသူမရှိတဲ့အတွက် ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံ ပြောင်းစိုက်တောင်သူတွေထံက သိရပါတယ်။
#Yangon_Times/LW
#Local_News
#Published_ 16 November 2023
#YMG #Yangon_Times #Yangon_Media_Group
'အခွန်ကောက်ဖို့မဟုတ်ပါဘူး၊ ခြံတွေကိုစာရင်းလိုက်ကောက်ရင် တောင်သူတွေအနေနဲ့ လိုလိုလားလား စာရင်းပေးဖို့လိုပါတယ် '
ရန်ကုန်တိုင်းအပါအဝင် ပြည်နယ်နဲ့တိုင်းအချို့မှာ ကျွှဲကောစိုက်ဧကနဲ့ အသင်းသက်တမ်းတိုးဖို့ စစ်တမ်းကောက်ယူတာတွေ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံကျွဲကောစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းက သိရပါတယ်။
#Yangon_Times/NN
#Local_News
#Published_ 16 November 2023
#YMG #Yangon_Times #Yangon_Media_Group
ဖားအောက်ဆရာတော်ကြီး စင်ကာပူ၌ နှလုံးအထူးကုသမှုအောင်မြင် ၊ရန်ကုန်သို့ ပြန်ရောက်ပြီဖြစ်
‘’ဆရာတော်ဘုရားကြီးက နှလုံးစက်နဲ့နှလုံးစတန့်ထည့်ထားရပြီး အဲဒီ့နှလုံးစက်နဲ့နှလုံးစတန့် အခြေအနေတွေကို ပြန်လည်စစ်ဆေးပြီး ဆေးကုသမှုတွေ၊ အသေးစားခွဲစိတ်ကုသမှုတွေ ခံယူခဲ့တယ်’’ မော်လမြိုင်ဖားအောက်တောရမှ တာဝန်ရှိသူတစ်ဦး
#Yangon_Times/tthl
#Local_News
#Published_ 16 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published 16 November 2023
ရခိုင်ပြည်နယ် သံတွဲခရိုင် သံတွဲမြို့၏ အရှေ့မြောက်ဘက် ၁၂ မိုင်ခန့်အကွာသူဌေးချောင်းပေါ်တွင်ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန အမှတ် (၄)တည်ဆောက်ရေးမှအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် သူဌေးရေအားလျှပ်စစ်စီမံကိန်း မှာ၇၈ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။
ရခိုင်ရိုးမပေါ်မှ အစပြုပြီး ပင်လယ်ဝအထိ မိုင် ၇၀ ခန့်ရှည်လျားစွာ စီးဆင်းနေသော သူဌေးချောင်းပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်းတစ်ခု တည်ဆောက်နိုင်ရန်အတွက် ၂၀၀၃-၂၀၀၄ ခုနှစ်ခန့်က ဂျပန်နိုင်ငံအခြေစိုက် TheKansaiအတိုင်ပင်ခံအင်ဂျင်နီယာအဖွဲ့နှင့်ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနမှအင်ဂျင်နီယာများနှင့်ပူးပေါင်းကာကနဦးစူးစမ်းလေ့လာမှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
ထိုသို့ လေ့လာမှုပြုလုပ်ပြီး ဂျပန်နိုင်ငံအခြေစိုက် The Kansai အတိုင်ပင်ခံအင်ဂျင်နီယာအဖွဲ့နှင့်ဌာနမှအင်ဂျင်နီယာများသည်အသေးစိတ်ဒီဇိုင်းပုံစံများ ရေးဆွဲခဲ့ကြကာ အကြိုတည်ဆောက်မှုလုပ်ငန်းများကို ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်မှစတင်ဆောင်ရွက်ခဲ့ကြကြောင်းရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနမှ သိရသည်။
လက်ရှိတွင် စီမံကိန်း အနေဖြင့် ရေယူအဆောက်အအုံမှာ ၂၀၂၃ ခုနှစ် ဩဂုတ်၂၃ရက်ကရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်ကြောင်း၊ပင်မတမံလုပ်ငန်းအနေဖြင့့် ၇၉ ဒသမ ၁၉ ရာခိုင်နှုန်း၊ ရေပိုလွှဲလုပ်ငန်းအနေဖြင့် ၇၈ ဒသမ ၉၇ ရာခိုင်နှုန်း၊ ရေလွှဲဥမင်လိုဏ်လုပ်ငန်းအနေဖြင့် ၉၆ ဒသမ၇၉ ရာခိုင်နှုန်း၊ ရေထိန်းတံခါးပြွန်လုပ်ငန်းအနေဖြင့် ၉၇ ဒသမ ၇၅ ရာခိုင်နှုန်း၊ ရေလွှဲဥမင်လိုဏ်အထွက်မြောင်းလုပ်ငန်းအနေဖြင့် ၉၈ ဒသမ ၀၀ ရာခိုင်နှုန်း၊ ဓာတ်အားပေးစက်ရုံလုပ်ငန်းအနေဖြင့်၇၇ ဒသမ ၂၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
စီမံကိန်း အားလုံး ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ရာခိုင်နှုန်း အပြည့် ပြီးစီးမည် ဖြစ်ပြီးအဆိုပါ စီမံကိန်းမှ စက်တပ်ဆင်အင်အား ၃၇ မဂ္ဂါဝပ် ဓာတ်အားပေးစက်သုံးလုံးဖြင့် စုစုပေါင်း စက်တပ်ဆင်အင်အား ၁၁၁ မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက်ရုံ တည်ဆောက်၍ တစ်နှစ်လျှင် ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၃၈၆ သန်းထုတ်လုပ်ကာ ရခိုင်ပြည်နယ်အတွင်း ဒေသများသို့ လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးနှင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေးရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
စီမံကိန်းအကောင်အထည်ဖော်တည်ဆောက်ရာတွင် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းနှင့် ရေအား အဆောက်အအုံများ တည်ဆောက်ခြင်းလုပ်ငန်းဟူ၍ လုပ်ငန်းအပိုင်းနှစ်ပိုင်းရှိပြီး စီမံကိန်းချဉ်းကပ်လမ်း ဖောက်လုပ်ခြင်း၊ စီမံကိန်းစခန်း တည်ဆောက်ခြင်း၊ ရေ၊ မီးရရှိရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စူးစမ်းလေ့လာတိုင်းတာခြင်းများသည် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများတွင် ပါဝင်ကြောင်း၊ စိမ့်ရေတားနံရံ၊ ရေလွှဲဥမင်လိုဏ်၊ ရေယူအဆောက်အအုံ၊ ပင်မတမံ၊ ရေပိုလွှဲ၊ အကူရေပိုလွှဲ၊ ရေထိန်းတံခါးပြွန်၊ ဖိအားမြှင့် သံမဏိပိုက်လိုင်း၊ ဆွစ်ယာ့ဒ်နှင့် ဓာတ်အားပေးစက်ရုံစသည်တို့သည် ရေအားအဆောက်အအုံများ တည်ဆောက်ခြင်းလုပ်ငန်းတွင် ပါဝင်ကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 16 November 2023
#YMG #Yangon_Times #Yangon_Media_Group

၁၆ နိုဝင်ဘာ ၂၀၂၃
ကိုးကန့်ဒေသအတွင်း Onllne လိမ်လည်မှုများနှင့် ဆက်စပ်အမှုများ ကျူးလွန်နေသည့် ပယ်ရင်ချန်ကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်ထားကြောင်း နစကသတင်း ထုတ်ပြန်ချက် အရသိရပါတယ်။
“ရှမ်းးပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း Online လိမ်လည်မှုများ၊ ယင်း အမှုများနှင့် ဆက်စပ် ကျူးလွန်သည့် လူကိုသွေးဆောင်ဆွဲခေါ်မှုများ၊ လူပြန်ပေးမှုများ၊ တရားမဝင် ချုပ်နှောင်မှုများ၊ ခြောက်လှန့် တောင်းယူမှုများ ကျူးလွန်ခြင်း၊ ကျူးလွန်ရန်အားထုတ်ခြင်း၊ အားပေး ကူညီခြင်းများကို ကျူးလွန်နေသော ပယ်ရင်ချန်(ဘ) ဦးပယ်စောက်ချိန် (ပန်ဆော့ချိန်)ကို ဥပဒေအရ အရေးယူရန်အတွက် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်ထားကြောင်း “ သတင်းထုတ်ပြန်ချက်မှာဖော်ပြထား ပါတယ်။
-ymg/knl
Page 984 of 2004