#World_Health
Published 23 December 2023
ဟောင်ကောင်တက္ကသိုလ်မှ သုတေသီများက အသည်းကင်ဆာ နောက်ပိုင်းအဆင့်လူနာတွေရဲ့ အသက်ကို ဆွဲဆန့်နိုင်စေမယ့် ကမ္ဘာ့ပထမဆုံးကုသနည်းကို တွေ့ရှိပြီလို့ ဆိုလိုက်ပါတယ်။
ထိုကုသနည်းအသစ်ဟာ ကင်ဆာအကျိတ်ကို အစားထိုးခွဲစိတ်လို့ ရလောက်တဲ့ အခြေအနေအထိ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
အကျိတ်ကို ပစ်မှတ်ထားကုသတဲ့ နည်းလမ်းနဲ့ အကျိတ်ကို အဆင့်တစ်အခြေအနေသို့ ပြန်ရောက်အောင် လျှော့ချတဲ့ နည်းလမ်းတို့ကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။
ထိုနည်းလမ်းဖြင့် အသည်းကင်ဆာ အဆင့် ၄ ဖြစ်ပွားနေတဲ့ အသက် ၆၅ နှစ်အရွယ်လူနာကို ကုသနိုင်ခဲ့ကာ အကျိတ်ကိုဦးစွာ သေးသွားအောင် ပြုလုပ်ပြီး ဖယ်ရှားခဲ့ကြကြောင်း လီကာရှင်းဆေးစင်တာမှ ပရော်ဖက်ဆာ အယ်ဘတ်ချန်ချီယန်က ပြောပြသွားပါတယ်။
အသည်းကင်ဆာကို ကုသနိုင်ဖို့ ဖြစ်နိုင်ခြေတွေ ယူဆောင်လာပေးတဲ့ သုတေသနအဖွဲ့ကို ဂုဏ်ယူမိပါတယ်လို့ ဆိုပါတယ်။
ဝေါင်လော့ဝင်းလို့ အမည်ရတဲ့ လူနာဟာ ယမန်နှစ်နိုဝင်ဘာလက အသက်ရှင်နေထိုင်ရန် အချိန် ၆ လခန့်သာ ကျန်တော့တယ်လို့ သိခဲ့ရပါတယ်။
၁၈.၂ စင်တီမီတာအချင်းရှိတဲ့ အကျိတ်က အသည်းသို့ သွေးပို့ဆောင်ပေးတဲ့ အဓိကသွေးကြောမကြီးဆီ ကူးစက်ပျံ့နှံ့နေပြီ ဖြစ်ပါတယ်။
ဒီနောက် သုတေသီတွေရဲ့ ကုသနည်းဖြင့် နောက်ဆုံးမျှော်လင့်ခွဲစိတ်ခဲ့ရာမှာ အကျိတ်အရွယ်အစားကို လျှော့ချနိုင်ခဲ့ပြီး သားဖြစ်သူရဲ့ အသည်းအစိတ်အပိုင်းဖြင့် အစားထိုးခွဲစိတ်ခဲ့ကာ အခုဆိုရင် ကင်ဆာပျောက်ကင်းသွားပြီ ဖြစ်ပါတယ်။
လူနာတွေမှာ ထိုကုသနည်း ထိရောက်မှုကို ၈၀ ရာခိုင်နှုန်းလောက်အထိ ရောက်ရှိလာစေရန် မျှော်လင့်ကာ ကိုယ်ခံအားကုထုံးကိုလည်း ထည့်သွင်းသွားဖို့ သုတေသီများ ဖော်ထုတ်နေပါတယ်။
အသည်းကင်ဆာဖြစ်ရတဲ့ အဓိကအကြောင်းအရင်းကို သေချာမသိရသေးပေမယ့် အသည်းခြောက်ခြင်းဝေဒနာနဲ့ ဆက်စပ်နေတတ်ပါတယ်။
အရက် အလွန်အကျွံသောက်ခြင်း၊ အသည်းရောင် ဘီ သို့မဟုတ် စီရောဂါ ကူးစက်ခြင်းတို့ကြောင့် အသည်းအဓိက ပျက်စီးနေရပါတယ်။
ပြောင်းလဲလာတဲ့ နေထိုင်စားသောက်မှုစနစ်တွေကြောင့်လည်း အသည်းရောဂါ အဖြစ်များလာကြပါတယ်။
#World_Health #အသည်းကင်ဆာနောက်ပိုင်းအဆင့် #အံ့ဖွယ်ကုသနိုင်သည့်နည်းလမ်း #Source: WION
#World_Health
Published 23 December 2023
ဆောင်းရာသီ ချမ်းအေးလာတဲ့အချိန်မှာ အဆစ်အမြစ်နာသူတွေဟာ ရောဂါလက္ခဏာတွေ ပိုမိုဆိုးရွားလာတတ်ပါတယ်။
ထိုရောဂါက အဆစ်နေရာတွေမှာ နာကျင်ခြင်း၊ ဖောရောင်ခြင်း၊ တောင့်တင်းခြင်းတို့ ခံစားရစေပါတယ်။
အဆစ်အမြစ်နာ ရောဂါ ၂ မျိုးကတော့ လေးဖက်နာလိုမျိုး အသက်အရွယ် ကြီးလာတာနဲ့အမျှ ဖြစ်တတ်တဲ့ အမျိုးအစားဖြစ်ပြီး နောက်တစ်မျိုးကတော့ လူသန်းပေါင်းများစွာမှာ အဖြစ်များနေတဲ့ အရိုးအဆစ်နာ အမျိုးအစား ဖြစ်ပါတယ်။
ပတ်ဝန်းကျင် အပူချိန်ကျဆင်းလာတာနဲ့အမျှ ဒီရောဂါက ပိုမိုနာကျင်တောင့်တင်းလာပြီး ထိန်းချုပ်ကုသဖို့ လိုအပ်လာပါတယ်။
ဒါကြောင့် ဆောင်းရာသီမှာ အဆစ်နာရောဂါ သက်သာစေနိုင်မယ့် နည်းလမ်းတွေကတော့..
နွေးထွေးစွာနေထိုင်ခြင်း - ဦးထုပ်၊ လက်အိတ်၊ ခြေအိတ်များ ဝတ်ဆင်ခြင်းဖြင့် နွေးထွေးမှုပေးနိုင်သလို ရေနွေးဖြင့်ရေချိုးခြင်းက အဆစ်နာကျင်ခြင်းများကို သက်သာစေနိုင်ပါတယ်။
လေ့ကျင့်ခန်းပြုလုပ်ခြင်း - ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ပါက လှုပ်ရှားနိုင်စွမ်းနဲ့ နှလုံးကျန်းမာရေးတို့ကို အထောက်အကူ ဖြစ်စေပြီး အဆစ်အမြစ်နာခြင်းအတွက် အကျိုးရှိစေပါတယ်။
ရေဓာတ်ဖြည့်ပေးခြင်း - အရိုးများ တစ်ခုနဲ့တစ်ခု ပွတ်တိုက်ခြင်းမှ ကာကွယ်ပေးတဲ့ အဆစ်နားတဝိုက်မှ အရည်များထုတ်လုပ်နိုင်အောင် ပုံမှန်ရေဓာတ် ဖြည့်ပေးဖို့လိုအပ်ပါတယ်။
အကိုက်အခဲပျောက်ဆေး ရှောင်ရှားခြင်း - အက်ဆီတမီနိုဖန်နဲ့ အိုင်ဗျူပရိုဖန်တို့လို ဆေးတွေက နာကျင်မှုကို ခဏတာ သက်သာစေနိုင်ပေမယ့် ကျန်းမာရေးပညာရှင်နဲ့ တိုင်ပင်ပြီးမှသာ အသုံးပြုသင့်ပါတယ်။
အာယုဗေဒဆေးနည်းလမ်းများ ရှောင်ရှားခြင်း - အဆစ်အမြစ်နာခြင်းအတွက် အာယုဗေဒ ဆေးနည်းလမ်းများ အသုံးမပြုဖို့ကိုလည်း အကြံပြုချင်ပါတယ်။
#World_Health #အဆစ်အမြစ်နာကျင်ခြင်း #သက်သာစေမည့်နည်းလမ်းများ #Source: India Today
ရှန်ဟိုင်းဒစ္စနေအပန်းဖြေစခန်းမှာ ကမ္ဘာ့ပထမဆုံး ဇူတိုးပီးယားနေရာကို အင်္ဂါနေ့က ဖွင့်လှစ်လိုက်ပြီး လာရောက်တဲ့ဧည့်သည်တွေအနေနဲ့ ကာတွန်းရုပ်ရှင်တွေထဲက ဇာတ်ကောင်များကို အနီးကပ်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
#World_Entertainment
Published 22 December 2023
#Zootopiaကာတွန်းရုပ်ရှင် #ရှန်ဟိုင်းဒစ္စနေအပန်းဖြေစခန်း
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published 22 December 2023
၁။ ပြည်တွင်းစက်သုံးဆီ ဓါတ်ဆီတစ်လီကျပ် ၁၀၀ကျော်နှင့် ဒီဇယ်တစ်လီတာကျပ် ၂၀၀ကျော်အထိ ဈေးမြင့်တက်
၂။ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများမှ ဆယ်တန်းဖြေမည့်သူအများဆုံး တစ်သောင်းကျော်ရှိနိုင်ဟုဆို
၃။ အခမဲ့ စက်ချုပ်သင်တန်းတက်ရောက်သည့် ထူးချွန်သူများအား အပ်ချုပ်စက်တစ်လုံးစီ ပံ့ပိုးပေးမည်
၄။ Zootopia ကာတွန်းရုပ်ရှင်နောက်ခံပြုပထမဆုံးဥယျာဥ် ရှန်ဟိုင်းဒစ္စနေအပန်းဖြေစခန်းတွင်ဖွင့်လှစ်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
‘‘ဇန်နဝါရီလ ၁၁ ရက်မှာ တိုင်းရင်းသားကျေးရွာမှာ ကရင်နှစ်သစ်ကူးပွဲတော်ကျင်းပသွားဖို့ရှိပြီး မနက်ပိုင်းမှာ အလံတင် အခမ်းအနားနဲ့ ရိုးရာယဉ်ကျေးမှုပွဲတော်တွေကျင်းပသွားမှာဖြစ်ပြီး တိုင်းရင်းသားရေးရာဝန်ကြီးတွေ၊ ကရင်တိုင်းရင်းသားတွေနဲ့ အခြားတိုင်းရင်းသားတွေပါဝင်ဆင်နွဲကြဖို့ရှိတယ်’’ ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဌ၊ ပွဲတော်ကျင်းပရေး ကော်မတီဝင်ဦးမန်းသန်းဝင်း
#Local_News
Published 22 December 2023
#ကရင်နှစ်သစ်ကူးပွဲတော် #တိုင်းရင်းသားကျေးရွာ
#tthl #Yangon_Times
ထိုင်းနိုင်ငံသို့ MOU မြန်မာအလုပ်သမားစေလွှတ်ရာမှာ မြဝတီ-မဲဆောက်လမ်းနဲ့ ကော့သောင်း-ရနောင်းလမ်းတို့ကနေ ပုံမှန်စေလွှတ်လျက်ရှိရာ ဒီဇင်ဘာ ၁၉ရက်ကစပြီး မြဝတီ -မဲဆောက်လမ်းကို ယာယီရပ်နားထားမည်ဖြစ်ကာ ကော့သောင်း-ရနောင်းလမ်းကနေစေလွှတ်မှုကတော့ ပုံမှန် အတိုင်းစေလွှတ်သွားမယ်လို့ အလုပ်သမားဝန်ကြီးဌာနထံက သိရပါတယ်။
#Local_News
Published 22 December 2023
#မြဝတီ-မဲဆောက်လမ်း #ကော့သောင်း-ရနောင်းလမ်း #MOUမြန်မာအလုပ်သမား
#YMG/LW #Yangon_Times
'ထူးချွန်တဲ့သင်တန်းသားတွေကိုရွေးချယ်ပြီး အပ်ချုပ်စက်ထောက်ပံ့ပေးသွားမှာပါ၊ သင်ပေးလိုက်တဲ့ပညာနဲ့ တစ်နိုင်တစ်ပိုင်စီးပွားရေးပြန်လည်လုပ်ကိုင်မယ့်သူကို ဦးစားပေးရွေးချယ်သွားပါမယ် '
#Local_News
Published 22 December 2023
#အခမဲ့စက်ချုပ်သင်တန်း #အပ်ချုပ်စက်တစ်လုံးစီပံ့ပိုးပေး
#YMG/NN #Yangon_Times
#Local_News
Published 22 December 2023
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်မှ Taxi ကားလုပြေးသူအား အငှားယာဉ်များမှ လိုက်လံဖမ်းဆီးကြရာ တာမွေမြို့နယ်၌ ဖမ်းမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ ည (၉) နာရီအချိန်ခန့်က စမ်းချောင်းမြို့နယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး Taxi မောင်းသူအား ဓါ-းဖြင့်ထောက်ကာ ကားပေါ်မှကန်ချခဲ့ပြီး ကားမောင်းပြေးသွားခဲ့ရာ အခြား Taxi ယာဉ်မောင်းများက နောက်မှလိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မောင်းပြေးသည့်ကားသည် တာမွေမြို့နယ်၊ သမိန်ဗရမ်းလမ်းထိပ်တွင် လိုင်းကားနှင့် တိုက်မိပြီးရပ်သွားသည့်အတွက် ကားလုယက်သူကိုဖမ်းမိခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များထံ အပ်နှံခဲ့ပြီး လိုအပ်သည့် အရေးယူမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
#Local_News #တက်စီကားလုပြေးသူ #လိုက်လံဖမ်းဆီး #YMG/NN #Yangon_Times
#Local_News
Published 22 December 2023
ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံနှင့် ပြောင်း ပို့ကုန်ရငွေ ၇၀ ရာခိုင်နှုန်းကို စက်သုံးဆီတင်သွင်းခြင်းအတွက် သုံးစွဲခွင့်ပြုသွားမည်ဖြစ်ကြောင်းကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ၏ ထုတ်ပြန်ချက်အရသိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အကောက်ခွန်ဦးစီးဌာနမှ ပေးပို့လာသော ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ နှင့်ပြောင်း တင်ပို့သည့် ကုမ္ပဏီတစ်ခုချင်း၏ ပို့ကုန်ကြေညာလွှာ (Export Declaration) စာရင်းများကို သက်ဆိုင်ရာ AD လိုင်စင်ရဘဏ်များသို့ ပေးပို့သွားမည်ဖြစ်ကြောင်း၊ ကုန်စည်တင်ပို့သူသည် ကုမ္ပဏီ၏ ပို့ကုန်ကြေညာလွှာ (Export Declaration) အရ သတ်မှတ်ရက်အတွင်း ဝင်ရောက်လာသည့် ပို့ကုန်ရငွေ၏ ၃၀% အနက်မှ ၃၅ % ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲလှယ်နှုန်းဖြင့် AD လိုင်စင်ရဘဏ်များက မြန်မာကျပ်ဖြင့် တစ်ရက်အတွင်းလဲလှယ်ပေးမည်ဖြစ်ပြီး၊ ၆၅% အား နိုင်ငံခြားငွေကြေးဈေးကွက် (Online Trading Platform) တွင် ဖြစ်ပေါ်နေသော ဈေးကွက်ပေါက်ဈေးဖြင့် AD လိုင်စင်ရဘဏ်များတွင် ရောင်းချရမည်ဖြစ်ပြီး ကျန်ပို့ကုန်ရငွေ ၇၀% ကို သွင်းကုန်(စက်သုံးဆီ)တင်သွင်းခြင်းအတွက် ပြည်ပသို့ပေးချေရန် ကုမ္ပဏီ၏ နိုင်ငံခြားငွေစာရင်းတွင် ထည့်သွင်းထားရှိပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုမ္ပဏီမှကိုယ်တိုင် စက်သုံးဆီတင်သွင်းခြင်းဖြစ်ပါက သွင်းကုန်အတွက်ပေးချေရာတွင် ကုမ္ပဏီ၏ နိုင်ငံခြားငွေစာရင်းရှိ အဆိုပါ ပို့ကုန်ရငွေ ၇၀ % မှ ပေးချေရန်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် စက်သုံးဆီတင်သွင်းသော ကုမ္ပဏီသို့ နိုင်ငံခြားငွေ (ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံနှင့် ပြောင်း တင်ပို့ခြင်းမှ ရရှိထားသော ပို့ကုန်ရငွေ ၇၀%) အားရောင်းချမည်ဆိုပါက သက်ဆိုင်ရာ AD လိုင်စင်ရ ဘဏ်များမှ Online Trading Platform တွင် တင်ပြ၍ အရောင်းအဝယ်ဆောင်ရွက်ရမည်ဖြစ်ပြီး ရောင်းချသူ၏ နိုင်ငံခြားငွေစာရင်းမှ ဝယ်ယူသူ၏ နိုင်ငံခြားငွေစာရင်းသို့ လွှဲပြောင်းပေးရန်နှင့် မတူညီသောဘဏ်များ အကြား လွှဲပြောင်းခြင်းကိုလည်း ဆောင်ရွက်နိုင်ကြောင်း သိရသည်။
စက်သုံးဆီတင်သွင်းမည့်ကုမ္ပဏီမှ လိုင်စင်လျှောက်ထားရာတွင် ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံနှင့်ပြောင်း တင်ပို့ရာမှ ပို့ကုန်ရငွေရရှိထားကြောင်း (သို့မဟုတ်) ဆန်၊ဆန်ကွဲ၊ ပဲမျိုးစုံနှင့်ပြောင်း တင်ပို့သည့် ကုမ္ပဏီမှ ပို့ကုန်ရငွေအား ဝယ်ယူထားကြောင်း အထောက်အထားအဖြစ် AD လိုင်စင်ရဘဏ်များမှ ထုတ်ပေးသည့် Credit Advice နှင့် Bank Statement မူရင်းအား တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
#Local_News #ပို့ကုန်ရငွေ၇၀ရာခိုင်နှုန်း #စက်သုံးဆီတင်သွင်းခြင်း #YMG/ NN #Yangon_Times
‘‘ရန်ကုန်မှာ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း(၂၀၀)ခန့်နဲ့ တစ်နိုင်ငံလုံးမှာ ပုဂ္ဂလိကကိုယ်ပိုင် ကျောင်းစုစုပေါင်းတစ်ထောင်ခန့်ရှိပြီး Grade12 ဆယ်တန်းဖြေဆိုမယ့်သူတွေက ထောင်ဂဏာန်းမှ သောင်းဂဏာန်းလောက်အထိသာရှိနိုင်ပါတယ်”
မြန်မာနိုင်ငံကိုယ်ပိုင်ကျောင်းများအသင်း ဥက္ကဌဦးနေအုပ်
#Local_News
Published 22 December 2023
#ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း #Grade12တန်းဖြေဆိုမယ့်သူ
#tthl #Yangon_Times
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ဒီဇင်ဘာ ၂၂ရက်ဈေးနှုန်း သတ်မှတ်ချက်အရ ဓါတ်ဆီတစ်လီတာကို ယခင်တပတ်ထက်ကျပ် ၁၀၀ကျော်ဈေးမြင့်ခဲ့ပြီး ဒီဇယ်တစ်လီတာမှာ ကျပ် ၂၀၀ ကျော်အထိ ဈေးမြင့်လာတာ တွေ့ရပါတယ်။
#Local_News
Published 22 December 2023
#စက်သုံးဆီတင်သွင်း #ပြည်တွင်းစက်သုံးဆီဓါတ်ဆီ
#YMG/LW #Yangon_Times
#Local_News
Published 22 December 2023
တိုင်းရင်းဆေးဆရာများကို ဆေးကုသခွင့်လိုင်စင်များထုတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီမှသိရသည်။
(၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကို တက်ရောက်လာသည့် မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ဥက္ကဌဦးမြင့်ဦး၏ပြောကြားချက်အရသိရခြင်းဖြစ်သည်။
‘‘ယခုညီလာခံမှာ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီအဖွဲ့ဝင်တွေ ပါဝင်တက်ရောက်ခဲ့ပါတယ်။ ညီလာခံ အကြိုအနေနဲ့ ဆောင်ရွက်တဲ့ ကွင်းဆင်းဆေးကုသမှုတွေမှာလည်း ကောင်စီက ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ညီလာခံအကြိုအနေနဲ့ ဆောင်ရွက်တဲ့ ကွင်းဆင်းဆေးကုသမှုတွေမှာလည်း မြန်မာနိုင်ငံတိုင်းရင်းဆေး ကောင်စီကပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။အဆို၊အထောက်ဆွေးနွေးမှုတွေမှာလည်း ပါဝင်ဆွေးနွေးမှုတွေ ဆောင်ရွက်ပါတယ်။ လက်ရှိအနေနဲ့ တိုင်းရင်းဆေးဖွံ့ဖြိုးတိုးတက်ဖို့ နိုင်ငံအတွင်းမှာရှိတဲ့ တိုင်းရင်းဆေးဆရာ တွေကိုကုသခွင့်လိုင်စင်တွေ ထုတ်ပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ တိုင်းရင်းဆေးဆရာ သက်တမ်းတိုးခြင်း လုပ်ငန်းတွေကိုလည်း ပုံမှန်ဆောင်ရွက်ပေးနေပါတယ်”ဟုမြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ဥက္ကဌဦးမြင့်ဦး ကပြောသည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းဆေးတက္ကသိုလ်ကြီးကို ၂၀၀၂ခုနှစ်ပညာသင်နှစ်ကနေဖွင့်လှစ်ခဲ့ရာ ယခုဆိုရင် (၂၁) နှစ်ရှိပြီဖြစ်ပြီး တိုင်းရင်းဆေးပညာဘွဲ့ရများ၊တိုင်းရင်းဆေးပညာမဟာဘွဲ့၊Ph.Dအထိပေးလျက်ရှိကြောင်း သိရသည်။
ကျောင်းပြီးသွားသူများအနေဖြင့် ကိုယ်ပိုင်တိုင်းရင်းဆေးခန်း၊ဆေးရုံဖွင့်နိုင်ခြင်း၊ကိုယ်ပိုင်ဆေးဝါးထုတ်လုပ်ဖြန့်ဖြူး ရောင်းချနိုင်ခြင်း၊တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းများတွင် ကြီးကြပ်သူ၊အရည်အသွေးစစ်သူ၊သုတေသီများ အဖြစ်ဆောင်ရွက်နိုင်ခြင်း၊တိုင်းရင်းဆေးတက္ကသိုလ်တွင်သင်ကြားရေးဆရာ၊ဆရာမများအဖြစ်လည်းကောင်း ၊တိုင်းရင်းဆေးပညာဦးစီးဌာန၏ကုသရေးတိုင်းရင်းဆေးရုံ၊ဆေးခန်းများတွင် ဆရာ၊ဆရာမများအဖြစ်လည်း ကောင်း၊သုတေသီများအဖြစ်လည်းကောင်း၊ပြည်တွင်း၊ပြည်ပတွင်ဆေးပညာဆိုင်ရာဘွဲ့လွန်များဆက်လက် ဆည်းပူခွင့်ရှိမည်ဖြစ်ကြောင်းကို တိုင်းရင်းဆေးတက္ကသိုလ်၊ပါမောက္ခချုပ်ဦးသိန်းဇော်လင်း၏ပြောကြားချက် အရသိရသည်။
#Local_News #တိုင်းရင်းဆေးဆရာများ #ဆေးကုသခွင့်လိုင်စင်ထုတ်ပေး #tthl #Yangon_Times
Page 981 of 2057