#World_Health
Published 24 December 2023
အရောင်တွေကို ခွဲခြားပြီး မမြင်နိုင်တဲ့ အခြေအနေကို ကာလာဘလိုင်းလို့ ခေါ်ကြပါတယ်။
များသောအားဖြင့် အစိမ်းရောင်တွေ၊ အနီရောင်တွေ ရံဖန်ရံခါ အပြာရောင်တွေကို ခွဲခြားဖို့ ခက်ခဲလေ့ရှိတယ်လို့ မယ်ရီလန်း အမေရိကန် မျက်စိကျွမ်းကျင်အကယ်ဒမီမှ နာတာရှာဟာ့ဇ်က ပြောပြသွားပါတယ်။
မျက်ကြည်လွှာထဲက ဆဲလ်တစ်မျိုးဟာ အလင်းကိုအာရုံခံပြီး ဝင်လာတဲ့အရောင်တွေကို ဦးနှောက်ကနေ ဆုံးဖြတ်ပေးတယ်လို့ ပြောပြပါတယ်။
ထိုဆဲလ်တွေထဲက တစ်ခုခု မရှိတာမျိုး၊ အလုပ်မလုပ်တာမျိုး၊ ပုံမှန်ထက်ကွဲပြားပြီး အရောင်အာရုံခံတာမျိုးတို့မှာ အရောင်တွေကို ခွဲခြားပြီး မမြင်နိုင်တော့ပါဘူး။
အစိမ်း၊ အနီ၊ အပြာဆဲလ် ၃ ခုစလုံး မရှိဘူးဆိုရင်တော့ ကာလာဘလိုင်း အခြေအနေ ပြင်းထန်ပါတယ်။
သာမန်ကာလာဘလိုင်း ဖြစ်သူတွေကတော့ အလင်းရောင်ကောင်းတဲ့နေရာမှာ အရောင်တွေကို သာမန်အတိုင်း မြင်နိုင်ပေမယ့် အလင်းမှိန်တဲ့နေရာမှာတော့ မြင်နိုင်ရန် ခက်ခဲလေ့ရှိပါတယ်။
ကာလာဘလိုင်း အဆိုးဆုံးခံစားရသူတွေက အရာရာတိုင်းကို မီးခိုရောင်အသွင်အပြင်သာ မြင်ရလေ့ရှိပြီး ဒါကတော့ အဖြစ်နည်းပါတယ်။
အရောင်မခွဲခြားနိုင်ခြင်းဟာ မျက်စိနှစ်ဖက်စလုံးမှာ တူညီစွာဖြစ်ပွားပြီး တစ်သက်လုံး ခံစားရပါတယ်။
ကာလာဘလိုင်းဖြစ်တဲ့ လူအများစုဟာ များသောအားဖြင့် မွေးကတည်းက ပါလာကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် အမျိုးသားတွေက ကာလာဘလိုင်းဖြင့် မွေးဖွားနိုင်ခြေ ပိုများနေပါတယ်။
ခန့်မှန်းခြေအားဖြင့် အမျိုးသား ၁၀ ဦးမှာ ၁ ဦးနှုန်းက ကာလာဘလိုင်း ဖြစ်တတ်ပြီး ဥရောပမြောက်ပိုင်းလူမျိုး အမျိုးသားတွေမှာ ပိုမိုအဖြစ်များပါတယ်။
အသက်အရွယ် နောက်ပိုင်းမှာမှ အချိုု့သော ရောဂါတွေ၊ ဆေးဝါးတွေ၊ မျက်စိထိခိုက်တာတွေကြောင့် အရောင်မခွဲခြားနိုင်တာမျိုးလည်း ရှားရှားပါးပါး ဖြစ်တတ်ပါတယ်။
ခံစားရတတ်တဲ့ လက္ခဏာအနေနဲ့ အရောင်တွေနဲ့ အလင်းအမှောင်တွေကို သာမန်အတိုင်း ခွဲခြားခြင်းမလုပ်နိုင်တာမျိုး ဖြစ်ပါတယ်။
မွေးကတည်းက အရောင်မခွဲခြားနိုင်သူတွေဟာ အသက်အန္တရာယ် မရှိတတ်ပေမယ့် ပုံမှန်အတိုင်း အသက်ရှင်နေထိုင်သွားနိုင်ပါတယ်။
ဒါပေမဲ့ မီးပွိုင့်တွေလို အရောင်ခွဲခြားသတ်မှတ်ထားတဲ့ ကိစ္စတွေမှာ အခက်အခဲ ဖြစ်နိုင်ပါတယ်။
ကာလာဘလိုင်း အဆိုးရွားဆုံး အခြေအနေ မဟုတ်ရင်တော့ အမြင်အာရုံသိရှိမှုကို မသက်ရောက်နိုင်ပါဘူး။
ကာလာဘလိုင်းရှိမရှိကို စမ်းသပ်နိုင်တဲ့ စစ်ဆေးနည်းများရှိပါတယ်။
မွေးရာပါ အရောင်မခွဲခြားနိုင်ခြင်းအတွက် အခုအချိန်ထိ ကုသနည်း မရှိသေးပါဘူး။
#World_Health #အရောင်မခွဲခြားနိုင်ခြင်း #ကုသနည်းမရှိ #Source: New York Post
"ဆရာတော်ကြီးကသူ့ကျောင်းမှာမဟုတ်ဘူး။ သူများကျောင်းမှာ တရာသွားဟောရင်း ရုတ်တရတ်ပျံလွန်တော်မူသွားတာ၊ သက်တော်(၇၆)နှစ်ရှိပြီ၊ ရောဂါအခံရှိမရှိတော့ ကျွန်တော်တို့လည်း မသိရသေးဘူး။ သူ့ကျောင်းမှာပဲ ဈာပနလုပ်မှာ" သံဖြူဇရပ်မြို့နယ်ရှိလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦး
#Local_News
Published 24 December 2023
#တရားဟောရင်းပျံလွန်တော်မူ #သံဖြူဇရပ်မှဆရာတော်ကြီး၏စျာပန
#tthl #Yangon_Times
#World_Health
Published 24 December 2023
ညမအိပ်ခင် သွားတိုက်ခြင်းဟာ အရေးပါတဲ့ နေထိုင်မှုပုံစံတစ်ခု ဖြစ်ပေမယ့် လူအများပြုလုပ်ဖို့လည်း ခက်ခဲနေတတ်ပါတယ်။
ခံတွင်းကျန်းမာရေးကို လုံးဝလျစ်လျူရှုထားတာ မဟုတ်ပေမယ့် လူအများအပြားက ညဘက်သွားခြင်းကို ဂရုမစိုက်ကြပါဘူး။
လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်က ၇၀ ရာခိုင်နှုန်းသော အိန္ဒိယလူမျိုးတွေဟာ ပျင်းရိမှုကြောင့် ညဘက်သွားမတိုက်ဖြစ်ကြဘူးလို့ ပညာရှင်များ ခန့်မှန်းလိုက်ပါတယ်။
အခုအခါမှာတော့ အိန္ဒိယလူမျိုး ၄၅ ရာခိုင်နှုန်းကသာ တစ်နေ့ကို သွား ၂ ကြိမ်တိုက်နေကြပါတယ်။
လူ ၁၀ ယောက်မှ ၉ ယောက်လောက်က သွားပိုးစားခြင်းခံစားနေရတာက နေ့စဥ်နဲ့အမျှ ခံတွင်းကျန်းမာရေး စောင့်ရှောက်မှု မလုံလောက်ဘူးဆိုတာကို ညွှန်ပြနေကြောင်း အိန္ဒိယပြည်သူ့ သွားကျန်းမာရေးအဖွဲ့မှ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာဗန်စီခရစ္စနာရက်ဒီက ပြောပြသွားပါတယ်။
ညဘက်သွားမတိုက်ဖြစ်တာက အသိမရှိလို့ဆိုတာထက် ပျင်းရိမှုကြောင့် ဖြစ်နေပါတယ်။
ညဘက်သွားမတိုက်ပါက ခံတွင်းကျန်းမာရေး အမျိုးမျိုး ဖြစ်နိုင်ကြောင်း၊ တစ်နေကုန်စားထားတဲ့ အစာတွေ ဘက်တီးရီးယားတွေက သွားကြားထဲမှာ စုပြုံလာပြီး ကြွေလွှာတွေကို ပျက်စီးစေတဲ့ အက်ဆစ်တွေ ထုတ်လုပ်ကြကြောင်း ဒေါက်တာက ပြောပြပါတယ်။
ဒါ့အပြင် ညအိပ်နေစဥ် တံတွေးထုတ်လုပ်မှု နည်းပါးကာ ဘက်တီးရီးယား ပေါက်ဖွားလာပြီး ခံတွင်းနံ့ဆိုးစေနိုင်ပါတယ်။
သွားဖုံးမှာ အညစ်အကြေးတွေ စုပြုံလာပြီး ရောင်ရမ်းခြင်းနဲ့ ရောဂါကူးစက်ခြင်းတို့ ဖြစ်လာကာ အမျိုးမျိုးသောရောဂါများ ဖြစ်လာနိုင်ပါတယ်။
ခံတွင်းသန့်ရှင်းရေးကို လျစ်လျူရှုမိတဲ့အခါ နှလုံးရောဂါဖြစ်နိုင်ခြေပါ များလာတယ်လို့ မကြာသေးမီက တွေ့ရှိထားပါတယ်။
တစ်နေ့ ၂ ကြိမ်သွားတိုက်ဖြစ်စေမယ့် နည်းလမ်းများကတော့..
- ခံတွင်းကျန်းမာရေးကို စောင့်ရှောက်ကြဖို့ ပညာရှင်များအနေနဲ့ တိုက်တွန်းသင့်ပါတယ်။
- ငယ်ရွယ်စဥ်ကတည်းက တစ်နေ့ ၂ ကြိမ်သွားတိုက်ရန် အရေးကြီးကြောင်းကို စာသင်ကျောင်းတွေမှာ ပညာပေးရပါမယ်။
- ခံတွင်းကျန်းမာရေးအကြောင်း သတိထားမိစေရန် အလုပ်ခွင်တွေနဲ့ ပတ်ဝန်းကျင်နေရာတွေမှာ အခမဲ့ခံတွင်းစမ်းသပ်ခြင်းများ ချမှတ်သင့်ပါတယ်။
- ညမအိပ်ခင် သွားတိုက်ဖို့အတွက် နာရီသံပတ်ပေးခြင်း နည်းလမ်းကိုလည်း အသုံးပြုသင့်ပါတယ်။
#World_Health #ညဘက်သွားတိုက်ခြင်း #ခံတွင်းကျန်းမာရေးအရေးကြီးပုံ Source: India Today
တူရကီနိုင်ငံမှာ ငွေကြေးဖောင်းပွနေပြီး တိုင်းပြည်ငွေတန်ဖိုး လျော့ကျနေတာကြောင့် နေထိုင်စရိတ် မြင့်တက်နေကာ တူရကီလူမျိုးတွေဟာ ဖိနပ်အသစ်ဝယ်ယူဖို့ထက် ဖိနပ်ဟောင်းတွေကိုပဲ ဖိနပ်ချုပ်ဆိုင်တွေမှာ ပြုပြင်လာကြပါတယ်။
#World_Economy
Published 23 December 2023
#ငွေကြေးဖောင်းပွမှုမြင့်မားလာ #ဖိနပ်ချုပ်ဆိုင်များအလုပ်
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published 23 December 2023
၁။ စက်သုံးဆီအခက်အခဲကြောင့် နယူးရီးယားတွင် အဖွဲ့လိုက်ကားငှားပြီး ပုဂံလာမည့်သူနည်းပါးမည်ကိုစိုးရိမ်
၂။ မူဆယ်မြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် တရုတ်သို့၀င်ထွက်ခွင့်(TBP)ကတ် အတွက် ရက်ချိန်းတုံကင်လာယူသူ အလွန်များပြားနေဟုဆို
၃။ အိန္ဒိယကမြန်မာ့ပဲတန်ချိန် တစ်သန်းကျော်နှစ်လအတွင်း ဝယ်ယူရန်သတင်းများထွက်ပေါ်နေ သော်လည်းတရားဝင်အကြောင်းကြားလာခြင်းမရှိသေးဟုဆို
၄။ တူရကီနိုင်ငံငွေကြေးဖောင်းပွမှုမြင့်မားလာခြင်းကြောင့် ဖိနပ်ချုပ်ဆိုင်များအလုပ်ဖြစ်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
'လာမယ့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလအတွင်း အိန္ဒိယအစိုးရက မြန်မာ့ပဲစဉ်းငုံတန်ချိန် (၄) သိန်းနဲ့ မတ်ပဲတန်ချိန် (၁)သန်း ဝယ်ယူတင်သွင်းဖို့ ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် တရားဝင်ဝယ်ဖို့ရှိတယ်ဆိုရင် ကျွန်တော်တို့ စီးပွားကူးသန်းကစာထွက်ပေးပါလိမ့်မယ်၊ အခုကဟိုဘက်ကနေတရားဝင်ထွက်မပေးသေးတဲ့အတွက်ကြောင့် ဒီဘက်ကလည်းထွက်မပေးသေးပါဘူး၊ ဒီဘက်နဲ့ g to g ညှိတာမျိုးမရှိသေးပါဘူး၊ ပုံမှန်အတိုင်းဆိုမတ်ပဲဘယ်လောက်ဝယ်မယ်ဆိုတာရှိတယ်လေ၊ ဒီနှစ်ကမရှိသေးပါဘူး'
#Local_News
Published 23 December 2023
#မြန်မာ့ပဲစဉ်းငုံ #စီးပွားကူးသန်း
#YMG/NN #Yangon_Times
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း ဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေနဲ့ အခြားအကြောင်းအမျိုးမျိုး ကြောင့် တရုတ်နိုင်ငံကို ရက်တို၀င်ထွက်ခွင့်ရရှိတဲ့ ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ် (TBP)ကတ်အတွက် ရက်ချိန်း တုံကင်လာယူတဲ့သူ အလွန်များနေတယ်လို့ မူဆယ်ဒေသခံ ပြည်သူတွေထံက သိရပါတယ်။
#Local_News
Published 23 December 2023
#ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် #ရက်ချိန်းတုံကင်ယူသူအလွန်များ
#YMG/LW #Yangon_Times
"နယူးရီးယားမှာ ပုဂံကိုမိသားစုလိုက်သူငယ်ချင်းအဖွဲ့လိုက် လာရောက်ကြပေမယ့်လည်း အခုနှစ်မှာတော့ စက်သုံးဆီအခက်အခဲကြောင့် လာရောက်မယ့်သူ နည်းပါးနိုင်တယ်"ပုဂံဟိုတယ်လုပ်ငန်းရှင်များအသင်းဥက္ကဌဦးဇော်ဝိတ်
#Local_News
Published 23 December 2023
#စက်သုံးဆီအခက်အခဲ #ပုဂံဘုရားဖူးထွက်မည့်သူနည်း
#tthl #Yangon_Times
#Local_News
Published 23 December 2023
အာခါရိုးရာ၊ ကချင်ရိုးရာတိုင်းရင်းဆေး၊ အပူကျဆေး၊ အရေပြားရောဂါပျောက်ဆေးများနှင့် ဇာတိပ္ဖိုလ်ပင်များအကြောင်းကိုစာတမ်းဖတ်ခဲ့ကြောင်း သိရသည်။
(၂၂)ကြိမ်မြောက်မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ ဒုတိယနေ့တွင်အဆိုပါ အာခါရိုးရာတိုင်းရင်းဆေး၊ အပူကျဆေး၊ ဇာတိပ္ဖိုလ်ပင်များအကြောင်းအပါအဝင် စာတမ်း(၁၀)ခုဖတ်ကြားခဲ့ကြောင်း သိရသည်။
တိုင်းရင်းသားများနှင့်ပတ်သက်သည့်တိုင်းရင်းဆေးများအဖြစ် ရှမ်းပြည်နယ်၊ကျိုင်းတုံမှ “အာခါရိုးရာတိုင်းရင်းသားတို့၏ ကျန်းမာရေးဆိုင်ရာ ရိုးရာဓလေ့များနှင့် ကြီးရွှေကုသမှုကို လေ့လာခြင်း”၊ကချင်ပြည်နယ်မှ ညီလာခံကိုယ်စားလှယ် ဦးတန်လီက “ကချင်တိုင်းရင်းသားများ မိရိုးဖလာအသုံးပြုခဲ့သည့် ဆေးဖက်ဝင်အပင်များ” ခေါင်းစဉ်တို့ဖြင့် စာတမ်းများဖတ်ခဲ့ကြသည်။
ရှမ်းပြည်နယ် ကျိုင်းတုံမှ ညီလာခံကိုယ်စားလှယ် ဦးမင်းဟန်နှင့် အဖွဲ့က “အာခါရိုးရာတိုင်းရင်းသားတို့၏ ကျန်းမာရေးဆိုင်ရာ ရိုးရာဓလေ့များနှင့် ကြီးရွှေကုသမှုကို လေ့လာခြင်း”ခေါင်းစဉ်ဖြင့်ဖတ်ကြားခဲ့သည်။
မန္တလေးတိုင်းဒေသကြီးမှ ညီလာခံကိုယ်စားလှယ် ပါမောက္ခ ဦးဝင်းစိုးက “ကိုယ်တွေ့အာယုဗ္ဗေဒ ကုထုံးများလာ လိုတိုင်းရ အပူကျဆေးကို စာပေသုတေသန အမြင်ဖြင့် လေ့လာခြင်း”ခေါင်းစဉ်ဖြင့်ဖတ်ကြားခဲ့သည်။
တိုင်းရင်းဆေးတက္ကသိုလ်မှ ညီလာခံကိုယ်စားလှယ် ဒေါ်ကေသီမာက “သတ္တုအကြောင်းသိကောင်းစရာ”၊မကွေးတိုင်းဒေသကြီးမှ ကိုယ်စားလှယ် ဒေါ်မြင့်မြင့်ကြည်က “ဆီးဖြူနှင့် ရသာယနသတ္တိ”၊
တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဒေါ်နေနေနိုင်ရည်က “ဝိဇ္ဇာဓရနယ ဆေးပညာရပ်၌ အကျုံးဝင်သည့် နဝရတ်ကိုးပါး၏ ဂုဏ်စွမ်းအားများသည် လူသားတို့၏ လောကီရေးရာနှင့် ကျန်းမာရေးအတွက် တိုက်ရိုက်ဆက်စပ်အကျိုးကျေးဇူးရှိနေခြင်းကို တိုင်းရင်းဆေးပညာနှင့်ယှဉ်တွဲပြီး စာပေအထောက်အထားများအရ လေ့လာတင်ပြခြင်းအား ဖော်ထုတ် လေ့လာခြင်း” ခေါင်းစဉ်တို့ဖြင့် စာတမ်းများဖတ်ကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီးမှ ဒေါ်ခင်မျိုးဆွေနှင့်အဖွဲ့က “ငန်းဖျားရောဂါအား လေ့လာခြင်း”၊
ရန်ကုန်တိုင်းဒေသကြီးမှ ဒေါ်မေသန်းမြင့်ထွေးနှင့် အဖွဲ့က “အရေပြားရောဂါ (ဝဲ၊ ယားနာ၊ ပွေး၊ ဒက်၊ အနာစက်) ၌ ဆေးအမှတ် (၆) ၊ ဆေးအမှတ် (၂၁) နှင့် အုန်းဆီတို့ ပေါင်းစပ်လိမ်းကျံစေခြင်းဖြင့် သက်သာ ပျောက်ကင်းမှုအား လေ့လာခြင်း”၊
တိုင်းရင်းဆေးတက္ကသိုလ်မှ ဒေါ်ခိုင်ဇာလင်းနှင့် အဖွဲ့က “အနာပေါက်ရောဂါကုထုံးအစဉ်များမှ အနာတင်ဆေးအဖြစ် အသုံးပြုသော အသားနုတက် ဖယောင်းချက်အားလေ့လာခြင်း”၊
ရန်ကုန်တိုင်းဒေသကြီးမှ ညီလာခံကိုယ်စားလှယ် ဒေါ်ဇာဇာဌေး (မှန်ချို) က “တိုးချဲ့စိုက်ပျိုး ထိန်းသိမ်းသင့်သော ဆေးဖက်ဝင် ဇာတိပ္ဖိုလ်ပင်”၊
ကချင်ပြည်နယ်မှ ညီလာခံကိုယ်စားလှယ် ဦးတန်လီက “ကချင်တိုင်းရင်းသားများ မိရိုးဖလာအသုံးပြုခဲ့သည့် ဆေးဖက်ဝင်အပင်များ” ခေါင်းစဉ်တို့ဖြင့် စာတမ်းများ ဖတ်ကြားကြပြီး နှီးနှောဖလှယ်ပွဲ တက်ရောက်လာ ကြသူများက စာတမ်းများနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးအကြံပြုကြကာ ပညာရပ်များ နှီးနှောဖလှယ်ကြသည်။
မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ ပိတ်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးက သဘာပတိအဖြစ် ဆောင်ရွက်ပြီး (၂၂) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲတွင် သဘာပတိနှင့် သဘာပတိအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ပေးခဲ့ကြသူများ၊ စာတမ်းရှင်များ၊ ဝိုင်းဝန်းပံ့ပိုးကူညီဆောင်ရွက်ပေးကြသော တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်းသိရသည်။
#Local_News #အာခါရိုးရာ #ကချင်ရိုးရာတိုင်းရင်းဆေး #အရေပြားရောဂါပျောက်ဆေး #tthl #Yangon_Times
#Local_News
Published 23 December 2023
ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၉၇ ဦးကို နေရပ်သို့ပြန်ပို့ခဲ့ကြောင်း ရနောင်းခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဌာန သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဒီဇင်ဘာ ၂၂ရက်နေ့လည်ပိုင်းက ရနောင်းမြို့မှ ကော့သောင်းမြို့ကို ပြန်ပို့ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့မှာ ထိုင်းနိုင်ငံတောင်ပိုင်းရှိ အချုပ်ထောင်များတွင် ပြစ်ဒဏ်ကျခံပြီးတာကြောင့် ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံဘက်ကို ပြန်ပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာအလုပ်သမားများကို ရနောင်းမြို့ကနေ စက်လှေဖြင့် ကော့သောင်းမြို့သို့ ပြန်ပို့ပေးခဲ့ပြီး အမျိုးသမီး ၃၃ ဦးနဲ့ အမျိုးသား ၆၄ ဦး ပါဝင်ကြောင်း သိရသည်။
ကော့သောင်းမြို့သို့ ရောက်လာသည့် မြန်မာနိုင်ငံသားများ ကို ဒေသအာဏာပိုင်များက ကိုဗစ်-၁၉ စစ်ဆေးပြီး ကိုယ်ရေးအချက်အလက်စစ်ဆေးခြင်းအသိပညာပေးခြင်းများပြုလုပ်ပြီး သတ်မှတ်ထားသည့် အသွားအလာစောင့်ကြည့်ရေးစင်တာများတွင် ထားရှိကြောင်း သိရသည်။
#Local_News #မြန်မာရွှေ့ပြောင်းလုပ်သား၉၇ဦး #နေရပ်သို့ပြန်ပို့ #YMG/LW #Yangon_Times
#Local_News
Published 23 December 2023
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စု၊ အာယုဒီကကျောင်းတိုက်ရှေ့၊ ရန်ကုန်-ပြည်လမ်းမပေါ်တွင် ကရိန်းယာဉ်တစ်စီးမှ ဓါတ်တိုင်ကို ဝင်တိုက်မိကာ ယာဉ်မောင်းသူမှာကားအတွင်ညှပ်မိမှုဖြစ်ပွားခဲ့ကြောင်းမင်္ဂလာဒုံမြိုနယ်မီးသတ်စခန်းမှ သိရသည်။
ဒီဇင်ဘာ ၂၂ရက် ည ၁၀နာရီ ၂၅မိနစ် အချန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် ဓါတ်တိုင်အောက်ခြေပြတ်သတ်သွားဖြင့် ယာဉ်အတွင်းညှပ်နေသည့် ယာဉ်မောင်းအမျိုးသား အား ကယ်ဆယ်ရေးလုပ်ရာတွင် ဓါတ်တိုင်ပိမိမှုမဖြစ်စေဘဲ အန္တရာယ်ကင်းစေရန် လျှပ်စစ်ဌာနမှ ကရိန်းနှစ်စီးဖြင့် ဓါတ်တိုင်ကို ဖယ်ရှားပြီးမှသာ ယာဉ်အတွင်းညှပ်နေသူကို အပြင်သို့ခေါ်ယူနိုင်ကြောင်း သိရသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသားတစ်ဦးကို ပုလဲအရန်မီးသတ်တပ်ဖွဲ့ပိုင် သူနာတင်ယာဉ်ဖြင့် အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Local_News #ရန်ကုန်-ပြည်လမ်း #ကရိန်းယာဉ်တစ်စီးဓာတ်တိုင်ဝင်တိုက် #YMG/LW #Yangon_Times
#World_News
Published 23 December 2023
အိန္ဒိယခရီးသည် ၃၀၃ ဦးလိုက်ပါလာကာ နီကွာရာဂွာသို့ ဦးတည်ပျံသန်းနေတဲ့ လေယာဥ်တစ်စင်းကို လူကုန်ကူးမှုသံသယဖြင့် ပြင်သစ်က လေယာဥ်တက်ခွင့်မပြုခဲ့ဘူးလို့ အာဏာပိုင်များက ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
ပဲရစ်ရှေ့နေများ ပြောကြားချက်အရ အမည်မဖော်လိုသူထံမှ သတင်းပေးချက် ရရှိပြီးနောက် လေယာဥ်ကို ထိန်းသိမ်းဖမ်းဆီးထားလိုက်တာ ဖြစ်ပါတယ်။
ထိုခရီးစဥ်ရဲ့ အခြေအနေတွေနဲ့ ရည်ရွယ်ချက်တွေကို တရားဥပဒေအရ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း မာနေးဒေသအရှေ့ဘက်ရှိ ဒေသခံအရာရှိများက သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
လူကုန်ကူးမှု သံသယကိစ္စကို အာဏာပိုင်များက စုံစမ်းစစ်ဆေးနေကြတယ်လို့ BFM TV ၊ France 3 အပါအဝင် ပြင်သစ်မီဒီယာများက ဖော်ပြခဲ့ကြပါတယ်။
ပဲရစ်ပြည်သူ့ရှေ့နေရုံးက AFP သတင်းဌာနကို ပြောပြရာမှာ သတင်းပေးချက်တစ်ခု ရရှိပြီးနောက် လူကုန်ကူးမှု သားကောင်တွေဖြစ်နိုင်ဖွယ်ရှိတဲ့ ခရီးသည်တွေကို တင်ဆောင်လာတဲ့ လေယာဥ်ကို ဖမ်းဆီးထိန်းသိမ်းထားလိုက်တာ ဖြစ်ပါတယ်။
ရိုးမေးနီးယား လေယာဥ်စင်းလုံးငှားကုမ္ပဏီတစ်ခုမှ ပြေးဆွဲတဲ့ခရီးစဥ်ဟာ ယူအေအီးနိုင်ငံ ဒူဘိုင်းမှ ထွက်ခွာလာပြီး နည်းပညာပိုင်းဆိုင်ရာ ခရီးတစ်ထောက်နားဖို့ ဗေထရီလေဆိပ်ငယ်မှာ ဆင်းသက်ခဲ့စဥ် ရဲတွေက ဟန့်တားခဲ့တာဖြစ်ကြောင်း မာနေးစီရင်စုရုံးက အီးမေးလ်ဖြင့် ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဆိုပါ စုံစမ်းစစ်ဆေးမှုကို နိုင်ငံတော်အဆင့် ရာဇဝတ်မှု တိုက်ဖျက်ရေးအဖွဲ့ JUNALCO က ကြီးကြပ်နေတာ ဖြစ်ပါတယ်။
A340 အမည်ရှိလေယာဥ်ကို ရိုမေးနီးယားကုမ္ပဏီ Legend လေကြောင်းလိုင်းမှ ပြေးဆွဲတာဖြစ်ပြီး ဗေထရီလေဆိပ်မှာ လောင်စာဖြည့်ရန် စီစဥ်ထားတာ ဖြစ်ပါတယ်။
အိန္ဒိယခရီးသည်တွေက အမေရိကအလယ်ပိုင်းသို့ သွားရောက်ကာ အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့ထံ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းဖို့ စီစဥ်ထားတာ ဖြစ်နိုင်တယ်လို့ သတင်းတွေက ဖော်ပြထားကြပါတယ်။
ပြင်သစ်နိုင်ငံရှိ အိန္ဒိယသံရုံးက ထိုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ပြင်သစ်လေဆိပ်သို့ ရောက်ရှိလာကာ စုံစမ်းဆွေးနွေးနေကြပြီး ခရီးသည်တွေရဲ့ ကျန်းမာရေးကောင်းမွန်ဖို့ကိုလည်း သေချာအောင် စစ်ဆေးနေပါတယ်။
အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီက ပြင်သစ်သမ္မတ အီမန်နျူယယ်မက်ခရွန်ကို အိန္ဒိယပြည်သူ့သမ္မတနေ့ အထိမ်းအမှတ်သို့ ဧည့်သည်အဖြစ် လာရောက်ရန် ဖိတ်ကြားခဲ့ပြီး မကြာခင်မှာပဲ ထိုဖြစ်ရပ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
#World_News #အိန္ဒိယခရီးသည်(၃၀၃)ဦး #ပြင်သစ်လေဆိပ်တွင်ဖမ်းဆီးထိန်းသိမ်း #Source: WION
Page 980 of 2057