#Local_News
Published_ 22 November 2023
မြန်မာနိုင်ငံရှိ ထိုင်းတက္ကသိုလ်ကျောင်းသားဟောင်းများအသင်းမှ ဦးစီး၍ ယခုနှစ်ထိုင်းတက္ကသိုလ်ပေါင်းစုံ ပညာရေးပြပွဲ Thailand Education Fair(Myanmar)ကို ရန်ကုန်မြို့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ယင်းကို ဒီဇင်ဘာလ ၃ ရက် နံနက် ၉နာရီမှ ညနေ ၄ နာရီထိ ရန်ကုန်မြို့၊ အလံပြဘုရားလမ်းရှိ ParkRoyal ဟိုတယ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ ယင်းမှာ (၆)ကြိမ်မြောက်ထိုင်းတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲလည်းဖြစ်ကြောင်း သိရသည်။
“မြန်မာပြည်က ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ တစ်နေရာတည်းမှာ ထိုင်းတက္ကသိုလ်တွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။ ပြပွဲမှာဘာသာရပ်ဆိုင်ရာ ပညာသင်ဆုတွေကိုလည်း လာရောက်လေ့လာနိုင်မှာဖြစ်ပါတယ်”ဟု ထိုင်းတက္ကသိုလ်ဘွဲ့ရ မြန်မာကျောင်းသားများအသင်း အတွင်းရေးမှူး ဒေါ်ဝင်းမြသွေးက ပြောသည်။
အဆိုပါ ထိုင်းတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲတွင် ထိုင်းနိုင်ငံရှိ Harbour Space ၊ University of the Thai Chamber of Commerce(UTCC)၊ Assumption University ၊ Dhurakij Pundit University(DPU)၊ Mahidol University International College(MUIC) ၊ Raffles International College Bangkok(RIC)၊ Panyapiwat Institute of Management,International College(PIM)၊ Krirk University၊ Metharath University ၊ TGGS(Thai-German Graduate School of Engineering )၊ AIHM (Asian Institute of Hospitality Management)၊ London University at Bangkok Center(LUBC) စသည့် တက္ကသိုလ်များမှ တိုက်ရိုက်ဆွေးနွေးမှုများ ပြုလုပ်ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။
#Local_News #ထိုင်းတက္ကသိုလ်ပေါင်းစုံ #ပညာရေးပြပွဲ #Yangon _Times/PP
လတ်တလောဖြစ်နေတဲ့ တိုက်ပွဲကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေတဲ့ အတွက် ပြည်ပကနေ သစ်သီးတင်သွင်းတာ နည်းသလို ဒေသအတွင်း လမ်းပန်းဆက်သွယ်ရေး ကြန့်ကြာတာတွေရှိတဲ့အတွက် ရန်ကုန်သစ်သီးဈေးကွက်ကုန်အဝင်နည်းပြီး ဈေးမြင့်လာတယ်လို့ သစ်သီးပွဲရုံတွေထံက သိရပါတယ်။
#Local_News
Published_ 22 November 2023
#သစ်သီးဈေးကွက် #လမ်းပန်းဆက်သွယ်ရေးကြန့်ကြာ
#YGN/LW #Yangon_Times
#Local_News
Published 22 November 2023
တောင်ငူခရိုင်အတွင်းရှိ တိုက်ပွဲရှောင်၈၀၀ ကျော် စားနပ်ရိက္ခာလိုအပ်နေကြောင်း ပရဟိတလူမှုကူညီရေးအသင်းများမှ သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက တောင်ငူမြို့အရှေ့ဘက်ကမ်း လေးမိုင်အထက်ရှိ တိုက်ပွဲကြောင့် စစ်ရှောင်ပြည်သူများမှာ တောင်ငူမြို့ရှိ မြတ်စောညီနောင်စေတီ၏ နောင်တော်စေတီဝန်း၊ ညီတော်စေတီဝန်း၊ ကုသိနာရုံစေတီဝန်း၊ ရွှေမင်းဝံရိပ်သာ၊ရွှေဘုံသာ၊ ငါးထပ်ကြီးဘုရားဝန်းတို့တွင်လက်ရှိအချိန်အထိ ခိုလှုံနေကြရကြောင်း ရွှေမင်းဝင် အရေးပေါ်ကယ်ဆယ်ရေးနှင့်လူမှုကူညီရေးပရဟိတအသင်း၏ ဦးဆောင်နာယကဆရာတော်က မိန့်ကြားသည်။
'ဒါကဒီသုံးလေးငါးရက်အတွင်းမှာဖြစ်တဲ့ နေရာတွေက စစ်ဘေးရှောင်တွေပါ၊ ၈၀၀ကျော်လောက်ရှိတာပေါ့၊ နေရာတွေခွဲပြီးချထားပေးတယ်၊ လိုအပ်တာတော့အစုံပဲ၊ အစားအသောက်ကအရေးကြီးဆုံးပါ၊ အစားအစာ၊ ရေသန့်တို့ပေါ့၊ ဉီးဇင်းတို့ဆိုထမင်းဟင်းချက်ပြီး မြတ်စောညီနောင် ဘုရားဘက်ကို သွားပို့တာခုနှစ်နပ်ရှိပြီ'ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။
အဆိုပါ တိုက်ပွဲရှောင်ပြည်သူများသည် တောင်ငူမြို့အရှေ့ဘက်ကမ်းလေးမိုင်အထက်ရှိ တောတန်းကုန်းရွာ၊ အာလူးကုန်း၊ နဂါးမောက်၊ သပြေလှ၊ ခြောက်မိုင်၊ ကျောက်ပုထိုးရွာများရှိ ဒေသခံပြည်သူများဖြစ်ကြောင်း၊ ယင်းတိုက်ပွဲရှောင်များအား နီးစပ်ရာစေတီ၊ ဘုန်းကြီးကျောင်းများတွင် နေရာချပေးထားပြီး သက်ကြီးနာမကျန်းသူများ၊ မသန်စွမ်းအချို့ပါရှိသောကြောင့် လိုအပ်သည့် အစားအသောက်ဆေးဝါးများကို ဒေသတွင်းရှိ ပရဟိတအသင်းများနှင့် ချိတ်ဆက်လှူဒါန်းကူညီမှုများပြုလုပ်ပေးနေကြောင်း၊ တိုက်ပွဲရှောင်များအနေဖြင့် စားသောက်ရေး၊ အဝတ်အစား၊ ဆေးဝါးလိုအပ်ချက်များလည်းရှိနေကြောင်း သိရသည်။
'ဒါကတော့ ခုလက်ရှိရောက်လာတဲ့တိုက်ပွဲရှောင်တွေပါ၊ ဦးဇင်းတို့ဆီမှာရောက်နေတဲ့တိုက်ပွဲရှောင်တွေကတော့တစ်နှစ်နီးပါးရှိပြီ၊ မပြန်ရသေးဘူး'ဟု ဆရာတော်က ဆိုသည်။
တောင်ငူခရိုင်အတွင်း၌ ပြီးခဲ့သည့်တစ်နှစ်နီးပါးက ဖြစ်ပွားခဲ့သည့် ထိတွေ့တိုက်ပွဲများကြောင့် ကနဦးတိုက်ပွဲရှောင်ဦးရေ ငါးထောင်ကျော်ခြောက်ထောင်နီးပါးဆက်လက်ရှိနေကြောင်း သိရသည်။
အဆိုပါကနဦးတိုက်ပွဲရှောင်များမှာလည်း လက်ရှိအချိန်အထိ ရွှေမင်းဝံ ၌ ၁၅၀ဦး၊ ကြာနီကန်၌၄၀၀ဦး၊ ရှင်ပေါလု၌၁၆၀၀ ဦးနှင့် အာသောကမိဘမဲ့ဂေဟာများ အပါအဝင် စုစုပေါင်းဦးရေ ၆၀၀၀ခန့်ရှိကာ ၄င်းတို့အတွက်လည်းလိုအပ်ချက်များရှိနေကြောင်း သိရသည်။
#Local_News #တောင်ငူခရိုင် #စားနပ်ရိက္ခာလိုအပ်နေ #YMG/ NN #Yangon_Times
'လက်ကားဈေးမှာ သတ်မှတ်ရည်ညွှန်းဈေးအထိ မရောက်သေးပေမယ့် နီးနီးကပ်ကပ်တော့ရှိလာပြီ'
#Local_News
Published_ 22 November 2023
#လက်လီဆိုင် #ရည်ညွန်းဈေးနီးပါးကျဆင်း
#YMG/ NN #Yangon_Times
၂၂ နိုဝင်ဘာ ၂၀၂၃
အစ္စရေးနှင့်ဟားမာ့စ်တို့ဟာ ကာတာနိုင်ငံရဲ့ကြားဝင်စေ့စပ်ပေးမှုကြောင့် ဂါဇာကမ်းမြောင်မှာ အပစ်အခတ်ရပ်စဲဖို့ နိုဝင်ဘာ ၂၂ ရက် ဗုဒ္ဓဟူးနေ့က သဘောတူလိုက်ကြပြီဖြစ်ပါတယ်။
သဘောတူညီချက်အရ ဟာမာ့စ်တို့က ဓားစာခံများကိုလွှတ်ပေးမှာဖြစ်ပြီး အစ္စရေးဘက်ကလည်း ပါလက်စတိုင်း အကျဉ်းသားတွေကို လွှတ်ပေးမှာဖြစ်ပါတယ်။ အဲဒီအပြင်သိမ်းပိုင်ထားတဲ့ နယ်မြေတွေမှာလည်း လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပိုပေးဖို့ ခွင့်ပြုမှာဖြစ်ပါတယ်လို့ အစ္စရေး အစိုးရရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Source CCTV+
ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်နဲ့ကျောက်မဲမြို့နယ်တို့ကို ဆက်သွယ်ထားတဲ့ ကျင်သီတံတားဟာ လက်ရှိအချိန်အထိကျိုးကျနေတဲ့ အတိုင်းနဲ့သာ ကုန်စည်စီးဆင်းမှုကို အဆင်ပြေသလို ဆောင်ရွက်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
#Local_News
Published_ 22 November 2023
#ကျင်သီတံတားကျိုး #သီပေါ #ကျောက်မဲ #ကုန်စည်စီးဆင်းမှု
#YMG/LW #Yangon_Times
"ညောင်ရွှေမှာ နိုဝင်ဘာလ(၂၀)ရက်မှာ တိုက်ပွဲရှောင်လာသူ ၄၅၀၀ရှိခဲ့ပြီး အခု နိုဝင်ဘာ(၂၁)ရက်မှာတော့ တိုက်ပွဲရှောင်ပြည်သူ ၅၅၀၀ ဝန်းကျင်ရှိလာပါတယ်"
နှလုံးလှပရဟိတအဖွဲ့မှ ကိုသက်ပိုင်စိုး
#Local_News
Published_ 22 November 2023
#ကယားမှတိုက်ပွဲရှောင် #တိုက်ပွဲရှောင်စခန်း(၁၂)ခုဖွင့်
#tthl #Yangon_Times
#Local_News
Published 22 November 2023
ယခုနှစ် ၁၁ လကျော်အတွင်း မီးလောင်မှုကြောင့် ကျပ် ၁၆ ဘီလီယံကျော် ဆုံးရှုံးပြီး ယမန်နှစ်ကာလတူကထက်ဆုံးရှုံးမှုပိုများခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ နိုဝင်ဘာ ၂၁ ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝှမ်းမှာ မီးလောင်မှုဖြစ်ပွားခြင်းကြောင့် ကျပ်သန်းပေါင်း (၁၆,၈၆၉) ကျော် ဆုံးရှုးခဲ့ပြီးယမန်နှစ်ကာလတူကထက်မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် (၁၀) ဘီလီယံကျော် ပိုမိုများပြားလာကြောင်းသိရသည်။
'မီးလောင်မှုအများစုက ပေါ့ဆမှုနဲ့ လျှပ်စစ်မီးကြောင့် ဖြစ်ပွားတာပါ။ မီးလောင်မှုလျော့နည်းဖို့က ပြည်သူလူထုက ပူးပေါင်းဆောင်ရွက်မှ ပိုပြီးအောင်မြင်နိုင်မှာပါ။ မီးသတ်ဆေးဗူးက နေရာတိုင်းမှာ ဝယ်လို့ရနေပါပြီ။ မီးလောင်တဲ့အခါ မီးတောက်သေးသေးလေးက စတာဖြစ်ပါတယ်။ နေအိမ်တိုင်း၊ နေရာတိုင်းမှာ မီးသတ်ဆေးဗူးကိုထားဖို့ တိုက်တွန်းလိုပါတယ်'ဟု မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခု ၁၁ လကျော်ကာလတာအတွင်း မီးလောင်မှုအကြိမ်ပေါင်း ၁,၂၄၅ ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၇၅) ဦးအထိရှိခဲ့ပြီး ဒဏ်ရာရရှိသူ (၁၈၄) ယောက် ရှိခဲ့ပြီး မီးဘေးဒုက္ခသည်ပေါင်း (၉,၇၂၁) ဦး ရှိကြောင်း သိရသည်။
သို့သော် ယမန်နှစ်အလားတူကာလတွင် မီးလောင်မှုအကြိမ်ရေ (၁,၄၀၀) ရှိခဲ့သည့် အတွက် ယခုနှစ်မှာ ဖြစ်ပွားမှုမှာ (၁၅၅) ကြိမ် လျော့နည်းကြောင်း သိရသည်။
ထို့အပြင်မီးလောင်မှုကြောင့် အိမ်ခြေအဆောက်အဦပေါင်း (၃,၁၀၀) ကျော်၊ စက်ရုံ/အလုပ်ရုံပေါင်း (၁၇) ရုံ၊ ဂိုထောင်ပေါင်း (၁၄၆) လုံး ဆုံးရှုံးခဲ့ကြောင်း သိရသည်။
#Local_News #မီးလောင်မှု #ယမန်နှစ်ကထက်ဆုံးရှုံးမှုပိုများ #YMG/ NN #Yangon_Times
#Local_News
Pnblished 22 November 2023
မလေးရှားသို့သွားရန်အတွက် ထိုင်းနိုင်ငံမှတစ်ဆင့် ခိုးဝင်ရန်ကြိုးစားသည့်မြန်မာအလုပ်သမား၈ ဦး ထိုင်းနိုင်ငံရနောင်းခရိုင်တွင် အဖမ်းခံရကြောင်း ထိုင်းအာဏာပိုင်များ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ရနောင်းခရိုင် ကရဘူရီမြို့ နမ်းကျိန့်နွဲကျေးရွာ အုပ်စု ၂ နယ်မြေတွင် ဒေသခံအာဏာပိုင်အဖွဲ့များကင်းလှည့်နေစဉ် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၈ဦးတို့ကို ယခုလ ၁၉ ရက်နေ့ ည ၈ နာရီခွဲခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရနောင်းအခြေစိုက်အမှတ် ၂၅ အထူးခြေလျင်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ယင်းအလုပ်သမားများသည် ရန်ကုန်မြို့မှ ထွက်လာပြီး ကော့သောင်းမှ တဆင့်ရေလမ်းကြောင်းဖြင့် ဝင်ရောက်လာပြီး မလေးရှားနိုင်ငံသို့ ဆက်လက်ထွက်ခွာရန်စားအုန်းဆီခြံတွင် ကားစောင့်နေစဉ်တွင် အဖမ်းခံရခြင်း ဖြစ်သည်။
မလေးရှားသို့သွားရန်အတွက် ပွဲစားခအဖြစ် ၈ ဦးအတွက် ဘတ်ငွေ ၇၀၀၀၀ ပေးရကြောင်း သိရသည်။
ဖမ်းဆီးမိသူများအားလုံးကို တရားဥပဒေအတိုင်းဆက်လက်ဆောင်ရွက်ရန် ရနောင်းခရိုင် ပါက်ကျန်ရဲစခန်းသို့ လွှဲပြောင်းပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။
#Local_News #ထိုင်းမှတစ်ဆင့်ခိုးဝင် #မြန်မာအလုပ်သမား၈ဦးအဖမ်းခံရ #YMG/LW #Yangon_Times
#Local_News
Published 22 November 2023
ထိုင်းနိုင်ငံ လရောင်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းတွင် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၂၀၀ကျော်အတွက် လုပ်ခလစာရရှိရန် ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားသံရုံးမှဖြေရှင်းပေးနေပြီး စားသောက်ကုန်များကိုလည်း ကူညီထောက်ပံပေးကြောင်း သိရသည်။
အဆိုပါ မြန်မာအလုပ်သမားများသည် ယင်းမြို့နယ်ရှိ ပုဂ္ဂလိကစက်မှုဇုန်တွင် အလုပ်လုပ်နေသည့် ဆောက်လုပ်ရေးလုပ်သားများဖြစ်ကာ အလုပ်ရှင်မှ လုပ်အားခမပေးသည်မှာ နှစ်လနီးပါးရှိပြီဖြစ်ပြီး အလုပ်ရှင်မှ စွန့်ပစ်သွားသောကြောင့် စားသောက်နေထိုင်ရေး အခက်အခဲ ဖြစ်ပေါ်နေသည်ကို ဒေသခံထိုင်း လူမျိုးတွေက သိရှိပြီး ထိုင်းအာဏာပိုင်များထံ အကြောင်း ကြားပေးခဲ့ကြောင်း သိရသည်။
ထိုင်းအာဏာပိုင်များကလည်း လာရောက်ကူညီပေးခဲ့ပြီး သက်ဆိုင်ရာအလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး (ဆာဝါဒီကန်ရုံး)သို့ တိုင်ကြားထားကာ အဆိုပါ ရုံးမှအမှုလက်ခံထားပြီးအလုပ်ရှင်အား ဆင့်ခေါ်ထားကြောင်း သိရသည်။
မြန်မာသံရုံး အနေဖြင့်လည်း ထိုင်းအလုပ်သမားဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးနေပြီးထိုင်းလူမှု ဖူလုံရေးအဖွဲ့မှလည်း အစားသောက်များကူညီထောက်ပံပေးကြောင်း၊ မြန်မာ အလုပ်သမားသံအရာရှိ ရုံးမှလည်း အဆက်သွယ်မပြတ်ချိတ်ဆက်ကာ လိုအပ်သည့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံပေးအပ်ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။
#Local_News #လုပ်ခမပေးဘဲစွန့်ပစ် #မြန်မာသံရုံးမှဖြေရှင်းပေး #YMG/LW #Yangon_Times
#Local_News
Published_ 22 November 2023
လာမည့် တန်ဆောင်တိုင်ပိတ်ရက် နိုဝင်ဘာ၂၅ ရက် မှ ၂၇ ရက်အထိ ရန်ကုန်မြို့ပြည်သူရင်ပြင်၌ "စက်မှုထုတ်ကုန်ပစ္စည်း၊ စက်ယန္တရားနည်းပညာပြပွဲ၊ တန်ဆောင်တိုင်ဈေးရောင်းပွဲနှင့် မီးထွန်းပွဲတော်"ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပွဲတော်တွင်ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များက လုပ်ငန်းရှင်များ၊ အသေးစား၊ အငယ်စား၊ အလတ်စား MSME လုပ်ငန်းရှင်များ၏ ထုတ်ကုန်အရောင်းပြခန်းများ၊ ဆန်၊ ဆီအရောင်းဆိုင်များ၊ အခြားတိုင်းဒေသကြီး/ပြည် နယ်များမှ လာရောက် ရောင်း ချသော ထုတ်ကုန်ပစ္စည်း အရောင်းပြခန်းများ အပါအဝင် ဆိုင်ခန်းပေါင်း ၄၅၅ ခန်းကျော် ပြသရောင်းချမည်ဖြစ်သည်။
ပွဲတော်ကို နိုဝင်ဘာ၂၅ ရက်မှ ၂၇ ရက်အထိကျင်းပမည်ဖြစ်ပြီး နေ့စဉ် E-Sport Game ပြိုင်ပွဲများ၊ စတုဒိသာကျွေးမွေးခြင်းများ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ နှင့် ဟာသပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများ၊ ဆပ်ကပ်၊ မျက်လှည့်၊ Dancer များ၏ ဖျော်ဖြေတင်ဆက်မှုများ၊ မီးရှူး မီးပန်းပစ်ဖောက်မည့် အစီအစဉ် များကို ကြည့်ရှုခံစားနိုင်မည်ဖြစ်ပြီး၊ ပွဲတော်လာပြည်သူများ သွားရေးလာရေးလွယ်ကူစေရန် အကြို/အပို့ကားများ စီစဉ်ထား ရှိပေးထားကြောင်း သိရသည်။
ယင်းပွဲတော်ကိုနိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်း ညွှန်ချက်နှင့်အညီ နိုင်ငံတော်၏ စီးပွားရေးကို ဖွံ့ဖြိုးတိုးတက် အောင် စီးပွားရေး ဦးတည်ချက် များချမှတ်ပြီး အသေးစား၊ အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းရှင်များကို လိုအပ်သော ငွေကြေးအရင်းအနှီး၊ နည်းပညာ ရရှိရေး၊ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဈေးကွက် ရရှိရေး လိုအပ်သော အထောက် အပံ့များ ဆောင်ရွက်ပေးပြီး၊ ပြည်တွင်းထုတ်ကုန်များနှင့် ပြည်ပသွင်းကုန်အစားထိုးထုတ် ကုန်များကို အားပေးမြှင့်တင်ရန်ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ကြောင်း ပွဲတော်ကျင်းပရေးညှိနှိုင်းအစည်းအဝေး၌ ရန်ကုန်တိုင်းဝန်ကြီးချုပ်ကထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
#Local_News #တန်ဆောင်တိုင်ဈေးရောင်း #ပြည်သူ့ရင်ပြင်၌(၃)ရက်ကျင်းပ#tthl #Yangon_Times
#World_News
Published 22 November 2023
အိန္ဒိယဟာ တက်စ်လာကုမ္ပဏီနဲ့ သဘောတူညီချက်တစ်ခုရရှိရန် နီးစပ်နေပြီဖြစ်ပြီး အမေရိကန် မော်တော်ယာဥ်ထုတ်လုပ်ရေး တက်စ်လာက လာမယ့်နှစ်မှာ လျှပ်စစ်ကားတွေကို အိန္ဒိယသို့ တင်ပို့ခွင့်နဲ့ ၂ နှစ်အတွင်း စက်ရုံတစ်ခုတည်ထောင်ခွင့်တို့ရရှိမှာဖြစ်ကြောင်း နီးစပ်တဲ့ သတင်းရင်းမြစ်များအရ သိရပါတယ်။
ဂူဂျာရတ်၊ မဟာရက်ရှ်ထရာ၊ တမီလ်နာဒူတို့ဟာ လျှပ်စစ်ကားများနဲ့ တင်ပို့ကုန်များအတွက် ဂေဟစနစ်တွေ ကောင်းစွာဆောက်လုပ်ပြီး ဖြစ်တာကြောင့် ထိုဒေသတွေကို အဓိကထား စဥ်းစားနေပါတယ်။
နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးရဲ့ အဆိုအရတက်စ်လာဟာ စက်ရုံတစ်ခုခုမှာ ကနဦးဒေါ်လာ ၂ ဘီလီယံခန့် အနည်းဆုံးရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ပြီး အိန္ဒိယမှ မော်တော်ကားပစ္စည်းများ တိုးမြှင့်ဝယ်ယူရန် ဒေါ်လာ ၁၅ ဘီလီယံလောက်အထိ မျှော်လင့်ထားပါတယ်။
တက်စ်လာက အကုန်အကျ သက်သာဖို့အတွက် အိန္ဒိယမှာပဲ ဘတ်ထရီအချို့ ထုတ်လုပ်သွားရန် ကြိုးပမ်းနေပါတယ်။
နောက်ဆုံးပိတ် ဆုံးဖြတ်ချက် မချရသေးသလို အစီအစဥ်တွေ ပြောင်းလဲသွားနိုင်ပါသေးတယ်။
တက်စ်လာ အမှုဆောင်အရာရှိချုပ် အီလွန်မက်စ်က အိန္ဒိယမှာ ရင်းနှီးမြှုပ်နှံမှုကြီးတစ်ခု ပြုလုပ်ရန် စီစဥ်ထားပြီး ၂၀၂၄ မှာ လာရောက်လည်ပတ်ရန် ရည်ရွယ်ထားကြောင်း ဇွန်လက ပြောကြားခဲ့ပါတယ်။
ကမ္ဘာ့လူဦးရေ အထူထပ်ဆုံးနိုင်ငံဖြစ်တဲ့ အိန္ဒိယမှာ လူလတ်တန်းစားတွေကြား လျှပ်စစ်ကား အလိုရှိလာကြပြီး ဒါဟာ တက်စ်လာအတွက်တော့ အခွင့်အရေးကြီး ဖြစ်လာမှာပါ။
ဝန်ကြီးချုပ်မိုဒီရဲ့ အစိုးရကလည်း ပြည်တွင်းမှာ လျှပ်စစ်ကား ပိုမိုထုတ်လုပ်ရန် တွန်းအားပေးနေပြီး သန့်စင်စွမ်းအင်ဖြင့် သယ်ယူပို့ဆောင်ရေး အလျင်အမြန် အသားကျစေရန် အားပေးနေပါတယ်။
ဒါပေမဲ့ အိန္ဒိယမှာ မနှစ်က အိမ်စီးလျှပ်စစ်ကား ရောင်းချရမှုနှုန်းက ၁.၃ ရာခိုင်နှုန်းသာ ရှိခဲ့ကြောင်း BloombergNEF က ဖော်ပြထားပါတယ်။
လျှပ်စစ်ကားတွေရဲ့ ကနဦးကုန်ကျစရိတ် မြင့်မားခြင်းနဲ့ ဘက်ထရီအားသွင်းနေရာများ ရှားပါးခြင်းတို့ကြောင့် လူတွေက လျှပ်စစ်ကားဝယ်ယူရန် တုန့်ဆိုင်းနေကြပါတယ်။
အိန္ဒိယမှာ အခွန်အခ မြင့်မားတာကြောင့် တက်စ်လာက ကားတွေကို တိုက်ရိုက်မတင်သွင်းပါဘူး။
တက်စ်လာက ယခုနှစ်အတွင်း အိန္ဒိယကနေ မော်တော်ကားပစ္စည်း အစိတ်အပိုင်းများ ဝယ်ယူမှုကို နှစ်ဆနီးပါးတိုးမြှင့်ပြီး ဒေါ်လာ ၁.၉ ဘီလီယံအထိ ဝယ်ယူဖို့ စီစဥ်ထားကြောင်း ကုန်သွယ်ရေးဝန်ကြီးက ပြောပြသွားပါတယ်။
နိုင်ငံတကာမှ လျှပ်စစ်ကား ထုတ်လုပ်သူများသာ အိန္ဒိယမှာ တဖြည်းဖြည်းချင်း စက်ရုံများ တည်ထောင်သွားမယ်ဆိုပါက အချိန်ငါးနှစ်တာအတွက် တင်သွင်းခွန်များ လျှော့ချသွားရန် စဥ်းစားသွားမယ်လို့ အိန္ဒိယက ဆိုလိုက်ပါတယ်။
#World_News #အိန္ဒိယ #လျှပ်စစ်ကားထုတ်လုပ်ရေးစက်ရုံ #အမေရိကန်တက်စ်လာ
#Source: NDTV
Page 975 of 2004