#World_Health
Published 14 February 2024


အဆင့်ဆင့်ထုတ်လုပ် ထုပ်ပိုးထားတဲ့ အစားအစာတွေဟာ နှလုံးသွေးကြော ရောဂါများ၊ အဝလွန်ခြင်း၊ သွေးတိုးရောဂါ၊ ရင်သားနဲ့ အူမကြီးကင်ဆာ၊ အရွယ်မတိုင်ခင် သေဆုံးခြင်း စတာတွေ ဖြစ်နိုင်ခြေများတာနဲ့ ဆက်စပ်နေကြောင်း တွေ့ရှိထားကြပါတယ်။

 

ကိုယ်ဝန်ဆောင်နေတဲ့ အမျိုးသမီးတွေအတွက် ပိုလို့တောင် အန္တရာယ်များပါတယ်။

 

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် အန္တရာယ်များစေတာက အစားအစာမဟုတ်ဘဲ တကယ်တမ်းက မစားခင်မှာထုပ်ပိုးထားတဲ့ ထုပ်ပိုးမှုကြောင့် ဖြစ်ပါတယ်။

 

အစားအစာတွေဟာလည်း ကျန်းမာရေးနဲ့ ပတ်သက်ပြီး သက်ရောက်မှုများစွာ ရှိနေပါတယ်။

 

ထုပ်ပိုးထားတဲ့ စားစရာတွေမှာ တာရှည်ခံစေရန်၊ အရောင်အသွေး ထိန်းသိမ်းရန်အတွက် အသုံးပြုကြတဲ့ သယ်လိတ်စ်ဓာတ်ပစ္စည်းတွေဟာ ရောဂါဖြစ်စေနိုင်တာပါ။

 

ပလတ်စတစ်နဲ့ သက်ဆိုင်တဲ့ ဓာတုပစ္စည်းတစ်မျိုးဖြစ်တဲ့ သယ်လိတ်စ်တွေဟာ ပလတ်စတစ်ထုပ်ပိုးမှုကနေ ကွာကျလာပြီး အစားအစာထဲ ဝင်ရောက်စေနိုင်ပါတယ်။

 

ဒါတွေကို ကိုယ်ဝန်ဆောင်စဥ် စားမိတဲ့အခါ သွေးကြောတွေထဲကနေ အချင်းသို့ရောက်ပြီး သန္ဓေသားရဲ့ သွေးလည်ပတ်မှုကို ဝင်ရောက်လာပါတယ်။

 

သန္ဓေသားရဲ့ ခန္ဓာကိုယ်ထဲမှာ ဓာတ်တိုးခြင်း၊ ရောင်ရမ်းခြင်းတွေ ဖြစ်ပေါ်လာတယ်လို့ သုတေသီများ မှတ်ချက်ပြုထားပါတယ်။

 

သန္ဓေသား ကိုယ်အလေးချိန်နည်းပါးခြင်း၊ လမစေ့ခင်မွေးဖွားခြင်း၊ ကလေးမှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများ ဖြစ်တတ်ခြင်းတို့ များစေပါတယ်။

 

အဆင့်ဆင့်ထုပ်ပိုးထားတဲ့ စားစရာတွေမှာ သယ်လိတ်စ်ဓာတ် ထိတွေ့မှုများတာကို ပထမဆုံးလေ့လာတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

 

ကိုယ်ဝန်ဆောင် ၃၈ ရာခိုင်နှုန်းလောက်ရဲ့ အစားအစာတွေမှာ ထုပ်ပိုးထားတဲ့ စားစရာများ ပါဝင်နေပြီး ဒိုင်သယ်လိတ်ပါဝင်မှု မြင့်မားတာကို တွေ့ရှိခဲ့ကြပါတယ်။

 

စားစရာကိုင်တွယ်သူတွေ ဝတ်ဆင်ထားတဲ့ လက်အိတ်တွေ၊ သိုလှောင်တဲ့နေရာတွေ၊ ပြင်ဆင်မှု၊ တည်ခင်းစားသုံးခြင်း၊ အသုံးအဆောင်ပစ္စည်းတွေကနေ အဓိကထိတွေ့နေပါတယ်။

 

စားစရာထုတ်လုပ်သူတွေနဲ့ အသိအမှတ်ပြုသူများကို အန္တရာယ်နည်းပါးစေတဲ့ အရာတွေနဲ့ အစားထိုးဖို့ တိုက်တွန်းရန် လိုအပ်ကြောင်း သုတေသနပြုစုသူ ဘရန်နန်ဘိတ်ကာက ပြောပြပါတယ်။

 

ဒါကြောင့် ကိုယ်ဝန်ဆောင်များအနေနဲ့ ထိုကဲ့သို့စားစရာများ စားမယ့်အစား အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အသားသေးငါးသေးတို့ကို စားသုံးသင့်တယ်လို့ အကြံပြုလိုက်ပါတယ်။

 

#World_Health #အစားအစာများနှင့်လမ်းဘေးစာများ #ကိုယ်ဝန်ဆောင်များရှောင်ရှားသင့် #Source: The Jerusalem Post