#World_Health
Published 25 November 2023
အသက်ကြီးလာတဲ့အခါမှာ လူအများစု ဆံပင်ဖြူတာဟာ သဘာဝဖြစ်စဥ်တစ်ခု ဖြစ်ပါတယ်။
ဆံပင်မွေးညင်းပေါက်တွေမှာ ရောင်ခြယ်ဆဲလ်များ နည်းပါးလာတာကြောင့် ဆံပင်ဖြူလာရခြင်း ဖြစ်ပါတယ်။
ဆံပင်ရဲ့ သဘာဝအရောင်ကို ဖြစ်စေတဲ့ မယ်လာနင် ရောင်ခြယ်ပစ္စည်းတွေဟာ အသက်ကြီးလာတဲ့အခါ နည်းပါးလာပြီး လုံးဝမထုတ်လုပ်နိုင်တော့တဲ့အခါ ဆံပင်ဖြူသွားစေပါတယ်။
ဆံပင်ဖြူရခြင်းဖြစ်စဥ်ရဲ့ အကြောင်းအရင်းများကို ဖော်ပြလိုက်ပါတယ်။
(၁) မျိုးရိုး
ဆံပင်ဖြူခြင်း ဖြစ်စဥ်ဟာ မျိုးရိုးလိုက်ခြင်းနဲ့ များစွာသက်ဆိုင်နေပါတယ်။
မျိုးရိုးထဲမှာ စောစီးစွာဆံပင်ဖြူသူရှိရင် မျိုးရိုးလိုက်တတ်ပြီး အချို့မျိုးဗီဇတွေဟာ မယ်လာနင်ထုတ်လုပ်မှုကို ပြောင်းလဲစေပါတယ်။
လူမျိုးအနေနဲ့ဆိုရင် အသားဖြူသူတွေက အသားညိုသူတွေထက် စောစီးစွာ ဆံပင်ဖြူတတ်ပါတယ်။
(၂) စိတ်ဖိစီးမှု
ဖိစီးမှုက ဆံပင်ဖြူခြင်းကို တိုက်ရိုက်ဖြစ်စေတာ မဟုတ်ပေမယ့် ကာလကြာရှည်စွာ ဖိစီးခြင်းနဲ့ အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းတို့ကြား ဆက်စပ်မှုရှိနေပါတယ်။
ဖြစ်နိုင်တာကတော့ ဖိစီးမှုဖြစ်တဲ့အခါ ဆံပင်ရောင်ခြယ်ပစ္စည်း ထုတ်လုပ်မှုကို အနှောင့်အယှက် ဖြစ်စေပြီး မယ်လာနင် နည်းပါးစေတာ ဖြစ်နိုင်ဖွယ်ရှိပါတယ်။
(၃) ဆေးလိပ်သောက်ခြင်း
စီးကရက်တွေမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေ၊ အဆိပ်အတောက်တွေက ဆံပင်မွေးညင်းပေါက်နဲ့ မယ်လာနင်ထုတ်လုပ်မှုကို ထိခိုက်စေပါတယ်။
ဆေးလိပ်ငွေ့တွေက ခန္ဓာကိုယ်ထဲမှာ ဓာတ်တိုးဖိစီးခြင်းကို ဖြစ်စေပြီး ဆဲလ်တွေကို ထိခိုက်စေကာ စောစီးစွာ ဆံပင်ဖြူစေပါတယ်။
(၄) အာဟာရဓာတ်ချို့တဲ့ခြင်း
မယ်လာနင်ထုတ်လုပ်ရာမှာ အချို့အာဟာရဓာတ်တွေက မရှိမဖြစ် လိုအပ်ပါတယ်။
ဗိုက်တာမင် ဘီ၁၂၊ ဒီ၊ အီး၊ သံဓာတ်တို့လို အာဟာရဓာတ်တွေ ချို့တဲ့ပါက မယ်လာနင် ထုတ်လုပ်မှုနဲ့ ဆံပင်ကျန်းမာရေးကို ထိခိုက်စေပါတယ်။
အာဟာရဓာတ်ချို့တဲ့ရုံ တစ်ခုတည်းဖြင့် ဆံပင်ဖြူစေတာ မဟုတ်ဘဲ ဆံပင်ဖြူတဲ့နှုန်းကို မြန်စေတာသာ ဖြစ်ပါတယ်။
(၅) ရောဂါများ
အချိုု့သောရောဂါတွေက ကျန်းမာရေးကို ဆိုးရွားစေပြီး ဆံပင်ရောင်ခြယ်ပစ္စည်းတွေကို ထိခိုက်စေပါတယ်။
ခရုသင်းသမင်ဖြူလိုမျိုး ရောဂါတွေဟာ အရေပြားမှာ ရောင်ခြယ်ပစ္စည်းဆုံးရှုံးပြီး အဖြူကွက်များဖြစ်ပေါ်ကာ ဆံပင်ကိုပါ ထိခိုက်စေပါတယ်။
ခုခံအားကျဆင်းတဲ့ ရောဂါတွေဟာလည်း မယ်လာနင်ထုတ်လုပ်မှုကို ထိခိုက်စေပါတယ်။
သိုင်းရွိုက်ဟော်မုန်း အတက်အကျ ပြောင်းလဲတဲ့အခါ ဆံပင်ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။
(၆) လေထုညစ်ညမ်းမှုများ
မော်တော်ယာဥ်များမှ ထုတ်လွှတ်ငွေ့များ၊ စက်မှုပိုင်းမှ အညစ်အကြေးများ၊ သတ္တုကြီးများနဲ့ ဓာတုပစ္စည်းများမှ ညစ်ညမ်းအရာတွေက ခန္ဓာကိုယ်ထဲမှာ ဓာတ်တိုးဖိစီးမှု ဖြစ်ပေါ်စေပြီး မယ်လာနင်ထုတ်လုပ်မှု ထိပါးစေကာ ဆံပင်ရောင်ခြယ်ကို လျော့ပါးစေပါတယ်။
အမှန်တကယ်တော့ ဆံပင်က အဖြူရောင်ပြောင်းသွားတာ မဟုတ်ဘဲ မွေးညင်းပေါက်အသစ်ကနေ အရောင်မပါတဲ့ ဆံပင်အသစ် ထွက်လာတာဖြစ်ပါတယ်။
ဆံပင်ဖြူကို နုတ်လိုက်ရင် နောက်ထပ် ဆံပင်ဖြူများစွာ ထွက်လာတယ်ဆိုတာ မသေချာပေမယ့် ဆံပင်နုတ်လိုက်တဲ့အခါ မွေးညင်းပေါက်ကို ထိခိုက်စေပါတယ်။
#World_Health #ဆံပင်ဖြူခြင်း #Source: New York Post
#World_Health
Published 25 November 2023
အချိန်နာရီအချို့ကြာသည်အထိ အစာမစားဘဲ နေခြင်းဟာ ခန္ဓာကိုယ်ခွန်အားနဲ့ စိတ်အခြေအနေကို တိုးတက်စေရုံမက ကျန်းမာရေးအကျိုးကျေးဇူးလည်း ရရှိစေကြောင်း ဗြိတိန်သုတေသီများ အတည်ပြုလိုက်ပါတယ်။
လူပေါင်း ၃၇,၀၀၀ ကျော်ကို သုတေသန စမ်းသပ်ခဲ့ပါတယ်။
အကျိုးရလဒ်ကောင်း ရရှိဖို့အတွက် အရမ်းကြီးတင်းကြပ်စွာ လိုက်နာရန်လည်း မလိုအပ်ဘူးလို့ တွေ့ရှိထားပါတယ်။
တစ်နေ့တာ အစာစားချိန်ကြားကာလ ၁၀ နာရီသတ်မှတ်ပြီး ကျန်တဲ့ ၁၄ နာရီကို အစာမစားဘဲ နေထိုင်တာဟာ စိတ်အခြေအနေ၊ ခန္ဓာကိုယ်စွမ်းအား၊ ဆာလောင်စိတ်တို့ကို တိုးတက်စေတယ်လို့ တွေ့ရှိခဲ့ပါတယ်။
ပါဝင်စမ်းသပ်သူတွေထဲမှာ အမျိုးသမီး အများစုဖြစ်ပြီး ပျမ်းမျှအသက် ၆၀၊ ပျမ်းမျှ BMI ၂၅.၆ ရှိကြပါတယ်။
ပထမရက်သတ္တပတ်မှာ သူတို့စားနေကျ ပုံစံအတိုင်း စားသောက်နေထိုင်စေခဲ့ပြီး နောက် ၂ ပတ်ကိုတော့ အစာစားချိန်ကြားကာလကို ၁၀ နာရီသတ်မှတ် စားသောက်စေခဲ့ပါတယ်။
ထိုကဲ့သို့ အစာမစားဘဲ နာရီအချို့ကြာအောင် ဆက်တိုက်ပုံမှန်နေထိုင်ခြင်းက ရလဒ်အကောင်းဆုံး ရရှိတာကို တွေ့ရှိခဲ့ကြပါတယ်။
ထိုကဲ့သို့ ပုံမှန်လိုက်နာခြင်း မရှိတဲ့သူတွေကတော့ ခွန်အား၊ စိတ်အခြေအနေတို့ ယုတ်လျော့စေကာ ဆာလောင်စိတ်ကို များပြားစေပါတယ်။
အစာမစားဘဲ အချိန်ကာလတစ်ခုအထိ မနေထိုင်ခင်မှာ တစ်နေ့တာ အစာစားချိန်ကြားကာလ ကြာရှည်သူတွေဟာ အကောင်းဆုံးရလဒ် ရရှိနေတာကို အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ကြပါတယ်။
ထိုထဲက ၅၁ ရာခိုင်နှုန်းဟာ ၂ ပတ်မှ ၁၆ ပတ်အတွင်း ကိုယ်အလေးချိန် ကျသွားပါတယ်။
ဒီလိုမျိုး အချိန်နာရီတစ်ခုအထိ အစာမစားဘဲ နေထိုင်ခြင်းဟာ ကိုယ်အလေးချိန်ကျစေရန် ထိရောက်တဲ့ နည်းလမ်းဖြစ်နိုင်တယ်လို့ ယခင်လေ့လာမှုတွေမှာလည်း တွေ့ရှိထားပါတယ်။
အစာစားချိန်ကြားကာလကို ၈ နာရီသတ်မှတ် စားသုံးတဲ့ ဆီးချိုဝေဒနာရှင်တွေဟာ အခြားဆီးချိုဝေဒနာရှင်တွေထက် ကိုယ်အလေးချိန် ပိုကျတာကို အီလီနွိုက်စ်ချီကာဂို သုတေသီများ လေ့လာတွေ့ရှိခဲ့ပါတယ်။
ဒါ့အပြင် ဆီးချိုရောဂါ ဖြစ်နိုင်ခြေများသူတွေ အတွက်လည်း ကာကွယ်တဲ့နည်းလမ်း ဖြစ်နေနိုင်တယ်လို့ သုတေသီများ တွေ့ရှိထားပါတယ်။
#World_Health #စိတ်အခြေအနေ #ခွန်အားနှင့်ဆာလောင်စိတ် #အစာမစားဘဲနေထိုင်ခြင်း #Source: India Today
Breaking_News
၂၅ နိုဝင်ဘာ ၂၀၂၃
တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့်နယ်မြေဒေသလုံခြုံ အေးချမ်းရေးအတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တောင်ပိုင်းစစ်ဒေသကြီး၏ ပုံမှန်စစ်ရေး လေ့ကျင့်မှုအား တရုတ်-မြန်မာနယ်စပ်ဒေသတွင် နိုဝင်ဘာလ ၂၅ ရက်နေ့၌ လုပ်ဆောင်သွားမည်ဖြစ်ပြီး တရုတ်တပ်မတော်(ရေ)ရဲ့ စစ်သင်္ဘောများလည်း မြန်မာနိုင်ငံကိုမကြာမီလာရောက် လည်ပတ်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားပါတယ်။
ပြောကြားချက်အပြည့်အစုံကိုဖော်ပြအပ်ပါတယ်။
-ymg/knl
ဂျပန်မှာ လူသားတွေကို ဝက်ဝံတိုက်ခိုက်တဲ့ ဖြစ်ရပ်တွေ များပြားလာတာကြောင့် ဂျပန်အာဏာပိုင်များက ကာကွယ်ရေးနည်းလမ်းများ ချမှတ်လာပါတယ်။ ယခုနှစ် ဧပြီမှ အောက်တိုဘာလအတွင်း အဆိုပါ ဖြစ်ရပ်ပေါင်း ၁၈၀ စံချိန်တင် ရှိခဲ့ကြောင်း ဂျပန်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါတယ်။
#Asia_News
Published_ 24 November 2023
#ဝက်ဝံများမကြာခဏဝင်ရောက် #ဂျပန်လူနေရပ်ကွက် #ကာကွယ်ရေးနည်းလမ်းကျင့်သုံး
#Yangon_Times #YMG_News
၂၄ နိုဝင်ဘာ ၂၀၂၃
-လွိုင်ကော်တက္ကသိုလ်မှဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် မိသားစုဝင်များထဲမှ(၁၀၃)ဦး တောင်ကြီးသို့ ပြန် လည် ရောက်ရှိလာမှုအခြေအနေ၊
-ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းဈေးတွင် မီးလောင်မှုဖြစ်စဉ် ဖြစ်ပွားမှုအခြေအနေ
-၂၄-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(အရှေ့မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေများ
-နိုင်ငံနေရာအနှံ့ကောလာဟလသတင်းများထုတ်လွှင့်နေမှုအခြေအနေများ
နှင့်ပတ်သက်၍ နစကသတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားရှင်းလင်းခဲ့ပါတယ်။
ပြောကြားချက်အပြည့်အစုံကိုပြန်လည်ဖော်ပြပေးပါတယ်။
-ymg/knl
#Daily_News
Published_ 24 November 2023
၁။ (၃)လအတွင်း ရန်ကုန်တိုင်းအတွင်းရှိ တိုက်ကြီးမြို့နယ်၌ ငလျင်(၁၀)ကြိမ်လှုပ်ခတ်သက်ရောက်ခဲ့
၂။ မန္တလေး-မြစ်ကြီးနားလမ်းပိုင်း ပြန်လည်ဖွင့်လှစ်ပြီး ကုန်စည်များ ပြန်လည်ပို့ဆောင်နေ
၃။ မလေးရှားတွင် အလုပ်လုပ်ရန်အတွက် ပို့ဆောင်ပေးမည်ဆိုကာ ငွေကြေးလိမ်တောင်းခံရသဖြင့် တိုင်ကြားမှု အများဆုံးဖြစ်နေ
၄။ ဂျပန်လူနေရပ်ကွက်များသို့ ဝက်ဝံများမကြာခဏဝင်ရောက်လာသဖြင့် ကာကွယ်ရေးနည်းလမ်းများကျင့်သုံးနေကြရ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News
လာမယ့်တန်ဆောင်တိုင် ရုံးပိတ်ရက်အတွင်း ကျိုက်ထီရိုးစေတီတော်သို့လာရောက်ရန်အတွက် တည်းခိုခန်းနှင့်ဟိုတယ်များတွင် ကြိုတင်ရက်ချိန်းယူသူများ ပြားနေတယ်လို ကျိုက်ထီးရိုးရှိတည်းခိုခန်းနှင့်ဟိုတယ်များမှ သိရပါတယ်။
#Local_News
Published_ 24 November 2023
#ကျိုက်ထီးရိုးစေတီတော် #တည်းခိုခန်းနှင့်ဟိုတယ်များ #ကြိုတင်ဘိုကင်တင်သူများ
#YMG/LW #Yangon_Times
#Local_News
Published 24 November 2023
ပြည်တွင်းမှထွက်ရှိသည့် ပြောင်းဆံများအား တရုတ်မှဈေးကောင်းပေးဝယ်ယူနေသောကြောင့် တာလော့ဂိတ်မှတဆင့် အဓိကတင်ပို့နေကြောင်း ပြောင်းကုန်သည်များထံမှ သိရသည်။
ထိုသို့တင်ပို့ရာတွင် တရုတ်နိုင်ငံဘက်ခြမ်း၌ ပြောင်းတစ်တန်လျှင် ယွမ် (၂,၂၀၀) ဝန်းကျင်အထိဈေးနှုန်းရရှိနေသည့်အတွက် လက်ရှိတွင် တစ်ရက်ကို တန်ချိန် ၁၀၀ ခန့်အထိတင်ပို့နေကြောင်းသိရသည်။
'ပြောင်းကလက်ရှိ မိုင်းလားဘက်ကနေတာလော့ဂိတ်ပေါ့၊ အဲ့ဒီကနေသွားနေတယ်၊ တရုတ်ဝယ်လိုအားလည်းရှိချိန် ဈေးကောင်းလေးလည်းရတော့သွားနေပါတယ်၊ တရုတ်သွားနေတော့ဒီဘက်အဝယ်လေးလည်း လိုက်တယ်ပေါ့လေ'ဟု ပြောင်းကုန်သည် ဦးအေးသန်းကပြောသည်။
မြန်မာ့ပြောင်းအားတရုတ်၊ ထိုင်းအပြင် ပြည်ပနိုင်ငံများသို့ ပင်လယ်ရေကြောင်းနှင့်နယ်စပ်ကုန်သွယ်များမှတဆင့်လည်းတင်ပို့လေ့ရှိပြီး လက်ရှိတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလား-တာလော့ဂိတ်မှ တရုတ်နိုင်ငံသို့ တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။
'အဓိကထိုင်းတင်ပိုတာပေါ့၊ ဒါပေမယ့်ဒီအချိန်က ထိုင်းမပို့ဘူးလေ၊ ထိုင်းကသူတို့ဘက်မှာထွက်ချိန်ဆို သူတို့သီးနှံကာကွယ်တဲ့ အနေနဲ့အခွန်ကောက်တော့ ဒီဘက်ကမသွားဘူးပေါ့'ဟု ၄င်းက ဆက်ပြောသည်။
ထိုင်းနိုင်ငံသို့ ဖေဖော်ဝါရီ ၁ ရက်နေ့မှပြန်လည်၍ တင်ပို့လေ့ရှိကာပြောင်းတင်ပို့မှု ရာသီပြန်လည်စတင်မည်ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံသို့ တင်ပို့ရာတွင်မူ လတ်တလောတွင် မူဆယ်လမ်းပိုင်းယာယီ ပိတ်ထားသည့်အတွက် တာလော့ဂိတ်မှတဆင့်တင်ပိုနေရကြောင်း၊ ယင်းသို့တင်ပို့ရာတွင် မန္တလေးတိုင်းမှ ရှမ်းပြည်တောင်ပိုင်း၊၄င်းမှတဆင့် ရှမ်းပြည်နယ်အရှေ့ပိုင်းသို့ ဆက်လက်တင်ပို့ရသည့် အတွက် လမ်းခရီး၌ ငါးရက် အနည်းဆုံးကြာမြင့်လျှက်ရှိကြောင်း သိရသည်။
ယနေ့တွင် ရန်ကုန် - ဘုရင့်နောင်ဈေးကွက်၌ ပြောင်းဆံ တစ်ပိဿာလျှင် ၁,၀၇၀ ကျပ်မှ ၁,၀၈၀ ရှိပြီး ၊ မန္တလေးဈေးကွက်၌ပြောင်းဆံ တစ်ပိဿာလျှင်၉၄၄ ကျပ်မှ ၉၈၁ ကျပ်၊ ရှမ်းပြည်နယ်၌ ပြောင်းဆံ တစ်ပိဿာလျှင် ၈၀၀ ကျပ်ကျော်အထိဈေးနှုန်းအသီးသီးရှိနေကြောင်း သိရသည်။
#Local_News #တရုတ်ပြောင်းဆံ #တာလော့ဂိတ် #YMG/NN #Yangon_Times
'ရှမ်းပြည်နယ်မြောက်ပိုင်းသီပေါမြို့နယ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် လာရောက်ခိုလှုံနေတဲ့ တိုက်ပွဲရှောင် ၁၁၁၀ ဉီးအထိရှိလာပြီး စားနပ်ရိက္ခာနဲ့အနွေးထည်တွေလိုအပ်နေတယ်လို့ ပရဟိတအသင်းနဲ့ဒေသခံတွေဆီက သိရပါတယ်'
#Local_News
Published_ 24 November 2023
#သီပေါမြို့ #တိုက်ပွဲရှောင်၁၁၀၀ကျော်
#YMG/NN #Yangon_Times
ပြည်နိုင်ငံတွေကို အလုပ်သွားရောက်လုပ်ကိုင်နိုင်ဖို့ ပွဲစားများနဲ့ လူမှုကွန်ယက်တွေကနေတစ်ဆင့် ငွေကြေးလိမ်လည်ခံရတာတွေမှာ မလေးရှားနိုင်ငံကိုသွားရောက် လုပ်ကိုင်ဖို့ အတွက် ငွေကြေးလိမ်ခံရသဖြင့် လာရောက်တိုင်ကြားတာ အများဆုံးဖြစ်နေတယ်လို့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်(MOEAF)ထံက သိရပါတယ်။
#Local_News
Published_ 24 November 2023
#(MOEAF) #မလေးရှား #ငွေကြေးလိမ်ခံရ
#YMG/LW #Yangon_Times
"မန္တလေး-မြစ်ကြီးနားလမ်းပိုင်းကို ယမန်နေ့ကပြန်လည်ဖွင့်လှစ်ပြီး ခရီးသည်တင်ကားတွေအပြင် ကုန်စည်တွေလည်းပြန်လည်ပို့ဆောင်နေတယ်လို့ ခရီးသည်နှင့်ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူတွေဆီ"က သိရပါတယ်။
#Local_News
Published_ 24 November 2023
#မန္တလေး-မြစ်ကြီးနားလမ်းပိုင်း #ကုန်စည်များပြန်လည်ပို့ဆောင်
#YMG/NN #Yangon_Times
"တိုက်ကြီးမှာ ငလျင်တွေထပ်လှုပ်နေပါတယ်။ ည ၉ နာရီကျော်လောက်မှာ စတင်လှုပ်ခတ်ခဲ့ပြီး မိနစ်ပိုင်းလောက်လှုပ်ခတ်ခဲ့တယ်"
တိုက်ကြီးဒေသခံတစ်ဦး
#Local_News
Published_ 24 November 2023
#တိုက်ကြီးမြို့နယ် #ငလျင်(၁၀)ကြိမ်လှုပ်ခဲ့
#tthl #Yangon_Times
Page 971 of 2004