#World_News
Published 10 October 2023
အစ္စရေးလ်ဘက်မှ သတိပေးချက် မထုတ်ပြန်ဘဲ ပါလက်စ်တိုင်းအိမ်တွေကို တစ်ခါဗုံးကျဲတိုင်း အစ္စရေးလ်အကျဥ်းသား တစ်ဦးချင်းစီကို ကွပ်မျက်သွားမယ်လို့ အစ္စလာမ်စစ်သွေးကြွ ဟားမတ်စ်အဖွဲ့က ခြိမ်းခြောက်လိုက်ပါတယ်။
အစ္စရေးလ်က မကြုံစဖူး အရန်တပ်ဖွဲ့ဝင် ၃ သိန်းခေါ်ယူလိုက်ကာ ဂါဇာကမ်းမြောင်မှာ ပိတ်ဆို့ထားလိုက်တာကြောင့် မြေပြင်တိုက်ခိုက်မှု စီစဥ်နေတာကို စိုးရိမ်လာရပါတယ်။
ဟားမတ်စ်ဘက်ကနေ ရက်စက်တဲ့ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် အကြမ်းဖက် တိုက်ခိုက်နေကြရာ လူပေါင်း ၁,၅၀၀ ကျော်သေဆုံးထားပြီး နိုင်ငံတကာမှ အစ္စရေးလ်ကို ထောက်ခံကြောင်း ကြေညာလာကြကာ တိုက်ခိုက်မှုများ အဆုံးသတ်ရေးနဲ့ အရပ်သားပြည်သူများကို ကာကွယ်ပေးဖို့ တောင်းဆိုလာကြပါတယ်။
ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေးလ်ဘက်မှ သေဆုံးသူအရေအတွက် ၉၀၀ ကျော်ရှိလာကာ ဒဏ်ရာရသူ အနည်းဆုံး ၂,၆၀၀ ရှိပြီး လူဒါဇင်ခန့် ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ အစ္စရေးလ် တီဗီအစီအစဥ်တွေမှာ ဖော်ပြထားကြပါတယ်။
အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူက လက်စားချေမယ်လို့ မိန့်ခွန်းမှာကတိပြုလိုက်ပြီး ဟားမတ်စ်တွေဟာ ကလေးတွေကို ကြိုးတုပ်ပြီး သတ်ဖြတ်တာမျိုးတွေနဲ့ အခြားရက်စက်တာမျိုးတွေ ကျူးလွန်နေတယ်လို့ စွပ်စွဲလိုက်ကာ သူတို့ စစ်ပွဲဖြစ်ချင်တဲ့အတိုင်း ဖြစ်စေရမယ်လို့ ပြောကြားလိုက်ပါတယ်။
စနေနေ့ကတည်းက ပိတ်ဆို့ထားတဲ့ နယ်မြေကို အစ္စရေးလ်ဘက်မှ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ပါလက်စ်တိုင်း ၆၈၇ ဦး အနည်းဆုံးသေဆုံးပြီး ၃,၇၂၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဂါဇာကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
တိုက်ခိုက်ခံခဲ့ရတဲ့ နေရာတွေထဲမှာ တိုက်ခန်းများ၊ ဗလီကျောင်းတစ်ကျောင်း၊ ဆေးရုံများ ပါဝင်ခဲ့ပြီး လမ်းနဲ့ အိမ်အချို့ ပျက်စီးသွားခဲ့တယ်လို့ မျက်မြင်သက်သေများနဲ့ ဒေသတွင်းမီဒီယာများက ပြောပြထားပါတယ်။
ပါလက်စ်တိုင်း ပုဂ္ဂလိကဆက်သွယ်ရေးလုပ်ငန်းရဲ့ ရုံးချုပ်များကို အစ္စရေးလ်တို့ တိုက်ခိုက်ခဲ့ရာ တယ်လီဖုန်းလိုင်းများ၊ အင်တာနက်လိုင်းများ၊ မိုဘိုင်းဖုန်းဝန်ဆောင်မှုများ ထိခိုက်ခဲ့ပါတယ်။
အစ္စရေးလ်စစ်တပ်က ဂါဇာကမ်းမြောင်ရှိ ပစ်မှတ်များကို ပင်လယ်နဲ့ လေထဲကနေ တိုက်ခိုက်နိုင်ခဲ့ကာ ဂါဇာကမ်းရိုးတန်းရှိ အစ္စလာမ်ဂျီဟဒ်နဲ့ ဟားမတ်စ်တို့ ပိုင်ဆိုင်တဲ့ လက်နက်တိုက်တစ်ခုလည်း ထိမှန်ခဲ့ကြောင်း ပြောကြားလာပါတယ်။
ဓားစာခံများ သတ်ပစ်မယ်လို့ ခြိမ်းခြောက်လာတာကို အစ္စရေးလ်စစ်တပ်ဘက်မှ တုန့်ပြန်ဖြေကြားခြင်း မရှိသေးပါဘူး။
သီတင်းပတ်အကုန်တုန်းက နယ်စပ်ဖြတ်ကျော် ကျူးကျော်တိုက်ခိုက်စဥ် ဟားမတ်စ်တို့က လူပေါင်းတစ်ရာကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အစ္စရေးလ် နိုင်ငံခြားရေးဝန်ကြီး အယ်လီကိုဟင်က ပြောကြားလိုက်ပါတယ်။
လူပေါင်း ၁၃၇,၀၀၀ ခန့်ဟာ ကုလသမဂ္ဂအေဂျင်စီ UNRWA ထံမှာ ခိုလှုံနေကြကာ ပါလက်စ်တိုင်းတို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေ ထောက်ပံ့ပေးနေကြောင်း ကုလထွေချုပ် အန်တိုနီယိုဂူတာရက်စ်က ပြောကြားလိုက်ပါတယ်။
ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ အမေရိကန်အစိုးရတို့က အစ္စရေးလ်တို့ဘာသာ ကာကွယ်နိုင်ရေးအတွက် စည်းလုံးပူးပေါင်းရပ်တည်သွားမယ်လို့ ထုတ်ပြန်ခဲ့ကြပါတယ်။



#World_News #ပါလက်စ်တိုင်း #အစ္စရေးလ် #Source: Reuters #Yangon_Times
Published 10 October 2023
ဂန္တဝင်ဂီတကို အဖွဲ့လိုက်နားဆင်ခြင်းဖြင့် ခန္ဓာကိုယ်တလျှောက် တေးသွားများပျံ့နှံ့ကာ နှလုံးခုန်နှုန်း၊ အသက်ရှူခြင်းတို့ကို သက်ရောက်စေကာ အရေပြားမှာ ကြက်သီးမွေးညင်းထတဲ့အထိ ခံစားရနိုင်တယ်ဆိုတဲ့ အထောက်အထားမျိုး တွေ့ရှိထားကြောင်း လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။
စိတ်ခံစားချက်အတိုင်း လိုက်လံလှုပ်ရှားတဲ့ အချိန်မှာ ခန္ဓာကိုယ်တေးသွားလှုပ်ရှားမှုက မြင့်တက်လာပြီး ဂီတထဲမှာ မျောပါသွားတယ်လို့ ဆွစ်ဇာလန် ဘန်းတက္ကသိုလ်မှ သုတေသနအဖွဲ့က မှတ်ချက်ပြုလိုက်ပါတယ်။
အနုပညာနဲ့ ဂီတကို တုန့်ပြန်တဲ့နေရာမှာ ခန္ဓာကိုယ်က အမြဲတမ်းပါဝင်နေတယ်လို့ ဦးဆောင်သုတေသီ ဝုဖ်ဂန်းရှာချာက ပြောကြားသွားပါတယ်။
စမ်းသပ်မှုထဲမှာ အလင်းမှိန်တဲ့အပြင် ကိုဗစ်စည်းမျဥ်းအတိုင်း ခွာခြားထိုင်ကြပေမယ့် လာရောက်နားဆင်ကြသူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် စည်းချက်ညီစွာ လှုပ်ရှားကြပြီး နှလုံးခုန်နှုန်းတွေကလည်း စည်းချက်ညီကြတာကို တွေ့ရှိခဲ့ကြပါတယ်။
တွေ့ကြုံခံစားမှုအသစ်တွေကို လိုလားသူတွေဟာ ဒီလိုမျိုး အများဆုံးခံစားကြရပါတယ်။
အခြားဂီတအမျိုးအစားတွေဆိုရင် အဆိုပါခံစားမှုမျိုးက ဒီထက်ပိုပြီး သက်ရောက်နိုင်တယ်လို့ ရှာချာက ခန့်မှန်းလိုက်ပါတယ်။
ပေါ့ပ်ဂီတပွဲတွေမှာ လူတွေ စည်းချက်ညီ လှုပ်ရှားကြတာတွေ၊ ကကြတာတွေက ဂီတကြောင့်ဖြစ်ပြီး ပိုမိုထင်ရှားတဲ့ လက်တွေ့ဖြစ်ရပ်တွေ ဖြစ်ပါတယ်။
Source: New York Post
#World_Health
#YMG #Yangon_Times #Yangon_Media_Group
Published 10 October 2023
အသားမစားတဲ့ စားသောက်မှုပုံစံက စိတ်ဆန္ဒတစ်ခုတည်းနဲ့ လုပ်ယူလို့မရပါဘူး။
သက်သက်လွတ်စားခြင်းနဲ့ ဆက်စပ်နေတဲ့ မျိုးရိုးဗီဇ ၄ ခုရှိတယ်လို့ PLOS One မှာ ဖော်ပြထားပါတယ်။
ချုပ်ပြီးပြောရရင် သက်သက်လွတ်စားခြင်းက မျိုးရိုးဗီဇနဲ့ များစွာသက်ဆိုင်နေတယ်လို့ ဦးဆောင်စာတမ်းပြုစုသူ ဒေါက်တာ နာဘီလ်ယာဆင်က ပြောပြခဲ့ပါတယ်။
ဘာသာရေးနဲ့ ယဥ်ကျေးမှု ထုံးတမ်းအစဥ်အလာများအပြင် သက်ရှည်ကျန်းမာရေး၊ ပတ်ဝန်းကျင် အခြေအနေတို့ကြောင့် အသားလျှော့စားဖို့ ဖြစ်လာကြရပါတယ်။
သက်သက်လွတ် စားဖြစ်ကြသူတွေရဲ့ မျိုးရိုးဗီဇ အချက်အလက် အတိအကျကိုတော့ ရှာမတွေ့ခဲ့ပေမယ့် အနာဂတ်မှာတော့ စူးစမ်းလေ့လာသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ယမန်နှစ်တစ်နှစ်လုံး အသားထုတ်ကုန်ပစ္စည်းများ မစားခဲ့တဲ့ လူ ၅ ထောင်နဲ့ အသားစားသူ ၃ သိန်းကို နှိုင်းယှဥ်ခဲ့ကြပါတယ်။
ထိုအခါမှာ သက်သက်လွတ်စားခြင်းနဲ့ ဆက်စပ်နေတဲ့ မျိုးရိုးဗီဇ ၃ မျိုးကို တွေ့ရှိခဲ့ပြီး ဆက်စပ်နိုင်ချေရှိတဲ့ နောက်ထပ် ၃၁ မျိုးကိုလည်း တွေ့ရှိခဲ့ပါတယ်။
သက်သက်လွတ်သမားတွေရဲ့ အဆိုပါမျိုးရိုးဗီဇတွေဟာ အသားစားသူတွေနဲ့ ယှဥ်ရင် ကွဲလွဲချက်တွေ ရှိနေပါတယ်။
ဒါတွေဟာ လူတစ်ဦးချင်းစီမှ အဆီများကို ချေဖျက်ပုံ မတူညီတာကြောင့် ဖြစ်နိုင်ပါတယ်။
ဟင်းသီးဟင်းရွက်တွေနဲ့ အသားတွေက အဆီဖွဲ့စည်းပုံချင်း မတူညီတာကြောင့် အချို့လူတွေမှာ အသားမှရရှိတဲ့ အဆီတွေကို မျိုးရိုးဗီဇအရ လိုအပ်တာ ဖြစ်ပါတယ်။
အဆီချေဖျက်ခြင်းရဲ့ မျိုးရိုးဗီဇကွဲလွဲမှုများ၊ ဦးနှောက်အပေါ် သက်ရောက်ပုံတို့နဲ့ ဆက်စပ်နေကာ နောက်ထပ်လေ့လာမှုတွေ ပြုလုပ်ဖို့ လိုအပ်နေပါတယ်။
Source: India Today
#World_Health
#YMG #Yangon_Times #Yangon_Media_Group
တရုတ်နိုင်ငံရဲ့ ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်သွယ်စီမံကိန်း BRIရဲ့ အထင်ကရ အစိတ်အပိုင်းဖြစ်တဲ့ တရုတ်-လာအိုရထားလမ်း ဖွင့်လှစ်လိုက်ပြီဖြစ်ရာ ယူနန်ပြည်နယ် အနောက်တောင်ဘက်ရှိ မိုဟန်မြို့ဟာ မထင်မရှားမြို့လေး ဖြစ်ခဲ့ရာကနေ နိုင်ငံတကာကုန်းကြောင်း ဆိပ်ကမ်းတစ်ခု ဖြစ်လာပါပြီ။
#Asia_Transport
Yangon_Times
#Published_ 09 October 2023
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 09 October 2023
၁။ လှည်းကူးတွင် ရေဘေးသင့်သူထောင်ချီ၊ သောင်းချီရှိ၊ ကူညီကယ်ဆယ်ရေးအတွက် အင်အားဖြည့်ပေးရန် အကူအညီတောင်းခံထားဟုဆို
၂။ ပဲခူးမြစ်ရေဆက်လက်မြင့်နေတာကြောင့်ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်တိုက်ပြုလုပ်နေရ
၃။ စိုက်ဧကတိုးလာခြင်းနှင့် ပြည်ပတင်ပို့မှု မရှိသောကြောင့် ငရုတ်အစို၊အခြောက် ဈေးနှုန်းတွေကျဆင်းနေ
၄။ တရုတ်-လာအို ရထားလမ်းကြောင့် မိုဟန်မြို့ နိုင်ငံတကာကုန်းကြောင်းဆိပ်ကမ်းမြို့ဖြစ်လာ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Published 9 October 2023
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေမြင့်တက်ပြီး ရေဘေးဒဏ် ခံနေရသည့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ် သို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အတွက်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှရှာဖွေကယ်ဆယ်ရေး(အထူး)တပ်ဖွဲ့ဝင်များ ကိုစေလွှတ် လိုက်ကြောင်းသိရသည်။
အောက်တိုဘာ ၈ ရက် နေ့ က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေမြင့်တက်ပြီး ရေဝင်ရောက်မှုများဖြစ်ပွားသဖြင့် ပဲခူးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရေဘေးသင့်ပြည်သူများအား နီးစပ်ရာဘုန်းတော်ကြီးကျောင်းများနှင့် ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေရာချခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပဲခူးမြစ် ရေသည် ဆက်လက် မြင့်တတ်လာတာကြောင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ပိုမို လုပ်ဆောင်ပေးနိုင်ရန် အတွက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေး(အထူး)တပ်ဖွဲ့ဝင်များ ကို အောက်တိုဘာ ၉ရက် နံနက်ပိုင်းတွင် စေလွှတ် ခဲ့ ကြောင်း သိရသည်။
ရေဘေးဒုက္ခကြုံတွေ့နေရသော နေရာများတွင် အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ်ရေးဆောင်ရွက် နိုင်ရန် အတွက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေး (အထူး)တပ်ဖွဲ့ဝင်များသည်ရေပြင်ရှာဖွေကယ်ဆယ်ရေးသုံး ရေယာဉ်/ စက်ပစ္စည်းကိရိယာများ၊ ရေပြင်ကယ်ဆယ်ရေးဆိုင်ရာ တစ်ကိုယ်ရေသုံးဝတ်စုံပစ္စည်းကိရိယာ စုံလင်စွာဖြင့် သွားရောက် ကူညီပေးနေကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 09 October 2023
#YMG #Yangon_Times #Yangon_Media_Group

အမြန်လမ်း ၃၉ မိုင် မီနီတိုးဂိတ်အနီး ရေဆက်လက်မြင့်တတ်နေတာကြောင့် ယာဉ်ငယ်များ သွားမရဘဲပိတ်ဆိုနေ
အမြန်လမ်း ၃၉မိုင် မီနီတိုးဂိတ်အနီး ရန်ကုန်-မော်လြမိုင် လမ်းပေါ်ရေကျော်မှု ပိုများလာတဲ့ အတွက် ယာဉ်ငယ်များ ဖြတ်သန်းမရဘဲ ပိတ်ဆိုနေတယ်လို့ လူမှုကူညီရေး အသင်းတွေထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 09 October 2023
#YMG #Yangon_Times #Yangon_Media_Group
အခုရက်ပိုင်းအတွင်း ပဲခူး၊ ရန်ကုန်စသည့်ဒေသများ မိုးကြီးဦးမည်
‘မုတ်သုန်မထွက်သေးတဲ့အတွက် မုတ်သုန်အရှိန်၊ မုတ်သုန်ဆုတ်ခွာချိန် မုတ်သုန်အထွက်မှာ လေထုမငြိမ်မသက် ဖြစ်တာတွေကြောင့် မိုးသည်းထန်တာ၊ မိုးကြီးတာတွေ ဖြစ်ပေါ်ဦးမှာဖြစ်တယ်။ ပဲခူး၊ ရန်ကုန်စတဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ မိုးဆက်ရွာဦးမှာဖြစ်တယ် ’ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးလှထွန်း)
Yangon_Times/tthl
#Local_News
#Published_ 09 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 09 October 2023
ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်(ပထမအဆင့်)အဖြစ် မြန်မာ-မကာအိုဘောလုံးပွဲစဉ်ကို အောက်တိုဘာ(၁၂)ရက်တွင် အိမ်ကွင်းယှဉ်ပြိုင်မှုအဖြစ်ရန်ကုန်မြို့သုဝဏ္ဏဘောလုံးကွင်း၌စတင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး သုဝဏ္ဏဘောလုံး ကွင်း၌ကြည့်ရူနိုင်သလို ရုပ်သံလိုင်းမှလည်း တိုက်ရိုက်လွှင့်သွားမည်ဖြစ်ကြောင်း အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှသိရသည်။
မြန်မာ-မကာအိုပွဲစဉ်အတွက် လက်မှတ်များကို ကြိုတင်ဝယ်ယူနိုင်ကြောင်းနှင့် အထူးတန်းကျပ်၅၀၀၀၊ရိုးရိုးတန်း ၂၀၀၀ကျပ်နှင့်ဝယ်ယူနိုင်ပြီးအောက်တိုဘာလ၉ရက်မှ၁၂ရက်အတွင်း အွန်လိုင်းAYAPayနဲ့လည်းကြိုတင် ဝယ်ယူနိုင် သည်ဟုဆိုသည်။
မြန်မာအသင်းတွင် နည်းပြချုပ် မိုက်ကယ်၏ ပဏာမလက်ရွေးစင်အသင်းလူစာရင်းသည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ယှဉ်ပြိုင်ကစားခဲ့သည့် နီပေါအသင်းနှင့် နိုင်ငံတကာ ခြေစမ်းပွဲစဉ်မှ လူစာရင်းကို အခြေခံရွေးချယ်ထားပြီး အာရှအားကစားပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ယူ-၂၄ အသင်းမှ လူငယ်ကစားသမားများနှင့် ပေါင်းစပ်ဖွဲ့စည်းထားသည်ဟုဆိုသည်။
မြန်မာနေရှင်နယ်လိဂ်တွင် ခြေစွမ်းပြသနေသည့် ဟံသာဝတီယူနိုက်တက်တိုက်စစ်မှူး အောင်မြတ်သူလည်း ပဏာမလက်ရွေးစင်လူစာရင်းတွင် ပါဝင်လာခဲ့သည်။
မြန်မာလက်ရွေးစင်အသင်းအနေဖြင့်အောက်တိုဘာလ(၁၂)ရက်တွင်အိမ်ကွင်း၌ ကန်ပြီးနောက် အောက်တိုဘာ (၁၇)ရက်တွင်မကာအိုဖြင့်နောက်တစ်ကြိမ်အဝေးကွင်းယှဉ်ပြိုင်ရမည်ဖြစ်ပြီးSkyNetရုပ်သံလိုင်းမှလည်း တိုက်ရိုက် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Published_ 09 October 2023
ပဲခူးဆေးရုံကြီး ရေကြီးနစ်မြှုပ်နေသောကြောင့် သက်သာသူများ ဆေးရုံဆင်းခိုင်းနေပြီး ပုဂ္ဂလိကဆေးရုံအချို့၌ လူနာများအားအခမဲ့ ဝန်ဆောင်မှုပေးနေသည့်သတင်းမှာ ကောလဟာလသာဖြစ်ကြောင်း ဆေးရုံတက်နေသည့် လူနာရှင်များနှင့် ပရဟိတလုပ်ကိုင်သူများထံမှ သိရသည် ။
ပြီးခဲ့သည့် အောက်တိုဘာ ၈ ရက် နံနက်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်ပဲခူးမြစ်ရေမြင့်တက်မှုတို့ကြောင့် နေအိမ်များအတွင်း ရေဝင်ရောက်မှုနှင့် လမ်းများပေါ်တွင်ရေကျော်
မှုများနှင့်အတူ ပဲခူးဆေးရုံကြီးတွင်လည်း ရေကြီးမှုများရှိနေသည့်အတွက် အောက်တိုဘာ ၁၈
ရက် ည၁၂နာရီမှစတင်၍ ပဲခူးဆေးရုံကြီး၏အောက်ထပ် ရေနစ်မြှုပ်ခဲ့သည့်အတွက် လူနာများအား အပေါ်ထပ်သို့ရွေ့ပြောင်းပေးပြီး နောက်ယနေ့နေ့လယ်ပိုင်းမှစတင်ကာ သက်သာသည့်လူနာများအား ကယ်ဆယ်ရေးလှေများဖြင့် ဆေးရုံဆင်းခွင့်ပေးနေပြီဖြစ်ကြောင်း သိရသည်။
" ရေကတစ်ရိပ်ရိပ်တက်နေတယ် ။ ဆေးရုံကနေသက်သာတဲ့သူအကုန်ဆင်းခိုင်းနေပြီ ။ လမ်းလျောက်နိုင်တဲ့လူနာတွေကို လှေတွေနဲ့သယ်ပြီးပြန်ကြဖို့ ဆရာမတွေက လွတ်ပေးနေတယ် ။ အောက်ထပ်က မနေ့ည၁၂ထဲက အပေါ်ရွေ့ကြရတာ ။အောက်ထပ်မှာဘယ်သူမှမရှိတော့ဘူး " ဟု ဆေးရုံတက်နေသည့် လူနာရှင်တစ်ဦးက အောက်တိုဘာ ၉ရက်နေ့ညနေ ၃နာရီဝန်းကျင်မှာ ပြောသည်။
အဆိုပါပဲခူးဆေးရုံကြီးမှ ကုသရန်ခက်ခဲနေသော လူနာများအား ပဲခူးမြို့ရှိ သမာဓိအထူးကု ဆေးခန်း ၊လိပ်ပြာကန်အထူးကုဆေးခန်း ၊ အောင်ဆေးရုံ၊ ဒေါ်ခင်နုအထူးကုဆေးခန်း ၊ Zayer Dental and General Clinic တို့တွင် ဝန်ဆောင်ခအခမဲ့ဖြင့် ကုသပေးနေကြောင်း လူမှုကွန်ယက်၌ ပျံ့နှံနေကြောင်းသိရသည်။
အဆိုပါဆေးရုံများ၌ ပါဝင်သည့် လိပ်ပြာကန်ဆေးရုံမှာလည်း လက်ရှိတွင် ရေနစ်မြှုပ်နေသည့်အတွက် ဆေးရုံပိတ်ထားရကြောင်း ပရဟိတလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည် ။
" ကျွန်တော်တို့ကတော့ လှေတွေနဲ့လိုက်ကယ်နေလို့ ပုဂ္ဂလိကဆေးရုံတွေက ဝန်ဆောင်မှုအခမဲ့ပေးနေတယ်ဆိုတာ မကြားမိပါဘူး။ ဒါပေမယ့် အဲ့ဒီထဲမှာပါတဲ့ လိပ်ပြာကန်ဆေးရုံကတော့ရေနစ်မြှုပ်နေလို့ ပိတ်ထားပါတယ် " ဟုဆက်ပြောသည်။
ထို့အပြင် အောင်ဆေးရုံပဲခူးသို့ ဖုန်းနှင့်ဆက်သွယ်မေးမြန်းရာ၌ ပါဝင်မှုမရှိကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားပြီး ကျန်ဆေးရုံများသို့လည်း ဆက်သွယ်၍မရပေ ။
ပဲခူးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုများဖြစ်ပေါ်လျက်ရှိ၍ ယမန်နေ့ညနေပိုင်းအထိ ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၂၄ ခုဖွင့်လှစ်ထားခဲ့ရပြီး အိမ်ထောင်စု ၁၃၀၀ ခန့်မှ လူဉီးရေ ၅၆၀၀ ခန့်ခိုလှုံနေထိုင်လျက်ရှိကြောင်း ပဲခူးတိုင်းအစိုးရအဖွဲ့မှ ထုတ်ပြန်ခဲ့သည်။
Yangon_Times/NN
#Local_News
#YMG #Yangon_Times #Yangon_Media_Group
တစ်နိုင်ငံလုံး ငရုတ်စိုက်ဧက သုံးဆတက်
စိုက်ဧကတိုးလာခြင်းနှင့် ပြည်ပတင်ပို့မှု မရှိသောကြောင့် ငရုတ်အစိုအခြောက်ဈေးနှုန်းတွေ ကျဆင်းနေ
Yangon_Times/NN
#Local_News
#Published_ 07 October 2023
#YMG #Yangon_Times #Yangon_Media_Group
ပဲခူးမြစ်ရေ ဆက်လက်မြင့်နေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်တိုက်ပြုလုပ်နေရ
အခုတစ်ကြိမ် ပဲခူးမြစ်ရေ မြင့်တတ်မှုဟာ စံချိန်တင်ဖြစ်ခဲ့တာကြောင့် ပဲခူးမြို့ပြင် မြေနိမ့်ပိုင်းနေရာတွေသာမက မြိုတွင်းမှာပါ ရေဝင်ရောက်မှု များနေတဲ့အတွက် ရေဘေးသင့်ပြည်သူတွေကို နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများတွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ကယ်ဆယ် ထားရ ကာ ကယ်ဆယ်ရေးစခန်း ၄၀ကျော်ခန့် ရှိနေပြီလို့ ဆိုပါတယ်။
Yangon_Times/LW
#Local_News
#Published_ 07 October 2023
#YMG #Yangon_Times #Yangon_Media_Group
Page 972 of 1938