#Local_News
Published_9 June 2023
ပဲခူးတိုင်းဒေသကြီး ၊ အနောက်ပိုင်း ( ပြည်ခရိုင်)ပြည်မြို့၊ အောင်ဆန်းပြည်သာယာရပ်ကွက် (၃)လမ်းထိပ် ဟိုတယ်ခေတ္တရာအနီးရှိ နေအိမ်တစ်အိမ်တွင် ဇွန်လ၈ ရက်နေ့ညနေပိုင်းက အမျိုးသမီးတစ်ဦးကိုသတ်ပြီး နေအိမ်အတွင်းရှိပစ္စည်းများ ဖောက်ထွင်းယူမှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)ပါရမီ အဖွဲ့မှ သိရပါတယ်။
#Local_News #အမျိုးသမီးကိုသတ်ပြီးနေအိမ်ဖောက်ထွင်း
#YMG #Yangon_Media_Group
Published 9 June 2023
တရုတ်နှင့်ရုရှားလေတပ်တို့ ကြာသပတေးနေ့က ပူးတွဲပြီး ခြောက်ကြိမ်မြောက် မဟာဗျူဟာမြောက်ကင်းလှည့်ခြင်း ဆောင်ရွက်ခဲ့ကြတဲ့ ဗွီဒီယိုကို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် လေတပ်က ထုတ်ပြန်ခဲ့ပါတယ်။
တရုတ်နှင့်ရုရှားစစ်တပ်တွေအကြား နှစ်ပတ်လည် ပူးပေါင်းဆောင်ရွက်မှုအရ နှစ်ဘက်ဟာ ဂျပန်ပင်လယ်ပြင်နှင့် အရှေ့တရုတ်ပင်လယ်တို့ရဲ့ လေပိုင်နက်ထဲမှာ အင်္ဂါနေ့က ပူးတွဲလေကြောင်းမဟာဗျူဟာကင်းလှည့်မှု ဆောင်ရွက်ခဲ့ ကြတာ ဖြစ်ပါတယ်။ နောက်တစ်ရက်မှာလည်း နှစ်ဘက်ဟာ ပစိဖိတ်အနောက်ပိုင်း လေပိုင်နက်ထဲမှာ ဒုတိယအဆင့် ပူးတွဲလေကြောင်းမဟာဗျူဟာကင်းလှည့်မှုဆက်လက်ဆောင်ရွက်ခဲ့ကြပါတယ်။
နှစ်ဘက်အသုံးပြုတဲ့လေယာဉ်တွေဟာ TU-95 တီယူ-နိုင်တီးဖိုက် နှင့် H-6K အိတ်ချ် ဆစ်ခ်ကေ ဗုံးကြဲလေယာဉ်တွေအပြင် J-16 ဂျေ-ဆစ်ခ်တင်းန်နှင့် SU-30 အက်စ်ယူ သာတင်း တိုက်လေယာဉ်တွေလည်းပါဝင်ခဲ့တာကို ဗွီဒီယိုမှာတွေ့ရပါတယ်။
Source AFP
#China_Russia_Airforce_Joint_Patrol
#China_Russia_Relations
#ရုရှား_တရုတ်_ပူးတွဲလေကြောင်းကင်းလှည့်
#YangonMediaGroup
#Local_News
Published_9 June 2023
ငွေကျပ် ၁ ဒသမ ၃၃ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၈ သိန်းကျော်ကို မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ဖမ်းမိထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သိရသည်။
ဇွန် ၄ ရက် ည ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံရှာဖွေစစ်ဆေးရေးစခန်းတွင် တောင်ကြီးမှ သာစည်ဘက်သို့ မောင်းနှင်လာသည့် Express ခရီးသည်တင် မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည် မနန်းမိုးဇာနှင့် ခွန်မြမောင်တို့ ၂ ဦး သယ်ဆောင်လာသည့် ကျောမှီမွေ့ရာများအတွင်း သိုဝှက်သယ်ဆောင်လာသော အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြား ၈၈၇၂၅၀ ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါသိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့မှ ကရင်ပြည်နယ်၊ မြဝတီမြို့သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#ymg/BM #Local_News #၁ဒသမ၃၃ဘီလီယံကျော်တန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြား #YMG #Yangon_Media_Group
#Local_News
Published_9 June 2023
နောက်(၂၄)နာရီအတွင်း လေဖိအားနည်းဆဲလ်ပိုမိုအားကောင်းလာနိုင်ပြီး အားကောင်းသော လေဖိအားနည်းရပ်ဝန်းဖြစ်လာမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
အားကောင်းသည့်လေဖိအားနည်းရပ်ဝန်းရှိသည့်အပြင် မုတ်သုန်အားကောင်းသဖြင့်မြန်မာ့ပင်လယ်ပြင် နှင့် ကမ်းရိုးတန်းတစ်လျှောက်တွင် မိုးသက်လေပြင်းတိုက်ခတ်ခြင်း၊ လှိုင်းကြီးခြင်းများ ဖြစ်ပေါ်မည်။
နေပြည်တော်၊ မကွေးနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့်ဧရာဝတီတိုင်းတို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ တနင်္သာရီတိုင်းဒေသကြီးတွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟုဆိုသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်အနေဖြင့် အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများသို့ ဝင်ရောက်နိုင်ကြောင်း သိရသည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေကတော့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းနေပြီး၊ အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုထားကြောင်း ထုတ်ပြန်ထားသည်။
#ymg/tthl #Local_News #ဒေသအချို့မိုးကြီးမည် #လေဖိအားနည်းရပ်ဝန်းဖြစ်မည် #YMG #Yangon_Media_Group
#Local_News
Puvlished-9 June2023
မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦး ထိုင်းထီ အမြင့်ဆုံးဆု ဘတ်ငွေသိန်း ၁၂၀ ဆု ဆွတ်ခူးခဲ့ကြောင်း မြန်မာလုပ်သားများကို အကူအညီပေးနေသည့် ရွေ့ပြောင်းလုပ်သားများ အကူအညီပေးရေး မဟာမိတ်အဖွဲ့ (AAC) မှ ကိုခိုင်ကြီးက ပြောကြားထားသည်။
ထိုင်းနိုင်ငံ တောင်ပိုင် သကွန်ပါနယ်မြေမှ မြန်မာလုပ်သားလူငယ်တစ်ဦးဇွန်လ၁ရက်က ထိုင်းထီပေါက်စဥ် (125 272) ခြောက်လုံးတူနှစ်ဆောင်တွဲဖြင့်ထိုင်းဘတ်သိန်းတစ်ရာ့နှစ်ဆယ် (၁၂၀)ကံထူးခဲ့ခြင်းဖြစ်ပြီး လိုင်းပေါ်မှ ထီထုတ်ပေးသည့်အဖွဲ့အစည်းများကို ဆက်သွယ်အကူအညီတောင်းရာ ၅ရက်ခန့်အကြာတွင် AAC မှ ဒါရိုက်တာ ဦးခိုင်ကြီးနှင့် တိုက်ရိုက်အဆက်အသွယ်ရခဲ့ကြောင်း သိရသည်။
"မြန်မာလုပ်သားလူငယ်လေးက ကျွန်တော်တစ်ယောက်တည်း ခြံထဲမှာအလုပ်လုပ်တာပါ။ အသိမရှိဘူးဗျာ။ သူဌေးကိုလဲ အကူအညီမတောင်းရဲဘူး။ သူဌေးက လစာလေးတောင်ပုံမှန်မပေးနိုင်ဘူးဗျာ။ သူဌေးက ခြံသူဌေးတောသူတွေဆိုတော့ အရမ်းမလည်ဘူးဗျ။ ဆုငွေထုတ်တဲ့အခါ အခက်အခဲမရှိအောင် ကူညီပေးဖို့တောင်းဆိုလာတဲ့အတွက်ဆုငွေတွေကို နေ့ချင်းပြီး အခက်အခဲမရှိ ထုတ်ပေးလိုက်ပါပြီ"ဟုကိုခိုင်ကြီးက ပြောကြားထားသည်။
ထီဆုကြီးကံထူးသည့် မြန်မာရွေ့ပြောင်းလုပ်သားဖြစ်သူက ကိုခိုင်ကြီးထံ ဗီဒီယိုဖုန်းကော ဖြင့်ဆက်သွယ်အကူအညီတောင်းခံလာ၍ ရွေ့ပြောင်းလုပ်သားများ အကူအညီပေးရေး မဟာမိတ်အဖွဲ့ (AAC) မှ ကံထူးရှင်ရှိရာသို့သွားရောက်ကာ နေ့ချင်းပြီး ထီဆုငွေကို ထုတ်ယူကာ လက်ဝယ်ပေးအပ်ခဲ့ကြောင်းဆိုသည်။
#ymg/BM #Local_News #ထိုင်းထီဆုဘတ်ငွေသိန်း၁၂၀ဆုကံထူး
#YMG #Yangon_Media_Group
#Local_News
Published_9 June 2023
တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းအတုများ ထွက်ပေါ်နေ၍ စာစစ်ဦးစီးဌာန၏ wesite ၌ သာဝင်ကြည့်ရန် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက သတိပေးအကြံပြုချက်ထုတ်ပြန်လိုက်သည်။
ထုတ်ပြန်ချက်တွင် ယခင်နှစ်က အောင်စာရင်းအဟောင်းများကို ပြုပြင်ထားသော အောင်စာရင်း အတုများ ထွက်ပေါ်နေသည်ကို တွေ့ရှိရကြောင်း၊ အောင်စာရင်းအတုများတွင် ယခုနှစ် ဖြေဆိုထားသူများ၏ အမည်များ ပါဝင်မည် မဟုတ်ကြောင်း၊ တရားဝင် ထုတ်ပြန်ကြညာသည့် နေရာများမှ အောင်စာရင်းထွက်မှသာ အောင်စာရင်း အစစ်ကို မိမိကိုယ်တိုင်ကြည့်ရှု၍ မိမိဖြေဆိုထားသော စာမေးပွဲရလဒ်ဆုံးဖြတ်ချက်ကို ယုံကြည်ကြရန် အကြံပြုသည် ဟုဖော်ပြပါရှိသည်။
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို www.myanmarexam.org တစ်ခုတည်းတွင်သာ တရားဝင် လွှင့်တင်ထုတ်ပြန်ထားပြီး အခြား မည်သည့် App, Platform မှ ထုတ်ထားခြင်းမရှိကြောင်း အဆိုပါ Website တွင် ၉-၆-၂၀၂၃ ရက်နေ့ နံနက် ၄း၀၀ နာရီမှ စတင်၍ အောင်စာရင်းများ ကြည့်ရှုနိုင်ကြောင်းနှင့််စာစစ်ဌာနကျောင်းများတွင် နံနက် (၆) နာရီကစ၍ အောင်စာရင်းကပ်ကာကြေညာထားကြောင်း သိရသည်။
ymg/tthl #Local_News #တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းအတုထွက်ပေါ်နေ
#YMG #Yangon_Media_Group
#World_News
Published 9 June 2023
ထိုင်းရွေးကောက်ပွဲကော်မရှင်က မေ၁၄ ရက်မှာ ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲဟာ မဲပေးသူအရေအတွက်နှင့် ရရှိတဲ့ မဲအရေအတွက် မတူညီတဲ့အတွက် မဲရုံပေါင်း ၄၇ ရုံမှာ မဲတွေကိုပြန်ရေတွက်ကြဖို့ ညွှန်ကြားလိုက်ပါတယ်။
အဆိုပါ မဲရုံ ၄၇ ရုံထဲမှာ မဲရုံ (၁၆)ရုံကို မဲဆန္ဒနယ်ကိုယ်စားလှယ်လောင်းတွေအတွက်ပေးတဲ့ မဲတွေကိုပြန်ရေတွက်ရမှာ ဖြစ်ပြီး ကျန် ၃၁ရုံမှာ ပါတီစာရင်းပေးထားတဲ့ ကိုယ်စးလှယ်မဲတွေကို ပြန်ရေတွက်ကြရမှာဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာ မဲရုံပေါင်း ၉၅၀၀၀ ရှိပါတယ်။
မဲတွေပြန်လညရေတွက်ခြင်းကို ဇွန် ၁၁ရက် တနင်္ဂနွေနေ့မှာပြုလုပ်မှာဖြစ်ပါတယ်။ ဒီလအတွင်း ပြန်ရေတွက်တဲ့ မဲရလာဒ်တွေကို ကြေညာပေးမယ်လို့ သိရပါတယ်။
အဆိုပါ မဲပြန်ရေတွက်မယ့် မဲရုံတွေကတော့ ပြည်နယ်အလိုက် ဘန်ကောက်မှာ (၆)ရုံ၊ ဇလပုရီ Chonburi မှာ (၂)ရုံ၊ ဇုမ္ဗရ Chumphon မှာ (၃)ရုံ၊ ထရမ်း Trang မှာ (၆)ရုံ၊ နာဂရနာယက Nakhon Nayok မှာ (၁)ရုံ၊ပရကျော့ဂီရိခန္ဓ Prachuap Khiri Khan မှာ (၇)ရုံ၊ဖရဲ Phrae မှာ (၁)ရုံ၊လဝပုရီ Lopburi မှာ (၈)ရုံ၊သမုဒ္ဒသာဂရ Samut Sakhon မှာ (၂)ရုံ၊သရပုရီ Saraburi မှာ (၂)ရုံ၊သုခေါဒယ Sukhothai မှာ (၂)ရုံ၊ ကဉ္စနပုရီ Kanchanaburi မှာ (၂)ရုံ၊ချခွန်စော Chachoengsao မှာ (၁)ရုံ၊ဖန်ငါ Phang Nga မှာ (၂)ရုံ၊ဝဇီရပုရီ Phetchaburi မှာ (၁)ရုံ၊နှင့် နောင်ခိုင်း Nong Khai မှာ (၂)ရုံတို့ဖြစ်ကြပါတယ်။
Source Nation
#YangonMediaGroup
#Thailand_Election
#ထိုင်းရွေးကောက်ပွဲ
#World_Politics
Published 9 June 2023
အမေရိကန်သမ္မတဟောင်း'ဒေါ်နယ်ထရမ့်'ဟာ သမ္မတရာထူးမှ ထွက်ခွာပြီးနောက် ထိပ်သီးလျှို့ဝှက်စာရွက်စာတမ်းများ ကိုင်ဆောင်ထားမှုဖြင့် စုံစမ်းစစ်ဆေးခံခဲ့ရပြီး စွဲချက်တင်ခံထားရကြောင်း ပြောကြားခဲ့ပါတယ်။
ဒါကြောင့် ဖက်ဒရယ်ရာဇဝတ်မှုစွဲချက်များကို ရင်ဆိုင်နေရတဲ့ ပထမဆုံးသမ္မတဟောင်းဖြစ်လာပါတယ်။
"အဂတိလိုက်စားတဲ့ ဘိုင်ဒင်အစိုးရအုပ်ချုပ်ရေးအဖွဲ့က စာရွက်စာတမ်းကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော့်ကိုစွဲချက်တင်ထားတယ်လို့ ကျွန်တော့်ရှေ့နေတွေက အသိပေးခဲ့ပါတယ်" လို့ သူ့ရဲ့ Truth Social ပလက်ဖောင်းမှာ ရေးသားခဲ့ပါတယ်။
တရားရေးဌာနဘက်ကတော့ လောလောဆယ် အတည်ပြုချက်မရသေးပါဘူး။
CNN သတင်းဌာနရဲ့တင်ပြချက်အရ ရီပတ်ဘလစ်ကန်ခေါင်းဆောင်ထရမ့်ဟာ စွဲချက် ၇ ခုဖြင့် စွဲချက်တင်ခဲ့ထားရပါတယ်။
သူလျှိုအက်ဥပဒေအပြင် တရားရေးနှောင့်ယှက်မှု၊ မှတ်တမ်းများအတုပြုလုပ်မှု ဖျက်ဆီးမှု၊ ပူးပေါင်းကြံစည်မှု၊ စာရွက်စာတမ်းများ ထုတ်ပြန်ချက်အတုများကို ရည်ရွယ်ချက်ရှိရှိ ထိန်းသိမ်းမှုတို့ဖြင့် တရားစွဲခံထားရတာဖြစ်ကြောင်း နီးစပ်တဲ့သတင်းအရင်းအမြစ်ထံမှ သိရပါတယ်။
သူ့ကိုတရားစွဲချက်တင်ထားကြောင်း Truth Social မှာ မကြေညာမီကတည်းက ထရမ့်ရဲ့ရှေ့နေတွေကို အစိုးရရှေ့နေများက ဆက်သွယ်ခဲ့တယ်လို့သိရပါတယ်။
သူ့ကို အင်္ဂါနေ့မွန်းလွဲ ၃ နာရီမှာ မိုင်ယာမီရှိဗဟိုတရားရုံသို့ ဆင့်ခေါ်ထားကြောင်း ထရမ့်က ဆိုပါတယ်။
ထရမ့်ဟာ ၂၀၂၄ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ထပ်မံရွေးကောက်ခံဦးမယ်လို့ ကြေညာထားပါတယ်။
Truth Social မှာ သူဟာ အပြစ်ကင်းတယ်လို့ ဗီဒီယိုဖြင့်တင်ထားပါသေးတယ်။
ထရမ့်သိမ်းဆည်းထားတဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေကို ရှာဖွေစစ်ဆေးဖို့ အမေရိကန်ရှေ့နေချုပ်'မာရစ်ဂါလန်း'က အထူးအကြံပေး'ဂျက်ခ်စမစ်'ကို ခန့်အပ်ခဲ့ပါတယ်။
ထရမ့်ကတော့ သူဟာ မဟုတ်တာတစ်ခုမှမလုပ်ဘူးလို့ အကြိမ်ကြိမ်ငြင်းဆိုထားပါတယ်။
Source: WION #World_Politics #ထိပ်သီးလျှို့ဝှက်စာရွက်စာတမ်းကိစ္စ
#အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့် #YMG #Yangon_Media_Group
#Local_News
Published_ 9 June 2023
ဇူလိုင်လအတွင်း မကာအိုမြို့၌ ကျင်းပပြုလုပ်မည့်(၁၅)ကြိမ်မြောက် မကာအိုနှင့် ကွမ်တုံဒေသ ကုန်အမှတ်တံဆိပ်ထုတ်ကုန်ပြပွဲတွင် မြန်မာနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ပြသရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှဖိတ်ခေါ်ထားသည်။
မကာအို အထူးအုပ်ချုပ်ရေးဒေသ၊ မကာအို ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင် ရေးအဖွဲ့ (Macao Trade and Investment Promotion Institutes – IPIM) နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်တုံပြည်နယ်၊ ကူးသန်းရောင်းဝယ်ရေးဌာနတို့မှ ကြီးမှူး၍ပြပွဲကိုကျင်းပခြင်းဖြစ်သည်။
၁၅ ကြိမ်မြောက် မကာအိုနှင့် ကွမ်တုံဒေသကုန်အမှတ်တံဆိပ်ထုတ်ကုန်ပြပွဲကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့ထိ မကာအိုမြို့၊ Galaxy International Convention Center Exhibition Hall တွင် ကျင်းပပြုလုပ်မည် ဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ပြခန်းပေါင်း ၂၀ ရရှိမည်ဖြစ်ပြီး ပါဝင်ပြသသူတစ်ဦးလျှင် ပြခန်း ၁ ခန်း ရရှိမည် ဖြစ်သည်။
ပြခန်းငှားရမ်းခြင်းအတွက် ကျသင့်ငွေနှင့် ပါဝင်ပြသမည့် ကုန်စည်များတင်ပို့ခြင်း အတွက် ထောက်ပံ့မည့်ပမာဏတို့မှာ -
၁။ ပြခန်းတစ်ခန်းအတွက် ပေးသွင်းရမည့်ပမာဏ - မကာအိုဒေါ်လာ ၁,၄၀၀ (အမေရိကန် ဒေါ်လာ ၁၇၄.၄၅)
၂။ ပြသမည့်ကုန်စည်များတင်ပို့ခြင်းအတွက် - မကာအို ဒေါ်လာ ၃,၀၀၀ တို့ဖြစ်ပြီးထောက်ပံ့မည့်ပမာဏ (အပြန်သယ်ယူပို့ ဆောင်စရိတ်မပါ)
ထောက်ပံ့ငွေများကို ပြပွဲစီစဉ်သူများထံ ကုန်တင်ပို့မှုပြေစာများ ပြသ၍ ပြန်လည် ထုတ်ယူနိုင်မည် ဖြစ်သည်။
ပြပွဲသို့ လာရောက်ပြသမည့်သူများအတွက် ၅ ညတာ တည်းခိုနေထိုင်ရန် ဟိုတယ်နှင့် ဟိုတယ်မှပြပွဲသို့ သွားလာနိုင်ရန် မော်တော်ယာဉ်များ စီစဉ်ပေးထားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်ဖော်ပြထားသည်။
၁၅ ကြိမ်မြောက် မကာအိုနှင့် ကွမ်တုံဒေသကုန်အမှတ်တံဆိပ် ထုတ်ကုန်ပြပွဲသို့ ပါဝင်ပြသရန် စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနဖုန်း ၀၁ ၆၅၈၁၃၂ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
#ymg/tthl #Local_News #မကာအို #မြန်မာစီးပွားရေးလုပ်ငန်းရှင်
#YMG #Yangon_Media_Group
#Local_News
Published_ 9 June 2023
KBZ pay သုံးစွဲသူများအနေနဲ့ ငွေလွှဲတဲ့နေရာမှာ အကြောင်းအရာထည့်သွင်းရမှာဖြစ်ပြီး မထည့်သွင်းမိပါက ငွေလက်ခံအကောင့်ကိုပိတ်သိမ်းမှာဖြစ်တယ်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေသည်။ အဆိုပါ ကိစ္စနဲ့ပတ်သပ်ပြီး YMG က ဆက်သွယ်စုံစမ်းတဲ့အခါ ငွေလွှဲတဲ့အခါ အကြောင်းအရာထည့်ခိုင်းရခြင်းမှာ အခက်အခဲတစ်ခုခုဖြစ်ပါက အလွယ်တကူဖြေရှင်းနိုင်ဖို့သာဖြစ်တယ်လို့ KBZ Pay Call Center ကပြောသည်။
သုံးစွဲသူတွေကတော့ အကြောင်းအရာ မထည့်ပဲငွေလွှဲမိပါက အကောင့်အပိတ်ခံရမှာကို စိုးရိမ်နေပြီး KBZ pay call center ကိုမေးမြန်းမှုတွေ ရှိနေသည်။
အကြောင်းအရာမထည့်ပဲငွေလွှဲမိပါက အကောင့်ပိတ်သိမ်းမှာ မဟုတ်ဘူးလို့ သုံးစွဲတချို့က YMG ကိုပြောသည်။
လူမှုကွန်ယက်မှာတော့ ကောလဟာလများပြန့်နှံ့နေပြီး သုံးစွဲသူတချို့အကောင့်ပိတ်ခံရတယ်လို့ ပြောဆိုတာတွေရှိနေပါတယ်။ ဒါပေမယ့် အကြောင်းအရာထည့်ရေးခြင်း မရေးမိခြင်းနဲ့ ပတ်သက်ပြီး အကောင့်အပိတ်ခံရတာနဲ့ မသက်ဆိုင်ပြန်လည်ပြောဆိုနေကြသူတွေလည်း ရှိပါတယ်။ KBZ Pay ရဲ့ တရား၀င်လူမှုကွန်ယက်စာမျက်နှာမှာတော့ အထက်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး တရား၀င်ပြောဆိုထားတာတော့ မရှိသေးပါဘူး။
#ymg/ynzw #Local_News #KBZ pay
#YMG #Yangon_Media_Group
#Local_News
Published_ 9 June 2023
ဆယ်စုနှစ်တစ်ခုကျော်ကာလအတွင်း တပ်မတော်တစ်ရပ်လုံးစိုက်ပျိုးသည့် သစ်ပင် ၂ သန်း တစ်သိန်းကျော် ရှိပြီဖြစ်ကြောင်း ၂၀၂၃ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
၂၀၁၁ ခုနှစ်မှစ၍ တပ်မတော်အနေဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များကို နှစ်စဉ် ကျင်းပခဲ့သည်မှာ ယခုဆိုပါက ဆယ်စုနှစ်တစ်ခုကို ကျော်လွန်ခဲ့ပြီဖြစ်ရာ၂၀၁၁ ခုနှစ်မှ၍ မိုးရာသီသစ်ပင်စိုက်ပွဲများပြုလုပ်၍ စိုက်ပျိုးခဲ့ကြရာတွင် အပင်စုစုပေါင်း ၁၈၀၀၀၀ ကျော်ကို စိုက်ပျိုးနိုင်ခဲ့ပြီး အပင်ရေ တစ်သိန်းကျော် ရှင်သန်ခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်မှ ၂၀၂၂ အထိ စုစုပေါင်း သစ်ပင် ၂၁ သန်း ကျော် စိုက်ပျိုးနိုင်ခဲ့ပြီး အပင်ရေ ၁၅ သန်းကျော် ရှင်သန်သဖြင့် ၇၀ ရာခိုင်နှုန်းကျော် ရှင်သန်သည်ကို တွေ့ရှိရကြောင်း၊ ဇွန်လ ၈ ရက်တွင် တပ်မတော်တစ်ရပ်လုံးအနေဖြင့် စိုက်ပျိုးသော သစ်ပင်ဖြင့်ဆိုပါက စုစုပေါင်း၂၁၀,၃၉၈ ပင် စိုက်ပျိုးပေးနိုင်ခဲ့ကြောင်း သိရသည်။
နေပြည်တော်ကို Green City အဖြစ် အစဉ်အမြဲ လှပနေစေရေး စိမ်းလန်းစိုပြေ ရေးနှင့် သာယာလှပရေးလုပ်ငန်းများကို မြို့တည်ထောင်ပြီးချိန်မှ ယနေ့တိုင် စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိရာ နေပြည်တော်မြို့ပြ စတင်တည်ထောင် ချိန်တွင် စိုက်ပျိုးခဲ့သည့် သစ်ပင်ပန်းမန်များနှင့် အရိပ်ရပင်များကို ထိန်းသိမ်းမှုကြောင့် ရှင်သန်နေသည့် သစ်တောများကို မြင်တွေ့ရကြောင်းလည်း ၎င်းကပြောသည်။
၂၀၁၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် ပထမအကြိမ်သစ်ပင်စိုက်ပျိုးပွဲအထိ သစ်ပင်စိုက်ပျိုးပွဲတော် ၃၆ ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း၊ ယင်းစိုက်ပျိုးသော သစ်ပင်များမှာ ရတနာတန်းဝင် ကျွန်းပင်၊ မန်ဂျန်ရှား၊ ပိတောက်တို့အပြင် စက်မှုကုန်ကြမ်းသီးနှံပင်၊ နှစ်ရှည်စားသုံးသီးနှံပင်၊ အရိပ်ရလေကာပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
#ymg/BM #Local_News #သစ်ပင် ၂ သန်းတစ်သိန်း
#YMG #Yangon_Media_Group
#World_Science
Published 9 June 2023
အာတိတ်မှာ မျှော်မှန်းထားတာထက် ဆယ်စုနှစ်တစ်ခုခန့်စောပြီး ပင်လယ်ရေခဲများကျန်ရှိတော့မှာမဟုတ်ကြောင်း သိပ္ပံပညာရှင်များသတိပေးလိုက်ကာ လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာမြေဆက်လက်ပူနွေးနေပြီး ရာသီဥတုပြဿနာက ထင်ထားတာထက် ပိုမိုမြန်ဆန်စွာဖြစ်ပွားနေတဲ့ အရိပ်အယောင်ဖြစ်ပါတယ်။
၂၀၃၀ ဝန်းကျင်မှာ စက်တင်ဘာလများအတွင်း အာတိတ်ပင်လယ်ရေခဲဟာ လုံးဝပျောက်ကွယ်သွားဖွယ်ရှိတယ်လို့ Nature Communications ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
ကမ္ဘာမြေမှာ ပူနွေးလာမှု သိသိသာသာလျော့နည်းလာရင်တောင် ၂၀၅၀ ဝန်းကျင်မှာ ပျောက်ကွယ်သွားဖွယ်ရှိနေသေးတယ်လို့ ဖော်ပြထားပါတယ်။
လူတွေရဲ့လုပ်ရပ်၊ ကမ္ဘာကြီးပူနွေးညစ်ညမ်းလာခြင်းတို့ကြောင့် ပင်လယ်ရေခဲများ လွန်စွာလျော့နည်းလာပြီး အာတိတ်ပင်လယ်ရေခဲအရည်ပျော်ခြင်းကို အရင်က လျှော့တွက်မိခဲ့ကြပါတယ်။
ဆောင်းရာသီအတွင်း အာတိတ်ရေခဲထုက ကြီးထွားလာကာ နွေရာသီကာလမှာ အရည်ပျော်လာပြီး စက်တင်ဘာလအတွင်း အနိမ့်ဆုံးဖြစ်သွားတတ်ပါတယ်။
ရုပ်ကြွင်းလောင်စာတွေ ဆက်လက်လောင်ကျွမ်းနေပြီး ကမ္ဘာကြီးဆက်လက်ပူနွေးနေတာကြောင့် ၂၀၈၀ မတိုင်ခင်မှာ အာတိတ်ရေခဲပြင်လုံးဝပျောက်ကွယ်နိုင်တယ်လို့ စူးစမ်းလေ့လာမိခဲ့ကြပါတယ်။
ဒီလေ့လာသုံးသပ်မှုတွေက အလွန်သတိပြုစရာဖြစ်ပြီး သေချာပေါက်ထည့်သွင်းစဉ်းစားရမှာဖြစ်တယ်လို့ ဦးဆောင်စာတမ်းပြုစုသူ'မီကာရန်တာနင်'က ဆိုပါတယ်။
ဖန်လုံဓာတ်ငွေ့များပြားလာတာက ပင်လယ်ရေခဲအရည်ပျော်ခြင်းရဲ့ အဓိကအချက်မဟုတ်ဘဲ ထင်ထားတာထက် ဆယ်စုနှစ်တစ်ခုပိုစောပြီး အာတိတ်ရေခဲပျောက်ကွယ်ဖွယ်ရှိနေတာပါပဲ။
ထိုအခြေအနေကနေ အာတိတ်နေထိုင်တဲ့လူမျိုးစုများအပေါ် သက်ရောက်လာနိုင်ပါတယ်။
ဒါ့အပြင် ထိုဒေသကိုမှီခိုတဲ့ တိရိစ္ဆာန်တွေလည်း သက်ရောက်မှုကို ခံစားလာရမှာဖြစ်ပါတယ်။
Source: WION #World_Science #နွေရာသီတွင်ရေခဲလုံးဝပျောက်ကွယ်သွားဖွယ်ရှိ #YMG #Yangon_Media_Group
Page 972 of 1775