Published 16 February 2024

အော်တစ်ဇင်ရောဂါအမျိုးမျိုး (ASD)ဖြစ်စေတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး သိပ္ပံပညာရှင်များ အငြင်းအခုံဖြစ်နေကြတာ နှစ်ပေါင်းများစွာ ကြာပါပြီ။

ထိုရောဂါတွေထဲမှာ လူမှုပေါင်းသင်းရေး၊ အပြုအမူများ၊ စကားပြောဆိုခြင်း၊ ခြေဟန်လက်ဟန် ပြောခြင်းစတဲ့ အခက်အခဲများစွာ ပါဝင်နေပါတယ်။

ကလေးတစ်ယောက်ကို အော်တစ်ဇင်ဖြစ်စေတဲ့ အထဲမှာ ပတ်ဝန်းကျင်နဲ့ မျိုးရိုးဗီဇ အပါအဝင် အချက်အလက်များစွာ သက်ဆိုင်နေတယ်လို့ အထောက်အထားများအရ သိရပါတယ်။

အခုအချိန်မှာတော့  ASD နဲ့ အူလမ်းကြောင်း အဏုဇီဝပိုးမွှားများကြား ဆက်စပ်နိုင်ပုံတွေကို ဘားအီလန်တက္ကသိုလ်မှ သုတေသီများက တွေ့ရှိထားကြပါတယ်။

ဒါတွေဟာ ခန္ဓာကိုယ်ထဲမှာ သဘာဝအရ နေထိုင်နေတဲ့ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ မှို၊ မျိုးဗီဇအားလုံး ပါဝင်ပါတယ်။

သူတို့ဟာ အဏုကြည့်မှန်ပြောင်းဖြင့်သာ မြင်ရပေမယ့် လူ့ကျန်းမာရေးကို များစွာသက်ရောက်နေပါတယ်။

ASD ရှိနေတဲ့ အစ္စရေးလ်လူနာတွေနဲ့ ASD မဟုတ်တဲ့လူတွေထံမှ အဏုဇီဝပိုးမွှားကွဲပြားမှုကို ဆန်းစစ်ခဲ့ကြပါတယ်။

အော်တစ်ဇင်ရှိတဲ့သူတွေမှာ ဘက်တီးရီးယားတွေက အောက်ဆီဂျင်မရှိဘဲ နေထိုင်နိုင်တဲ့အချိန် (ဘက်တီရွိုက်)ပိုများကြောင်း တွေ့ရှိခဲ့ကြပါတယ်။

ASD လူနာတွေမှာ အမြောက်အများတွေ့ရတဲ့ ဘက်တီးရီးယားမျိုးတွေကိုလည်း သုတေသီများ တွေ့ရှိခဲ့ကြပါတယ်။

လူသားတွေရဲ့ အူလမ်းကြောင်းပိုးမွှားတွေမှာ သာမန်အတိုင်းရှိနေကြတဲ့ ဘက်တီရွိုက်တွေဟာ များပြားလာရင်တော့ ကျန်းမာရေးကို ဘေးဖြစ်စေပါတယ်။

အစောပိုင်းသက်တမ်းကာလမှာ ဘက်တီရွိုက်တွေပေါများခြင်းဖြင့် ASD လူနာတွေမှာ နောက်ဆက်တွဲတွေ သက်ရောက်လာပါတယ်။

ဒီသက်ရောက်မှုတွေက စမ်းသပ်ခံကြွက်အထီးတွေမှာ ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်တွေနဲ့ ပိုမိုဖြစ်နိုင်ခြေရှိနေတာကို တွေ့ကြရပါတယ်။

အဆိုပါ အော်တစ်ဇင်နဲ့ အဏုဇီဝပိုးမွှားတို့ကြား ဖြစ်စဥ်တွေကို သုတေသနပြုတာဟာ နိုင်ငံတကာမှ အသိအမှတ်ပြု ထောက်ခံအားပေးနေကြပြီး ဒေါ်လာ ၆.၂ သန်း ရန်ပုံငွေရရှိနိုင်မယ့် စီမံကိန်းတွေထဲမှာ ပါဝင်နေပါတယ်။
Source: The Jerusalem Post.
#World_Health
#Published_ 16 February 2024
#YMG_News #Yangon_Times #Yangon_Media_Group