Published 16 February 2024

လူတွေမှာ ဒီမန်ရှာရောဂါ တကယ်မဖြစ်ခင် ဆယ်စုနှစ်တစ်ခု အလိုလောက်ကတည်းက ခန့်မှန်းသိရှိနိုင်မယ့် သွေးစစ်ဆေးနည်းတစ်မျိုးကို သုတေသီများ ထုတ်လုပ်နိုင်ရန် မျှော်လင့်နေကြပါတယ်။

ဗြိတိန်ပြည်ထောင်စုရှိ ကျန်းမာသူပေါင်း ၅ သောင်းရဲ့ သွေးနမူနာများရယူကာ ဒီမန်ရှာနဲ့ ဆက်စပ်နေတဲ့ ဇီဝအမှတ်အသားပစ္စည်းများကို သိပ္ပံပညာရှင်များ တွေ့ရှိပြီးနောက် ပိုမိုမျှော်လင့်လာကြပါတယ်။

အသက်ကြီးသူတွေမှာ ဒီမန်ရှာဖြစ်လာတာကို ညွှန်ပြတဲ့ ပရိုတိန်း ၄ မျိုးရဲ့ ပုံသဏ္ဍာန်တွေကို တွေ့ရှိခဲ့ကြပါတယ်။

ထိုပရိုတိန်းတွေကနေ ဒီမန်ရှာဖြစ်နိုင်ခြေကို ခန့်မှန်းရာမှာ ၉၀ ရာခိုင်နှုန်း တိကျမှုရှိခဲ့ပါတယ်။

ဒီမန်ရှာဖြစ်လာနိုင်ခြေရှိတဲ့ လူတွေကို သွေးစစ်ဆေးနည်း အသုံးပြုလာနိုင်ဖို့အရေး မကြာသေးမီက လေ့လာချက်တွေမှာ ဖော်ပြထားပါတယ်။

ရောဂါကိုစောစီးစွာ သိရှိခြင်းဖြင့် အယ်လ်ဇိုင်းမားဆေးဝါး အသစ်တွေဖြစ်တဲ့ lecanemab နဲ့ donanemab တို့ရဲ့အာနိသင် ထိရောက်မှာဖြစ်ပြီး ဗြိတိန်ပြည်ထောင်စု ဆေးဝါးကွပ်ကဲရေးမှ လက်ရှိမှာ အကဲဖြတ်နေပါတယ်။

Lecanemab ကို အမေရိကန် ဆေးဝါးကွပ်ကဲရေးမှ အသိအမှတ်ပြုပြီး ဖြစ်ပေမယ့် ဥရောပကွပ်ကဲရေးတွေကတော့ အကဲဖြတ်သုံးသပ်နေဆဲ ဖြစ်ပါတယ်။

ထိုဆေး ၂ မျိုးအသုံးပြုဖို့အတွက် လူနာတွေဟာ အယ်လ်ဇိုင်းမား အစောပိုင်းအဆင့်မှာ ရှိနေရန်နဲ့ ဦးနှောက်ထဲမှာ အမိုင်းလွိုက်ပရိုတိန်း ရှိမရှိ ကျောရိုးဖောက်ခြင်း သို့မဟုတ် PET ဓာတ်မှန်ရိုက်ထားရမှာ ဖြစ်ပါတယ်။
Source: WION.
#World_Technology
#Published_ 16 February 2024
#YMG_News #Yangon_Times #Yangon_Media_Group