Published 15 February 2024
မြန်မာနေရှင်နယ်လိဂ်ကလပ် ရခိုင်ယူနိုက်တက်အသင်းသည် မြန်မာ့လက်ရွေးစင် ကစားသမားဟောင်း ကြည်လင်းကို ခေါ်ယူခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။
ရာသီသစ်မစတင်ခင် ပြင်ဆင်မှုတွေ ပြုလုပ်မှုအနေဖြင့်ကစားသမားများအားခေါ်ယူနေခြင်းဖြစ်ရာ ရခိုင်ယူနိုက်တက်အသင်းသည့် ယခုခေါ်ယူလိုက်သည့် ကြည်လင်းအား ဖေဖော်ဝါရီ ၁၅ ရက်က စာချုပ်ချုပ်ဆို ခဲ့ပြီး အသင်း၏ လေ့ကျင့်ခန်း အစီအစဉ်များ၌ ပါဝင်နေပြီဖြစ်ကြောင်းသိရသည်။
ကစားသမား ကြည်လင်းသည် ရန်ကုန်ယူနိုက်တက်အသင်းနှင့် အတူ မြန်မာနေရှင်နယ်လိဂ်ဖလား ၃ ကြိမ် ရယူနိုင်ခဲ့ပြီးနောက် ၂၀၂၀ ခုနှစ် ဘောလုံးရာသီအပြီး၌ ကစားသမားဘဝမှ အနားယူခဲ့ပြီးနောက် မကြာသေးခင်က အပျော်တမ်းပြိုင်ပွဲမှ မြန်မာနေရှင်နယ်လိဂ်-၂ ကို တန်းတက်ရန်ယှဉ်ပြိုင်ခဲ့သည့် ရန်ကုန်ဂလက်ဇီအသင်းတွင် ပါဝင်ကစားခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည့် ရာသီက မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် အဆင့် ၈ နေရာဖြင့်သာ ရာသီအဆုံးသတ်နိုင်ခဲ့သည့် ရခိုင်ယူနိုက်တက် အသင်းသည် ယခုရာသီ ထိပ်တန်းအဆင့်၌ ရပ်တည်နိုင်ဖို့ ပစ်မှတ်ထားနေပြီး ယခုရာသီ၌ နာမည်ကြီး ပြည်တွင်း ကစားသမားများ အပါအဝင် နိုင်ငံခြားသား နည်းပြနှင့် နိုင်ငံခြား ကစားသမားများကိုပါ ခေါ်ယူထားကြောင်းသိရသည်။
ရခိုင်ယူနိုက်တက်အသင်းသည် မကြာသေးခင်ကလည်း ရန်ကုန်ယူနိုက်တက်အသင်းဖော်ဟောင်း ကျော်ကိုကို ကိုခေါ်ယူထားကာ တိုက်စစ်မှူး ကောင်းစည်သူကိုလည်း ၁ နှစ် စာချုပ်ချုပ်ဆိုထားကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 15 February 2024
#YMG_News #Yangon_Times #Yangon_Media_Group