ညလွှတ်မီးပုံးပျံအလုံး(၆၃)လုံးလွှတ်တင်၊ နေ့လွှတ်အရုပ်မီးပုံးပျံတွေယှဉ်ပြိုင်လိုသူ တွေဖိတ်ခေါ်
Published_ 12 October 2023
#Local_News
#မီးပုံးပျံဓာတ်ပုံပြိုင်ပွဲ #အရုပ်မီးပုံးပျံ
#YMG/NN #Yangon_Times
#Local_News
Published_ 12 October 2023
တစ်ခေတ်တစ်ခါက ပရိတ်သတ်များအသည်းနှလုံးကို သဘင်အနုပညာမှော်ဖြင့် ဆွဲကိုင်ဖမ်းစားနိုင်ခဲ့သည့် အငြိမ့်မိခင်ကြီးရွှေလိပ်ပြာဒေါ်အေးကြည်သည် အောက်တိုဘာလ ၁၁ ရက်တွင်ကွယ်လွန်သွားကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)မှသိရသည်။
အငြိမ့်မင်းသမီးကြီး ရွှေလိပ်ပြာဒေါ်အေးကြည်သည် မြန်မာနိုင်ငံသဘင်အစည်းအရုံးနာယကတစ်ဦးဖြစ်သလို နှလုံးသားကိုအလှဆင်မည့်အငြိမ့်မင်းသမီးများအဆိုအကအဖွဲ့မှလှူဒါန်းကန်တော့လေ့ရှိသည့် အငြိမ့် မိခင်ကြီးတစ်ဦးလည်းဖြစ်သည်။
‘အမေကြီးရွှေလိပ်ပြာကွယ်လွန်သွားတဲ့အတွက် နှမျောတသ ဝမ်းနည်းကြေကွဲရပါတယ်။ ကွယ်လွန်ချိန်မှာ အသက်ကတော့၉၂နှစ်၊၉၃ပေါ့။ အလုံမြို့နယ်က ရွှေလိပ်ပြာအိမ်ရာမှာ ကွယ်လွန်သွားပါတယ်။ အမေကြီး (ရွှေလိပ်ပြာ)ကျန်းမာနေချိန်အိုမင်းတဲ့အချိန်မှာ အမေကျားတို့တစ်ခါသွားကန်တော့တယ်။ နောက်တစ်ကြိမ် လူကြီးရောဂါဖြစ်လို့သိပ်မသိတော့တဲ့အချိန်မှာ တစ်ခါသွားတယ်။ နောက်ဆုံးတစ်ကြိမ်တစ်ခါသွားဖြစ်တယ်’’ဟု နှလုံးသားကိုအလှဆင်မည့်အငြိမ့် မင်းသမီးများအဆိုအကအဖွဲ့မှ အငြိမ့်မင်းသမီးကျားလေးစိန်ကပြောပြသည်။
နှလုံးသားကို အလှဆင်မည့်အငြိမ့်မင်းသမီးများ အဆိုအကအဖွဲ့အနေဖြင့် ပြည်တွင်းပြည်ပအလှူရှင် သူတော်ကောင်းများကိုယ်စား အငြိမ့်မိခင်ကြီး ရွှေ ..ရွှေလိပ်ပြာ..ဖွားဖွားကြီးရွှေလိပ်ပြာ၏ နောက်ဆုံးခရီးကို သင်္ဂြိုဟ်သွားဦးမည်ဖြစ်ကြောင်း သိရသည်။
#Local_News #အငြိမ့်မိခင်ကြီး #ရွှေလိပ်ပြာဒေါ်အေးကြည်
#tthl #Yangon_Times
#Local_News
Published 12 October 2023
လာမည့် ၄၈ နာရီ အတွင်း စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နယ်တွင် ယင်းမြို့၏ စိုးရိမ်ရေ အမှတ်ကို ရောက်ရှိလာမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနက ထုတ်ပြန်သတိပေးထားသည်။
အောက်တိုဘာလ ၁၂ ရက် မြန်မာစံတော်ချိန် ၁၂နာရီခွဲ တိုင်းတာချက်အရ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေအမှတ်အောက် ၂ပေကျော် (၆၂စင်တီမီတာ)တွင် ရောက်ရှိနေပြီး နောက် ၂ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေအမှတ်ကို ရောက်ရှိလာမည် ဟု ထုတ်ပြန်ကြေညာထားသည်။
ထို့ကြောင့် တောင်ငူမြို့နယ်အတွင်း ရှိ့မြစ်ကမ်းပါးအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အနေဖြင့် အထူး သတိပြုနေထိုင်ကြရန်အကြံပြုထားကြောင်း သိရသည်။
ယခင်ရက်ပိုင်းက စိုးရိမ်ရေအမှတ်ထက် ၄ပေကျော်ရောက်ရှိခဲ့သည် ပဲခူးမြစ်ရေသည် အောက်တိုဘာ ၁၂ ရက် နေ့လည် ၁နာရီခွဲ တိုင်းတာချက်အရ ပဲခူးမြို့၏ စိုးရိမ်ရေအမှတ် ထက်၂ပေခန့်(၅၆စင်တီမီတာ) ရောက်ရှိနေပြီး နောက် ၂ရက်အတွင်း စိုးရိမ်ရေအမှတ် အောက်ကိုပြန်လည်ကျဆင်းနိုင်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
#YMG/LW #Local_News #စစ်တောင်းမြစ်ရေ #မိုးဇလသတိပေး #Yangon_Times
#Local_News
Published-12 October 2023
မကွေးတိုင်း၊ မကွေးမြို့၊ နတ်မောက်လမ်းနှင့် သုခိတာလမ်းထောင့်တွင် ယနေ့ နံနက်က ဆိုင်ကယ် (၂) စီးတိုက်မိခဲ့ကြောင်း ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။
အောက်တိုဘာလ ၁၂ရက်နံနက် ၉ နာရီကျော်အချိန်က ဆိုင်ကယ်၂စီးတိုက်မိ၍ အမျိုးသားတစ်ယောက်က ပြင်းထန်ဒဏ်ရာရရှိ၍ စိုးရိမ်ဒဏ်ရာရရှိကာ ကျန်၁ဦးမှာ ဘယ်ဘက်လက်တွင်ပွန်းပဲ့ဒဏ်ရာသာရရှိကြောင်း လူမှုကူညီရေးအသင်းက သိရသည်။
ထိခိုက်ဒဏ်ရာရသူ (၂) ဦးအား ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် မကွေးတိုင်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
#Local_News #မကွေး #ဆိုင်ကယ်(၂) စီးတိုက်မိ #ဒဏ်ရာရသူ၂ဦး #Yangon_Times/PP
"မိုးတွင်းမှာကလေးတွေမှာ ရာသီတုပ်ကွေးနဲ့ သွေးလွန်ကွေးအဖြစ်များတတ်တယ်။သွေးလွန်တုပ်ကွေးအဆင့်၁ကတော့ ကလေးကိုအဆင့်၂၊ ၃မရှိရင်အိမ်မှာနေလို့ရတယ်။ ပြင်းထန်သွေးလွန်တုပ်ကွေးကတော့ ဆေးရုံတက်ပြီးကုသမှုခံယူရမယ်။ ကလေးတွေဟာရိုးရိုးဖျားပြီးတက်တာမျိုးရှိတတ်သလို(မျက်နှာတစ်ခြမ်းစောင်း၊ခြေလက်ကုတ်တာ၊ သတိမရတော့တာ)စတဲ့စိတ်ပူရတဲ့အချက်တွေကြောင့်လည်းတက်တတ်ပါတယ်။ မိုးအကုန်ဆောင်းအကူးမှာ ကလေးငယ်တွေမှာဝမ်းပျက်ဝမ်းလျှောတာတွေပိုဖြစ်တတ်တယ်။ကာကွယ်ဆေးတွေလည်းရှိတယ်။ ဆောင်းကာလအဆုတ်လေပြွန်ရောင်တာတွေဖြစ်တတ်တယ်။ဗိုင်းရပ်စ်ကြောင့်ပေါ့။ နောက်ပကျိတ်ရောင်ဝာာနဲ့ ရေကျောက်ဖြစ်တာတွေလည်း ရှိပါတယ်"
Published_ 12 October 2023
#Health
#ကလေးအထူးကုဆရာဝန်ကြီး
#ဒေါက်တာရဲမျိုးသိန်း(ကန်သာယာနိုင်ငံတကာ အဆင့်မီအထူးကုဆေးရုံ)
#Yangon_Times
‘သဘင်မိသားစုတွေ စုပေါင်းပြီး လှည်းကူးမြို့နယ်ကို သွားရောက်ကာ စားနပ်ရိက္ခာ ဆန်အိတ်၊ ခေါက်ဆွဲခေါက်၊ ရေသန့်ကတ်နဲ့ Royal D တွေ လှူဒါန်းခဲ့သလို ပဲခူးမြို့မှာတော့ လူသုံးထောင်စာ ထမင်းထုတ်တွေ၊ ငါးနီတူကြော်တွေ၊ ဆန်အိတ်၊ ခေါက်ဆွဲခြောက် ၊ရေသန့်၊ Royal Dတို့ကိုလှူဒါန်းခဲ့တယ်’ နှလုံးသားကိုအလှဆင်မည့်အငြိမ့်မင်းသမီးများအဆိုအကအဖွဲ့မှ အငြိမ့်မင်းသမီးကျားလေးစိန်
Published_ 12 October 2023
#Local_News
#ရေဘေးသင့်ပြည်သူများ #သဘင်မိသားစုဝင်များ #စုပေါင်းပြီးလှူဒါန်း
#tthl #Yangon_Times
#Local_News
Published 12 October 2023
ရေကြီးနစ်မြုပ်မှု ဒဏ်အဆိုးရွားဆုံးခံခဲ့ရသည့် ပဲခူးမြို့နယ်အတွင်း ပြန်လည်ထူထောင်ေရးလုပ်ဆောင်ရာမှာ ရေဘေးသင့် ပြည်သူများ၏ စားဝတ်နေရေးအတွက် လိုအပ်ချက်တွေရှိလာမည်ဖြစ်ကြောင်း လူမှုကူညီရေးအသင်းများထံ ကသိရသည်။
အောက်တိုဘာ ၈ရက် ကတည်းက ရေကြီးခဲ့သည့် ပဲခူးမြို့ဟာ လက်ရှိမှာတော့ လမ်းမကြီးများနှင့် မြို့တွင်းကုန်းမြင့် နေရာများတွင် ရေများကျဆင်းသွားပြီး မြေနိမ့်ပိုင်းရှိ ရပ်ကွက်များမှာတော့ရေများ ကျန်ရှိနေသေးကြောင်း သိရသည်။
''ရေကမြို့တွင်းလမ်းမကြီးနဲ့ နေရာအချို့မှာတော့ ရေပြန်ကျပြီ မြေနိမ့်နေရာတွေကတော့ ဒူးလောက်၊ ပေါင်လောက်အထိ ရေရှိတဲ့နေရာတွေ ကျန်သေးတယ်၊ လက်ရှိတော့ ကယ်ဆယ်ရေးစခန်းတွေ ရှိတဲ့ ရေဘေးသင့်ပြည်သူတွေရဲ့ စားဝတ်နေရေးအတွက်က အဖက်ဖက်ကလှူဒါန်းထောက်ပံတဲ့အတွက် အဆင်ပြေတယ်၊ ပြန်လည်ထူထောင်ရေးမှာတော့ လိုအပ်ချက်တွေ ရှိလာမှာ၊ အခု ကျွန်တော်တို့အနေနဲ့ အဝတ်အထည်တွေ ဆန် ဆီ ဆား စတဲ့ စားသောက်ကုန်တွေ စပြီး စုနေတယ်၊ သူတို့တွေ ရေကျလို့ အိမ်ပြန်တဲ့အခါ သန့်ရှင်းရေးလုပ်ရမှာတွေနေထိုင်ဖို့ ပြင်ဆင်ရတာတွေ ရှိလာမှာဆိုတော့ သူတို့အတွက် စားဝတ်နေရေး လိုအပ်ချက်တွေ ရှိလာမှာပဲ''ဟုမဇ္ဇိုမ သုခ ဖောင်ဒေးရှင်း လူမှုကူညီရေး အသင်းဥက္ကဌ ကိုသန့်ဇင်မောင်က ပြောသည်။
လက်ရှိတွင် ရေပြန်ကျဆင်းလာပြီး နုန်းများတင်ကျန်နေသည့် ပဲခူးမြို့ပြည်သူ့ဆေးရုံကြီး ၊အ ထ က ၁ စာသင်ကျောင်းနှင့် မြို့မဈေးကြီးတို့တွင် ပဲခူးတိုင်းဒေသကြီး မီးသတ်စခန်းများမှ မီးသတ်ယာဉ် များ နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းပြီး သန့်ရှင်းရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သိရသည်။
လမ်းပန်ဆက်သွယ်ရေး အနေနဲ့ ပဲခူးမြို့တွင် ယာဉ်အသေး အကြီးသွားလာလို့ ရနိုင်ပြီဖြစ်သော်လည်း ပဲခူးမြို့ဝင်ဂိတ်နားရှိ လမ်းမကြီးပေါ်တွင် ရေ ၃ပေခန့်ရှိတာကြောင့် ယာဉ်အသေးများ သွားလာလို့ မရသေးကြောင်း သိရသည်။
ပဲခူးမြို့နယ်သည် နှစ်ပေါင်း ၅၀ အတွင်း အဆိုးရွားဆုံး ရေကြီးနစ်မြုပ်မှုဒဏ်ခံခဲ့ရတာကြောင့် ပျက်စီးဆုံးရှုံးမှုများစွာဖြစ်ခဲ့ပြီး လူသေဆုံးမှုလည်းရှိခဲ့ကြောင်း သိရသည်။
#Local_News #ရေဘေးသင့်ပြည်သူများ #ရေကြီးနစ်မြုပ်ဒဏ်ခံခဲ့ရ
#YMG/LW #Yangon_Times
အခြေခံကုန်ကားစီးရေ 100 ကျော်ဝင်နေ
Published_ 12 October 2023
#Local_News
#ဘုရင့်နောင်ကုန်စည်ဒိုင် #အခြေခံစားကုန်အဝင်များ
#YMG/NN #Yangon_Times
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်မှာရှိတဲ့ တညင်းကုန်းလက်ကားဈေးကြီးမှာ ရှမ်းပြည်ထွက် အသီးအနှံတွေ အဓိက ရောင်းချနိုင်မည့်ဈေးရုံကြီး ဖွင့်လှစ်တော့မှာဖြစ်တယ်လို့ တညင်းကုန်းလက်ကားဈေးကြီးရှိ လုပ်ငန်းရေးရာဌာနက သိရပါတယ်။
Published_ 12 October 2023
#Local_News
#တညင်းကုန်းလက်ကားဈေးကြီး #လျှောက်လွှာများစတင်လက်ခံ
#YMG/LW #Yangon_Times
‘မြေထည်ဆီမီးခွက်တွေကိုအရင်ဈေးအတိုင်း ဆီမီးခွက် (၁၁၀၀)ခွက်ကို ကျပ်၂၅၀၀၀နှုန်းဖြင့်ရောင်းချ ပေးနေတာဖြစ်ပြီး ရွှေဆေး၊ငွေဆေးသုတ်ထားတဲ့ ဆီမီးခွက်တွေကတော့ ဆေးဈေးနှုန်းတက်တဲ့အတွက် ဈေးအနည်းငယ်တက်ပါတယ်’
စစ်ကိုင်းအခြေစိုက်မြေထည်ဆီမီးခွက်အရောင်းဒိုင်
Published_ 12 October 2023
#Local_News
#မြေထည်ဆီမီးခွက် #ဈေးအနည်းငယ်တက်
#tthl #Yangon_Times
#Local_News
Published-12 October 2023
မကွေးမြို့ရှိ ဧက (၅၀၀)ခန့်မြေပေါ်တွင် တည်ဆောက်မည့် စက်မှုဇုန်သစ်အတွက် လျှောက်လွှာ (EOI) များ စတင်ခေါ်ယူနေကြောင်း သိရသည်။
စက်မှုဇုန်အကောင်အထည်ဖော်မည့် စီမံကိန်းတည်နေရာသည် မကွေး-တောင်တွင်းကြီးကားလမ်း၏ တောင်ဘက် (၁)မိုင် ခန့်၊ မကွေးမြိုမှ အရှေ့ဘက်သို့ (၃)မိုင်ခန့်အကွာတွင် ရှိသော (၄၆၁ ဒသမ ၁၄)ဧက ကျယ်ဝန်းသည့် မြေနေရာဖြစ်ပြီး ရင်းနှီးတည်ဆောက်လိုသော ပြည်တွင်း၊ ပြည်ပကုမ္ပဏီများအနေဖြင့် မကွေးမြို့စက်မှုဇုန်ကို Developer အနေဖြင့် အကောင်အထည်ဖော်ရန် စိတ်ဝင်စားပါက စိတ်ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ(EoI)ကို တင်ပြလျှောက်ထားနိုင်ကြောင်း မကွေးတိုင်းအစိုးရ အဖွဲ့က ကြေညာထားသည်။
အဆိုပါ စက်မှုဇုန် အကောင်အထည်ဖော်ဆောင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်က ကျင်းပခဲ့ပြီး EoI အဆိုပြုလွှာကို မကွေးတိုင်းအစိုးရအဖွဲ့ရုံးသို့ နိုဝင်ဘာလ ၁၆ ရက်တွင် အရောက်ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
#Local_News #မကွေးမြို့ #စက်မှုဇုန်သစ် #Yangon_Times/PP
#Local_News
Published-12 October 2023
၉လအတွင်း ယာဉ်တိုက် မှုပေါင်း (၃၆၀၀) ကျော်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ(၁၈၀၀) ကျော်ရှိခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ ယာဉ်တိုက်မှုပေါင်း (၃၆၃၄)ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၁၈၆၄)ဦးနှင့် ဒဏ်ရာရရှိသူ (၄၉၉၃)ဦး ရှိခဲ့ကြောင်း သိရသည်။
ယာဉ်တိုက် မှုများအနက် ရန်ကုန်တိုင်းသည် ယာဉ်တိုက်မှုအများဆုံးဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်မှုပေါင်း (၆၄၁)ကြိမ်နှင့် သေဆုံးသူပေါင်း (၃၁၉)ဦးရှိခဲ့ကြောင်း သိရပြီး ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှုပေါင်း(၁၂၆)ကြိမ်ဖြစ်ပွားခဲ့ပြီး လူ(၇၀)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ယခင်နှစ် ၂၀၂၂ ခုနှစ်၊ အလားတူကာလ၌ ယာဉ်တိုက် မှုပေါင်း (၄၂၈၄)ကြိမ်ဖြစ်ပွားခဲ့ရာ သေဆုံးသူပေါင်း (၂၁၀၂)ဦးရှိခဲ့၍ ယခုနှစ်နှင့်နှိုင်းယှဉ်ပါက ယာဉ်တိုက် မှုပေါင်း (၆၅၀)ကြိမ်လျော့ကျခဲ့ပြီး သေဆုံးသူအနေဖြင့် (၂၃၈)ဦး ကျဆင်းခဲ့ကြောင်း အချက်အလက်များအရ သိရသည်။
Photo-MFSD
#Local_News #ယာဉ်တိုက်မှုပေါင်း(၃၆၀၀) ကျော် #သေဆုံးသူ(၁၈၀၀)ကျော်ရှိခဲ့
#Yangon_Times/PP
Page 968 of 1938