#Local_News
Published 18 February 2024


 အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ ကိုရီးယားသမ္မတနိုင်ငံသို့ EPS စနစ်ဖြင့် လုပ်သားများစေလွှတ်လျက်ရှိ ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံအတွက် လုပ်သားခေါ်ယူမှုခွဲတမ်းအနေဖြင့် ၁၁၀၀၀ ခန့် ရွေးချယ်ခေါ်ယူစေလွှတ်သွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

 

 ကိုရီးယားသမ္မတနိုင်ငံသို့ EPS စနစ်ဖြင့် လုပ်သားများစေလွှတ်လျက်ရှိရာ ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ ဖြင့် အမျိုးသား အလုပ်သမား များကို စေလွှတ်ခဲ့ ပြီး ယခု နှစ်တွင် ဝန်ဆောင်မှု လုပ်ငန်းများအတွက် အမျိုးသမီး အလုပ်သမားများကိုပါ ခေါ်ယူသဖြင့် စေလွှတ်မည် ဖြစ်ကြောင်း သိရသည်။ 

 

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများသို့ ၁၀၆၁၁ ဦး စေလွှတ်ခဲ့ပြီး ယခု၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံအတွက် လုပ်သားခေါ်ယူမှုခွဲတမ်းအနေဖြင့် ၁၁၀၀၀ ခန့် ရရှိသဖြင့် ပိုမိုခေါ်ယူထားကြောင်း သိရသည်။

 

#Local_News #EPSစနစ် #ကိုရီးယားသို့မြန်မာလုပ်သား #YMG/LW #Yangon_Times