#Local_News
Published 19  February 2024


မန္တလေးအောင်မြေသာစံမြို့နယ်၁၂လမ်း(Sp)ပါတ်စပို့ရုံးတွင် နိုင်ငံကူးလက်မှတ် ပြုလုပ်ရန် တန်းစီတိုးဝှေ့ ကြရာလူအုပ်ပိသဖြင့် အမျိုးသမီး ၂ဦး​ေ-သဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သွားရောက်ကူညီပေးသည့် လူမှုကူညီရေး အသင်းထံ က သိရသည်။

 

ဖေဖေါ်ဝါရီ ၁၉ ရက် နံနက် ၂နာရီ ၃၅မိနစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး  အမျိုးသမီး ၂ဦး ​ေ-သဆုံးခဲ့သည့် အပြင် အမျိုးသမီး တစ်ဦး မှာ ထိခိုက်ဒဏ်ရာ ရရှိသဖြငိ့ ဆေးကုသမှု ခံနေရကြောင်း သိရသည်။

 

"လူအုပ်ပိပြီး အသက်ရှူကြပ်တာက ငါးယောက်လောက်ရှိတယ်။ အခု​ေ-သဆုံးသူ တွေက လူအုပ်ပိပြီး လမ်းဘေး မြောင်းထဲကျသွားတာ  ကျွန်တော်တို့ သွားကူညီပေးတော့ အခု​ေ-သဆုံးသွားတဲ့ နှစ်ယောက်ကအသက်ငွေ့ငွေ့ပဲရှိတော့တယ်။ ဆေးရုံသွားတဲ့ လမ်းမှာတင် ဆုံးသွားတာ အမျိုးသမီးနောက်တစ်ယောက်က ခြေ​ေထာက် ထိခိုက်ဒဏ်ရာရသွားတယ်. အခုဆေးရုံ တင်ထားရတယ် ကျန်တဲ့ အသက်ရှူကြပ်တဲ့သူတွေကတော့ အဲ့နေရာမှာပဲ ကုသပေးလိုက်တာ ပြန်ကောင်းသွားတယ်"ဟု သွားရောက်ကူညီပေးသည့် ပရဟိတအသင်းမှတာဝန်ရှိသူကပြောသည်။

 

သေဆုံးသေဆုံးသူများမှာ ဒေါ်ခင်မျိုးအေး ၅၂နှစ် နှင့် မခိုင်ဝေ ၃၉ နှစ်တို့ ဖြစ်ကာ မန္တလေးညောင်ကွဲ အကွက်(၆၇)နှင့် အကွက်(၇) တို့တွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။
မန္တလေး ပတ်စပို့ရုံးတွင် နိုင်ငံကူးလက်မှတ်ပြုလုပ်ရန် လာရောက်တန်းစီသူများမှာ ယခုရက်ပိုင်းတွင် အလွန်များပြားလျက်ရှိကြောင်း သိရသည်။

 

#Local_News #မန္တလေးပတ်စပို့ရုံး #လူအုပ်ပိမိသဖြင့်အမျိုးသမီး၂ဦး​ေ-သဆုံး  #YMG/LW #Yangon_Times