#Local_News
Published_ 16 June 2023
ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်များတွင် ဖုန်းကတစ်ဆင့် QR Code စနစ်ဖြင့် ယာဉ်စီးခပေးချေ နိုင်သည့် စနစ်ကို ၂၀၂၃ နှစ်ကုန်ပိုင်းတွင် စတင်အသုံးပြုနိုင်ရန်ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)ကသိရသည်။
လက်ရှိ YBS ယာဉ်များတွင် ယာဉ်စီးခပေးချေမှုကိုYPS ကတ်ဖြင့် ငွေပေးချေသည့်စနစ်ကို ကျင့်သုံးနေရာမှ ဖုန်းကတစ်ဆင့် မိုလ်ဘိုင်းအပလီကေးရှင်းကို အသုံးပြု၍ QR Codeဖြင့်ယာဉ်စီးခပေးချေခြင်း၊ ငွေဖြည့်သွင်းခြင်းနှင့် လက်ကျန်ငွေ စစ်ဆေးခြင်းများကိုဆောင်ရွက်နိုင်ရန် စီစဉ်နေကြောင်း (YRTC)၏တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောကြားသည်။
QR Code နဲ့ ယာဉ်စီးခပေးမယ်ဆိုရင် ဖုန်းတစ်လုံးရှိရုံနဲ့ အဆင်ပြေမှာဖြစ်တယ်။ ဒါကြောင့်ဒီစနစ်ကို ဒီနှစ်ကုန်မှာ စတင်နိုင်ဖို့ ဆောင်ရွက်နေတယ်"ဟု ဦးလျန်ကျင့်မန်က ပြောပါတယ်။
YBS ခရီးသည်များအနေဖြင့်QR Code အသုံးပြုသည့် အတွက် ယာဉ်စီးခပိုပေးရခြင်းနှင့် ငွေအကြွေဆောင်ထားရသည့် အခက်အခဲများလျော့နည်းသွားမည်ဖြစ်၍ QR Code စနစ်ကို အမြန်ဆုံး စတင်အသုံးပြုနိုင်ရန် YRTC နှင့်Asia Starmar Transport Intelligent Co.Ltd တို့ ပူးပေါင်း လုပ်ဆောင်နေကြောင်းသိရသည်။
အခုအခါ ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် YBS ယာဉ်အများစုတွင် YPS ကတ်စနစ်တပ်ဆင်ထားပြီး ရောင်းချပြီးသည့် ကတ်အရေအတွက် နှစ်သိန်းကျော်ခန့်ရှိ သော်လည်းလက်ရှိအသုံးပြုနေသည့် ကတ်အရေအတွက်တွင် တစ်သိန်း သုံးသောင်းကျော် ရှိကြောင်းသိရသည်။
လက်ရှိတွင် တစ်နေ့လျှင်ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် YBSယာဉ်လိုင်း၁၁၈လိုင်း၊ YBS အစီးရေ ၃၅၀၀ ကျော်၊ ခရီးသည် ၁၅သိန်းကျော်ရှိကြောင်း YRTCမှ သိရသည်။
#ymg/BM
#YMG #Yangon_Media_Group
#Local_News
Published_ 16 May 2023
ရန်ကုန်မြို့ရှိ KTV ၊ CLUB ၊ BAR နှင့် စားသောက်ဆိုင်များတွင် စိတ်ကြွရူးသွပ်ဆေးပြားရောင်းချသူများကို ဖမ်းဆီးမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁၁ ရက် မွန်းလွဲ ၁ နာရီခွဲအချိန် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်၊ ပတ္တမြားလမ်းရှိ စိုင်းလှဟန် ၏ နေအိမ်ကို သတင်းအရရှာဖွေရာ စိုင်းလှဟန် နှင့် စိုင်းစိန်လင်း တို့အား ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၉၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉ သိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဖမ်းမိသူများကို စစ်ဆေးဖော်ထုတ်ချက်အရ ယင်း စိတ်ကြွရူးသွပ် ဆေးပြားများအား ရန်ကုန်မြို့ရှိ KTV ၊ CLUB ၊ BAR နှင့် စားသောက်ဆိုင်များတွင် လူငယ်များအား ဖြန့်ဖြူးရောင်းချခြင်း ဖြစ်ကြောင်း၊ယခုအခါ အဆိုပါ အမျိုးသားနှစ်ဦးကို ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းသိရသည်။
ymg/BM
#YMG #Yangon_Media_Group
#Local_News
Published_ 16 June2023
ဂျပန်ကုမ္ပဏီ ၃၅၀ ကျော်က မြန်မာလုပ်သား (၁၁၀၀) ကျော်ခေါ်ယူမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးက ဇွန်လ၁၅ရက်တွင် ထုတ်ပြန်ထားသည်။
မြန်မာသံရုံး၊ တိုကျိုမြို့မှ ၂၀၂၃ ခုနှစ်၊ ဇွန်လ(၁)ရက် မှ ဇွန်လ(၁၅)ရက်အတွင်းစိစစ်ပြီးနိုင်ငံခြားရေးဝန်ကြီးဌာနသို့ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ(၃၅၂)ခု နှင့်ပတ်သက်သည့် အချက် အလက် များအသိပေးအကြောင်းကြားခြင်းဖြစ်ကြောင်းသိရသည်။
ယင်းထုတ်ပြန်ချက်အရ ဂျပန်ကုမ္ပဏီ ၃၅၀ ကျော်က မြန်မာအလုပ်သမား အမျိုးသား(၄၀၀) နီးပါး၊ အမျိုးသမီး(၇၀၀) ကျော် စုစုပေါင်းဦးရေ(၁၁၀၀) ကျော် ခေါ်ယူမည်ဖြစ်ကြောင်းသိရသည်။
မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ ( Demand Letter ) များကို အချိန်နှင့်တစ်ပြေးညီ စိစစ် ဆောင်ရွက်ပေးလျက်ရှိပါသည်။
ထိုသို့ စိစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေး ကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင် တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားများ စိစစ်ပြီး စိစစ်တွေ့ရှိချက် များ၊ သဘောထားမှတ်ချက် များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်းသိရသည်။
ထိုသို့စိစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့်အလုပ်ခေါ်ယူသည့် စက်ရုံ/
ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/မရှိ စာရွက်စာတမ်းအထောက်အထားများစိစစ်ပြီးစိစစ်တွေ့ရှိချက် များ၊ သဘောထားမှတ်ချက် များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ပြန်လည်ပေးပို့လျက်ရှိကြောင်းသိရသည်။
ပြီးခဲ့သည့် မေလ၃၁ရက်ကလည်း ဂျပန်ကုမ္ပဏီ ၃၀၀ ကျော်က မြန်မာအလုပ်သမား အမျိုးသား(၄၀၀) ကျော်၊ မြန်မာလုပ်သားအမျိုးသမီး (၇၀၀) ကျော် စုစုပေါင်း(၁၂၀ဝ) ကျော်ခေါ်ယူမည်ဖြစ်ကြောင်း သံရုံးက ထုတ်ပြန်ခဲ့သည်။
#ymg/BM
#Local_News #ဂျပန်ကုမ္ပဏီ ၃၅၀ ကျော် # မြန်မာလုပ်သား(၁၁၀၀) ကျော်ခေါ်ယူ
#YMG #Yangon_Media_Group
#World_Health
Published 16 June 2023
တော်ရင်းအမိုင်နိုအက်ဆစ်ဟာ အိုမင်းရင့်ရော်ခြင်းကို နှောင့်နှေးစေတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။
ဒီဒြပ်စင်က လူသားတွေမှာရှိပြီး လေ့လာမှုကတော့ တိရိစ္ဆာန်တွေမှာ ပြုလုပ်ခဲ့တာဖြစ်ကာ ဇီဝကမ္မပြောင်းလဲမှုများနဲ့ ဆက်စပ်နေပါတယ်။
လူ့ခန္ဓာကိုယ်ကနေ တော်ရင်းထွက်သလို အသား၊ နို့ထွက်ပစ္စည်း၊ ငါးတို့မှာလည်း တွေ့ရပါတယ်။
ကြွက်တွေနဲ့ မျောက်တွေမှာ အပြင်ပန်းကနေ တော်ရင်းထည့်သွင်းလိုက်ခြင်းဖြင့် အိုမင်းရင့်ရော်ခြင်းကို နှေးစေပြီး ကျန်းမာရေးကိုလည်း ကောင်းမွန်စေကြောင်း အမေရိကန် ကိုလံဘီယာတက္ကသိုလ်မှ ဦးဆောင်သုတေသီ'ဗီဂျေးယာဒက်ဗ်'က Science ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
တော်ရင်းဟာ DNA ပျက်စီးခြင်း၊ တယ်လိုမာရေ့စ်ချို့တဲ့ခြင်း၊ မိုင်တိုခွန်ဒရီယယ်လုပ်ဆောင်ချက် ချို့ယွင်းခြင်း၊ ဆဲလ်ကြီးထွားခြင်းစတဲ့ အိုမင်းရင့်ရော်စေတဲ့ အကြောင်းအရင်းတွေကို နှေးကွေးစေတယ်လို့ ယူဆထားပါတယ်။
တော်ရင်းဖြည့်စွက်စာများ စားသုံးထားတဲ့ကြွက်များကို တစ်နှစ်ကြာစမ်းသပ်ပြီးနောက် အမိုင်နိုအက်ဆစ်ဟာ ကြွက်မတွေရဲ့ပျမ်းမျှနေထိုင်သက်တမ်းကို ၁၂ ရာခိုင်နှုန်း၊ ကြွက်ထီးတွေမှာ ၁၀ ရာခိုင်နှုန်း တိုးမြင့်စေတာကို တွေ့ရှိခဲ့ကြပါတယ်။
သာမန်ကြွက်တွေထက်စာရင် တော်ရင်းသုံးစွဲထားတဲ့ကြွက်တွေက ပိုပြီးအသက်ရှည်ခဲ့ပါတယ်။
ဒါ့အပြင် သူတို့ရဲ့ အရိုး၊ ကြွက်သား၊ ပန်ကရိယ၊ ဦးနှောက်၊ အူ၊ ကိုယ်ခံအားစနစ်တို့လည်း တိုးတက်လာတာတွေ့ရပါတယ်။
လူသားတွေမှာ တော်ရင်းရဲ့သက်ရောက်မှုတွေအကြောင်း မသိရသေးပေမယ့် စမ်းသပ်ချက်အရတော့ တော်ရင်းက ရင့်ရော်ခြင်းကိုနှေးစေနိုင်တဲ့ မျှော်လင့်ချက်ရှိနေပါတယ်။
ပထမစမ်းသပ်ချက်မှာ ဥရောပမှ အသက် ၆၀ အရွယ် ၁၂,၀၀၀ ဦးမှာ ကျန်းမာရေးအပိုင်း ၅၀ ခန့်စမ်းသပ်ခဲ့ပါတယ်။
တော်ရင်းပမာဏများပြားသူတွေမှာ ကျန်းမာရေးပိုမိုကောင်းမွန်သလို ဆီးချိုရောဂါ၊ အဝလွန်ခြင်း၊ သွေးတိုး၊ ရောင်ရမ်းခြင်းတို့လည်း လျော့နည်းတာကို တွေ့ခဲ့ရပါတယ်။
ရလဒ်တွေက စိတ်ချရပြီး တော်ရင်းချို့တဲ့ရင် အိုမင်းရင့်ရော်မှုပိုမြန်စေတာလည်း ဖြစ်နိုင်ပါတယ်။
တော်ရင်းချို့တဲ့ရင် လူသားတွေမှာ အိုမင်းရင့်ရော်စေတာလားဆိုတာ သိရဖို့အတွက် သက်တမ်းအလိုက် တိုင်းတာစစ်ဆေးခြင်းတွေ ပြုလုပ်ရမှာဖြစ်ပါတယ်။
Source: India Today #World_Health #အမိုင်နိုအက်ဆစ်တစ်မျိုးအားသိပ္ပံပညာရှင်များတွေ့ရှိ
#YMG #Yangon_Media_Group
#World_Health
Published 16 June 2023
ဩစတြေးလျ ဗစ်တိုးရီးယား ဂျီလောင်မှ အသက် ၅၇ နှစ်ရှိ 'ဖီးလ်ဇဒီဘယ်လ်'က သူဟာ ခဏတာသေဆုံးသွားခဲ့ချိန်မှာ ခန္ဓာကိုယ်ပြင်ပသို့ ရောက်သွားကာ မျောလွင့်နေသလိုခံစားခဲ့ရကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။
တိုက်ကွမ်ဒိုဆရာလည်းဖြစ်ကာ ပြီးခဲ့တဲ့နိုဝင်ဘာလက ဘတ်စ်ကတ်ဘောကစားနေစဉ် နှလုံးဖောက်ပြီးနောက် ၂၈ မိနစ်ကြာ သေဆုံးသွားခဲ့ကာ အသက်ပြန်ရှင်လာခဲ့ပါတယ်။
အဲဒီနောက် ဇဒီဘယ်လ်ကို ဆေးရုံသို့အမြန်တင်ခဲ့ကာ နှလုံးထဲသို့ ပြွန်ထည့်ခွဲစိတ်မှုများပြုလုပ်နေစဉ် ၃ ရက်တိုင် သတိလစ်နေခဲ့ပါတယ်။
သူနိုးလာတဲ့အခါမှာ ၂၈ မိနစ်ကြာအောင် သေဆုံးခဲ့တာကို သိရှိလိုက်ရပါတယ်။
သူပြန်လည်သက်သာလာတဲ့အပေါ် သူ့ရဲ့ကြံ့ခိုင်သန်မာမှုနဲ့ အကောင်းမြင်စိတ်ရှိခြင်းတို့အပေါ် အသိအမှတ်ပြုလိုက်ပါတယ်။
သေခြင်းတရားနဲ့အလွန်နီးစပ်ခဲ့ပြီးနောက် ဘဝအပေါ်ရှုမြင်ပုံပြောင်းလဲလာကာ တိုက်ကွမ်ဒိုအားကစားကနေ အနားယူရန်ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်လာဖို့ ဖြစ်လာပါတယ်။
Today Show Australia နဲ့အင်တာဗျူးရာမှာ သေဆုံးခြင်းနဲ့ပတ်သက်ပြီး နောက်ဘဝကို မြင်တွေ့ခဲ့ရကြောင်း ဆိုပါတယ်။
လှိုဏ်ခေါင်းအဆုံးမှာ ဘာအလင်းရောင်မှမတွေ့ရကြောင်း၊ ခန္ဓာကိုယ်ထဲက လွင့်ထွက်နေသလိုခံစားရကြောင်း ပြောပြပါတယ်။
"ရုပ်ရှင်ကိုရပ်ကြည့်နေသလိုပါပဲ။ ဦးနှောက်ကလှုပ်ရှားနေဆဲဖြစ်ပြီး အလုပ်လုပ်နေကာ ဘာတွေဖြစ်နေလဲဆိုတာကို သိပေမယ့် ဆက်သွယ်လို့မရပါဘူး။ သူငယ်ချင်းတစ်ယောက်က ဖုန်းထဲကနေ အရေးပေါ်နံပါတ်ခေါ်နေတာ မြင်နေရပေမယ့် အားလုံးကို ဘေးကနေဒီအတိုင်းကြည့်နေရပါတယ်။ လူနာတင်ကားတွေရောက်လာပြီးတော့ သယ်ဆောင်သွားကြပေမယ့် ကိုယ့်ခန္ဓာမှန်းမသိခဲ့ပါဘူး" လို့ ပြောကြားခဲ့ပါတယ်။
လူသားတွေအနေနဲ့ အရေးပေါ်နှလုံးကယ်ဆယ်ရေးနည်းလမ်းကို တတ်ကျွမ်းထားသင့်တယ်လို့ အကြံပြုသွားပါတယ်။
အမေရိကန်မှာ နှစ်စဉ်လူပေါင်း ၃၅၆,၀၀၀ ဦးဟာ နှလုံးရပ်သွားကြပြီး ၉၀ ရာခိုင်နှုန်းလောက်က သေဆုံးသည်အထိအန္တရာယ်များပါတယ်။
နိုင်ငံအများအပြားမှာ ကင်ဆာပြီးရင် နှလုံးဖောက်ခြင်းကြောင့် အဓိကသေဆုံးနေကြရပါတယ်။
#Source:The_Jerusalem_Post #World_Health #(၂၈)မိနစ်ကြာသေဆုံးပြီးနောက်အသက်ပြန်ရှင်လာ
#YMG #Yangon_Media_Group
၁၅ ဇွန် ၂၀၂၁(ရိုက်တာသတင်း)
တရုတ်နိုင်ငံ ဘိုက်ဒန့်စ် ByteDanceကပိုင်တဲ့ TikTok အက်ပလီကေးရှင်းဟာ လာမယ့်နှစ်အနည်းငယ်အတွင်း အရှေ့တောင်အာရှနိုင်ငံတွေမှာ ဒေါ်လာ ဘီလျံချီပြီးရင်းနှီးမြှပ်နှံမှုတွေလုပ်သွားဖို့ရှိဟု ပြော
အရှေ့တောင်အာရှဟာ လူဦးရေ သန်း၆၃၀ရှိပြီး အဲဒီထဲက တစ်ဝက်ဟာ အသက်၃၀အောက်တွေဖြစ်ပြီး အဲဒီအသက် အပိုင်းအခြားဟာ TikTok ရဲ့ အကြီးမားဆုံးဈေးကွက်တွေဖြစ်နေ
အင်ဒိုနီးရှားနှင့် အရှေ့တောင်အာရှနိုင်ငံတွေမှာ လာမယ့်နှစ်များအတွင်း ဒေါ်လာဘီလျံချီရင်းနှီးမြှပ်နှံသွားမယ်လို့ TikTok စီအီးအို ဆိုကျီးချူးကပြောကြား
သူကအသေးစိတ်အစီအစဉ်မပြောသော်လည်း လေ့ကျင့်သင်တန်းများ၊ကြော်ငြာလုပ်ငန်းများနှင့် သူ့ရဲ့ e-commerce ပလက်ဖောင်းဖြစ်တဲ့ TikTok Shop ကိုပူးပေါင်းလုပ်ချင်ကြတဲ့ အရောင်းဆိုင်သေးကလေးတွေကိုကူညီတာတွေ လုပ်ပေးမယ်လို့ပြော
TikTok ပလက်ဖောင်းဟာ ယခုအခါပိုပြီး မျိုးစုံလာပြီး အသုံးပြုသူတွေဟာ ကြော်ငြာကနေ e-commerce အီလက်ထရွန်း နစ်ကူးသန်းရောင်းဝယ်ရေးအထိ ချဲ့ထွင်လာပြီလို့ သူကပြော
အသုံးပြုသူတွေဟာ livestreaming လုပ်နေစဉ်အတွင်း အက်ပလီကေးရှင်းပေါ်က လင့်ခ် links ကတစ်ဆင့် ကုန်စည်တွေကို ဝယ်ယူနိုင်လာကြလို့သူကဆက်ပြော
TikTok ဟာ အရှေ့တောင်အာရှမှာ ဝန်ထမ်း ၈၀၀၀ရှိပါတယ်။ အင်ဒိုနီးရှားမှာ သူ့ပလက်ထောင်ပေါ်က ပစ္စည်းတွေ ရောင်းပေးတဲ့ အရောင်းဆိုင်ကလေးတွေ နှစ်သန်းခန့်ရှိ
TikTokဟာ မနှစ်က အရှေ့တောင်အာရှမှာ အရောင်းအဝယ်လုပ်တဲ့တန်ဖိုး ဒေါ်လာ ၄.၄ ဘီလျံအထိရှိခဲ့ပါတယ်။ ၂၀၂၁ခုနှစ်တုန်းက ဒေါ်လာသန်း၆၀၀ပဲရှိရာကနေမြင့်တက်လာတာဖြစ်
#TiikTok
#South_East_Asia_Tiktok
#TikTokအရှေ့တောင်အာရှတွင်ရင်းနှီးမြှပ်နှံမည်
#Local_News
Published_15 June 2023
ရာသီအကူးအပြောင်းကာလဖြစ်လို လတ်တလောမှာဝမ်းပျက်ဝမ်းလျှောနဲ့ ဖျားနာရောဂါဖြစ်သူတွေများနေပြီး လူနာတွေနေ့စဥ်တိုးနေတယ်လို့ ရှမ်းပြည်နယ်၊ ဝာာချီလိတ်ရှိ မယ်ယန်းအခမဲ့ဆေးခန်းမှ သိရပါတယ်။
#Local_News #ဝမ်းပျက်ဝမ်းလျှောနှင့်ဖျားနာရောဂါလူနာများတိုးနေ
#YMG #Yangon_Media_Group
#World_Politics
Published 15 June 2023
ပေကျင်းသို့လာရောက်လည်ပတ်တဲ့ ဟွန်ဒူးရပ်စ်သမ္မတ'အိုင်းရစ်ရှော်မာရာကက်စထရိုဆာမန်တို'နဲ့ တရုတ်သမ္မတ'ရှီကျင့်ဖင်'တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပူးတွဲကြေညာချက်တစ်ရပ်ကို တရုတ်နဲ့ဟွန်ဒူးရပ်စ်တို့က တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
#World_Politics #ဟွန်ဒူးရပ်စ်သမ္မတတရုတ်နိုင်ငံ #နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်
#YMG #Yangon_Media_Group
#Local_News
Published_15 June 2023
အခုရက်ပိုင်းအတွင်း တနင်္သာရီတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ မိုးကြီးတာ၊ လေပြင်းတိုက်ခတ်တာတွေဖြစ်ပွားနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရပါတယ်။
#Local_News #စစ်ကိုင်း၊ ကချင်၊ ရန်ကုန်၊ ရခိုင်နှင့်ဒေသအချို့၌ မိုးကြီးနိုင်
#YMG #Yangon_Media_Group
#Local_News
Published_15 June 2023
ပြည်ပနိုင်ငံများသို့ ဆန်/ဆန်ကွဲတင်ပို့ရာတွင် တင်ပို့မယ့်နိုင်ငံများရဲ့ သတ်မှတ်ချက်များနှင့်ကိုက်ညီဖို့ စိုက်ပျိုးရေးဦးစီးဌာနမှ SPS Protocol အရ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေတယ်လို့ ကုန်သည်စက်မှုအသင်းချုပ်မှ သိရပါတယ်။
#Local_News #ကျန်းမာရေးနဲ့ညီညွတ်စေဖို့ဆန်သိုလှောင်ရုံများကိုစစ်ဆေး
#YMG #Yangon_Media_Group
#Local_News
Published_15 June 2023
မိုးရာသီမှာ ပုဂံဘုရားတွေကို ထိခိုက်မှုတွေများစေတဲ့အပင်တွေ တွယ်ကပ်ပေါက်ရောက်မှုတွေကို ဓာတုဆေးနဲ့သတ်ပြီး ဖယ်ရှားရှင်းလင်းတာတွေဆောင်ရွက်နေတယ်လို့ HeritageTrust Team Bagan မှ သိရပါတယ်။
#Local_News #အပင်များရှင်းလင်းခြင်း/မိုးရေယိုပေါက်ပိတ်ခြင်း
#YMG #Yangon_Media_Group
၁၅ ဇွန် ၂၀၂၁
ဒီတစ်ပတ် ကမ္ဘာ့သတင်းတွေထဲမှာ တုန်လှုပ်ခဲ့ကြရတဲ့ ခေါင်းစီးသတင်းတစ်ပုဒ်ရှိခဲ့ပါတယ်။ အဲဒါကတော့ အီကွေဒေါနိုင်ငံ က ဘယ်လာမွန်တိုယာ ဆိုတဲ့ အမျိုးသမီးတစ်ဦးကို သေဆုံးသွားပြီလို့ ကြေညာခဲ့ပြီးမှ သူမဟာ ခေါင်း တလားထဲကနေ အသက်ရှင်တဲ့ လက္ခဏာပြသလို့ မိသားစုဝင်တွေ အံအားတသင့်ဖြစ်ခဲ့ကြရတဲ့ သတင်းပဲဖြစ်ပါတယ်။
“ အားလုံးတုန်လှုပ်သွားကြတယ်” လို့ မွန်တိုယာရဲ့သား ဂီလ်ဘာတို ဘာဘာရာက အေပီသတင်းဌာနကိုပြောပါတယ်။
“ အခေါင်းထဲကသေနေတဲ့သူ နိုးထလာတယ်ဆိုတာ ဖြစ်တောင့်ဖြစ်ခဲပဲ” လို့ အင်ဂလီယာရပ်စ်ကင် ဆေးတက္ကသိုလ်မှ အကြီးတန်းကထိက ဒေါက်တာ စတီဖင် ဟတ်ခ်က NPR သတင်းဌာနကိုပြောပါတယ်။
ဆရာဝန်တွေက သေဆုံးပြီလို့ မှားယွင်းကြေညာခဲ့တဲ့ ကိစ္စမျိုးတွေက တစ်ကမ္ဘာလုံးမှာ တစ်နှစ် တစ်နှစ်ကို လက်တစ်ဆုပ်စာလောက်ပဲ ရှိပါတယ်လို့ သူက ခန့်မှန်းပြောဆိုပါတယ်။
ဒါပေမယ့် တစ်ခါတစ်ခါတော့လည်း ဒါမျိုးဖြစ်တာပဲ လို့သူကဖြည့်စွက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း နယူးယောက်က အသက် ၈၂နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး ဘိုးဘွားရိပ်သာမှာ သေဆုံးပြီလို့ကြေညာအပြီး နာရီပိုင်းအကြာမှာ အသုဘအခမ်းအနားကျင်းပရာနေရာမှာ ပြန်ပြီးအသက်ရှင်လာတဲ့ ဖြစ်ရပ် ဖြစ်ပွာခဲ့ပါသေးတယ်။
လူတစ်ယောက်ကို သေမသေ ပထမဦးဆုံး တုန့်ပြန်မှုရှိမရှိစစ်ဆေးပါတယ်။ အဲဒီနောက် သွေးခုန် မခုန်စမ်းပါတယ်။ အဲဒီနောက် သူငယ်အိမ် တုန့်ပြန်မှုရှိမရှိစစ်ဆေးပါတယ်။ အဲသလိုအဆင့်ဆင့်စစ်ဆေးပြီးလို့ ဘာတစ်ခုမှအလုပ်မလုပ်ရင် တော့ သေဆုံးပြီလို့ပြောနိုင်ပါတယ်။
တစ်ခါတစ်ခါကြတော့လည်း အသက်ရှင်နေသေးတဲ့သူကို သေပြီလို့မှားယွင်းဆုံးဖြတ်တတ်ကြပါတယ်လို့ ဟတ်ချ်က ပြောပါတယ်။ ဆရာဝန်တွေက အလျင်စလိုနှင့် သေသေချာချာ မစစ်ဆေးမိတာနှင့် ဆေးပညာပိုင်းအသိပညာအားနည်းမှု တွေကြောင့်ဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။
တစ်ခါတစ်ခါတော့လည်း စက်မှုပိုင်းဆိုင်ရာအားနည်းချက်ကနေ မှားယွင်းစွာအဖြေပေးမိတာလည်းရှိနိုင်တယ်လို့ သူကပြောပါတယ်။ တစ်ကမ္ဘာလုံးမှာ တစ်နှစ်ကို ဒီလိုမျိုးကိစ္စ သုံးခုကနေ လေးခုလောက်တွေ့ဖူးတယ် လို့လည်း သူက ဆက်ပြောပါတယ်။
Source NPR
Page 964 of 1775