#Local_News
Published 19 February 2024


လျှပ်စစ်သုံးယာဉ် (EV) နှင့် ဆက်စပ်ပစ္စည်းများတင်သွင်းသည့်ကုမ္ပဏီများအနေဖြင့် Pre Order ဖြင့်ရောင်းချမှုများမပြုလုပ်ရန်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုနှင့် တင်သွင်း၊ တင်ပို့၊ တပ်ဆင်ထုတ်လုပ်မှု မြှင့်တင်ရေး လုပ်ငန်းကော်မတီမှ ထပ်မံ၍ အသိပေးထုတ်ပြန်ထားသည်။

 

လျှပ်စစ်သုံးယာဉ် (EV)နှင့် ဆက်စပ်ပစ္စည်းများတင်သွင်းသည့် ကုမ္ပဏီများအနေဖြင့် Pre Order ဖြင့်ရောင်းချမှုများမပြုလုပ်ရန် အသိပေးထုတ်ပြန်ထားသော်လည်း ဆက်လက်ရောင်းချမှုများရှိနေသည့်အတွက်  ထပ်မံသတိပေးထားခြင်း‌ကြောင်းသိရသည်။

 

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဧပြီလနှင့် ဇွန်လများ၌ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများတင်သွင်းသည့်ကုမ္ပဏီများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးများတွင် လျှပ်စစ်သုံးယာဉ် (EV) များ ပြန်လည်ရောင်းချရာ၌ CIF တန်ဖိုးအပေါ် အမြတ် (၂၀) ရာခိုင်းနှုန်းထက် ပိုမိုရောင်းချခြင်း မပြုရန်၊ လူမှုကွန်ရက်တွင် ကြော်ငြာရောင်းချခြင်း မပြုရန်၊ မော်တော်ယာဉ်ရောက်ရှိခြင်း မရှိဘဲ pre order ဖြင့် ကြိုတင် ရောင်းချခြင်းမပြုရန် အသိပေး‌ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။

 

အဆိုပါ တားမြစ်ချက်များအပေါ် လိုက်နာဆောင်ရွက်ခြင်းမရှိသော  ကုမ္ပဏီများအား စီမံခန့်ခွဲမှုနည်းလမ်းအရ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းခြင်း၊ စားသုံးသူရေးရာ ဥပဒေအရ အရေးယူခြင်းကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သိရသည်။

 

#Local_News #လျှပ်စစ်သုံးယာဉ်(EV) #Pre_Orderဖြင့်မရောင်းချရန်ထပ်မံသတိပေး #YMG/ NN #Yangon_Times