#Local_News
Published_ 17 February 2024

၂ဝ၂၄ ခုနှစ်၊ ရွှေနဂါးနှစ် တရုတ်နှစ်သစ်ကူး အထိမ်းအမှတ် တရုတ် - မြန်မာချစ်ကြည်ရေး ဖိတ်ခေါ်စားပွဲတင် တင်းနစ်ပြိုင်ပွဲကျင်းပခဲ့ပြီး ဆုရရှိသည့် အားကစားသမား(၁၆) ဦးကိုဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

အဆိုပါပြိုင်ပွဲ၏ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားအား ဖေဖော်ဝါရီ (၁၅)ရက် ညနေပိုင်းက သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏအားကစားကွင်းတွင် ကျင်းပခဲ့သည်။

 

ရှေးဦးစွာ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲစဉ် ကစားနေမှုများကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တရုတ်မြန်မာ ဗုဒ္ဓဘာသာချစ်ကြည်ရေး နှီးနှောဖလှယ်ရေးအဖွဲ့ နာယက ဒေါ်နီနီ၊ တရုတ်မြန်မာချစ်ကြည်ရေး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ ဦးတင်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရူ အားပေးကြသည်။

 

‌ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပရာပွဲစဥ်အလိုက် ဆုရရှိသည့် အားကစားသမားများအား နာယက ဒေါ်နီနီ၊ ဥက္ကဌ ဦးတင်ဦးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

 

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် အားကစားသမားအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ပြီး ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်(၁၁၈)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကာ ဆုရရှိသည့် ပထမ၊ဒုတိယ၊တတိယ(ပူးတွဲ)၊ကွာတားအဆင့် အားကစားသမားစုစုပေါင်း(၁၆) ဦးအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

#Local_News #ရွှေနဂါးနှစ်တရုတ်နှစ်သစ်ကူး #တရုတ်-မြန်မာချစ်ကြည်ရေး #စားပွဲတင်တင်းနစ်ပြိုင်ပွဲ #tthl #Yangon_Times