#Local_News
Published-17 February 2024


ဂျပန်နိုင်ငံရှိ ကုမ္ပဏီများ၊ စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ကိုင်ရန်အတွက် မြန်မာနိုင်ငံမှ လုပ်သား ၉၃၇ ဦး ခေါ်ယူမည်ဖြစ်ကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။

 

ဖေဖော်ဝါရီလ ၁ ရက်မှ ဖေဖော်ဝါရီလ ၁၅ ရက်အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ ပြန်ကြားခဲ့သည့်  အလုပ်ကမ်းလှမ်းစာ ၃၀၂ ခုမှ အလုပ်သမားကျား၊မ စုစုပေါင်း ၉၃၇ ဦးကိုခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။

 

မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာန ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့်  အလုပ်ကမ်းလှမ်းစာ( Demand Letter ) များကို စိစစ်ဆောင်ရွက်ပေးလျက်ရှိပြီး ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့်  စက်ရုံ/ ကုမ္ပဏီများနွင်  ဂျပန်နိုင်ငံ၌  တရားဝင်တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်းအထောက်အထားများစိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း သိရသည်။

 

#Local_News #ဂျပန်ခေါ်ယူ #မြန်မာအလုပ်သမား #YMG/NN #Yangon_Times