#Local_News
Published_24 Dec 2023
မြန်မာ့ပင်လယ်ပြင် သီးသန့်စီးပွားရေးဇုန်ကိုကာကွယ်မည့် စစ်ရေယာဉ်များ တပ်တော်ဝင်၍ မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့သို့ စစ်ရေယာဉ်များ လွှဲပြောင်း ခြင်းကို ယနေ့ ဒီဇင်ဘာလ ၂၄ ရက် က ပြုလုပ်သော တပ်မတော်(ရေ)၏ (၇၆)နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ် လည် နေ့တွင် ပြုလုပ်ခဲ့သည်။
ယင်းကို ရန်ကုန်မြို့ရှိ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စားနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတက်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
တပ်မတော်(ရေ)အတွက် ၃၃ မီတာ ကမ်းထိုးတိုက်ရေယာဉ် ၂ စီး၊ ပြည်ပမှ နည်းပညာလွှဲပြောင်းခဲ့ပြီး တပ် မတော် (ရေ)က ကိုယ်တိုင်တည်ဆောက်ခဲ့သည့် သတ္တမ မြောက်နှင့် အဌမမြောက် ၂၇ မီတာ Super Dvora အမြန်သွားကင်းလှည့်ရေယာဉ် ၂ စီး၊ မြစ်တွင်းသွားကင်းလှည့်ရေယာဉ် ၁ စီးတို့ တပ်တော်ဝင်ခဲ့ကြပြီး ကမ်းခြေ စောင့်တပ်ဖွဲ့ကို ကမ်းလွန်ကင်းလှည့်ရေယာဉ် ၁ စီး၊ ကမ်းခြေစောင့် တိုက်ရေယာဉ် ၂ စီး လွှဲပြောင်းပေးခဲ့ ကြောင်းသိရသည်။
တပ်မတော်(ရေ)ကို ပထမအဆင့်အနေဖြင့် မြန်မာ့ပင်လယ်ပြင်သီးသန့်စီးပွား ဇုန်ကို အပြည့်အဝကာကွယ်နိုင်သည့် သုံးဘက်မြင် စစ်ဆင်နိုင်စွမ်းရှိသည့် တိုက်ပွဲဝင် (Three Dimensional Combat Ready Navy) တစ်ရပ်ကို တက်လှမ်းနိုင်ခဲ့ပြီး ဒုတိယအဆင့်အနေဖြင့် အိန္ဒိယသမုဒ္ဒရာ အတွင်းရှိ မြန်မာ့ပင်လယ်ပြင်နှင့် ဆက်စပ်ပင်လယ်ပြင်များသို့ အင်အားဖြန့်ကြက် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ မြန်မာ့ပင်လယ်ပြင်နှင့် ဆက်စပ် ပင်လယ်ပြင်များ သို့ အင်အားဖြန့်ကြက်နိုင်စွမ်းရှိသည့် ရေတပ် (Adjacent Force Projection Navy/ Regional Navy) ဖြစ်ရန် ပင်လယ်ပြင်တွင် ရေရှည်ရပ်တည်နိုင်စွမ်းရှိပြီး တိုက်စွမ်းအား ပြည့်ဝသည့် စစ်ရေ ယာဉ်ကြီးများရှိမှသာ အကောင်အထည်ဖော် တည်ဆောက်နိုင် မည်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားခဲ့သည်။
ဒုတိယအဆင့်ရည်မှန်းချက်ကို ပြည့်မီရန် ဒေသတွင်းအင်အား ဖြန့်ကြက်နိုင်စွမ်းရှိသည့် စစ်ရေယာဉ်ကြီးများကို ဆက်လက်တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ တတိယအဆင့် ရေရှည်မျှော်မှန်းချက် အနေဖြင့် မိမိအကျိုးစီးပွားများ ဆက်စပ်တည်ရှိရာ ရေပြာသို့ အင်အား ပို့လွှတ်နိုင်သည့် ရေတပ် အဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း ၊ခေတ်မီစွမ်းအားကြီးမားပြီး အသွားထက်သည့် စစ်ရေယာဉ်ကြီးများကို ဆက်လက်အကောင်အထည်ဖော်တည်ဆောက်နိုင်ရန် အတွေ့အကြုံနှင့် ကျွမ်းကျင်သည့် တည်ဆောက်ရေးစွမ်းရည်များကို ဆက်လက်အသုံးချပြီး အနာဂတ်တွင် ဖြစ်ပေါ်လာမည့် လွန်းကျင်းကြီးများနှင့် ရေယာဉ်တည်ဆောက်နိုင်မှု စွမ်းရည်များ ပေါင်းစပ်တည်ဆောက်သွားရမည်ဖြစ်ကြောင်း၊ စွမ်းအားကြီးမားသည့် စစ်ရေယာဉ်ကြီးများအပြင် အရပ်ဘက်ကုန်တင်ရေယာဉ်ကြီးများနှင့် ဆီတင်ရေယာဉ်ကြီးများကိုလည်း တည်ဆောက်ပေးနိုင်ခြင်းဖြင့် ရေတပ်စွမ်းအား (Naval Power) ရရှိရန် တစ်ခုတည်းသာမကဘဲနိုင်ငံ၏ ရေကြောင်းစွမ်းအား(National Maritime Power) ကိုပါ တိုးတက်မြှင့်တင်နိုင်မည်ပင်ဖြစ်ကြောင်းပြောကြားခဲ့ကြောင်း သိရသည်။





#Local_News #စစ်ရေယာဉ်များတပ်တော်ဝင် #စစ်ရေယာဉ်များလွှဲပြောင်း #Yangon Times/PP
#Local_News
Published_24 Dec 2023
ခရစ်ယာန်ဘာသာဝင် ဆရာတော်ကြီးများနှင့် ခရစ်ယာန်ဘာသာဝင်များအနေဖြင့် မိမိတို့နေထိုင်ရာဒေသ၊ မိမိ တို့နေထိုင်ရာနိုင်ငံတော် ထာဝရငြိမ်းချမ်းရေးရရှိနိုင်ရေးအတွက် တတ်နိုင်သည့်ဘက်မှ တတ်နိုင်သမျှ နည်း လမ်းများဖြင့် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပါဝင်ဆောင်ရွက်ပေးကြရန် နစက ဥက္ကဌက မတ္တာရပ်ခံလိုက်သည်။
ယနေ့ ဒီဇင်ဘာလ ၂၄ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၊ ရန်အောင်(၁)ရပ်ကွက် ရှိ စိန့်မိုင်ကယ်ကက် သလစ်ဘုရားကျောင်း၌ ကျင်းပပြုလုပ်ခဲ့သော ခရစ်တော်မွေးနေ့(ခရစ္စမတ်) ကျေးဇူး တော်ချီးမွမ်းခြင်း အခမ်းအနားတွင် ယင်းက အထက်ပါအတိုင်းပြောကြားလိုက်ခြင်း ဖြစ်သည်။
ဘာသာတရား တိုင်းသည် ငြိမ်းချမ်းမှုကို အခြေပြုထားခြင်းဖြစ်သည့်အတွက် လူ့အဖွဲ့အစည်းတိုင်းတွင် လည်း ငြိမ်းချမ်းမှုလိုအပ်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ နစက အနေဖြင့် ငြိမ်းချမ်းရေးတံခါးများ အမြဲဖွင့်လှစ်ထား သကဲ့သို့ တပ်မတော်အနေဖြင့် လည်း ငြိမ်းချမ်းရေးအတွက် အမြဲအသင့်ရှိနေပြီး ထာဝစဉ်ဖိတ်ခေါ် ကြိုဆိုနေကြောင်းပြောကြားခဲ့သည်။
၂ဝ၂၃ ခုနှစ်အတွက် ကျင်းပသည့် ခရစ္စမတ်နေ့ထူးနေ့မြတ် အခါသမယမှစ၍ မြန်မာနိုင်ငံတွင် အဓိကလို အပ်နေသည့် တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ ငြိမ်းချမ်းရေးတို့ အမြန်ရောက်ရှိနိုင်ရေးနှင့် ဘာသာတရား အားလုံး ငြိမ်းချမ်းစွာ အတူလက်တွဲနေထိုင်ရေး ဟူသည့် ကောင်းမြတ်သောအခွင့်အရေးများကို မိမိတို့နိုင်ငံ သားများအားလုံး ရရှိနိုင်စေရေးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။
မြန်မာနိုင်ငံတွင် အများဆုံးကိုးကွယ်မှုရှိနေသည့် ဗုဒ္ဓဘာသာနှင့်အတူ ခရစ်ယာန် ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် အခြားသော ဘာသာဝင်များသည် ရှေးနှစ်ပေါင်းပဝေသဏီကတည်းက အတူတကွ နေထိုင် ခဲ့ကြကာ မည်သည့် ဘာသာကိုမျှ ထိခိုက်နစ်နာစေခြင်း၊ ခွဲခြားဆက်ဆံခြင်းမရှိဘဲ လူမျိုးမရွေး၊ ဘာသာမရွေး အပြန်အလှန် လေးလေးစားစား၊ ညီညီညွတ်ညွတ်၊ စည်းစည်းလုံးလုံးဖြင့် နိုင်ငံတော်၏ ကောင်းကျိုးများကို တည်ဆောက်ခဲ့ကြပြီး ဆက်လက်ပြီး တည်ဆောက်ကြရန် လိုကြောင်းလည်း ယင်းကဆိုသည်။
၎င်းအပြင် ဘာသာရေးကို အလွဲသုံးစားပြုပြီး မိမိတို့နိုင်ငံသားများအချင်းချင်း အကြားတွင် စည်းလုံးညီညွတ်မှု ပျက်ပြားစေရန်၊ လေးစား ယုံကြည်မှု လျော့ပါးပြီးမသင့်မြတ်အောင် လုပ်ဆောင်နေမှုများကိုလည်း အစဉ်သတိ ပြု ကာကွယ်ကြရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့ကြောင်း သိရသည်။
#Local_News #ခရစ်ယာန်ဘာသာဝင် #နစကဥက္ကဌကမေတ္တာရပ်ခံ #Yangon_Times/PP
၂၄ ဒီဇင်ဘာ ၂၀၂၃
ဂျပန်ပိုင် ဓာတုပစ္စည်းတင်သင်္ဘောတစ်စီးသည် စနေနေ့က အိန္ဒိယသမုဒ္ဒရာအတွင်း အီရန်မှပစ်လွှတ်သည့် ဒရုန်းတစ်စီး၏ တိုက်ခိုက်မှုကိုခံခဲ့ရတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
အိန္ဒိယကမ်းခြေမှ ၃၇၀ကီလိုမီတာခန့်အကွာ အိန္ဒိယသမုဒ္ဒရာတွင် တိုက်ခိုက်ခံရတာဖြစ်တယ်လို့ ပင်တဂွန်ကပြောကြားခဲ့ပြီး အဲဒီသင်္ဘောဟာ လစ်ဗျားအလံတပ်ပြီး ဒတ်ချ်ကုမ္ပဏီက လုပ်ငန်းဆောင်ရွက်နေတာဖြစ်တယ်လို့လည်း ဆက်လက်ပြောကြား ပါတယ်။ ထိခိုက်ပျက်စီးမှုမရှိဘဲ မီးကိုလည်းငြိမ်းသတ်လိုက်နိုင်တယ်လို့ ပင်တဂွန်ကဆိုပါတယ်။
အဆိုပါတင်ကာ သင်္ဘောသည် အစ္စရေးနှင့်ဆက်စပ်နေပြီး ဆော်ဒီအာရေဗျမှ အိန္ဒိယသို့ခုတ်မောင်နေစဉ် ဒရုန်းဖြင့် အတိုက်အခိုက် ခံရတာဖြစ်တယ်လို့ ရိုက်တာနှင့်အခြားမီဒီယာတွေက သတင်းရေးပါတယ်။ နိုဝင်ဘာလတုန်းကလည်း အစ္စရေးဘီလျံနာတစ်ဦးနှင့်ဆက်စပ်နေတဲ့ ကုန်တင်သင်္ဘောတစ်စီးသည် အဆိုပါရေပြင်မှာပဲ အီရန်ဒရုန်းလို့သံသယဖြစ်စရာ ဒရုန်းနှင့်အတိုက်ခိုက်ခံခဲ့ရပါသေးတယ်။
Source NHK
#Local_News
Published 24 December 2023
အခုရက်ပိုင်းတွင်ဧရာဝတီမြစ်ရေသည် ကျဆင်းလာပြီး မန္တလေးမြို့တွင် စိုးရိမ်ရေနည်းအမှတ်အောက်သို့ရောက်ရှိနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးထားသည်။
ဧရာဝတီမြစ်ရေသည်မန္တလေးမြို့တွင် စိုးရိမ်ရေနည်း အမှတ် ၃၆၀စင်တီမီတာအောက် ရောက်ရှိနေပြီး ဒီဇင်ဘာ၂၄ရက်တွင် ၃၂၀ စင်တီမီတာသာရှိနေသည်။
နောက်(၇)ရက်အတွင်း တစ်ပေကျဆင်းနိုင်သည့် အတွက် ဧရာဝတီမြစ်ရေသည်မန္တလေးမြို့၏ စိုးရိမ်ရေနည်း အမှတ် ၃၆၀ စင်တီမီတာအောက်မှာပဲရှိနေဦးဖြစ်သည်ဟု ဆိုသည်။
မြစ်ရေနည်းသတိပေးချက်သည် မြစ်အတွင်းသွားလာသည့် ရေယျာဉ်၊ သင်္ဘော ၊သဗ္ဗာန် ၊လှေများ သောင်တင်ခြင်း မြစ်ကြမ်းပြင်နှင့်တိုက်မိခြင်းများမရှိအောင် သတိပေးထားခြင်းဖြစ်သည်။
ဧရာဝတီမြစ်ရေနှင့်ချင်းတွင်းမြစ်ရေသည် ယခုဆောင်းကာလတွင် တစ်ဖြည်းဖြည်းကျဆင်းလာပြီး နွေကာလ၌လည်းဆက်လက်ကျဆင်းရန်ရှိသဖြင့် မြစ်ကြောင်းတွင်းသွားလာသောရေယာဉ်များအထူးသတိပြုသွားလာရန်လိုအပ်ကြောင်းသိရသည်။
#Local_News #ရေယာဉ်များသောင်မတင်အောင်သတိပြု #tthl #Yangon_Times
၂၄ ဒီဇင်ဘာ ၂၀၂၃
တရုတ်နိုင်ငံရဲ့ လျှပ်စစ်ကားထုတ်လုပ်တဲ့ NIO(နီယို)ကုမ္ပဏီဟာ စမတ်ကျလှတဲ့ အရည်အသွေးမြင့် မိုဒယ်လ်တွေနှင့်ဘက်ထရီ အလဲအလှယ်ပြုလုပ်ပေးတာမှာ နာမည်ကြီးပါတယ်။ အဲဒီ NIO လျှပ်စစ်ကား ကုမ္ပဏီဟာ ဆန်းသစ်ပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ လျှပ်စစ်ကားတွေနှင့် တန်ဖိုးကြီးဈေးကွက်ကို ဦးတည်ပစ်မှတ်ထားလျက်ရှိပါတယ်။ နီယိုဟာ ယခုဆိုရင် တရုတ်နိုင်ငံ အရှေ့ပိုင်း အန်ဟွေးပြည်နယ်ရဲ့ မြို့တော် ဟေဖေမှာ ဒုတိယမြောက် အဆင့်မြင့် ထုတ်လုပ်ရေးစင်တာတစ်ခုကို ဖွင့်လှစ်ခဲ့လိုက်ပါတယ်။ Source CCTV+
#Local_News
Published 24 December 2023
၂၀၂၄ခုနှစ်အတွင်း ဗိုလ်တထောင်စေတီတော်ကြီးနှင့်အရံစေတီများကိုလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရန် အတွက် တင်ဒါခေါ်ယူထားကြောင်း ဗိုလ်တထောင် ကျိုက်ဒေးအပ် စေတီတော်ဂေါပက အဖွဲ့၏ထုတ်ပြန်ချက်အရသိရသည်။
ရွှေသင်္ကန်းကပ်လှူရန် အတွက် တင်ဒါခေါ်ယူထားပြီး ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၂ရက်အထိဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်ဂေါပကအဖွဲ့ရုံး၌ ရုံးချိန်းအတွင်း တင်ဒါတစ်စောင် ကျပ်တစ်သောင်းနှုန်းဖြင့် လာရောက်ဝယ်ယူနိုင်သည်ဟုဆိုသည်။
လုပ်ငန်းလုပ်ကိုင်လိုသူတွေအနေနဲ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၃ရက် မနက်၁၁နာရီ နောက်ဆုံးထားပြီး ဘဏ္ဍထိန်း ဂေါပကအဖွဲ့ရုံးကို တင်ဒါတင်သွင်းနိုင်မည်ဖြစ်သည်။
တင်ဒါခေါ်ယူထားသည့်လုပ်ငန်းများကတော့(၁)နှစ်ထပ်ငြမ်းဆင်သည့်လုပ်ငန်း၊ (၂)ရွှေမိုက်ဟောင်းချွတ်ယူသည့်လုပ်ငန်း၊ (၃)၂လက် မပတ်လည်အရွယ် ရွက်ရေ(၁၀၀)ပါ ရွှေဆိုင်း ၇ထောင်တင်သွင်းသည့်လုပ်ငန်းတွေ၊ (၄)ကြာမှောက်ကြာလှန် ၉လက်မပတ်လည် ရွှေစင်ရွှေပြား ကပ်လှူသည့်လုပ်ငန်း၊ (၅)ရွှေဆိုင်းကပ်လှူသည့်လုပ်ငန်း၊ (၆)ကြေးဖရိန်း ကြေးပြားတင်သွင်းသည့်လုပ်ငန်းများနှင့် (၇)ကြေးဖရိန်းကြေးပြားကပ်လှူသည့်လုပ်ငန်းများကို လုပ်ဆောင်ရမည်ဖြစ်ကြောင်းသိရသည်။
#Local_News #ဗိုလ်တထောင်စေတီတော် #ရွှေသင်္ကန်းကပ်လှူရန်တင်ဒါခေါ် #tthl #Yangon_Times
#Local_News
Published 24 December 2023
၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ(ဆယ်တန်း)ဖြေဆိုရန် စုစုပေါင်း ၁၄၅၂၀၀ ခန့် စာရင်းပေးသွင်းထားပြီဖြစ်ပြီး စာမေးပွဲကြီးကြပ်ရန်ကြီးကြပ်ရေးမှူးသင်တန်းများပေးနေကြောင်းပညာရေးဝန်ကြီးဌာနမှသိရသည်။
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲ/ သင်တန်းဖွင့်ပွဲတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၏ပြောကြားချက်အရသိရခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက "၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲသည် နိုင်ငံတော်အဆင့် ကျင်းပသည့် စာမေးပွဲဖြစ်၍ အလွန်အရေးကြီးပါကြောင်း၊ ပုံမှန်ဆောင်ရွက်နေကြ စာမေးပွဲလုပ်ငန်းဖြစ်သော်လည်း KG+12 စနစ်သစ်ပညာရေး၏ ပထမဦးဆုံးစာမေးပွဲဖြစ်၍ ဆရာ ဆရာမများအနေဖြင့် စာမေးပွဲလုပ်ထုံး၊ လုပ်နည်းများဖြင့် စနစ်တကျအောင်မြင်စွာ ကျင်းပနိုင်ရေး ပိုမိုအလေးထား ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူးသင်တန်းများကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နေရာသုံးခုခွဲ၍ ကျင်းပခဲ့ပါကြောင်း၊ ၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စုစုပေါင်း ၁၄၅၂၀၀ ခန့် စာရင်းပေးသွင်းထားပါကြောင်း၊ စာမေးပွဲဖြေဆိုကြသည့် ကျောင်းသား ကျောင်းသူများ စာမေးပွဲစည်းမျဉ်း စည်းကမ်းများနှင့်အညီ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် အားလုံးကကျရာအခန်းကဏ္ဍများမှ ညီညီညွတ်ညွတ် ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြစေလိုကြောင်း"ထည့်သွင်းပြောခဲ့သည်။
ယင်းအပြင် စာမေးပွဲလုပ်ငန်းဆောင်ရွက်စဉ် လိုအပ်သည့် အခက်အခဲများရှိပါက မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရှိ တာဝန်ရှိသူများနှင့် ပညာရေးဝန်ကြီးဌာနရှိ တာဝန်ရှိသူများထံ အမြန်ဆုံးသတင်းပေးပို့ကြရန်နှင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် လိုအပ်ချက်များကို အမြန်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောသည်။
တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲ/သင်တန်းကို ဒီဇင်ဘာ ၂၃ ရက်မှ ၂၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
#Local_News #တက္ကသိုလ်ဝင်စာမေးပွဲ #စာရင်းပေးထားသူ ၁၄၅၂၀၀ ခန့်ရှိ #tthl #Yangon_Times
' International အထိအတွေ့နည်းလို့ ပြိုင်ပွဲတွေကိုများများလုပ်ပေးမှာပါ။ အပြည်ပြည်ဆိုင်ရာတန်းခုန်ပြိုင်ပွဲနဲ့
ဇန်နဝါရီလွတ်လပ်ရေးနေ့တစ်ရက်ထဲမှာ ကျင်းပပါမယ်၊ ဖေဖော်ဝါရီ ၅ ရက်နေ့ကစပြီးလည်း တိုင်းနဲ့ပြည်နယ်ပြည်ထောင်စုဖလားဆိုပြီးလည်း မြင်းစီးပြိုင်ပွဲတွေလုပ်သွားပါမယ်၊ မြန်မာ့ရိုးရာမြင်းစီးအားကစားဆိုတဲ့ ခေါင်းစဉ်အောက်မှာပေါ့၊ အဲ့ဒီမှာမြန်မာ့ရိုးရာ ဓားခုတ်တာတို့ လှံထိုးတာတို့ ပါလာမယ်' မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် ၊မြန်မာ့ရိုးရာမြင်းစီးအားကစားကော်မတီ ပြန်ကြားရေးမှူးဦးဝင်းအောင်
#Local_News
Published 23 December 2023
#မြင်းစီးအားကစားပြိုင်ပွဲ #အပြည်ပြည်ဆိုင်ရာတန်းခုန်ပြိုင်ပွဲ
#YMG/NN #Yangon_Times
#Local_News
Published 24 December 2023
Miss Universe Myanmar 2023 ပြိုင်ပွဲကြီးတွင် First Runner Up ဆုရရှိခဲ့သည့် Dee အားမြန်မာနိုင်ငံ ကိုယ်စားပြု Miss Supranational Myanmar 2024 အဖြစ် စေလွှတ်ယှဉ်ပြိုင်သွားမည်ဖြစ်မည်ဖြစ်ကြောင်း Miss Universe Myanmar Organization၏ထုတ်ပြန်ချက်အရသိရသည်။
Miss Supranationalပြိုင်ပွဲကို အရင်က ခင်ဝင့်ဝါ ၊ဟန်သီ၊ရွှေအိမ်စည်စသည့် အလှမယ်များစွာပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ယခု ၂၀၂၄နှစ်အတွက် Miss Supranationalပြိုင်ပွဲတွင် မြန်မာကိုယ်စားပြုအလှမယ်အဖြစ် အလှမယ်ဒီးDeeကသွားရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
"ပြင်ဆင်တာကတော့အကုန်ပေါ့ Boday/Beauty/Brain/Cat Walk အကုန်ပေါ့။challanceတိုင်းမှာအကောင်းဆုံးယှဉ်ပြိုင်သွားမှာပါ"ဟုအလှမယ်ဒီးDeeကမီဒီယာများတွင်ပြောထားသည်။
၂၀၂၄ခုနှစ်အတွင်း မြန်မာကိုယ်စားပြု နိုင်ငံတကာ စင်မြင့်ထက်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့်သူများကတော့ Miss Supranational Myanmar 2024 - Dee Miss Grand Myanmar 2024 - Thae Su Nyein Miss Planet Myanmar 2024 - Su Myat Yee Miss Teen Myanmar 2024 -Shoon Lae Naychi တို့ဖြစ်ကြောင်း အလှမယ်နီနီလင်းအိမ်မှဖော်ပြထား ကြောင်းသိရသည်။
#Local_News #Miss Supranational 2024 ပြိုင်ပွဲ #မြန်မာအလှမယ်Dee #tthl #Yangon_Times
#Local_News
Published 24 December 2023
ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီးအား ၂၀၂၄ခုနှစ်ဇန်နဝါရီလအတွင်းပူဇော်ပွဲကျင်းပရန်ရှိပြီး ပြည်တွင်းပြည်ပမှတပည့်၊ ဒါယကာ၊ ဒါယိကာမများနှင့်ယောဂီသူတော်စင်အပေါင်းတို့မှစုပေါင်းပူဇော်သွားရန်ရှိကြောင်းသိရသည်။
အဆိုပါဧကာဒသမအကြိမ် ပူဇော်ပွဲ အခမ်းအနားကို ဇန်နဝါရီလ(၆)(၇)(၈)ရက်တွင် ရန်ကုန်မြို့ရှိချမ်းမြေ့ရိပ်သာကျောင်း၌ကျင်းပသွားမည်ဖြစ်သည်။
ဇန်နဝါရီလ(၅)ရက်တွင် ဓမ္မာရုံအပေါ်ထပ်၌ ဆွမ်း၊သစ်သီး၊ရေချမ်း၊ဆီမီးကပ်လှူပြီး ပူဇော်ပွဲအတွက်စတင်ပြင်ဆင်ကြမည်ဖြစ်သည်ဟုဆိုသည်။
ဇန်နဝါရီလ(၆)ရက်တွင်ဓမ္မာရုံအပေါ်ထပ်၌ ဘုရားတရားသံဃာရှိခိုးပူဇော်ပြီးဆွမ်း၊သစ်သီး၊ရေချမ်း၊ဆီမီးကပ်လှူပြီးအခမ်းအနားစတင်ကာ မေတ္တာ ဘာဝနာပွားများခြင်း၊သံဃာတော်နဲ့ဧည့်ပရိတ်သတ် အားဆွမ်းကပ်ခြင်းနဲ့ထမင်းကျွေးခြင်း၊သတိပဌာန် ဘာဝနာတရားပွားများခြင်း(တရားထိုင်ခြင်း)၊ ဆွမ်းကပ်၊ထမင်းကျွေးခြင်းနှင့် ချမ်းမြေ့ရိပ်သာခွဲ အသီးသီးမှရိပ်သာများ၏အခြေအနေကိုတင်ပြဆွေးနွေးခြင်းအစီအစဉ်များပါဝင်သည်။
ဇန်နဝါရီလ(၇)ရက်တွင်ဓမ္မာရုံအပေါ်ထပ်၌ ဘုရားတရားသံဃာရှိခိုးပူဇော်ပြီးဆွမ်း၊သစ်သီး၊ရေချမ်း၊ဆီမီးကပ်လှူပြီးအခမ်းအနားစတင်ကာ မေတ္တာ ဘာဝနာပွားများခြင်း၊သံဃာတော်နဲ့ဧည့်ပရိတ်သတ် အားဆွမ်းကပ်ခြင်းနဲ့ထမင်းကျွေးခြင်း၊ မှော်ဘီချမ်း မြေ့ရိပ်သာကို သွားရောက်လေ့လာခြင်း၊ယင်းရိပ်သာတွင် ဆွမ်းကပ်၊ထမင်းကျွေးခြင်း၊ သတိပဌာန် ဘာဝနာတရားပွားများခြင်း(တရားထိုင်ခြင်း)၊ ရန်ကုန်ချမ်းမြေ့သို့ ပြန်လာပြီး ညနေ၃နာရီကျော်ချိန်တွင် ချမ်းမြေ့ဆရာ တော်ဘုရားကြီးအားစုပေါင်းကန်တော့ကြမည့် အစီအစဉ်များပါဝင်သည်။
ဇန်နဝါရီလ(၇)ရက်တွင်ဓမ္မာရုံအပေါ်ထပ်၌ ဘုရားတရားသံဃာရှိခိုးပူဇော်ပြီးဆွမ်း၊သစ်သီး၊ရေချမ်း၊ဆီမီးကပ်လှူပြီးအခမ်းအနားစတင်ကာ မေတ္တာ ဘာဝနာပွားများခြင်း၊သံဃာတော်နဲ့ဧည့်ပရိတ်သတ် အားဆွမ်းကပ်ခြင်းနဲ့ထမင်းကျွေးခြင်း၊သတိပဌာန် ဘာဝနာတရားပွားများခြင်း(တရားထိုင်ခြင်း)၊ ဆွမ်းကပ်၊ထမင်းကျွေးခြင်းနှင့် နေ့လည် ၂နာရီကျော်တွင် အနုမောဒနာရေစက်ချတရားတော်နာယူကြမည့်အစီအစဉ်များပါဝင်ကြောင်းသိရသည်။
#Local_News #သက်တော်(၉၅)နှစ် #ချမ်းမြေ့ဆရာ တော်ဘုရားကြီးအားပူဇော်ပွဲ #tthl #Yangon_Times
#Local_News
Published 24 December 2023
''မေတ္တာ''သည်သာအရာရာတိုင်းကို ကျော်လွှားနိုင်သော ထိုးဖောက်နိုင်သော အင်အားကြီးမားသည့် အရာတစ်ခုဖြစ်သည်ဟုနစကဒုဥက္ကဌ၊ဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကခရစ်တော်မွေးနေ့(ခရစ္စမတ်)ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနား၌ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် နစကဒုဥက္ကဌ၊ဒုတိယဝန်ကြီး ချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကဘာသာတိုင်းတွင် မေတ္တာ ကရုဏာ စာသား မပါမဖြစ် ပါရှိကြသဖြင့် “မေတ္တာ” သည် အရာရာတိုင်းကို ကျော်လွှားနိုင်သော ထိုးဖောက်နိုင်သော အင်အားကြီးမားသည့် အရာတစ်ခုဖြစ်ပါကြောင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ခရစ္စမတ်အမှာစကား ပြောကြားရာတွင်" မိမိတို့မြန်မာနိုင်ငံသည် ရှေးယခင်ကတည်းကပင် အစိုးရအဆက်ဆက်တွင် ကိုးကွယ်ယုံကြည်ရာ ဘာသာတရားနှင့်ပတ်သက်၍ သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လွတ်လပ်စွာယုံကြည်ခွင့်အား အသီးသီးသော ဘာသာဝင်များအားလုံး ရရှိခံစားကြရပါကြောင်း၊
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဉပဒေ(၂၀၀၈)ခုနှစ် အခန်း(၈)၊ ပုဒ်မ(၃၅၄)(ဃ)အရ တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့်တစ်မျိုး သို့မဟုတ် တိုင်းရင်းသား အချင်းချင်းကိုလည်းကောင်း၊ အခြားဘာသာ သာသနာကိုလည်းကောင်း၊ ထိခိုက်နစ်နာမှုမရှိစေဘဲ မိမိချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှုကိုးကွယ်သည့် ဘာသာသာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာဆောင်ရွက်ပိုင်ခွင့်၊ ပုဒ်မ(၃၆၂)အရ နိုင်ငံတော်သည် ခရစ်ယာန်ဘာသာ သာသနာ၊ အစ္စလာမ်ဘာသာ သာသနာ၊ ဟိန္ဒူဘာသာ သာသနာနှင့် နတ်ကိုးကွယ်သည့် ဘာသာတို့ကို ဤဖွဲ့စည်းပုံအခြေခံဉပဒေ အာဏာတည်သောနေ့၌ နိုင်ငံတော်တွင်ရှိနေကြသည့် ကိုးကွယ်ရာဘာသာများဟူ၍ အသိအမှတ်ပြုကြောင်း ဖော်ပြထားချက်များသည် ဘာသာဝင်တစ်ဦးချင်းအနေဖြင့် လည်းကောင်း၊ ဘာသာဝင်အားလုံးအနေဖြင့် လည်းကောင်း၊ မိမိတို့၏ ယုံကြည်ချက်ခံယူချက်ကို သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်း ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်နိုင်မှုအခွင့်အရေးကို ပွင့်လင်းမြင်သာစွာ ဖော်ပြထားပြီးလည်းဖြစ်ပါကြောင်း ဦးစွာပြောကြားသည်။
ထို့နောက် ရှင်မဿဲခရစ်ဝင်ကျမ်း ၁: ၂၃ နှင့် ရှင်လုကာခရစ်ဝင်ကျမ်း ၂:၁၃-၁၄ တို့တွင် ပါရှိသော ခရစ်တော်နှင့်ပတ်သက်သည့် ချီးမွမ်း၍ မြွတ်ဆိုခြင်းများအား ဆွေးနွေးပြောကြားသည်။
ဆက်လက်ပြောကြားရာတွင် သာသနာပိုင်ချုပ်၊ ဂိုဏ်းချုပ်ဆရာတော်၊ သိက္ခာတော်ရဆရာတော်များ၊ သီလရှင်များ စသည့် သာသနာပြုပုဂ္ဂိုလ်များကလည်း ဘုရားသခင်မှ လူသားတစ်ဦးချင်းစီကို မေတ္တာကရုဏာများပေးနိုင်အောင် ကမ္ဘာမြေကြီး ငြိမ်သက်ခြင်းရှိစေအောင် မိမိတို့သာမန်လူသားများထက် ပိုမို၍ ကိုးကွယ်ယုံကြည်ရာ ဘာသာဝင်မျာကိုယ်စား ဘုရားသခင်ထံ ဆုတောင်းမေတ္တာ ပို့သပေးနိုင်ရေးကိုလည်း မေတ္တာရပ်ခံပါကြောင်း။
ဘာသာတိုင်းတွင် မေတ္တာ ကရုဏာ စာသား မပါမဖြစ် ပါရှိကြသဖြင့် “မေတ္တာ” သည် အရာရာတိုင်းကို ကျော်လွှားနိုင်သော ထိုးဖောက်နိုင်သော အင်အားကြီးမားသည့် အရာတစ်ခုဖြစ်ပါကြောင်း၊ အလားတူပင် ငြိမ်းချမ်းခြင်းကို မေတ္တာဖြင့်သာ အနိုင်ယူစေနိုင်မှာဖြစ်ကြောင်း၊ လူသားအချင်းချင်း မေတ္တာထားရှိကြရေး၊ ကရုဏာထားရှိကြရေး ဆရာတော်ကြီးများနှင့် ဘာသာဝင်ပုဂ္ဂိုလ်များ အားလုံးက ကိုယ်တိုင်လည်း လိုက်နာကျင့်သုံးသလို အခြားဘာသာဝင်နှင့် ဘာသာဝင် မဟုတ်သူများကိုလည်း လိုက်နာကျင့်သုံးနိုင်ရေး စည်းရုံးပြောဆိုကြရမည်ဖြစ်ပါကြောင်းနှင့် မေတ္တာခြုံလုံပါကြောင်း၊ လူသားတစ်ဦးချင်း၊ မိသားစုတစ်စုချင်းမှ လူ့အသိုင်းအဝိုင်းတစ်ခုလုံး၊ နိုင်ငံတော်ကြီး၊ ကမ္ဘာကြီးငြိမ်းချမ်းပါစေကြောင်း ဆုတောင်းမေတ္တာပို့သပါကြောင်းဖြင့် ပြောကြားခဲ့သည်။
ယင်းအခမ်းအနားကို မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ၊ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံခရစ်တော်သာသနာပြန့်ပွားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ချုပ်တို့က စုပေါင်းကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ခရစ်တော်မွေးနေ့(ခရစ္စမတ်)ကျေးဇူးတော် ချီးမွမ်းခြင်းအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်ရှိ Holy Cathedral Church ၌ ကျင်းပပြုလုပ်ခဲ့ပြီးယင်းနောက် အခမ်းအနားကို St. Mary’s Cathedral(စိန့်မေရီကာသီဒြယ်) ကျောင်းတော်ကြီးတွင်ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
#Local_News #ခရစ်တော်မွေးနေ့(ခရစ္စမတ်) #tthl #Yangon_Times
#Local_News
Published 24 December 2023
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ညောင်ပင်စောက်ကျေးရွာအနီးရှိ တောင်အင်းမြောက်အင်းအမှိုက်ပုံ မီးအကြီးအကျယ်လောင်ကျွမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
ဒီဇင်ဘာလ၂၃ ရက် ၁၆ ၄၂ အချိန်ခန့်တွင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးးအတွင်းရှိ မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ် (၁၀)စီး၊ ရေသယ်ယာဉ်(၆)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၉ ၀၀ အချိန် မီးငြိမ်းခဲ့သည်။
အမှိုက်ပုံမီးလောင်ကျွမ်းခြင်းဖြစ်၍ မီးလောင်ကျွမ်းသည့်ဧရိယာများသလို လောင်စာလည်းများပြားသဖြင့် ညနေ ၄နာရီ၄၂မိနစ်တွင်စတင်သိရှိငြိမ်းသတ်ခဲ့ ည၇နာရီကျော်၊ည၇နာရီခွဲမှ မီးငြှိမ်းသွားသည့် အတွက်စုစုပေါင်း ၃နာရီလောက်မီးငြှိမ်းသတ်ခဲ့ရကြောင်းမန္တလေးရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များထံမှသိရသည်။
#Local_News #အမှိုက်ပုံမီးလောင်ကျွမ်းမှုဖြစ် #၃နာရီနီးပါးငြှိမ်းသတ်ခဲ့ရ #tthl #Yangon_Times
Page 979 of 2057