Published 26 December 2023
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မှ _၂၀၂၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းရာသန်းခေါင်စာရင်းကောက်ယူနိုင်ရေးစီမံကိန်းတွင် အသုံးပြုရန် အတွက် Mobile Tablet နှင့်ဆက်စပ်ပစ္စည်းများကို မြန်မာကျပ်ငွေဖြငိ့ဝယ်ယူရန် တင်ဒါခေါ်ယူကြောင်း နိုင်ငံပိုင်သတင်းစာ တွင် ကြေညာထားသည်။
အဆိုပါ ပစ္စည်းများ ကို မြန်မာကျပ်ငွေ ဖြင့် ဝယ်ယူလိုသဖြင့် ဌာန မှ သတ်မှတ်ထားသည့်Specification များ ကို တိကျမှန်ကန်စွာ တင်သွင်းနိင်သည့် စိတ်ပါဝင်စားသည့် မြန်မာနိုင်ငံသားလုပ်ငန်းရှင် များ ကို အိတ်ဖွင့်တင်ဒါခေါ်ယူကြောင်း ကြေညာချက်တွင် ဖေါ်ပြထားသည်။
ဝယ်ယူမည့် ပစ္စည်းများ၏ အသေးစိတ် အချက်အလက်များ ကို တင်ဒါစည်းကမ်းချက်တွင် ပူးတွဲဖေါ်ပြထားကာ ယင်းတင်ဒါဖောင် တစ်စောင် လျှင် တစ်သောင်းကျပ်ဖြင့်ရောင်းချမည်ဖြစ်ကြောင်းသိရသည်။
တင်ဒါဖောင်များ ကို ဒီဇင်ဘာ ၂၆ရက်မှ ဇန်နဝါရီ ၈ ရက် အထိရောင်းချပေးကာထောက်ပံဌာနခွဲ ပြည်သူ့အင်အားဦးစီးဌာန လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရုံးအမှတ် ၄၈ နေပြည်တော် တွင်တင်ဒါတင်သွင်းရမည်ဖြစ်ကာ ဇန်နဝါရီ ၈ရက် ညနေ ၄နာရီ၃၀မိနစ် တွင် တင်ဒါပိတ်မည်ဖြစ်ကြောင်းသိရသည်။
Yangon_Time/LW
Published 26 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
တက်စီသမားတွေ အရေးပေါ်အခြေအနေကြုံလာရင် အချက်ပြမီးခလုတ်ကို နှိပ်ရပါမယ်၊ သူ့ကိုကားပေါ်မှာ နုကြမ်းစီးတာတို့ တခြားအခက်အခဲကြုံလာရင် အချက်ပြမီးကိုနှိပ်လိုက်တဲ့အခါမှာ ပတ်ဝန်းကျင်မှာရှိတဲ့ ပြည်သူတွေသိနိုင်မယ်၊သက်ဆိုင်ရာကလည်း ကူညီပေးလို့ရအောင်လို့ပါ ' Yangon City Taxi Association (YCTA)ဥက္ကဌဦးအောင်ဇော်မိုး
Yangon_Time/NN
Published 26 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
စက်သုံးဆီ အခက်ခဲတွေကြောင့် သယ်ယူပိုဆောင်ရေးစရိတ်တွေ ယခင်ထက် ပိုမိုကုန်ကျလာပေမယ့် ဈေးကွက်အခြေနေအရ ဈေးတိုးမြင့်ရောင်းချလို့ မဖြစ်နိုင်တာကြောင့် အုန်းသီးအရောင်းဝယ် ပြုလုပ်သူတွေ အခက်တွေ့နေတယ်လို့ ဧရာဝတီတိုင်းဒေသကြီးက အုန်းသီးအရောင်းဝယ် ပြုလုပ်သူတွေထံက သိရပါတယ်။
Yangon_Time/LW
Published 26 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
‘ အီးမေးလ်တွေမှာပါတဲ့ Microsoft Word ဖိုင်တွေကို ဖွင့်ကြည့်မိပါက Microsoft Windows Support Diagnostic Tool (MSDT) ရဲ့ လုံခြုံရေးအားနည်းချက်ကို တိုက်ခိုက်ပြီး တိုက်ခိုက်ခံရသူရဲ့ ကွန်ပျူတာတစ်ခုလုံး ကို ထိန်းချုပ်ကာ သတင်းအချက်အလက်တွေကို ခိုးယူတာ၊ ဖျက်ဆီးတာနဲ့ ဖွင့်ချတာတွေကိုဆောင်ရွက်နိုင်တယ်’မြန်မာနိုင်ငံကွန်ပျူတာအရေးပေါ်တုံပြန်ရေးအဖွဲ (MMCERT)
‘ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းသုံးကွန်ပျူတာတွေကို အမြဲအပ်ဒိတ်ပြုဖို့နဲ့ Antivirus ဆော့ဖ်ဝဲတွေနဲ့အမြဲတမ်းအပ်ဒိတ် လုပ်ထားဖို့လိုအပ်တယ်’ အိုင်တီဆော့ဝဲလ်ကုမ္ပဏီတစ်ခုမှ အိုင်တီကျွမ်းကျင်သူတစ်ဦး
Yangon_Time/tthl
Published 26 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
26 December 2023
ယခုတစ်ပတ်တွင် စားအုန်းဆီဈေးတစ်ပိဿကိုတစ်ရာကျော်ခန့်ဈေးအနည်းသာတက်ပြီး စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းတစ်ပိဿ၄၉၅၅သတ်မှတ်ထားကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ပြီးခဲ့သည့်အပတ်က တစ်ပိဿာ ကျပ် ၄၈၁၀သတ်မှတ်ခဲ့ပြီး ယခုအပတ်တွင် ရာဂဏာန်းအနည်းငယ်သာတက်ပြီး ရည်ညွှန်းဈေး တစ်ပိဿ၄၉၅၅ ကျပ်ဖြင့်ရောင်းချရမည်ဖြစ်သည်ဟုဆိုသည်။
ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ရက်နေ့ မှ ၃၁ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၄၉၅၅ ကျပ် ဖြစ်ကြောင်းထုတ်ပြန်ကြေညာထားခြင်းဖြစ်သည်။
ဒီဇင်ဘာ(၂၆)ရက်တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏စီစဉ်မှု ဆီကုမ္ပဏီများ၏ ရောင်းချမှုဖြင့် ရန်ကုန်တိုင်းအတွက် ဆီဂါလံ ၃၀၀၀၊နေပြည်တော်မန္တလေးနှင့်တိုင်းနှင့်ပြည်နယ် အသီးသီးအတွက် ၅၅၃၀ဂါလံ ရောင်းချပေးထားကြောင်းထုတ်ပြန်ထားသည်။
သို့ဖြစ်၍ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားကြောင်း သိရသည်။
Yangon_Time/tthl
Published 26 December 2023
#Local_News
#YMG #Yangon_Times
Published 26 December 2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊အမှတ်(၅၂)ရပ်ကွက်၊ အောင်သပြေ(၃)လမ်း ရှိ နေအိမ် အနီး ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားကြောင်းမြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့သတင်းထုတ်ပြန်ချက် အရ သိရသည်။
ဒီဇင်ဘာ (၂၅) ရက်၊ ည (၁၀)နာရီ (၅၀) မိနစ်အချိန်ခန့်ကအဆိုပါနေရာတွင် ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာ ငြှိမ်းသတ်ခဲ့ရသည်။
ထိုသို့ ငြှိမ်းသတ်ရာ ည (၁၀)နာရီ (၅၉)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကာ မီးလောင်သည့် ဖြစ်စဉ် အသေးစိတ် အချက်အလက်နှင်ဆုံးရှုံးမှုတန်ဖိုး တို့ကို မီးသတ်တပ်ဖွဲ့မှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Yangon Time/LW
#Local_News
#Published 26 December 2023
#YMG_News #Yangon_Times #Yangon_Media_Group
Published 26 December 2023
ရန်ကုန်တိုင်း ဒေသကြီးအတွင်း သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများသို့ ဓာတ်ငွေ့ပို့လွှတ်နေသော ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ရန် ရှိသည့်အတွက် မြို့နယ်နေရာအချို့တွင် ဒီဇင်ဘာ (၂၆)ရက်မှ ဇန်နဝါရီ (၂) ရက်အတွင်းယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း သဘာဝဓာတ်ငွေ့ဖြင့် မောင်းနှင်နေသော ဓာတ်အားပေးစက်မှ ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အာထုတ်လုပ်ပို့လွှတ်နိုင်မှု (၁၀၀)မဂ္ဂါဝပ်ခန့် လျော့နည်းနေမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကမ်းလွန်ရွှေဂက်စ်မှ မြင်းခြံသို့ ပေးပို့နေသော တောင်သာသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှု ဖြစ်ပေါ်နေသောကြောင့် ယနေ့ နံနက် ၁၀နာရီခွဲ မှ နေ့လည် ၂နာခွဲ အထိ အရေးပေါ်ရပ်တန့် ပြင်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်ရမည်ဖြစ်သဖြင့် gas ပေးပို့မှုရပ်တန့်ရမည်ဖြစ်ကာ ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှု (၃၁၅)မဂ္ဂါဝပ်ခန့် လျော့နည်းနေမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဓာတ်ငွေ့ပိုက်လိုင်းများ ပြုပြင်နေစဉ်ကာလအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများ လျော့နည်းနေမည်ဖြစ်ကာ အရေးပေါ် ဝန်အားလျှော့ ထိန်းညှိခြင်းများ ဆောင်ရွက်ရမည်ဖြစ်သောကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်နေရာအချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မှုများရှိမည် ဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ဖေါ်ပြထားသည်။
Yangon Time/LW
#Local_News
#Published 26 December 2023
#YMG_News #Yangon_Times #Yangon_Media_Group
Published 26 December 2023
ဆီးရီးယားရှိ တော်လှန်ရေးတပ်ဖွဲ့ဝင် အကြီးတန်းဗိုလ်ချုပ်ကြီးတစ်ဦးကို သတ်ခဲ့တဲ့ အစ္စရေးလ်အနေနဲ့ သေချာပေါက် ပြန်လည်ပေးဆပ်ရမယ်လို့ အီရန်သမ္မတ အီဘရာဟင်ရေစီက ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
ဒီလုပ်ရပ်ဟာ ထိုဒေသမှာ နိုင်ထက်စီးနင်း လုပ်နေတဲ့ အစ္စရေးလ်အစိုးရရဲ့ နောက်ထပ်စိတ်ပျက်စရာ သဘောထားတစ်ခု ဖြစ်ကြောင်း၊ ဒီရာဇဝတ်မှုအတွက် အစ္စရေးလ်တို့ သေချာပေါက် ပြန်လည်ပေးဆပ်ရမှာ ဖြစ်ကြောင်း ရေစီက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ရာဇီမူဆာဗီ သေဆုံးကြောင်းကို အီရန်နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့ပြီး အစ္စလာမ်တော်လှန်ရေးတပ်ဖွဲ့ (IRGC)မှ ပြည်ပလက်ခွဲတပ်ဖြစ်တဲ့ Quds တပ်ဖွဲ့ရဲ့ အတွေ့အကြုံအရှိဆုံး အကြံပေးပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်တယ်လို့လည်း ဖော်ပြခဲ့ပါတယ်။
အီရန်မှ IRNA သတင်းဌာနရဲ့ ဖော်ပြချက်ထဲမှာ လွန်ခဲ့တဲ့ နာရီအနည်းငယ်က ဒါမတ်စ်ကပ်စ် ဆင်ခြေဖုံးဒေသကို အစ္စရေးလ်တို့ တိုက်ခိုက်ရာမှာ မူဆာဗီသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ်ကြီးဟာ ဆီးရီးယားရှိ ခုခံကာကွယ်ရေး ပင်မလုပ်ငန်းစဥ်များအတွက် ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍမှာ လှုပ်ရှားနေသူဖြစ်တယ်လို့ IRNA က ဖော်ပြခဲ့ပါတယ်။
IRGC တပ်က မူဆာဗီသေဆုံးကြောင်းကို အတည်ပြုလိုက်ကာ အစ္စရေးလ်ဘက်မှ ဒုံးကျည်ဖြင့် တိုက်ခိုက်စဥ် ဆုံးပါးသွားတာဖြစ်ပြီး အစ္စရေးလ်အနေနဲ့ ပြန်ပေးဆပ်ရမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
၂၀၂၀ ခုနှစ် ဘဂ္ဂဒက်မှာ အမေရိကန်ဒရုန်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ အီရန် Quds တပ်မှူး ဗိုလ်ချုပ်ကြီးကာဆမ်ဆိုလေမာနီနဲ့ မူဆာဗီတို့က ရဲဘော်ရဲဖက်တွေ ဖြစ်ခဲ့ပြီး လာမယ့်ရက်သတ္တပတ်ဟာ ဆိုလေမာနီ သတ်ဖြတ်ခံရခြင်း ၄ နှစ်ပြည့်မြောက်မှာ ဖြစ်ပါတယ်။
မူဆာဗီကို ဒုံးကျည် ၃ စင်းဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ အီရန်ရုပ်သံမှ ဖော်ပြခဲ့ပါတယ်။
၂၀၁၁ ခုနှစ် ဆီးရီးယားပြည်တွင်းစစ် စဖြစ်ကတည်းက အစ္စရေးလ်ဟာ လေကြောင်းတိုက်ခိုက်မှုပေါင်း ရာနဲ့ချီ ပြုလုပ်ခဲ့ပြီး အဓိကအားဖြင့် အီရန်ထောက်ပံ့တပ်များ၊ ဟက်ဇ်ဘိုလာ တိုက်ခိုက်ရေးသမားများ၊ ဆီးရီးယားစစ်တပ်နေရာများကို ပစ်မှတ်ထားခဲ့ပါတယ်။
အစ္စရေးလ်တို့ဟာ ဟားမတ်စ်တို့နဲ့ စစ်ပွဲဖြစ်ကတည်းက ဆီးရီးယားဘက်ကို ပိုမိုပြင်းထန်စွာ တိုက်ခိုက်လာခဲ့ပါတယ်။
Source: WION
#World_News
#YMG_News #Yangon_Times #Yangon_Media_Group
#World_Nature
Published 26 December 2023
ပန်းပွင့်တွေနဲ့ ဝတ်မှုန်ကူးအင်းဆက်များကြား အပြန်အလှန် အကျိုးပြုခြင်းက ယခုအခါ ရာသီဥတု ပြောင်းလဲမှုကြောင့် အနည်းငယ် ပြောင်းလဲလာပါတယ်။
အခုအခါ ပန်းပွင့်တွေက ဝတ်မှုန်ကူးအင်းဆက်တွေအပေါ် သိပ်ပြီးမမှီခိုတော့ဘဲ ဆွဲဆောင်မှုလျော့နည်းလာကာ အင်းဆက်အရေအတွက် ကျဆင်းလာတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။
ပဲရစ်အနီးရှိ ပေါင်ဒါပန်းခင်းရှိ ပန်းပွင့်တွေဟာ လွန်ခဲ့တဲ့ နှစ် ၂၀၊ ၃၀ ခန့်ကထက် ၁၀ ရာခိုင်နှုန်းသေးလာပြီး ဝတ်ရည်ထုတ်လုပ်မှု ၂၀ ရာခိုင်နှုန်း လျော့နည်းလာကြောင်း သုတေသီများ တွေ့ရှိထားပါတယ်။
ပန်းတွေဟာ ကိုယ်ပိုင်ဝတ်မှုန်ကူးခြင်းဆီသို့ ပြောင်းလဲလာကာ ရေတိုမှာ အလုပ်ဖြစ်ပေမယ့် နောင်တစ်ချိန်မှာ ရာသီဥတု ပြောင်းလဲမှုများကို ခံနိုင်ရည်ရှိလာနိုင်စွမ်း လျော့နည်းလာနိုင်ပါတယ်။
အပင်တွေက အင်းဆက်တွေအတွက် ဝတ်ရည်ထုတ်ပေးပြီး အင်းဆက်တွေက အပင်တွေကြား ဝတ်မှုန်ကူးပေးပါတယ်။
ဒါဟာ နှစ်ပေါင်းများစွာတိုင်အောင် နှစ်ဖက်စလုံးအတွက် အပြန်အလှန် အကျိုးပြုလာခဲ့ပါတယ်။
ဒါပေမဲ့ အခုတော့ အပင်တွေဟာ ဝတ်ရည်ထုတ်လုပ်မှု နည်းပါးလာပြီး အင်းဆက်တွေက အပင်တွေအပေါ် ဆွဲဆောင်မှု နည်းပါးလာပါတယ်။
ဝတ်မှုန်ကူးအင်းဆက်တွေ နည်းပါးလာခြင်းက ပြန်များလာဖို့ အလွယ်တကူ မဖြစ်နိုင်ကြောင်း၊ ဘာကြောင့်လဲဆိုတော့ အပင်တွေက စတင်ပြောင်းလဲနေပြီဖြစ်ကြောင်း၊ ဒီအတွက် ထိန်းသိမ်းရေးလုပ်ငန်းစဥ်တွေ လိုအပ်နေကြောင်း ဦးဆောင်သုတေသီ ဆမ်ဆန်အေကိုကာပီဒေါလ်က ဖော်ပြသွားပါတယ်။
ဒါတွေဟာ တကယ့်လက်တွေ့မှာ မျိုးဗီဇပြောင်းလဲနေတာဖြစ်တယ်လို့ လန်ကက်စတာတက္ကသိုလ်မှ ဖိလစ်ဒွန်ကာစလေက ပြောပြသွားပါတယ်။
ကမ္ဘာကြီးမှာ လွန်ခဲ့တဲ့ နှစ် ၁၅၀ အတွင်း အင်းဆက်မျိုးစိတ်ပေါင်း ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းလောက်အထိ ပျောက်ကွယ်သွားခဲ့ပါတယ်။
အင်းဆက်အရေအတွက်က တစ်နှစ်ကို ၂ ရာခိုင်နှုန်း ကျဆင်းနေပါတယ်။
တစ်ကမ္ဘာလုံးရှိ အပင် ၇၅ ရာခိုင်နှုန်းကျော်ကို အင်းဆက်တွေက ဝတ်မှုန်ကူးနေတာဖြစ်ပြီး တစ်နှစ်ကို ဒေါ်လာ ၅၇၇ ဘီလီယံတန်ကြေးလောက် ရှိနေပါတယ်။
#World_Nature #ပန်းပွင့်များမျိုးဗီဇပြောင်းလဲလာ #ဝတ်မှုန်ကူးအင်းဆက်များလျော့နည်း #Source: WION
#World_Health
Published 26 December 2023
စနေတနင်္ဂနွေ အားလပ်ရက်တွေမှာ ပိုမိုကြာရှည်စွာ အိပ်စက်ပါက နှလုံးသွေးကြော ကျန်းမာရေးကို တိုးတက်စေနိုင်ကြောင်း Sleep Health ဂျာနယ်မှာ ဖော်ပြထားပါတယ်။
အသက် ၂၀ နဲ့အထက် အမေရိကန်လူမျိုး ၃,၄၀၀ ခန့်ရဲ့ အချက်အလက်တွေကို တရုတ်ပြည် နန်ကျင်ဆေးတက္ကသိုလ်မှ သုတေသီများက လေ့လာခဲ့ကြပါတယ်။
ကြားရက်တွေနဲ့ စနေတနင်္ဂနွေနေ့တွေမှာ ပါဝင်စမ်းသပ်သူတွေ ဘယ်လောက်ကြာကြာ အိပ်လဲဆိုတဲ့ အချက်အလက်တွေနဲ့ နှလုံးရောဂါ၊ သွေးတိုး ဆီးချိုတို့ ရှိသလားဆိုတာတွေကို လေ့လာခဲ့ကြပါတယ်။
ကြားရက်တွေထက် နားရက်တွေမှာ အနည်းဆုံး တစ်နာရီပိုမိုအိပ်စက်သူတွေက ပုံမှန်အိပ်စက်သူများထက် နှလုံးသွေးကြောရောဂါများ ဖြစ်နိုင်ခြေနည်းတာကို တွေ့ရှိခဲ့ကြပါတယ်။
ကြားရက်တွေမှာ အိပ်ချိန် ၆ နာရီအောက်သာရှိပြီး နားရက်တွေမှာ အနည်းဆုံး ၂ နာရီပိုအိပ်တဲ့သူတွေက ရောဂါဖြစ်နိုင်ခြေ အများဆုံးလျှော့ချနိုင်တာကို တွေ့ရပါတယ်။
တစ်ညကို အိပ်ချိန် ၆ နာရီတောင် မရှိတဲ့သူတွေမှာ ဖိစီးမှုဟော်မုန်းတွေ ထွက်လာပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေများစေကာ နားရက်တွေမှာ ပိုမိုအိပ်စက်လိုက်ပါက နှလုံးအခြေအနေက ပုံမှန်ပြန်ဖြစ်သွားတယ်လို့ နယူးယော့ခ်တက္ကသိုလ်မှ ပရော်ဖက်ဆာမာ့ခ်ဆီဂယ်က ပြောပြသွားပါတယ်။
ဆန်ဖရန်ဆစ္စကိုမှ အိပ်စက်ခြင်းပညာရှင် ဒေါက်တာဘီကွမ်လောင်က အကယ်၍ အိပ်ရေးပျက်နေတဲ့သူ မဟုတ်ဘူးဆိုရင် ခန္ဓာကိုယ်တွင်း နေ့ညလည်ပတ်မှုစနစ် ထိန်းသိမ်းနိုင်ပြီး ကျန်းမာရေးနဲ့ အားအင်တို့ကို တိုးတက်စေတယ်လို့ ဆိုထားပါတယ်။
ဒါကြောင့် ပညာရှင်တွေကတော့ နားရက်တွေမှာ ပိုမိုအိပ်စက်တာကို အကြံမပြုထားပါဘူး။
ဆက်တိုက်အိပ်ရေးပျက်လာပြီ ဆိုရင်တော့ ပင်ပန်းနွမ်းနယ်လာကာ အဝလွန်ခြင်းနဲ့ နှလုံးသွေးကြောရောဂါများ ဖြစ်နိုင်ခြေများစေပါတယ်။
ဒီလိုအခြေအနေမျိုးမှာတော့ နားရက်တွေမှာ ပြန်လည်ဖြည့်တင်းအိပ်စက်ခြင်းဖြင့် ကျန်းမာရေးအတွက် အကျိုးရှိစေတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ရေရှည်အိပ်ရေးပျက်ခြင်းရဲ့ အကျိုးဆက်ကိုတော့ ပြန်လည်ချေပနိုင်စွမ်း မရှိတာကိုလည်း သတိပြုရမှာ ဖြစ်ပါတယ်။
အိပ်ရေးမဝတဲ့အခါ နှလုံးရောဂါ၊ ဆီးချို၊ အဝလွန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ သွေးတိုးခြင်းတို့ ဖြစ်နိုင်ခြေများစေတယ်လို့ ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာက ဖော်ပြထားပါတယ်။
#World_Health #ပိုမိုကြာရှည်စွာအိပ်စက်ခြင်း #နှလုံးရောဂါများကိုကာကွယ်နိုင် #Source: New York Post
၂၅ ဒီဇင်ဘာ ၂၀၂၃
ပို့ကုန်တင်ပို့သူတွေအနေနှင့် ပို့ကုန်ရငွေများပြည်လည်ဝင်ရောက်ရမည့်ကာလသတ်မှတ်ချက်တွေကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ကြေညာပါတယ်။
ပို့ကုန်ရငွေများအား ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ရမည့်ကာလကို အာရှနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်တင်ပို့သည့်နေ့မှ ယခင် (၄၅) ရက်အစား (၃၀)ရက်သို့ လည်းကောင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်တင်ပို့ သည့်နေ့မှ ယခင်(၉၀)ရက်အစား (၆၀) ရက်သို့လည်းကောင်း မြန်မာနိုင်ငံအတွင်းရှိ ပို့ကုန်တင်ပို့သူ၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက် ထည့်သွင်းရန် ပြင်ဆင်သတ်မှတ်လိုက်တာဖြစ်တယ်လို့ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာ ၂၅ရက် ရက်စွဲဖြင့်ထုတ်ပြန်လိုက်တဲ့ ဗဟိုဘဏ်ရဲ့ အမိန့် ကြော်ငြာစာအမှတ် ၂၇ /၂၀၂၃ တွင်ဖော်ပြထားပါတယ်။
နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းနှင့် (၆-၅-၂၀၂၂) ရက်စွဲပါ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၂၇/၂၀၂၂) တို့အရ ပို့ကုန်တင်ပို့သူသည် ပို့ကုန်ရငွေကို နိုင်ငံအတွင်းရှိ ပို့ကုန်တင်ပို့သူ၏ ဘဏ်ငွေစာရင်းသို့ မပျက်မကွက် ထည့်သွင်းရေး ဆောင်ရွက်ရာတွင် အာရှနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်တင်ပို့သည့်နေ့မှ (၄၅) ရက် အတွင်းလည်းကောင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်များအတွက် ရက်ပေါင်း (၉၀) အတွင်းလည်းကောင်း ပြန်လည်ဝင်ရောက်ရန် သတ်မှတ်ထားခဲ့တာဖြစ်ပြီး ယင်းကို ပြန်လည်ပြင်ဆင်ခဲ့ခြင်းဖြစ်ပါတယ်။
ဤအမိန့်ကြော်ငြာစာသည် ထုတ်ပြန်သည့်နေ့မှစ၍ အကျိုးသက်ရောက်စေရမည်ဖြစ်ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ အရအရေးယူခြင်းခံရမယ်လို့လည်း ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေလက်မှတ်ရေးထိုး ထုတ်ပြန်တဲ့အဆိုပါအမိန့်ကြော်ငြာစာမှာဖော်ပြထားပါတယ်။
-ymg/knl
တူရကီတွင် ငွေကြေးဖောင်းပွမှုမြင့်မားလာခြင်းနဲ့အတူ အများပြည်သူပို့ဆောင်ဆက်သွယ်ရေးစရိတ်များ (၅၀)ရာခိုင်နှုန်းမြင့်တက်လာ
တူရကီနိုင်ငံ အစ္စတန်ဘူလ်မြိုမှာ အများပြည်သူ ပို့ဆောင်ရေးစရိတ်များ မြင့်တက်လာတာကြောင့် မြို့နေပြည်သူများအတွက် နေထိုင်မှုဘဝ ခက်ခဲလာကာ နေ့စဥ်သွားလာရေး ကုန်ကျမှုများကို တွက်ချက်ချွေတာလာရပါတယ်။
#World_Crisis
Published 25 December 2023
#တူရကီ #ပို့ဆောင်ရေးစရိတ်များမြင့်တက်
#Yangon_Times #YMG_News #Yangon_Media_Group
Page 977 of 2057