၂၅ ဒီဇင်ဘာ ၂၀၂၃
နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ၊ မူးယစ် ဆေးဝါး တရားမဝင် ထုတ်လုပ်ရောင်းဝယ်မှုများ၊ လူကုန်ကူးမှုများ၊ အကြမ်းဖက်မှုများ၊ ဆိုက်ဘာရာဇဝတ်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ စသည့် ရာဇဝတ်မှုများသည် ဒေသတွင်းလုံခြုံရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ဖြစ်စေသည့် အတွက် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုများကို တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်တယ်လို့ နစက ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားပါတယ်။
ယနေ့ဒီဇင်ဘာ ၂၅ရက် မွန်းလွဲပိုင်းက ကျင်းပပြုလုပ်သည့်( ၄)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးတွင် နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်ဆွေးနွေးရာ၌ ယင်းကဲ့သို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲဒီအတွက် “မဲခေါင်-လန်ချန်း လုံခြုံရေး နှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန” က ဆောင်ရွက်လျက်ရှိ သည့် ဒေသတွင်း ပူးပေါင်းညှိနှိုင်းရေးအခန်းကဏ္ဍ၏ အရေးပါမှုကိုလည်း အသိအမှတ် ပြုပါကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောဆိုပါတယ်။
မြန်မာနိုင်ငံအနေဖြင့် ၂၀၁၇ ခုနှစ်မှစ၍ ၂၀၂၃ ခုနှစ်အထိကာလအတွင်း အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၆ သန်း တန်ဖိုးရှိသည့် အထူးရန်ပုံငွေ စီမံကိန်း ၁၀၆ ခုရရှိထားပြီး နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကို အထောက်အကူပြုလျက်ရှိပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မဲခေါင်-လန်ချန်း နိုင်ငံများအား အထောက်အပံ့နှင့်အကူအညီများ ဆက်လက်ပေးအပ်နေမှုအပေါ် ကျေးဇူးတင်ရှိတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။
နေပြည်တော် တွင် “အမျိုးသားကူးစက်ရောဂါကာကွယ်ရေးနှင့် လေ့ကျင့်ရေးစင်တာ” တည်ဆောက် ရန် အတွက် အကူအညီများ ပေးအပ်ခဲ့သည့် တရုတ်နိုင်ငံကို ကျေးဇူးတင်ရှိပါကြောင်းနှင့် အဆိုပါစင်တာသည် ၂၀၂၄ ခုနှစ်၊ နှစ်ဦးပိုင်းတွင် ပြီးစီးမည်ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ကျေးဇူးတင်စကားပြောကြားပါတယ်။
ယင်းအပြင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ် အောက်တွင် အချင်းချင်းအပြန်အလှန် အကူအညီပေးသင့်တယ်လို့ ဗိုလ်ချုပ်မှူးကြီးက ပြောဆိုလိုက်ပြီး ထိုကဲ့သို့ ဆောင်ရွက်နိုင်ရေးအတွက် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းနှင့် မဲခေါင်- လန်ချန်း ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းများမှတစ်ဆင့် အကောင်အထည်ဖော် ဆောင် ရွက်သင့်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက အကြံပြုပြောဆိုပါတယ်။
“မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ဆန်းသစ်တီထွင်မှုစင်္ကြံ” ဖော်ဆောင်မှုနှင့် “အဖွဲ့ဝင်နိုင်ငံများအကြား ပေါင်းစည်းဆက်နွှယ်မှု တိုးမြှင့်ရေးဆိုင်ရာ စီမံချက်” ရေးဆွဲမှုများကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြဖို့လည်း ဗိုလ်ချုပ်မှူးကြီးက မဲခေါင်-လန်ချန်းနိုင်ငံ့အကြီးအကဲများကို တိုက်တွန်းပြောဆိုပါတယ်။
“မဲခေါင်‘လန်ချန်း ခရီးသွားလာရေး မြို့တော်များ တည်ထောင်ခြင်း”၊ “မဲခေါင်- လန်ချန်း လေကြောင်းခရီးသွားလာမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် မိတ်ဖက် ထူထောင်ခြင်း” လုပ်ငန်းစဉ်များကို ကြိုဆိုတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောဆိုခဲ့ပါတယ်။
အစည်းအဝေးတွင် နစက ဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာလီချန်း တို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ကြပြီး ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဆမ်ဒက် မဟာ ပဝရ ဓိပတိ ဟွန်မာနိုက်၊ လာအို ပြည်သူ့ဒီမို ကရက်တစ်သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဆုံဆိုင်း ဆီဖန်ဒုံ၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဆရက်ထာ ထာဗီဆင် နှင့် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဖန်မင်ချင်း တို့တက်ရောက်ခဲ့ကြပါတယ်။
ပူးတွဲဥက္ကဋ္ဌများက အဖွင့်အမှာစကားများ အသီးသီးပြောကြားပြီး မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်များက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ အပေါ်သုံးသပ်ကာ၊ အနာဂတ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များအပေါ် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးတွင် အနာဂတ်လုပ်ငန်းအစီအစဉ်များအတွက် မူဝါဒလမ်းညွှန် တစ်ရပ်အဖြစ် “နေပြည်တော်ကြေညာစာတမ်း” နှင့် အဖွဲ့ဝင်နိုင်ငံများအကြား အိမ်နီး ချင်းကောင်းပီသမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက် မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ “မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအစီအစဉ် (၂၀၂၃-၂ဝ၂၇)” နှင့် “ မဲခေါင်-လန်ချန်း တီထွင်ဆန်းသစ်မှုစကြီ ဖွံ့ဖြိုးတိုးတက်ရေး ပူးတွဲအစီအစဉ်” တို့ကို အတည်ပြု ထုတ်ပြန်ခဲ့ကြတယ်လို့သိရပါတယ်။
အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မဲခေါင်-လန်ချန်း ပူးပေါင်းဆောင် ရွက်မှု အလှည့်ကျပူးတွဲဥက္ကဋ္ဌတာဝန်ကို ထိုင်းနိုင်ငံ သို့ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
(၄) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးသို့ နစက တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးလွင်ဦးနှင့် တာဝန် ရှိသူများ ပါ ဝင်တက်ရောက်ခဲ့ကြပါတယ်။
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုကို ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကာ အဖွဲ့ဝင်နိုင်ငံများအဖြစ် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်ပါတယ်။ မြန်မာနိုင်ငံအနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်၏ အလှည့်ကျ ပူးတွဲဥက္ကဋ္ဌတာဝန်ကို အမြဲတမ်းပူးတွဲဥက္ကဋ္ဌ ဖြစ်သည့် တရုတ်နိုင်ငံနှင့်အတူ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လမှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ အထိ အောင်မြင်စွာ ပူးတွဲထမ်းဆောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
-ymg/knl

#Daily_News
Published 25 December 2023
၁။ ပုဂံရှေးဟောင်းဇုန်ထဲတွင် ပလတ်စတစ်သုံးစွဲမှုလျော့ကျအောင်နှင့် အမှိုက်ကင်းစင်အောင် ပရော်ဂျက်ဖြင့်ဆောင်ရွက်မည်
၂။ တညင်းကုန်း လက်ကားဈေးကြီးတွင် ဆိုင်ခန်းပေါင်း ၁၂၀၀ကျော် ပါဝင်မည့် ဈေးရုံကြီးကို လာမည့်ဧပြီလတွင် ဖွင့်လှစ်နိုင်ရန်ရည်ရွယ်ထားဟုဆို
၃။ ခရစ္စမတ်အားလပ်ရက် ပုဂံလာရောက်သူများပြားပြီး ပုဂံမြို့တွင်းဟိုတယ်များအခန်းပြည့်နေ
၄။ တူရကီတွင်ငွေကြေးဖောင်းပွမှုမြင့်မားလာခြင်းနဲ့အတူ အများပြည်သူပို့ဆောင်ဆက်သွယ်ရေး စရိတ်များ (၅၀)ရာခိုင်နှုန်းမြင့်တက်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#Local_News
Published 25 December 2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၆)ရပ်ကွက်၌ ယနေ့နေ့လည်၌ နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
အဆိုပါ ၄၆ ရပ်ကွက် စံရိပ်ငြိမ်လမ်းတွင် ယနေ့ညနေ ၃ နာရီ ၁၀ မိနစ်အချိန်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ညနေ ၃နာရီ ၁၉ မိနစ် အချိန်၌ မီးထိန်းနိုင်ပြီး ၃နာရီ ၂၂မိနစ် အချိန်တွင် မီးငြှိမ်းခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်ကြောင့်နေအိမ်တစ်လုံးမီးလောင်ကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးနှင့်မီးလောင်မှုဖြစ်စဉ်များအားဆက်လက်စုံစမ်းလျှက်ရှိကြောင်း သိရသည်။
#Local_News #မြောက်ဒဂုံ၄၆ရပ်ကွက် #မီးလောင်မှုဖြစ်ပွား #YMG/ NN #Yangon_Times
ချေးငွေလျှောက်ထားဖို့ကို ဒီဇင်ဘာ ၂၀ ရက်မှာ စတင်ခွင့်ပြုခဲ့တာပါ။ လျှောက်လွှာခေါ်ယူတဲ့ လေးရက်အတွင်း လျှောက်လွှာလျှောက်ထားမှု ဧက ၅၀,၀၀၀ (ရာခိုင်နှုန်း ၅၀)အထိ ရှိနေပါပြီ
#Local_News
Published 25 December 2023
#ကာလတိုချေးငွေလျှောက်ထား #ဧကငါးသောင်းအထိရှိ
#YMG/NN #Yangon_Times
အခုချိန်ကကုန်ကြမ်းဈေးနှစ်ဆကျော်လောက်တက်နေတယ်၊ ဈေးကောင်းနေတော့ မှိုအထွက်များတဲ့ စိုက်တောင်သူတွေတွက်ခြေကိုက်နေတယ်၊ အထွက်လည်းများကြပါတယ်
#Local_News
Published 25 December 2023
#ကောက်ရိုးနှင့်ငွေနှင်းမှိုများဈေးကောင်းရ
#YMG/NN #Yangon_Times
#Local_News
Published 25 December 2023
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် မြဝတီခရိုင်ဘက်မှ တရားမဝင် နယ်စပ်ဖြတ်ကျော်ကာ ဖိုးဖမြို့နယ်ထဲသို့ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၇ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများ၏ ဖေါ်ပြချက်အရသိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၃ ရက်နေ့က ထိုင်း-မြန်မာနယ်စပ်၊ တာ့က်ခရိုင်၊ ဖိုးဖမြို့နယ်၊ ခီလီလာ့တ်ကျေးရွာဘက်ကို တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၇ ဦးကို ထိုင်းစစ်တပ်ကစစ်ဆေးတွေ့ရှိခဲ့တာကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရသူများတွင် အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၇ ဦး၊ စုစုပေါင်း ၁၇ ဦးဖြစ်ပြီး ၎င်းတို့ကို ဥပဒေအရ အရေးယူဆောင်ရွက်ရန်အတွက် ဖိုးဖရဲစခန်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ယခုဒီဇင်ဘာလအတွင်း ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ရာဂဏန်းခန့်အထိ ဆက်တိုက် ဖမ်းဆီးခံနေရကြောင်းအလုပ်သမားအရေးကူညီဆောင်ရွက်သူများထံကသိရသည်။
#Local_News #တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက် #မြန်မာနိုင်ငံသား၁၇ဦးဖမ်းဆီးခံရ #YMG/LW #Yangon_Times
ကားနဲ့လာတာများတယ်ခင်ဗျ၊ ၂၄ရက်ကဆို ရန်ကုန်-ပုဂံ မန္တလာမင်း express ကားတင် ၁၀စီးဝင်တယ်၊အခုမနက်လည်းဝင်တာများတယ်၊ ကားနဲ့လာတာများတယ်၊ ကိုယ်ပိုင်ကားလေးတွေနဲ့လာတာရှိပေမယ့် express နဲ့လာတာများတယ်၊ တန်ဆောင်တိုင်ထက်စာရင် ဒီဇင်ဘာကများတယ် ပြောလို့ရတယ်၊
#Local_News
Published 25 December 2023
#ခရစ္စမတ်အားလပ်ရက် #ပုဂံလာရောက်သူများပြား
#YMG/NN #Yangon_Times
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်မှာရှိတဲ့ တညင်းကုန်းလက်ကားဈေးကြီးမှာ ဆိုင်ခန်းပေါင်း ၁၂၀၀ကျော် ပါဝင်မယ့် ဈေးရုံအမှတ် ၇ကို လာမယ့် ၂၀၂၄ ခုနှစ် ဧပြီလ လောက်မှာဖွင့်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ Myanmar Argo Echange published Co.ltd မှ သိရပါတယ်။
#Local_News
Published 25 December 2023
#ဆိုင်ခန်းပေါင်း၁၂၀၀ကျော် #တညင်းကုန်းလက်ကားဈေးကြီး
#YMG/LW #Yangon_Times
"ပုဂံအလှကို ထိန်းသိမ်းဖို့ Reborn Bagan" projectကိုဆောင်ရွက်ခဲ့ပြီး ရှေ့ဆက်ပြီးလည်း
ပုဂံရှေးဟောင်းဇုန်ထဲမှာ ဘုရားဖူးနှင့်ဈေးသည်တွေ ပလတ်စတစ်သုံးစွဲမှုလျော့ကျအောင်၊အမှိုက်ကင်းစင်အောင် ပရော်ဂျက်နဲ့ဆောင်ရွက်ဖို့ရှိတယ်" Heritage TRUST Team- Bagan အသင်းမှကိုမြင့်နိုင်
#Local_News
Published 25 December 2023
#ပလတ်စတစ်လျော့ချရေး #အမှိုက်ကင်းစင်ရေးစီမံချက်
#tthl #Yangon_Times
#World_News
Published 25 December 2023
အစ္စရေးလ်-ဟားမတ်စ်စစ်ပွဲ အပစ်အခတ် ရပ်စဲရေးအတွက် အဆိုပြုချက်တစ်ရပ်ကို အီဂျစ်က တင်ပြခဲ့တယ်လို့ သတင်းမီဒီယာများ ဖော်ပြခဲ့တာကို အစ္စရေးလ်အရာရှိများက အတည်ပြုလိုက်ပါတယ်။
ထိုအဆိုပြုချက်ထဲမှာ ဂါဇာကမ်းမြောင်မှာ ဓားစာခံများအဖြစ် ဖမ်းဆီးခံထားရတဲ့ အစ္စရေးလ်အားလုံး ပြန်လွှတ်ပေးရန်လည်း ပါဝင်ပြီး အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟူ အစိုးရအဖွဲ့က ငြင်းပယ်ခြင်းမပြုဘဲ နောက်ထပ်ညှိနှိုင်းချက်တွေ ပါလာနိုင်တယ်လို့ အစ္စရေးလ်မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့ ဟားမတ်စ်တို့အပေါ် အောင်ပွဲမရရှိသေးသရွေ့ အစ္စရေးလ်က ဂါဇာမှာ ဆက်လက်တိုက်ခိုက်နေမယ်လို့ နေတန်ယာဟူက ပြောပြခဲ့ပါတယ်။
တိုက်ခိုက်မှုတွေကို အဆုံးသတ်ပြီး ဓားစာခံအားလုံး လွှတ်ပေးရမယ့် အီဂျစ်ရဲ့အစီအစဥ်က အဆင့် ၃ ဆင့်ပါဝင်တယ်လို့ The Times of Israel မှာ ဖော်ပြထားပါတယ်။
ပထမအဆင့်က ၂ ပတ်ကြာ အတိုက်အခိုက်ရပ်စဲကာ အစ္စရေးလ်ဓားစာခံ အယောက် ၄၀ လွှတ်ပေးရန် ဖြစ်ပါတယ်။
အပြန်အလှန်အနေဖြင့် ပါလက်စ်တိုင်း အကျဥ်းသား ၁၂၀ လွှတ်ပေးရမည်ဖြစ်ပြီး အစ္စရေးလ်တင့်ကားတွေ နောက်ဆုတ်ပေးကာ ဂါဇာသို့ လူသားချင်းစာနာကူညီမှုများ ဝင်ရောက်ခွင့် ပေးရမှာဖြစ်ပါတယ်။
ဒုတိယအဆင့်က ပါလက်စ်တိုင်း အာဏာပိုင်များနဲ့ ဟားမတ်စ်အကြမ်းဖက်အဖွဲ့တို့ ဂိုဏ်းကွဲနေတာကို အဆုံးသတ်မယ့် ဆွေးနွေးပွဲပြုလုပ်ပြီး ဂါဇာပြန်လည်တည်ဆောက်ရေးနဲ့ ပါလက်စ်တိုင်း ပါလီမန်၊ သမ္မတရွေးကောက်ပွဲများ ပြုလုပ်သွားမယ့် အစိုးရသစ်ဆီသို့ ဖွဲ့စည်းသွားရန် ဖြစ်ပါတယ်။
တတိယအဆင့်မှာ အလုံးစုံအပစ်အခတ် ရပ်စဲရေးဖြစ်ပြီး ကျန်ရှိနေတဲ့ အစ္စရေးလ်ဓားစာခံတွေနဲ့ ပါလက်စ်တိုင်းအကျဥ်းသားတွေ အပြန်အလှန် လွှတ်ပေးရေးဖြစ်ပါတယ်။
အစ္စရေးလ်တပ်တွေ ဂါဇာကနေ ဆုတ်ခွာရမှာဖြစ်ပြီး စစ်တိမ်းရှောင်ကာ အိုးအိမ်စွန့်ခွာခဲ့ကြတဲ့ ဂါဇာဒေသခံတွေကို ပြန်ဝင်ခွင့်ပေးရန်လည်း ပါဝင်ပါတယ်။
၂၀၂၃ ခရစ္စမတ်အကြိုနေ့ဟာ အစ္စရေးလ်-ဟားမတ်စ်စစ်ပွဲ ၇၉ ရက်မြောက်တဲ့နေ့ ဖြစ်ပါတယ်။
#World_News #ငြိမ်းချမ်းရေးအဆိုပြုချက် #အစ္စရေးလ်-ဟားမတ်စ်စစ်ပွဲအပစ်အခတ်ရပ်စဲရေး #Source: WION
#Local_News
Published 25 December 2023
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၈၄လမ်း၊ ၃၈x၃၉လမ်းကြား၊ မဟာအောင်မြေအနောက်ရပ်ကွက်၊ အကွက်အမှတ် (၅၂၄) မင်းစံရပ်ရှိ Grand Park Hotel အပေါ်ဆုံးထပ်မှခုန်ချရန်ကြံစည်သည့် စိတ်ဝေဒနာရှင် အမျိုးသားတစ်ဦးကို မီးသတ်တပ်ဖွဲ့၀င်များက ကယ်ဆယ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံ မှ သိရသည်။
ဒီဇင်ဘာ ၂၄ ရက် ည ၆ နာရီခန့်က စိတ်ဝေဒနာရှင် အမျိုးသားတစ်ဦးသည် Hotel အပေါ်ဆုံး ၃၁ ထပ်မြောက်ရှိ ရေကူးကန်တွင် ရေကူးရန်ဟုဆိုကာ လာရောက်ခဲ့ပြီး မှန်တံခါးများ လဲလှယ်ရာတွင် စတီးကြိုးတပ် အသုံးပြုသည့် မောင်းတံပေါ်တွင် မတ်တပ်ရပ်၍ ခုန်ချရန် ကြံစည်ခဲ့ကြောင်း သိရသည်။
ထိုသို့ခုန်ချရန် ကြံစည်နေကြောင်း သတင်းရရှိသဖြင့်မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ အုပ်ချုပ်မှုယာဉ် (၃)စီး၊ မဟာအောင်မြေ မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက် ကယ်ဆယ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသားကို ကယ်ဆယ်ရန်အတွက် မီးသတ်တပ်ဖွဲ့၀င်များက ပြောဆိုစည်းရုံး၍ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ခုန်ချရန်ကြံစည်နေသူအား ၇နာရီ ၂၀မိနစ်ခန့် အချိန်တွင် ဘေးကင်းရာသို့ ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
#Local_News #ဟိုတယ်ပေါ်မှ ခုန်ချရန်ကြံစည် #စိတ်ဝေဒနာရှင်အမျိုးသားတစ်ဦး #YMG/LW #Yangon_Times
#World_Health
Published 25 December 2023
စားစရာများ ချက်ပြုတ်ရာမှာ ရွေးချယ်သုံးစွဲစရာ ဆီအမျိုးမျိုး ရှိနေပါတယ်။
ထိုနေရာမှာ အရေးကြီးတဲ့အချက်တစ်ချက်က ဆီရဲ့ မီးခိုးငွေ့အမှတ်ပါပဲ။
ထိုအမှတ်ဟာ ဆီစတင်ပူလောင်လာပြီး မီးခိုးထွက်လာတဲ့ အပူချိန်အမှတ် ဖြစ်ပါတယ်။
ထိုအမှတ်ထက် ပိုများသွားပါက အရသာနဲ့ ဖွဲ့စည်းမှုကို ပျက်စေသလို အန္တရာယ်ပြုဒြပ်ပေါင်းများ ထွက်လာပါတယ်။
သံလွင်ဆီ
အကြော်အလှော်အတွက် အသင့်တော်ဆုံးက သံလွင်ဆီဖြစ်ပါတယ်။
အိုလစ်အက်ဆစ်ကြောင့် အပူဒဏ်ခံနိုင်ရည် မြင့်မားပြီး မီးခိုးငွေ့အမှတ်လည်း မြင့်မားပါတယ်။
မီးခိုးမှတ်က ၂၀၀ ဒီဂရီဆဲလ်စီးယပ်စ်ကျော် ဖြစ်ပြီး ကြွယ်ဝစွာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက ကြိမ်ဖန်များစွာ ကြော်လှော်ပြီးသည့်တိုင်အောင် ဓာတ်တိုးခြင်းကို ကာကွယ်ပေးပါတယ်။
စားအုန်းဆီ
စားအုန်းဆီနဲ့ ပတ်သက်ပြီး အငြင်းပွားစရာများ ရှိနေကာ သဘာဝအားဖြင့် ပြည့်ဝဆီ အမြောက်အများ ပါဝင်ပြီး ကိုလက်စ်ထရောလ်မြင့်မားတာကြောင့် နှလုံးသွေးကြောရောဂါများ ဖြစ်စေနိုင်ပါတယ်။
ဒါ့အပြင် မီးခိုးမှတ်က ၁၇၁ ဒီဂရီအထိ နိမ့်ပါးတာကြောင့် ဆီများများဖြင့် ကြော်လှော်ခြင်းမျိုး မပြုလုပ်သင့်ဘဲ အကန့်အသတ်ဖြင့်သာ စားသုံးသင့်ပါတယ်။
ဟင်းရွက်ဆီ
အမျိုးမျိုးသော အပင်များမှ ရရှိတဲ့ဆီတွေကို ပေါင်းစပ်ကာ ဟင်းသီးဟင်းရွက်ဆီ ထုတ်လုပ်တာဖြစ်ပြီး ကျန်းမာရေးအတွက် မသင့်လျော်တဲ့ ဖက်တီးအက်ဆစ်များ ပါဝင်ပါတယ်။
ကာနိုလာဆီ
မုန်ညင်းစေ့မှ ထုတ်ယူရရှိတဲ့ ကာနိုလာဆီက အပင်အခြေပြု အိုမီဂါ၃ ဖက်တီးအက်ဆစ်များ ပါဝင်ပြီး မပြည့်ဝဆီလည်း ပါဝင်တာကြောင့် သံလွင်ဆီမကြိုက်သူတွေအတွက် ရွေးချယ်စရာ ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ ဆီထုတ်ယူတဲ့ လုပ်ငန်းစဥ်မှာ အပူပေးခြင်း၊ သန့်စင်စစ်ထုတ်ခြင်းတို့ လုပ်ဆောင်ရတာကြောင့် ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ သတ်မှတ်နိုင်ပါတယ်။
ထောပတ်ဆီ
မီးခိုးမှတ်မြင့်မားတာကြောင့် အပူချိန်များများဖြင့် ချက်ပြုတ်ရာမှာ အသင့်တော်ဆုံးဆီ ဖြစ်ပါတယ်။
မပြည့်ဝဆီများ ကြွယ်ဝစွာ ပါဝင်ပေမယ့် ဈေးကြီးတာက သုံးစွဲရန် အခက်အခဲ ဖြစ်စေပါတယ်။
အိုမီဂါ၆ ဖက်တီးအက်ဆစ်ပါဝင်ခြင်းက ခန္ဓာကိုယ်မှာ ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ဖွယ်ရှိကာ အသုံးဝင်မှု လျော့ကျစေပါတယ်။
လျှော်စေ့ဆီ
အိုမီဂါ၃ ဖက်တီးအက်ဆစ် ကြွယ်ဝပေမယ့် မီးခိုးမှတ် အလွန်နည်းတာကြောင့် ချက်ပြုတ်ရန် မသင့်လျော်ပါဘူး။
ဒါပေမဲ့ ရေခဲသေတ္တာလို အေးမြတဲ့နေရာမှာ ထိန်းသိမ်းထားနိုင်ပါတယ်။
နိဂုံးချုပ်ရရင် ချက်ပြုတ်ကြော်လှော်ဖို့အတွက် အသင့်တော်ဆုံးဆီက သံလွင်ဆီသန့်သန့်ဖြစ်ပြီး အက်ဆစ်ဓာတ်နည်းပါးစွာဖြင့် ပုလင်းအရောင်နက်တဲ့ထဲမှာ သိမ်းဆည်းထားသင့်ပါတယ်။
ကျန်းမာရေးအဖွဲ့အစည်းများက အသိအမှတ်ပြုထားတဲ့ မက်ဒီတာရေးနီးယန်း စားသောက်ပုံစံထဲမှာလည်း သံလွင်ဆီက ပါဝင်နေပါတယ်။
#World_Health #ကျန်းမာရေးအတွက်အသင့်လျော်ဆုံး #အဆိုးရွားဆုံးဟင်းချက်ဆီများ #Source: The Jerusalem Post
Page 978 of 2057