#Local_News
Published_ 14 February 2024

ဂျာမနီနိုင်ငံတွင် သူနာပြုသင်တန်းတက်ပြီး အလုပ်လုပ်ကိုင်လိုသူများအတွက် Living and Working in Germany ပွဲပြုလုပ်ပေးမည်ဖြစ်ကြောင်း Goethe- Institut Myanmar မှ သိရသည်။

 

အဆိုပါ Living and Working in Germanyပွဲတွင်သူနာပြု Vocational Training ကို ဂျာမနီနိုင်ငံမှာလက်ရှိတက်ရောက်နေသည့် မလဲ့ဖြူဖြူအောင်မှသူနာပြု Vocational Training နှင့် ပတ်သက်သည့်သူမအတွေ့အကြုံများကို မျှဝေပေးသွားမည် ဖြစ်ပြီး Training နှင့်ပတ်သက်သည့်မေးခွန်းများကိုလည်း ဖြေကြားပေးသွားမည် ဖြစ်သည်။

 

Living and Working in Germany (knowledge sharing session)ပွဲကို ဖေဖော်ဝါရီလ (၁၇) ရက်၊  နေ့လယ် (၁၂:၀၀)မှ (၂:၃၀)အထိ Goethe-Institut Myanmar Auditorium (ပြပွဲခန်းမ)၌ကျင်းပ သွားမည်ဖြစ်သည်ဟုဆိုသည်။

 

ဂျာမနီမှာ သူနာပြု Vocational Trainingတက်ရောက်ဖို့ ပြင်ဆင်နေသူများနှင့် စိတ်ပါဝင်စားသူများအနေဖြင့်အောက်မှာဖော်ပြထားတဲ့ Link https://www.goethe.de/ins/mm/en/spr/lad/ber.html(အင်္ဂလိပ်ဘာသာဖြင့်)နှင့်https://www.goethe.de/ins/mm/my/spr/lad/ber.html (မြန်မာဘာသာဖြင့်)ကိုနှိပ်ပြီး English သို့မဟုတ် မြန်မာဘာသာဖြင့် register ပြုလုပ်ကာ ပွဲနေ့မှာ ပါဝင်တက်ရောက်နိုင်ကြောင်း သိရသည်။

 

#Local_News #သူနာပြုသင်တန်း #မြန်မာမှဂျာမနီ #tthl #Yangon_Times