#Local_News
Published February 2024


ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀၆ ဦးကို ထိုင်းနိုင်ငံ ရနောင်းမြို့မှ မြန်မာနိုင်ငံကော့သောင်းမြို့သို့ ပြန်ပို့ခဲ့ကြောင်း သိရသည်။

 

ဖေဖေါ်ဝါရီ ၁၄ရက် နေ့လည်ပိုင်းက ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်းအလုပ်သမားများမှာ ထိုင်းနိုင်ငံတောင်ပိုင်းရှိ  အချုပ်များတွင် ပြစ်ဒဏ်ကျခံပြီးသဖြင့် ထိုင်းအာဏာပိုင်များက မြန်မာနိုင်ငံဘက်ကို ပြန်ပို့ခြင်းဖြစ်သည်။

 

နေရပ်ပြန်ပို့သူများတွင် မြန်မာနိုင်ငံသားအမျိုးသား ၁၆၀ ဦးနှင့် အမျိုးသမီး ၄၆ ဦး ပါဝင်ကာ ရနောင်းမြို့ကနေ စက်လှေဖြင့် ကော့သောင်းမြို့ကို ပြန်ပို့ခဲ့ခြင်းဖြစ်သည်။

 

ကော့သောင်းမြို့သို့ရောက်လာသည့် မြန်မာနိုင်ငံသားများကို ဒေသအာဏာပိုင်များက ကိုဗစ်-၁၉ စစ်ဆေးပြီး ကိုယ်ရေးအချက်အလက်စစ်ဆေးခြင်း၊ အသိပညာပေးခြင်းတွေ ပြုလုပ်ပြီး သတ်မှတ်ထားသည့် ရောဂါပိုးတွေ့ရှိသူများကိုအသွားအလာစောင့်ကြည့်ရေးစင်တာတွေမှာ ထားရှိမည်ဖြစ်ကြောင်း သိရသည်။

 

#Local_News #မြန်မာနိုင်ငံသား၂၀၆ဦး #နေရပ်သို့ပြန်ပို့ #YMG/LW #Yangon_Times