#Local_News
Published_ 14 February 2024

ကိုရီးယားနိုင်ငံမှ ဝန်ဆောင်မှုလုပ်ငန်းများအတွက် မြန်မာလုပ်သားများကို တိုးချဲ့ခေါ်ယူနေပြီး အထက်တန်းအောင်မြန်မာအမျိုးသမီးများပါ ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲ EPS ဝင်ခွင့်ဖြေဆိုခွင့်ရရှိကာ  ကိုရီးယား၌ အလုပ်လုပ်ကိုင်ရန်ခေါ်ယူသွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

 

၂၀၂၄ ခုနှစ်အတွက် သတ္တမကြိမ်မြောက် အမှတ်ပေးစနစ်ဖြင့် အလုပ်ခန့်ထားမည့် စနစ် (၁၆)ကြိမ်မြောက် ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲတွင် ဝန်ဆောင်မှုလုပ်ငန်းများအတွက် အမျိုးသားသာမက အမျိုးသမီးများကိုပါ ခေါ်ယူသွားမည်ဖြစ်သည်ဟု ဆိုသည်။


 
ပါဝင်ဖြေဆိုမည့် အမျိုးသမီးများအနေဖြင့် အွန်လိုင်းကနေ အထက်တန်းအောင်လက်မှတ်ကို ပေးပို့ရမည်ဖြစ်ကြောင်းသိရသည်။

 

ကိုရီးယား EPS ဝင်ခွင့်အတွက်  ပထမအဆင့် အွန်လိုင်းမှလျှောက်လွှာတင်ခြင်းကို မတ်လ(၄)ရက်မှ (၁၀)ရက်အထိလျှောက်ရမည်ဖြစ်ပြီး စာမေးပွဲကို ဧပြီလ(၁၇)ရက်တွင်ကျင်းပမည်ဖြစ်ကြောင်း၊ EPSစာမေးပွဲTOPIKကို ဧပြီ(၂၄)ရက်မှဇူလိုင်(၂၆)ရက်အထိ လုပ်ငန်းအလိုက်ဖြေဆိုရမည်ဖြစ်ကြောင်းနှင့် EPS TOPIK စာမေးပွဲအောင်စာရင်းကို မေလ(၁၇)ရက်နှင့် ဩဂုတ်(၈)ရက်အတွင်း ထုတ်ပြန်ကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။

 

#Local_News #ကိုရီးယားEPSစာမေးပွဲ #tthl #Yangon_Times