Published_9 Feb 2024

ဘဏ်လုပ်ငန်းနှင့်ငွေကြေးဝန်ဆောင်မှူ ဆိုင်ရာနယ်ပယ်တွင် လုပ်ကိုင်လိုသူများအား လူငယ်များ အထောက် အပံ့ပြုပေးမည့် အစီအစဉ် စတင်မည် ဖြစ်ကြောင်း သိရသည်။

ယင်းအစီအစဉ်ကို MTB မြန့်မာ့ခရီးသွားဘဏ်နှင့် Kudos to you professional developement accademy တို့က ပူးပေါင်း ဆောင်ရွက်ကြမည် ဖြစ်ကြောင်း သိရသည်။

"ဘဏ်လုပ်ငန်းနဲ့ငွေကြေးဆိုင်ရာဝန်ဆောင်မှူနယ်ပယ်ကိုစိတ်ဝင်စားပြီး လက်တွေ့သင်ယူချင်တယ်၊အလုပ် လည်းရချင်တယ်၊ဒါပေမဲ့လည်းအတွေ့အကြုံမရှိတော့ အခက်အခဲဖြစ်နေတယ် ဆိုတဲ့လူငယ်တွေအတွက် လုပ်ငန်းခွင်မဝင်ခင် လိုအပ်တဲ့ကျွမ်းကျင်မှူ့တွေကို စာသင်ခန်းအတွင်းသင်ယူနိုင်ခွင့်ရစေဖို့ရယ်၊ လက်တွေ့ လုပ်ငန်း ခွင်လေ့လာနိုင်ဖို့အတွက်ရယ် ၊ အလုပ်အကိုင်ဖန်တီးပေးနိုင်ဖို့အတွက်ရယ် ရည်ရွယ်ပြီးလုပ်ဆောင်တာ ဖြစ်ပါတယ်”ဟုမြန်မာ့ခရီးသွားဘဏ်၏ အလုပ်အမှူဆောင်ဥက္ကဌ ဦးဝင်းလွင်က ပြောသည်။

ဘဏ်လုပ်ငန်းနှင့်ငွေကြေးဝန်ဆောင်မှူ ဆိုင်ရာနယ်ပယ်တွင် လူငယ်များ အတွက် လိုအပ်သည့် ကျွမ်းကျင်မှူ များသင်ယူနိုင်ရန်၊အတွေ့အကြုံရရှိနိုင်စေရန်နှင့်အလုပ်အကိုင်အခွင့်အလန်းများရရှိစေရန် သင်ကြားခွင့်ဆိုင် ရာအထောက်အပံ့ပြုပေးမည့် အစီအစဉ်ကို မြန့်မာ့ခရီးသွားဘဏ်အနေဖြင့် ရည်ရွယ်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းလည်း သိရသည်။

"Kudos to you အနေနဲ့ ဝန်ထမ်းကောင်းများပေါ်ထွက်လာရေးနှင့် အလုပ်လိုချင်ပေမဲ့အတွေ့အကြုံမရှိ၊အတွေ့အကြုံမရှိလို့အလုပ်မခန့် ဖြစ်နေတဲ့အလုပ်လုပ်ချင်တဲ့ညီငယ်ညီမတွေနဲ့အလုပ်ရှင်တွေကြားပေါင်းကူးပေးမယ့် Followership program လေးကို ၂၀၁၉ ကတည်းက လုပ်ပေးဖို့ပြင်ဆင်နေခဲ့တာပါ၊ ဒီအကြောင်းလေးကိုပြောပြဖြစ်တော့ မြန့်မာ့ခရီးသွားဘဏ်ကနေပြီး သင်တန်းတက်ရောက်ချင်တဲ့လူငယ်တွေအတွက် စတင်ပေးဆောင်ရမယ့် သင်တန်းကြေးကို လည်းပေးဆောင်သွားမယ်၊ အလုပ်သင်အဖြစ်တစ် လ ပါ မြန့်မာခရီး သွား ဘဏ်နှင့်ဆက်စပ်နေတဲ့လုပ်ငန်းစုတွေမှာ စီစဉ်ပေးမယ်ပြောတဲ့အပြင် အလုပ်သင်ကာလပြီးဆုံးရင် အလုပ်ရနိုင် ဖို့ အတွက် အခွင့်အလမ်းတွေဖန်တီးပေးသွားဖို့ ရှိပါတယ်” ဟု Kudos To You ၏ တည်ထောင်သူဦးကောင်း ငြိမ်းစိုး က ဆိုသည်။

ယင်း Kudos to you ၏ Followership သင်တန်းတွင် လုပ်ငန်းခွင်တစ်ခုဝင်ရောက်နိုင်ရန် လိုအပ် သည့် Sales, Marketing, Communication, Customer Service,Personal Grooming and Etiquettes, Admin, HR knowledge and Workplace Ethic စသော ဘာသာရပ်များကို နာရီ ၄၀ တိတိသင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

သင်တန်းတက်ရောက်ခွင့် ရရှိမည့်သူများအနေဖြင့် အနိမ့်ဆုံး တက္ကသိုလ်ဝင်တန်းတက်ရောက်ဖူးသူဖြစ်ရန် လိုကြောင်း၊ ဘဏ်လုပ်ငန်းနှင့် ငွေကြေးဆိုင်ရာဝန်ဆောင်မှူလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်လိုစိတ် ပြင်းပြ သည့် သင်ယူလိုစိတ်ရှိသော လူငယ်များလျှောက်ထားနိုင်ကြောင်း နှင့် လျှောက်ထားသူများအား လူတွေ့စစ်ဆေးရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
Yangon Times/PP
#Local_News
#Published_ 9 February 2024
#YMG_News #Yangon_Times #Yangon_Media_Group