Published 9 February 2024

ရန်ကုန်-မန္တလေးအမြန်လမ်း၌ SUZUKI ယာဥ်တစ်စီး နောက်ဘီးတာယာပွင့်၍  လမ်းလယ်ကျွန်းရှိ သစ်ပင်အား ဝင်ရောက်တိုက်မိပြီး လူ၁၀ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနှစ်ဦးမှာ စိုးရိမ်ရကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၉ရက်နေ့၊ နေ့လယ် ၂နာရီ  ၃၆မိနစ် အချိန်ခန့် က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊  မိုင်တိုင်အမှတ် (၇၀/၄)နှင့် (၇၀/၅) အကြားတွင် SUZUKI ERTIGA (အမျိုးအစား) အနက်ရောင်ယာဥ်သည် မောင်းနှင်နေစဉ် နောက်ဘီးတာယာပွင့်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ သစ်ပင်အား ဝင်ရောက်တိုက်မိကြောင်း သတင်းရရှိသဖြင့် ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဥ်ပေါ်ပါ ကျား (၁)ဦး၊ မ (၃)ဦး၊ ကလေး (၂) ဦး စုစုပေါင်း (၆)ဦးအနက် မ(၁)ဦးနှင့် ကလေး(၁)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ) ကျန် (၄) ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား ရဲတပ်ဖွဲ့ပိုင်ယာဥ်ဖြင့် မြို့ချောင်းဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 9 February 2024
#YMG_News #Yangon_Times #Yangon_Media_Group