Published 8 February 2024

နိုင်ငံခြားငွေဈေးကွက်သို့ ကန် ‌ဒေါ်လာ ၈ သန်း  ယနေ့ ထပ်မံထုတ်ရောင်းလိုက်ပြီးယခုနှစ် တစ်လကျော်ကာလအတွင်း  ဒေါ်လာ ၉၉ သန်းနီးပါးအထိ ရောင်းချပေးထားပြီးဖြစ်ကြောင်း  မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှသိရသည်။

သွင်းကုန်လုပ်ငန်းများ အဆင်ပြေစေရန် နိုင်ငံခြားငွေကြေးဈေးကွက်သို့ ဗဟိုဘက်က ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်ငွေတို့ကိုထုတ်ရောင်းပေးနေခြင်းဖြစ်ကာ ဇန်နဝါရီ ၁ ရက်တွင်ဒေါ်လာ ၁၂ ဒသမ ၉၃ သန်း၊ ဇန်နဝါရီ ၅ ရက်တွင် ဒေါ်လာ ၁၆ သန်း၊ ဇန်နဝါရီ ၁၅ ရက်တွင် ဒေါ်လာ ၁၅ သန်း၊ ဇန်နဝါရီ ၂၅ ရက်တွင် ဒေါ်လာ ၉ သန်း၊ ဇန်နဝါရီ ၂၆ ရက်တွင် ‌‌ဒေါ်လာ ၅ သန်း၊ ဇန်နဝါရီ ၂၉ ရက်တွင် ဒေါ်လာ ၉ သန်း၊ ဖေဖော်ဝါရီ ၁ ရက်တွင် ဒေါ်လာ ၁၃ သန်း၊ ဇန်နဝါရီ ၅ ရက်တွင် ဒေါ်လာ ၁၁ သန်းနှင့် ယနေ့ တွင် ဒေါ်လာ ၈ သန်း ထပ်မံထုတ်ရောင်းပေးခဲ့၍ တစ်လကျော်အတွင်း ကိုးကြိမ်ရောင်းချပေးခဲ့ပြီး စုစုပေါင်း ဒေါ်လာ ၉၈ ဒသမ ၉၃ သန်း ထုတ်ရောင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထို့အတူ ဇန်နဝါရီ ၁၉ ရက်တွင် ထိုင်းဘတ် သန်း ၅၀၊ ဇန်နဝါရီ ၂၅ ရက်တွင် ထိုင်းဘတ် သန်း ၂၀၀ နှင့် ဇန်နဝါရီ ၂၆ ရက်တွင် ထိုင်းဘတ် သန်း ၅၀ နှင့် ယနေ့တွင် ထိုင်းဘတ်သန်း ၂၀၀ ထပ်မံထုတ်ရောင်း၍ တစ်လတွင်း စုစုပေါင်း ထိုင်းဘတ်သန်း ၅၀၀ ထုတ်ရောင်းပေးခဲ့သလို ဇန်နဝါရီ ၁ ရက်တွင် အမေရိကန်ဒေါ်လာ ၄ သန်းနှင့်ညီမျှသော တရုတ်ယွမ်ငွေအား SWAP Facility (ကျပ်ငွေကို အပေါင်ယူပြီး ၎င်းနှင့်ညီမျှသော နိုင်ငံခြားငွေထုတ်ပေးခြင်း) စနစ်ဖြင့် ဗဟိုဘဏ်က ထုတ်‌ရောင်းပေးထားကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 8 February 2024
#YMG #Yangon_Times #Yangon_Media_Group