Published 14 November 2023
အထူးဒေသ (၄) မိုင်းလားသို့ ဖြတ်ပြီး တရုတ်နိုင်ငံ တာလော့ဂိတ်ကို ဖြတ်သန်းမည့် ပို့ကုန်/သွင်းကုန် ကုန်စည်များအတွက် အခွန်ထက်ဝက်လျှော့ပေးသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) အခွန်ဦးစီးဌာနမှအသိပေးထုတ်ပြန်ထားသည်။
လုပ်ငန်းရှင်များနှင့် ကုန်သည်များအား အထက်၏ ညွှန်ကြားချက်အရ အခွန်ဦးစီးဌာန အထူးဒေသ (၄) မိုင်းလား- တရုတ်နိုင်ငံ တာလော့စစ်ဆေးရေးဂိတ်၌ ဖြတ်သန်းသွားသည့် ကုန်စည်များကို အောက်ပါအတိုင်း အခွန်ယာယီလျှော့ပေါ့ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။
အဆိုပါထုတ်ပြန်ချက်တွင်တရုတ်နိုင်ငံ တာလော့စစ်ဆေးရေးဂိတ်မှတစ်ဆင့် မိမိတို့ဒေသကို ဖြတ်သန်း၍ ပြည်တွင်းသို့ တင်သွင်းမည့် ကုန်စည်ခွန်များကို ထက်ဝက်လျှော့ပေါ့ပေးမည်ဖြစ်ကြောင်း ၊အလားတူပြည်တွင်းမှတစ်ဆင့် မိမိတို့ဒေသကို ဖြတ်သန်း၍ တရုတ်နိုင်ငံ တာလော့စစ်ဆေးရေးဂိတ်သို့ တင်ပို့မည့်ကုန်စည်ခွန်များကို ထက်ဝက်လျှော့ပေါ့ပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အသိပေးကြေညာချက်သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှ စတင်အကျုံးဝင်မည်ဖြစ်ပြီး ပြောင်းလဲမှုရှိပါက ထပ်မံအသိပေးအကြောင်းကြားသွားမည်ဖြစ်ကြောင်း ၊ဤအသိပေးကြေညာချက်ထုတ်ပြန်သည့်နေ့မှစ၍ မိမိတို့ဌာနအနေဖြင့် အခြားသက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းပြီး အထက်ဖော်ပြပါ ကုန်စည်စည်းကြပ်ခွန် ယာယီလျှော့ပေါ့ခြင်းဆိုင်ရာ သတ်မှတ်ချက်ကိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အထက်ပါသတ်မှတ်ချက်နှင့်ပတ်သက်၍လည်း ရှင်းလင်းစွာသိရှိလိုပါက အခွန်ဦးစီးဌာနသို့ လာရောက်စုံစမ်းမေးမြန်းနိုင်ကြောင်း အသိပေးထားသည်။
ယင်းအပြင် သက်ဆိုင်ရာဌာနမှလည်း အခွန်ကောက်သည့်စနစ်ကို လွယ်ကူမြန်ဆန်စေရန် ဆောင်ရွက်ပေး၍ လုပ်ငန်းများထိရောက်မှုနှင့် ပွင့်လင်းမြင်သာမှုရှိစေရန် တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းမြောက်ဒေသတွင် တိုက်ပွဲများဖြစ်ပွားနေသောကြောင့် မြန်မာ-တရုတ်နယ်စပ် မူဆယ်ကုန်သွယ်ရေးစခန်းနှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းတို့ကို အောက်တိုဘာ ၂၇ ရက်မှစတင်၍ ပိတ်ထားခဲ့ခြင်းဖြစ်သည်။
လက်တလောတွင် တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့နေသည့် ပို့ကုန်လုပ်ငန်းအချို့သည် မန္တလေးမှ ရှမ်းမြောက်- ကျိုင်းတုံ- မိုင်းလားလမ်းကြောင်းမှ တင်ပို့ကာ မိုင်းလားတစ်ဖက်ကမ်းသို့တင်ပို့ရာတွင် တရုတ်ကားချိန်းပြီး ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း သိရသည်။
#Yangon_Times/NN
#Local_News
#Published_ 14 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published 14 November 2023
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကုန်းကြမ်းမြို့နယ်နှင့် လောက်ကိုင်မြို့နယ်တို့တွင် ည (၆) နာရီမှ မနက်(၆) နာရီအထိ ညမထွက်ရအမိန့် ကို နိုဝင်ဘာ၁၃ရက်က ထုတ်ပြန်ထားကြောင်းသိရသည်။
အဆိုပါ ဒေသကွပ်ကဲရေးမှူး၏ Martial Law အမိန့်ကို မလိုက်နာပါက အင်အားသုံး ဖမ်းဆီးကာ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်) မှ ထုတ်ပြန်ချက်အရ သိရသည်။
ကုန်းကြမ်းမြို့နယ်၊ လောက်ကိုင်မြို့နယ်တို့တွင် ည (၆)နာရီမှ နံနက် (၆)နာရီအထိ အမိန့်တစ်စုံတစ်ရာမရှိဘဲ လမ်းပေါ်တွင် သွားလားခြင်းမပြုရန်အပြင် လူ (၅)ဦးနှင့် လူ(၅)ဦးထက်ပို၍ ဖြစ်စေ လမ်းပေါ်တွင် စုဝေးခြင်း၊ လမ်းလျှောက်ခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ဟောပြောခြင်း၊ လှုံဆော်ခြင်း၊ ရုန်းရင်းဆန်ခတ်မှုပြုခြင်း၊ တုတ်၊ ဓ-ါး၊ လက်နက်နှင့် မီးလောင်စေတတ်သော အရာများ ကိုင်ဆောင်ခြင်းမပြုရန် လမ်းပေါ်တွင် လူစုလူဝေးဖြင့် အတားဆီးများပြုလုပ်ပြီး လမ်းပိတ်ခြင်း မပြုရန်လည်း တားမြစ်ထားသည်။
ထို့အပြင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသူများကိုလည်း မည်သည့်နည်းနှင့်မျှ မနှောင့်ယှက်ရန်၊ ဟန့်တားခြင်းမပြုရန်နှင့် အမိန့်မလိုက်နာသူများအား လုံခြုံရေးတာဝန် ထမ်းဆောင်နေသူများက အင်အားသုံး ဖမ်းဆီး၍ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း အသိပေးထားသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မြောက်ပိုင်း မဟာမိတ်အဖွဲ့များနှင့် ထိတွေ့မှုများ ပြင်းထန်နေသည့် မြို့နယ် (၈) ခုကို နိုဝင်ဘာ (၁၂) ရက်က စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာခဲ့ပြီး အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)၏ ဒေသကွတ်ကဲရေးမှူးတို့ကို စီမံအုပ်ချုပ်ခွင့် ပေးထားခြင်း ဖြစ်သည်။
အဆိုပါ မြို့နယ် (၈)ခုမှာ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်နယ် မြေအတွင်းရှိ ကွမ်းလုံ ၊ ကွတ်ခိုင် ၊ နမ့်ခမ်း၊ မူဆယ်၊ လားရှိူး၊ သိန္နီ ၊ လောက်ကိုင်နှင့် ကုန်းကြမ်းမြို့နယ်တို့ဖြစ်သည်။
#Yangon_Times/LW
#Local_News
#Published_ 14 November 2023
#YMG #Yangon_Times #Yangon_Media_Group

Published_ 14 November 2023
ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် အားကောင်းလာကာ နိုဝင်ဘာလ (၁၅)ရက်တွင်မုန်တိုင်းငယ်ဖြစ်လာမည်ဖြစ်ပြီး မုန်တိုင်းငယ်အရှိန်ကြောင့် ရန်ကုန်နှင့်မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများမိုးထစ်ချုန်းရွာသွန်းမည်ဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာလ(၁၅)ရက်တွင်ပဲခူးတိုင်း၊ ရန်ကုန်တိုင်း ၊ ဧရာဝတီတိုင်း ၊ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာနိုင်သည်ဟု ဆိုသည်။
နောက်နှစ်ရက်နိုဝင်ဘာလ(၁၆)ရက်အထိခန့်မှန်းချက်ကတော့ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊မန္တလေးတိုင်း ၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲမိုးထစ် ချုန်းရွာနိုင်ကြောင်းသိရသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်တွင်နိုဝင်ဘာလ(၁၅)ရက်မနက်ပိုင်းတွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ကြောင်းနှင့် ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 14 November 2023
#YMG #Yangon_Times #Yangon_Media_Group
မူဆယ်တွင် တရုတ်ဘက်မှ ရောင်းချပေးမှုကြောင့် စက်သုံးဆီပြတ်တောက်မှု မရှိဟုဆို
ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေကြောင့် လမ်းပန်းဆက်သွယ်ရေး ပိတ်နေပေမယ့် မူဆယ်မြို့ အတွင်းမှာတော့ တရုတ်ဘက်မှ ရောင်းချပေးနေတဲ့အတွက် စက်သုံးဆီပြတ်တောက်မှုမရှိဘူးလို့ မူဆယ်မြို့မှာရှိတဲ့ ပရဟိတအသင်းတွေထံက သိရပါတယ်။
#Yangon_Times/LW
#Local_News
#Published_ 14 November 2023
#YMG #Yangon_Times #Yangon_Media_Group
တန်ဆောင်တိုင်ပွဲတော်အတွက် တောင်ကြီးနှင့်ကလော၌ ဟိုတယ်ဘိုကင်များပြည့်နေ
" တောင်ကြီးကလောဟိုတယ်ခန်းတွေပြည့်နေပါပြီ။ ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်ဝန်းကျင်အချိန်လောက်ကထဲက နောက်တစ်လစာအတွက် ဘိုကင်တွေတင်ထားတာပါ 'မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းက ဦးနောင်းနောင်းဟန်က
#Yangon_Times/NN
#Local_News
#Published_ 14 November 2023
#YMG #Yangon_Times #Yangon_Media_Group
EV စင်းလုံးငှားတက်စီဖြင့် ရန်ကုန်မှဖျာပုံ၊ ချောင်းသာ၊ ငွေဆောင်တို့ကို သွားရောက်နိုင်
‘‘ ရန်ကုန်ကနေ ဖျာပုံကို EV စင်းလုံးငှားတက်စီနဲ့ သွားလိုပါက တစ်ဦးချင်းဈေးနှုန်းအဖြစ် ခေါင်းခန်းတစ်ဦးကို ၁၆၀၀၀ကျပ်၊ အလယ်ခန်းတစ်ဦးကို၁၃၀၀၀ကျပ်နဲ့ တစ်စီးလုံးငှားရမ်းခ ၅၅၀၀၀ ကျပ်ကုန်ကျမှာဖြစ်ပါတယ်။ ချောင်းသာ၊ငွေဆောင်တို့လည်း EVစင်းလုံးငှားသွားနိုင်တယ်’’
စွမ်းသူအောင် EVကားအရောင်း၊အငှားကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး
#Yangon_Times/tthl
#Local_News
#Published_ 14 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 14 November 2023
နယ်ဝေးမှတက္ကသိုလ်တက်နေရသူများအဆင်ပြေစေရန်အွန်လိုင်းမှ ကျောင်းဝင်ခွင့်မှတ်ပုံတင်နိုင်အောင်နှင့်မိုဘိုင်း Paymentဖြင့်ကျောင်းဝင်ကြေး၊ကျောင်းလခ၊စာမေးပွဲကြေးများသွင်းနိုင်အောင်စီစဉ်ဆောင်ရွက်နေကြောင်း ပညာရေးဝန်ကြီးဌာနမှသိရသည်။
ယင်းကဲ့သို့ဆောင်ရွက်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ပြီး အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးက “ ပညာရေးဝန်ကြီးဌာနရှိတက္ကသိုလ်(၅၀)မှကျောင်းသားဦးရေစုစုပေါင်း ငါးသိန်းကျော် ၊ပညာရေးဒီဂရီကောလိပ် (၂၅)ကျောင်းတွင်ကျောင်းသားဦးရေနှစ်သောင်းနီးပါးရှိကြောင်း၊အထူး သဖြင့်အဝေးသင်ကျောင်းသားအချို့မှာ နယ်ဝေးမှတက္ကသိုလ်သို့ လာရောက်ကျောင်းအပ်ရန်အခက်အခဲရှိကြောင်း ၊ထိုကြောင့် User-Friendly Online Platformတည်ဆောက်ပြီး တက္ကသိုလ်ကျောင်းသား၊ကျောင်းသူ Userများ အတွက် အဆင်ပြေချောမွေ့စွာအွန်လိုင်းမှ ကျောင်းဝင်မှတ်ပုံတင်ခြင်းပြုလုပ်ကာကျောင်းဝင်ကြေး၊ကျောင်းလခ၊ စာမေးပွဲကြေးများကိုOnline၊ Mobile Paymentစနစ်ဖြင့်ပေးသွင်းနိုင်သည့်စနစ် ကျင့်သုံးနိုင်ရေး ပူးပေါင်းဆောင်ရွက် သွားကြရန်လိုကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးနှင့် ပညာရေး ဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ မြန်မာ့စီးပွား ရေးဘဏ်(ရုံးချုပ်)အထွေထွေမန်နေဂျာ၊ကမ္ဘောဇဘဏ်၊ ဧရာဝတီ ဘဏ်၊CBဘဏ်၊ယူနိုက်တက်အမရာဘဏ်၊ Telecom International Myanmarတို့မှအကြီးအကဲနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့သည်။
ဘဏ်အကြီးအကဲများက ပူးပေါင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများကိုဆွေးနွေးခဲ့ကြပြီး မကြာမီဦးစီးကော်မတီနှင့် လုပ်ငန်းအဖွဲ့များဖွဲ့စည်း၍ရှေ့ပြေးစီမံကိန်းများအကောင်အထည်ဖော်သွားကြရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 14 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 14 November 2023
ရန်ကုန်မြိုပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် လိုအပ်ပါက စက်သုံးဆီများကို လိုအပ်သလို အချိန်မီ ဖြည့်ဆည်းပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။
ရန်ကုန်မြိုပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် (၁၄၆) ဆိုင်ရှိသည့်အနက် အရောင်းဆိုင် အချို၌ ပုံမှန်ထက် စက်သုံးဆီဝယ်ယူမှု ပိုမိုမြင့်မားလာခဲ့တာကြောင့် စက်သုံးဆီများ ဖြည့်တင်းပေးခဲ့ရတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ် ရေးကော်မတီမှ သိရပါတယ်။
ရန်ကုန်သီလဝါ ဆိပ်ကမ်းဒေသရှိ Terminal များမှ ယင်းစက်သုံးဆီ အရောင်းဆိုင် များသို နိုဝင်ဘာ (၁၁) ရက်တွင် ဆီတင်ယာဉ် (၃၃၄) စီးဖြင့် 92 Ron ဂါလန်လေးသိန်း ကျော်၊ 95 Ron ဂါလန်တစ်သိန်းကျော်၊ ဒီဇယ်ဆီ ဂါလန် တစ်သိန်းခုနစ်သောင်းကျော်နှင့် ပရီမီယမ်ဒီဇယ်ဆီ ဂါလန်နှစ်သိန်းခုနစ်သောင်းကျော် ဖြည့်တင်းပေးခဲ့ပါတယ်။
နိုဝင်ဘာ ၁၂ ရက်မှာတော့ ဆီတင်ယာဉ် (၂၆၈) စီး ဖြင့် 92 Ron ဂါလန် သုံးသိန်း ကျော်၊ 95 Ron ဂါလန် ခုနစ်သောင်းခွဲကျော်၊ ဒီဇယ်ဆီ ဂါလန်တစ်သိန်းလေးသောင်းကျော်၊ ပရီမီယမ်ဒီဇယ်ဆီ ဂါလန်နှစ်သိန်းသုံးသောင်းကျော် ဖြည့်တင်းပေးခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁၃ ရက်မှစ၍ ယင်းအရောင်းဆိုင်မျာ၌ စက်သုံးဆီလာရောက် ဝယ်ယူမှုမှာ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာပြီး လိုအပ်သော စက်သုံးဆီများကို လိုအပ်သလို ဝယ်ယူနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။
#ymg_mnn #Yangon_Times
#Local_News
#Published_ 14 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published 14 November 2023
မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့နယ်မှ သမိုင်းဝင်မန်းရွှေစက်တော်ဘုရားကြီး တွင် လာမည့် ပွဲတော် ရာသီ အမီ ဘုရားဖူး ပြည်သူများ အတွက် တိုးချဲ့ ပြင်ဆင် မှုတွေ ပြုလုပ်နေကြောင်း ရွှေစက်တော်ဂေါပကအဖွဲ့ထံမှ သိရသည်။
ဘုရားဝန်းအတွင်း ရှိ ကိုးခန်းကြီး၊ နှစ်ကျိပ်ရှစ်ဆူဘုရား၊ အထက်စက်တော်ရာအတက် စောင်းတန်းနှင့် မုခ်ဦး၊ အောက်စက်တော်ရာရင်ပြင်နှင့် နဂါးရေအိုင်များ ပြင်ဆင်၍ တိုင်လုံးများနှင့် ဘုံခုနစ်ဆင့်မှ ပန်းချီ၊ ပန်းပု၊ ဗိသုကာလက်ရာများကို ရှေးမူလက်ရာအတိုင်း အဆင့်မြှင့်တင်ပြင်ဆင်ခြင်းများနှင့် ဘုရားအဝင် သုံးမိုင်လမ်းတွင် တံတားနှစ်စင်း တိုးချဲ့ဆောက်လုပ်ခြင်း၊ အရိပ်ရသစ်ပင်စိုက်ပျိုးခြင်းနှင့် Flower Box များ ထားရှိခြင်းများကို ဘုရားပွဲတော်ရာသီအမီ တိုးချဲ့ပြင်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ အဆင့်မြှင့်တင်ထားရှိခြင်းကြောင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များ မျက်စိပသာဒ အေးချမ်းစွာဖြင့် ကြည်ညိုသဒ္ဓါပွားနိုင်ခြင်း၊ ကြယ်လိပ်နှင့် ရွှေသမင်များ ကြည့်ရှုလေ့လာနိုင်ခြင်း၊ ဆင်စခန်းမှ ဆင်များစီး၍ အပန်းဖြေခြင်းများအပြင် မန်းချောင်းအတွင်းမှ အပျော်စီးလှေများစီး၍ စိတ်အေးချမ်းပျော်ရွှင်စွာ တည်းကျောင်းများတွင် တည်းခိုကာ အထက် စက်တော်ရာနှင့်အောက်စက်တော်ရာ ပါဒစေတီတော်နှစ်ဆူအား ဖူးမြော်ကြည်ညိုနိုင်မည် ဖြစ်ကြောင်း သိရသည်။
မန်းရွှေစက်တော် ဘုရား ပွဲတော်ကို တပို့တွဲလ ဆန်း ၅ရက်မှ မြန်မာ့နှစ်ဆန်း ၁ရက် နေ့ အထိ ကျင်းပ ပြီး ပြီးခဲ့သည့် နှစ်ပွဲတော်ကာလ က ဘုရားဖူးဧည့်သည် ၄၈၈၇၇၃ ဦးအထိ ဝင်ရောက်ဖူးမြော်ခဲ့ကြကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 14 November 2023
#YMG #Yangon_Times #Yangon_Media_Group
#World_Health
Published 14 November 2023
နေ့စဥ်အိမ်မှုကိစ္စများ ပြုလုပ်ခြင်းဖြင့် ၅၀၀ ကယ်လိုရီခန့် လောင်ကျွမ်းနိုင်ပြီး ကိုယ်အလေးချိန်ထိန်းသိမ်းရာမှာ အထောက်အကူ ဖြစ်စေနိုင်ကြောင်း ပညာရှင်များက အခိုင်အမာ ဆိုလိုက်ပါတယ်။
ပထမတစ်ရက်မှာ အဝတ်သိမ်း ဖုန်သုတ်၊ နောက်နေ့မှာ ရေချိုးခန်းသန့်ရှင်း၊ နောက်တစ်ရက်မှာ ကြမ်းပြင်ဖုန်သုတ်ခြင်းတို့ ပြုလုပ်နိုင်တယ်လို့ မယ်ရီလန်းတက္ကသိုလ်မှ ပရော်ဖက်ဆာ ဒက်စတန်မောရစ်က အကြံပြုသွားပါတယ်။
၂၀၁၉ နော်ဝေး အားကစားသိပ္ပံကျောင်းမှ လေ့လာချက်အရ လမ်းလျှောက်ခြင်း၊ ကြမ်းတိုက်ခြင်း၊ ခြံပျိုးခြင်းစတဲ့ လှုပ်ရှားမှုများ ပြုလုပ်ခြင်းဖြင့် စောစီးစွာ အသက်ဆုံးပါးနိုင်ခြေကိုပါ လျှော့ချပေးတယ်လို့ သိရပါတယ်။
(၁) ဖုန်သုတ်ခြင်း
အမြင့်နေရာတွေကို ဖုန်သုတ်တဲ့အခါ လက်တွေ ပခုံးတွေ လှုပ်ရှားရပြီး ထိုင်လိုက်ထလိုက် ပြုလုပ်ခြင်းဖြင့် ကယ်လိုရီတွေ လောင်ကျွမ်းစေပါတယ်။
ဖုန်သုတ်ရင်း ဘေးသို့ခြေထောက်မြှောက်တာကလည်း ထိရောက်မှုရှိပြီး လက်တစ်ဖက်တည်းဖြင့် မလုပ်ဘဲ အလှည့်ကျပြုလုပ်သင့်ပါတယ်။
(၂) ရေချိုးခန်းကြမ်းတိုက်ခြင်း
ရေချိုးခန်း၊ ကြွေပြား၊ ရေစိမ်ကန်၊ မှန်၊ စားပွဲခုံ၊ အိမ်သာထိုင်ခုံတို့ကို သန့်ရှင်းရေးလုပ်တာဟာ လက်၊ ကျော၊ ပခုံးစတဲ့ ကြွက်သားတွေကို လှုပ်ရှားစေပါတယ်။
ခြေထောက်ကိုခွပြီး ကြမ်းတိုက်ခြင်းဖြင့် ၁၀၀ ကယ်လိုရီခန့် လောင်ကျွမ်းနိုင်ပါတယ်။
(၃) မီးဖိုချောင်သန့်ရှင်းခြင်း
မီးဖိုချောင်မှာ မတ်တပ်ရပ်လိုက် ကုန်းလိုက် သန့်ရှင်းလုပ်ခြင်းဖြင့် အားအင်တွေကို အသုံးပြုရပါတယ်။
(၄) အဝတ်ခေါက်သိမ်းခြင်း
အဝတ်ခေါက်သိမ်းရတာဟာ အလွန်ပျင်းစရာကောင်းပေမယ့် နှလုံးကို အလုပ်လုပ်စေပါတယ်။
အိပ်ရာခင်းတွေသိမ်းရာမှာ ခန္ဓာကိုယ်ကို ရှေ့သို့စောင်းပြီးလုပ်ရတဲ့အတွက် ဒိုက်ထိုးသကဲ့သို့ အကျိုးကျေးဇူးရစေပါတယ်။
(၅) ကြမ်းပြင်သန့်ရှင်းခြင်း
ကြမ်းပြင်ကို ဖုန်စုပ်စက်၊ အဝတ်စတာတွေနဲ့ သန့်ရှင်းရေး ပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်ကို ကြံ့ခိုင်သွယ်လျစေပါတယ်။
ခန္ဓာကိုယ်ရဲ့ ထောက်တိုင်ကြွက်သားတွေကို လှုပ်ရှားစေပြီး ပရိဘောဂပစ္စည်းတွေကို ရွှေ့ပြောင်းခြင်းကလည်း လက်မောင်းရှေ့၊ လက်မောင်းနောက်၊ ရင်ဘတ်၊ ကျောဘက်မှ ကြွက်သားတွေ ပါဝင်လှုပ်ရှားရပါတယ်။
ဒါကြောင့် အိမ်မှုကိစ္စပြုလုပ်ရင်း ကယ်လိုရီလောင်ကျွမ်းစေတဲ့အပြင် ကျန်းမာရေးကို မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။




#World_Health ##အိမ်မှုကိစ္စသန့်ရှင်းရေး #(၅၀၀)ကယ်လိုရီခန့်လောင်ကျွမ်း #Source: New York Post
Published 14 November 2023
ထိုင်းနိုင်ငံ ရယောင်ခရိုင် နိုခုမ်ဖတ်ထနာ မြို့ ဖနာနိခုမ်ကျေးရွာ အုပ်စု ၅ တွင် အလုပ်ရှင်မှ စွန်ပစ်ခဲ့သည့် ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ မြန်မာ အလုပ်သမား ၁၈၀ ဦး ကို ထိုင်းအလုပ်သမားရေးရာဌာန များနှင့် လူဝင်မှုကြီးကြပ်ရေးဌာနတို့ အပါအဝင် ထိုင်းလူမှုရေး အဖွဲ့အစည်းများ က ကူညီပေးနေကြောင်း ထိုင်းသတင်းဌာနများ၏ ဖေါ်ပြချက် အရ သိရသည်။
အဆိုပါ မြန်မာ အလုပ်သမား ၁၈၀ ဦးသည် ယင်းမြို့နယ် ရှိ ပုဂ္ဂလိက စက်မှုဇုန် တွင် အလုပ်လုပ်နေသည့် ဆောက်လုပ်ရေးလုပ်သားများ ဖြစ်ကာ အလုပ်ရှင်မှ လုပ်အားခမပေးသည်မှာ နှစ်လနီးပါး ရှိပြီ ဖြစ်ပြီး အလုပ်ရှင်မှ စွန့်ပစ်သွားသောကြောင့် စားသောက်နေထိုင်ရေး အခက်ခဲ ဖြစ်နေကြောင်း သိရသည်။
'' လုပ်အားခ မရတာလဲ နှစ်လ နီးပါး ရှိပြီ အလုပ်ရှင်ကလည်း စွန့် ပစ်သွားတော့ စားသောက်နေထိုင်ရေး ခက်ခဲ ပြီး ပီလောပီနံဥ တူးစားနေရတယ်၊ကန်စွန်းရွက်ခူးစားနေရတာ ကို ထိုင်းလူမျိုးရွာခံတွေ မြင်တော့ သနားလို့ သူတို့လည်းတတ်နိုင်သလောက် ကူညီပေးတယ်၊သက်ဆိုင်ရာဌာန တွေကိုလဲ အကူညီတောင်းပေးတယ်၊ နိုဝင်ဘာ ၁၃ ရက်မှာတော့ ထိုင်းအာဏပိုင်တွေ လာပြီး ကူညီဆောင်ရွက်ပေးနေပါတယ်''ဟု ထိုင်းနိုင်ငံ ရှိ မြန်မာအလုပ်သမား တစ်ဦးကပြောသည်။
ယခု မြန်မာ အလုပ်သမား ၁၈၀ ဦးသည် အထောက်အထား အမှန်ကန် ရှိသည့် လုပ်သားများ ဖြစ်ကာ ထိုင်းအလုပ်ရှင်မှ ပေးရမည့် လုပ်အား ခ ဘတ်၃ သန်းခန့် ကို လည်း လာရောက် ပေးချေရန် ထိုင်းအာဏပိုင်များ က ညှိနှိုင်းဆောင်ရွက်ပေးနေကြောင်း သိရသည်။
မြန်မာ အလုပ်သမား များ အတွက် အရေးပေါ် လိုအပ်နေသည့် လိုအပ်ချက်များ ကို ရယောင်ခရိုင် လူမှုဖွံဖြိုးရေးနှင့် လူသားလုံခြုံရေးဌာန က ထမင်းနှင့်ဆန်ရိက္ခာခြောက်များ ကို အလုပ်သမား များ ကို ကူညီပေးခဲ့ကြောင်း သိရသည်။
နိခုမ်ဖတ်ထနာ မြို့ရှိ တာဝန်ရှိ ရဲများ က အလုပ်သမား များ နေထိုင်သည့် နေရာများ သည် ကျန်းမာရေးနှင့် ညီညွတ်မှု မရှိသဖြင့် ပြည်သူ့ ကျန်းမာရေး ဥပဒေနှင့် အညီဆောင်ရွက်ပေးဖို့ ယခင်က သတိပေးခဲ့သော်လည်း လိုက်နာဆောင်ရွက် ခြင်း မရှိသည် ကို တွေ့ရသဖြင့် မြေနေရာ ဌားပေးသည့် မြေပိုင်ရှင် ကို ပြည်သူ့ ကျန်းမာရေးဥပဒေဖြင့် တရားစွဲရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း ထိုင်းသတင်းဌာန ဖေါ်ပြထားသည်။
#Yangon_Times/LW
#Local_News
#အလုပ်ရှင်စွန့်ပစ်ခဲ့သည့်မြန်မာအလုပ်သမား #ထိုင်းအလုပ်ရှင်
#YMG #Yangon_Times #Yangon_Media_Group

Page 988 of 2004