Published 5 February 2024

  ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ အလုပ်သမား ၁၃ ဦး နှင့်ယာဉ်မောင်းသူ ထိုင်းအမျိုးသား ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာန များ၏ ဖေါ်ပြချက်အရ သိရသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ ညက ထိုင်းနိုင်ငံ နခေါ(န်)စဝမ်ခရိုင် သာခလီမြို့ စွယ့်ထော(င်)ကျေးရွာအနီး တွင် ထိုင်းလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 အဆိုပါ အလုပ်သမားများ ကို ချင်ရိုင်ခရိုင် မယ့်ဆိုင်မြို့ မှ တင်ဆောင်လာပြီး ပို့ဆောင်ခ ၂၀၀၀ ဘတ်ရရှိကြောင်းယာဉ်မောင်း ဖြစ်သူ၏ ထွက်ဆိုချက်အရသိရသည်။

   ထို့ပြင် မြန်မာ အလုပ်သမား များက ပွဲစားခ အဖြစ် ထိုင်း ဘတ်ငွေ တစ်ဦး ကိုဘတ် ၁၀၀၀၀ ပေးရ​ေကြာင်း ထွက်ဆိုခဲ့တယ်လို့ သိရသည်။

ဖမ်းဆီးရမိသူများ အားလုံးကို ဥပဒေအတိုင်းဆက်လက်ဆောင်ရွက်ရန် သာခလီရဲစခန်းကို ပို့ဆောင်ထားကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 5 February 2024
#YMG #Yangon_Times #Yangon_Media_Group