Published 5 February 2024

 ကရင်ပြည်နယ်၊ မြဝတီမြို့ကနေ လိပ် ၂၈ ကောင်ယူဆောင်လာပြီး မဲဆောက်ဘက်ကိုဝင်ရောက်လာသည့်  မြန်မာ အမျိုးသမီးတစ်ဦးကို ထိုင်းစစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းဌာန များ၏ ဖေါ်ပြချက်အရသိရသည်။

 ဖေဖော်ဝါရီလ ၃ ရက် မနက် ၁၁ နာရီအချိန်ခန့်က မဲဆောက်မြို့နယ်၊ ထာ့ဆိုင်လွှက်ကျေးရွာထဲ မြေဆီအိပ်တစ်လုံးနှင့်ဝင်ရောက်လာသည့် မြန်မာအမျိုးတစ်ဦးကို ထိုင်းစစ်တပ်က ခေါ်ယူစစ်ဆေးခဲ့ရာ မှ အဖမ်းခံရခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ဆေးချက်အရ မဲဆောက်မြို့ တွင် လိပ် တစ်ကောင်ကို ဘတ်ငွေ ၁၅၀ နှင့် ရောင်းချရန် အတွက် ယင်း လိပ်(၂၈)ကောင်ကို မြဝတီမြို့ကနေ ယူဆောင်လာတာဖြစ်ကြောင်း သိရသည်။

လိပ်များ ကို  မြန်မာနိုင်ငံသား ကရင်တိုင်းရင်းသူ  မှ မြေဆီအိပ်ထဲတွင်  အိပ်အသေး ၆ လုံးနှင့် ထည့်ထားကာ မဲဆောက်ဘက်ကို ယူဆောင် လာခြင်း ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိသူ ကို ဥပဒေအရ အရေးယူဆောင်ရွက်ရန် သက်သေခံ လိပ်(၂၈)ကောင်နဲ့အတူ မဲဆောက်ရဲစခန်းကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 5 February 2024
#YMG #Yangon_Times #Yangon_Media_Group