Published_ 5 February 2024

ယခုအပတ်တွင် စားအုန်းဆီရည်ညွှန်းဈေး ကျပ် ၅၂၇၅သတ်မှတ်ထားကြောင်း စားသုံးသူရေးရာဦးစီးဌာနမှသိရသည်။

ပြီးခဲ့သည့် အပတ်တုန်းက (၅၃၈၀)ကျပ်သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး  ယခုအပတ်တွင် စားအုန်းဆီရည်ညွှန်းဈေး ကျပ် ၅၂၇၅သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများ အရ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ၁၂ အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၅၂၇၅ ကျပ် ဖြင့်ရောင်းချရမည်ဟုထုတ်ပြန်ထားသည်။

ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားကြောင်းသိရသည်။
Yangon Times/tthl
#Local_News
#Published_ 5 February 2024
#YMG #Yangon_Times #Yangon_Media_Group