Published 5 February 2024

စတုတ္ထအကြိမ် သီတဂူစက္ခုဒါန-သီတဂူမျက်စိအလှူတော်ပြုလုပ်နေပြီးစာရင်းပေးကုသသူများပြားနေ ကြောင်း သီတဂူစက္ခုဒါနဆေးရုံမှသိရသည်။

အဆိုပါ စတုတ္ထအကြိမ် သီတဂူစက္ခုဒါန-သီတဂူမျက်စိအလှူတော် အစီအစဉ်ကို ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ သီတဂူဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)၌ သီတဂူအဖွဲ့မှ ပေးလှူကုသနေပြီး စာရင်းပေးသူ ၁၆၀၀ ကျော်ကို ဖေဖော်ဝါရီ  ၂ရက်မှ ၈ ရက်အထိ ခွဲစိတ်ကုသပေးနေကြောင်း သိရသည် ။

ထိုသို့ ကုသရာတွင်  နေ့စဥ် ၃၅၀ နှုန်းဖြင့် ကြည့်ရှုစစ်ဆေးရန် ပြင်ဆင်ထားသော်လည်း  စတင်ခွဲစိတ်ကုသသည့်  ဖေဖော်ဝါရီ ၂ ရက်တွင်  လူနာ ၄၄၁ ဦး စစ်ဆေးခဲ့ကာလူနာ ၂၀၁ ဦးမျက်စိခွဲစိတ်ခဲ့ခြင်းနှင့်  လူနာတစ်ဦးကိုမူမျက်ခွံချုပ်ခဲ့ရကြောင်းသိရသည်။

ထို့အတူ ဖေဖော်ဝါရီ ၃ ရက်၌  ၄၇၃ ဦး စစ်ဆေးခဲ့ကာ  လူနာ ၁၆၅ ဦး ခွဲစိတ်ကုသပေးခဲ့ရကြောင်းသိရသည်။

၎င်းအပြင်  စာရင်းပေးသွင်းထားသူ ၁၆၀၀ ကျော်ကို သီတဂူဆရာတော်ကြီးကိုယ်တိုင် ကြီးကြပ်ကုသပေးနေပြီး စာရင်းပေးသူများပြားတာကြောင့် စတုတ္ထအကြိမ်မှာ ကုသခွင့်မရသူများမှာ ပဥ္စမအကြိမ်၌ စာရင်းပေးသွင်းကုသနိုင်မည်ဖြစ်ကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 5 February 2024
#YMG #Yangon_Times #Yangon_Media_Group