မြန်မာဝူရှုးအားကစားမယ်တစ်ဦးဖြစ်တဲ့ စန္ဒီဦးဟာ ဝူရှုးအားကစားကို လိုက်စားလာခဲ့တာ ဆယ်စုနှစ် (၂)စုကျော်ကြာခဲ့ပါပြီ။ အခု သူမဟာ ၁၉ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရှင်ဖြစ်ဖို့ မျှော်မှန်းနေပါတယ်။စန္ဒီဦးဟာ ကစားပွဲများစွာ ကစားခဲ့တဲ့ အတွေ့အကြုံရှိတဲ့ အားကစားသမားတစ်ဦးပါ။ သူမဟာ အာရှအားကစားပြိုင်ပွဲရဲ့ ဝူရှုးပြိုင်ပွဲတွေ မှာ မြန်မာနိုင်ငံအတွက် ဆုတံဆိပ်တွေ ကိုယ်စားယူပေးပါလိမ့်မယ်။
၂၃ စက်တင်ဘာ ၂၀၂၃
ထိုင်းဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး ဆရက်သာ သာဗီဆင်းက ထိုင်းနိုင်ငံအနေနှင့် လူ့အခွင့်အရေး အရေးကြီးတာကို အလေးအနက်ထားပြီး နိုင်ငံထဲမှာရှိတဲ့ မြန်မာဒုက္ခသည်တွေကို အကောင်းဆုံးစောင့်ရှောက်နေပါတယ်လို့ ထုတ်ဖော်ပြောကြားပါတယ်။
မစ္စတာ ဆရက်သာက ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်နှင့် ကုလရုံးချုပ်မှာ တွေ့ဆုံအပြီး သတင်းထောက်တွေနှင့်တွေ့ဆုံရာမှာ အဲသလိုပြောကြားခဲ့တာလို့ ဘန်ကောက်ပို့စ်မှာ သတင်းဖော်ပြထားပါတယ်။
သူဟာ ကုလသမဂ္ဂ ၇၈ကြိမ်မြောက် အထွေထွေညီလာခံတက်ရောက်နေတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံအနေနှင့် လူ့အခွင့်အရေး အရေးကြီးမှုကို ဦးစားပေးပြီး ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးမှုတွေကို ထောက်ခံတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံဟာ ဒုက္ခသည်တွေကို ကူညီပေးခဲ့ပြီး အိမ်နီးချင်းနိုင်ငံတွေရဲ့ ပြည်တွင်းရေး ပဋိပက္ခတွေမှာ ဝင်ရောက်ပတ်သက်မှာမဟုတ်ဘူးလို့လည်းပြောပါတယ်။
ကုလအတွင်းရေးမှူးချုပ်ကလည်း သူ့ကို စိုးရိမ်ပူပန်ကြောင်းပြောခဲ့ပြီး ထိုင်းအနေနှင့် သူ့ရဲ့ အရေးတကြီးသတင်းစကားဖြစ်တဲ့ ဒုက္ခသည်တွေကို စောင့်ရှောက်ဖို့ဆိုတာကို ယူဆောင်သွားမှာပါလို့လည်းဆိုပါတယ်။
ရှေ့သို့ချီပါတီMFP ရဲ့ အမတ်တစ်ဦးဖြစ်တဲ့ ချူလာပွန်ယူကိတ်က ရှမ်းပြည်နယ်မငြိမ်မသက်မှုရဲ့ ရိုက်ခတ်မှုခံစားရတဲ့ မြန်မာတွေကို ကူညီဖို့ အစားအစာတွေ၊ဆေးဝါးတွေနှင့် အခြားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးချင်နေကြတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို ကူညီဖို့ အစိုးရကို သောကြာနေ့ကတောင်းဆိုထားပါသေးတယ်။
Published_ 23 September 2023
စင်္ကာပူနိုင်ငံ ချန်ဂီလေဆိပ်ဟာ ၂၀၂၄ မှစတင်ပြီး စက်စနစ်လူဝင်မှုကြီးကြပ်ရေး ဖြတ်သန်းမှုစနစ်ကို အသုံးပြုကာ ပတ်စ်ပို့ကင်းလွတ်ခွင့်ဖြင့် သွားလာနိုင်ရန် စီစဥ်နေကြောင်း CNN မှ ဖော်ပြခဲ့ပါတယ်။
မျက်နှာမှတ်သားစနစ် အချက်အလက်များကိုသာ အသုံးပြုပြီး စင်္ကာပူကနေ ခရီးသည်တွေ ပတ်စ်ပို့မလိုအပ်ဘဲ ထွက်ခွာလို့ရမယ့် စက်စနစ် လူဝင်မှုကြီးကြပ်ရေး ဖြတ်သန်းမှုကို စတင်အသုံးပြုသွားမှာ ဖြစ်ပါတယ်။
ထိုကြေညာချက်ကို စင်္ကာပူ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဂျိုဆက်ဖင်းထယ်အိုက တနင်္လာနေ့က ပါလီမန်အစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပြီး နိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေ ပြောင်းလဲမှုအများအပြား အတည်ပြုနိုင်ခဲ့ပါတယ်။
ပတ်စ်ပို့မလိုအပ်သည့် စက်စနစ် လူဝင်မှုကြီးကြပ်ရေး ဖြတ်သန်းမှုကို စတင်မိတ်ဆက်မယ့် ကမ္ဘာ့နိုင်ငံအနည်းစုထဲမှာ စင်္ကာပူအပါအဝင် ဖြစ်လာလိမ့်မယ်လို့ ပြောကြားသွားပါတယ်။
မျက်နှာမှတ်သားခြင်း ဆော့ဖ်ဝဲစနစ်ဖြင့် ဘိုင်အိုမက်ထရစ်နည်းပညာကို ချန်ဂီလေဆိပ် လူဝင်မှုကြီးကြပ်ရေး စစ်ဆေးရေးဂိတ်များရှိ အချို့လမ်းကြောင်းတွေမှာ အတိုင်းအတာတစ်ခုအထိ အသုံးပြုနေပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ ယခုပြောင်းလဲချက်များအရ ခရီးသည်များဟာ စစ်ဆေးရေးဂိတ်တွေမှာ သွားလာရေး မှတ်တမ်းများ အကြိမ်ကြိမ်ပြသနေစရာ မလိုအပ်တော့ဘဲ ပိုမိုလွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ ထယ်အိုက ဆိုခဲ့ပါတယ်။
ခရီးဆောင်အိတ် တင်ချရေးနေရာကစလို့ လူဝင်မှုကြီးကြပ်ရေး ဖြတ်သန်းခွင့်နေရာများ၊ လေယာဥ်ပေါ်တက်သည်အထိ စက်စနစ်စစ်ဆေးရေးနေရာများမှာ မျက်နှာမှတ်သားစနစ်ဖြင့် ဖြတ်သန်းခွင့်အမှတ်အသား ပြုလုပ်ပေးလိုက်မှာ ဖြစ်ပါတယ်။
ပတ်စ်ပို့ကင်းလွတ်ဖြတ်သန်းမှု မရှိသေးတဲ့ ပြင်ပနိုင်ငံများမှာတော့ ပတ်စ်ပို့လိုအပ်နေဦးမှာ ဖြစ်ပါတယ်။
စင်္ကာပူမှ ချန်ဂီလေဆိပ်ဟာ ကမ္ဘာ့အကောင်းဆုံး လေဆိပ်အဖြစ် မကြာခဏ သတ်မှတ်ခံရသလို အသွားအလာ အများဆုံးလေဆိပ်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။
လေဆိပ်ထဲမှာပဲ ဆိုက်ရောက်ရာနေရာတစ်ခု ရှိသလို အဆောက်အအုံဂိတ် ၄ ခုရှိပါတယ်။
ခရီးသည်များပြားလာတာနဲ့ ကိုက်ညီမှုရှိစေဖို့ နောက်ထပ်အဆောက်အအုံဂိတ်တစ်ခုကို တိုးချဲ့သွားဖို့ စီစဥ်ထားပါတယ်။
ချန်ဂီလေဆိပ်က ကိုဗစ်မတိုင်မီကာလကလိုမျိုး ခရီးသည်အများအပြားနဲ့ လေကြောင်းခရီးစဥ်များ ရရှိရန် ရည်ရွယ်ထားပြီး မကြာမီအသုံးပြုမယ့် မျက်နှာမှတ်သားစနစ်ဖြင့် ခရီးသည် ပိုမိုလွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။
‘’ကျွန်မတို့ရဲ့ လူဝင်မှုကြီးကြပ်ရေးစနစ်က များပြားလှသော ခရီးသည်များ လွယ်ကူချောမွေ့စွာ သွားလာနိုင်ရေး ဖြစ်စေရန်နဲ့ လုံခြုံဘေးကင်းစိတ်ချစွာဖြင့် ဖြတ်သန်းခွင့်ရရှိရန် ဆောင်ရွက်နိုင်ရမှာ ဖြစ်ပါတယ်’’ လို့ ပြောပြသွားပါတယ်။
Source: NDTV
#World_News
#YMG #Yangon_Times #Yangon_Media_Group
Published 23 September 2023
လင်းနို့တွေမှာ ကင်ဆာကုသနိုင်တဲ့ အရေးကြီးလျှို့ဝှက်ချက်များ ရှိနေနိုင်တယ်လို့ လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။
လင်းနို့တွေရဲ့ လျင်မြန်စွာ ဆင့်ကဲပြောင်းလဲလာခြင်းက ရောဂါကူးစက်မှုတွေကို လက်ခံပြီး ရှင်သန်နိုင်စွမ်းရှိသလို ကင်ဆာကင်းဝေးစေနိုင်တဲ့ အကြောင်းအရင်းများကို သုတေသနမှာ ရှင်းလင်းထားပါတယ်။
ဂျမေကာလင်းနို့နဲ့ မီဆိုအမေရိကန်လင်းနို့တို့ကို လေ့လာခဲ့ကြပြီး Genome Biology and Evolution ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
လင်းနို့မျိုးကွဲ အမျိုးမျိုးနဲ့ အခြားနို့တိုက်သတ္တဝါများရဲ့ မျိုးရိုးဗီဇ တည်ဆောက်ပုံများကို နှိုင်းယှဥ်ခဲ့ပါတယ်။
လင်းနို့တွေမှာ မျိုးရိုးဗီဇ လိုက်လျောညီထွေဖြစ်တာမျိုး သိသိသာသာများနေပြီး ကင်ဆာနဲ့ ဆက်စပ်တာမျိုးက ၄၆ မျိုး ပါဝင်နေတာကို တွေ့ရှိခဲ့ကြပါတယ်။
လင်းနို့တွေရဲ့ မျိုးရိုးဗီဇ အချက်အလက်တွေကို နို့တိုက်သတ္တဝါတွေနဲ့ နှိုင်းယှဥ်ပြီး ဗိုင်းရပ်စ်သတ်ခြင်းနဲ့ ကင်ဆာဆန့်ကျင်ခြင်းနဲ့ဆိုင်တဲ့ မျိုးရိုးဗီဇတွေမှာ ထူးခြားစွာ လိုက်လျောညီထွေ ဖြစ်သွားတာတွေကို ဆက်လက်လေ့လာခဲ့တယ်လို့ အမေရိကန်မှ ဒေါက်တာအာမင်ရှာဘင်က ပြောပြခဲ့ပါတယ်။
ဒီလေ့လာမှုတွေဟာ လင်းနို့တွေရဲ့ ထူးခြားတဲ့ဇီဝဖြစ်စဥ်ကနေ လူသားတွေမှာ ကင်ဆာလိုမျိုးရောဂါတွေ ကုသဖို့ အခွင့်အလမ်းတွေ သိရှိလာစေရန် ပထမခြေလှမ်းဖြစ်တယ်လို့ ပြောကြားသွားပါတယ်။
Source: The Sun.
#World_Science
#YMG #Yangon_Times #Yangon_Media_Group
Published_ 23 September 2023
ပြီးခဲ့တဲ့ နှစ် ၄၀ အတွင်း တစ်ကမ္ဘာလုံး အတိုင်းအတာအရ အမျိုးသားတွေရဲ့ သုတ်ပိုးအရေအတွက်ဟာ ၅၀ - ၆၀ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့ပါတယ်။
WHO အဖွဲ့အစည်းကလည်း အဆိုပါမျိုးမပွားနိုင်တဲ့ ပြဿနာကို ကမ္ဘာ့လုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ် သတ်မှတ်ထားပါတယ်။
ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းတွေထဲမှာ အာဟာရဓာတ် မလုံလောက်တာကလည်း တစ်ခုအပါအဝင် ဖြစ်နေပါတယ်။
ဒါကြောင့် အမျိုးသားများအနေနဲ့ သုတ်ပိုးကျန်းမာရေး ကောင်းမွန်စေရန် ရှောင်ရှားသင့်တဲ့ အစားအစာများအကြောင်း ဖော်ပြထားပါတယ်။
(၁) ပဲပိစပ်ထုတ်ကုန်များ
ပဲပိစပ်ဟာ အာဟာရဓာတ် ပြည့်ဝပေမယ့် ကိုယ်ဝန်ရချင်တယ်ဆိုရင်တော့ ရှောင်ရှားသင့်ပါတယ်။
သူ့ကြောင့် ခန္ဓာကိုယ်ထဲမှာ အီစထရိုဂျင်ဟော်မုန်း များပြားစေပြီး ကျားဟော်မုန်း လျော့နည်းစေကာ သုတ်ပိုးအရည်အသွေးနဲ့ အရေအတွက်ကို ထိခိုက်စေပါတယ်။
(၂) ဆိုဒါ၊ အားဖြည့်အချိုရည်များ
ဒီလိုအချိုရည်တွေကို နေ့စဥ်သောက်သုံးခြင်းဖြင့် သုတ်ပိုးရွေ့လျားနိုင်စွမ်းကို သိသိသာသာ လျော့ကျစေကာ သုတ်ပိုးအရေအတွက် ၃၀ ရာခိုင်နှုန်း လျော့ကျစေပါတယ်။
ဒါ့အပြင် သကြားပါဝင်မှု မြင့်မားခြင်းကလည်း ခန္ဓာကိုယ်ထဲမှာ ဓာတ်တိုးဖိစီးမှုကို အားပေးပြီး DNA ကို ပိုပြီးထိခိုက်စေပါတယ်။
(၃) စည်သွပ်ဗူးများ
စည်သွပ်ဗူး အစားအစာတွေမှာ ပါဝင်တဲ့ ဘိုင်စဖီနောလ်(Bisphenol)က ပဲပိစပ်လိုမျိုးပဲ အီစထရိုဂျင်ကိုများစေပြီး ကျားဟော်မုန်း တက်စ်တိုစတီရုန်းကို လျော့နည်းစေပါတယ်။
(၄) အဆီဓာတ်များသော နို့ထွက်ပစ္စည်းများ
နို့ထွက်ပစ္စည်းတွေက ကျန်းမာရေးအတွက် အလွန်သင့်လျော်တယ်လို့ ထင်ရပေမယ့် ဒိန်ခဲနဲ့ မလိုင်ပြည့်နို့တွေကတော့ မျိုးပွားနိုင်စွမ်းအပေါ် ဆိုးကျိုးဖြစ်စေပြီး သုတ်ပိုးလှုပ်ရှားနိုင်စွမ်းနဲ့ အရေအတွက်ကို ထိခိုက်စေပါတယ်။
(၅) အဆင့်ဆင့်ထုတ်လုပ်ထားသော အသားများ
အဆင့်ဆင့်ထုပ်ပိုး ထုတ်လုပ်ထားတဲ့ အသားတွေဟာ အရသာရှိတာမှန်ပေမယ့် သုတ်ပိုးအရေအတွက်ကို လျော့နည်းစေပြီး သုတ်ပိုးလှုပ်ရှားနိုင်စွမ်းကို ထိခိုက်စေပါတယ်။
ကြက်သားစားသုံးခြင်းနဲ့ သုတ်ပိုးကျန်းမာရေး ထိခိုက်မှုတို့ကြား ဆက်စပ်မှုကိုတော့ မတွေ့ရှိထားပါဘူး။
Source: DoctorNDTV
#World_Health
#YMG #Yangon_Times #Yangon_Media_Group
(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကျင်းပရာ ဟန်ကျိုးမြို့ အားကစားရွာတွင် နည်းပညာဆန်းသစ်တီထွင်မှုများ ပြသထား
တရုတ်နိုင်ငံက ဟန်ကျိုးအာရှအားကစားပြိုင်ပွဲရွာမှာ ခြင်ဖမ်းစက်ရုပ်၊ AR ဘတ်စ်ကားများ၊ ချောကလက် 3D ပရင်တာစတဲ့ အဆင့်မြင့်နည်းပညာများကို ပြသထားပါတယ်။
၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ နီးကပ်လာတဲ့အချိန်မှာ ဟန်ကျိုးအာရှအားကစားပြိုင်ပွဲရွာဟာ စနေနေ့က တရားဝင်ဖွင့်လှစ်ခဲ့ပါတယ်။
#Published_ 22 September 2023
#Asia_Technology
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 22 September 2023
၁။ ရွှေတိဂုံတွင် Pagoda Digital Directory ထားရှိနိုင်အောင် ဆော့ဝဲလ်များပြင်ဆင်နေ၊
မုခ်လေးမုခ်တွင်Touch Screenများဖြင့် ထားရှိမည်ဟုဆို
၂။ ယခုတပတ်အတွင်း ပြည်တွင်းစက်သုံးဆီ တစ်လီတာကို ကျပ်၁၅၀ခန့် ဈေးပြန်ကျ
၃။ မုတ်သုန်ဆုတ်ခွာချိန်ဖြစ်၍ ဒေသအချို့တွင် မိုးပိုရွာမည်၊ လေဖိအားနည်းရပ်ဝန်းနှင့် မိုးသက်လေပြင်းများ တိုက်ခတ်နိုင်
၄။ (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကျင်းပရာ ဟန်ကျိုးမြို့ အားကစားရွာတွင် နည်းပညာဆန်းသစ်တီထွင်မှုများ ပြသထား .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
ပြည်ပလုပ်သားများရဲ့ လစာ ၂၅ ရာခိုင်နှုန်းကို သွားရောက်မယ့် နိုင်ငံရှိဘဏ်နှင့် ပြည်တွင်းဘဏ် ချိတ်ဆက်ထားတဲ့ မည်သည့်ဘဏ်ကမဆို လွှဲနိုင်တယ်ဟုဆို
ပြည်ပနိုင်ငံ များကို တရားဝင် သွားရောက် အလုပ်လုပ်ကိုင်မယ့် သူတွေရဲ့လုပ်ခလစာကိုနိုင်ငံတော်သွင်းရတာမျိုးမဟုတ်ဘဲ မိသားစုထံ တရားဝင်လမ်းကြောင်းကနေ လွဲပို့ရမှာဖြစ်ပြီး ပြည်တွင်းရှိ ဘဏ်များနဲ့ သွားရောက်မယ့် နိုင်ငံမှာရှိတဲ့ ဘဏ်တွေ နဲ့ ချိတ်ဆက်ထားတဲ့ မည်သည့်ဘဏ်ကမဆို လွဲပို့နိုင်တယ်ဟု အလုပ်သမားဝန်ကြီးဌာန ရဲ့အသိပေးကြေညာချက်အရသိရပါတယ်။
#Yangon_Times/LW
#Published_ 22 September 2023
#Local_News
#YMG #Yangon_Times #Yangon_Media_Group
မိုးစပါးပေါ်ချိန် ဆန်စပါးအမျိုးအစားအလိုက် ဈေးနှုန်းသတ်မှတ်
‘ဧည့်မထ/ငစိန်စပါးတွေကို တင်း(၁၀၀)လျှင်ဈေးနှုန်း(၁၃)သိန်းနဲ့(၁၅)သိန်းအတွင်း၊ ဧရာဝတီ ပေါ်ဆန်းစပါးတွေကို တင်း(၁၀၀)လျှင်(၁၆)သိန်းမှ(၁၈)သိန်းအတွင်း၊ရွှေဘိုပေါ်ဆန်းစပါးတွေကို တင်း(၁၀၀)လျှင်(၁၈)သိန်း မှ(၂၀)သိန်းအတွင်း၊ဧရာမင်း ဧရာပဒေဿစပါးတွေကတော့တင်း(၁၀၀)လျှင် ကျပ်(၁၆)သိန်းမှ(၁၈)သိန်းအတွင်း ဝယ်ယူရန်ရည်ညွှန်းဈေးတွေသတ်မှတ်ပေးထားတယ်’ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်
#Yangon_Times/tthl
#Published_ 22 September 2023
#Local_News
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်၊ ပဲခူး ၊ဧရာဝတီဒေသများ စက်တင်ဘာ(၂၈)တွင် မုတ်သုန်စတင်ဆုတ်ခွာမည်
‘စက်တင်ဘာလ(၂၂)ရက်မှ(၂၇)ရက်အတွင်း မန္တလေး၊နေပြည်တော် ၊မကွေး ၊မုံရွာစတဲ့ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတွေနဲ့ စက်တင်ဘာ(၂၈)ရက်မှ အောက်တိုဘာ(၃)ရက်အတွင်း ရန်ကုန် ၊ပဲခူး ၊ဧရာဝတီစတဲ့ မြစ်ဝကျွန်းပေါ် ဒေသတွေမှာ မုတ်သုန်လေဆုတ်ခွာသွားမှာဖြစ်တယ်’ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
#Yangon_Times/tthl
#Published_ 22 September 2023
#Local_News
#YMG #Yangon_Times #Yangon_Media_Group
ယခုတပတ်အတွင်း ပြည်တွင်းစက်သုံးဆီဈေး တစ်လီတာကို ကျပ်၁၅၀ခန့် ဈေးပြန်ကျ
ကမ္ဘာ့ရေနံစိမ်းဈေးမြင့်လာတဲ့အတွက် ဈေးမြင့်ခဲ့တဲ့ ပြည်တွင်းစက်သုံးဆီဈေးကွက်ဟာ အခုတပတ်မှာတော့ စက်သုံးဆီ တစ်လီတာကို ကျပ်၁၅၀ခန့် ဈေးပြန်ကျလာတာ တွေ့ရပါတယ်။
#Yangon_Times/LW
#Published_ 22 September 2023
#Local_News
#YMG #Yangon_Times #Yangon_Media_Group
ရွှေတိဂုံအမွေအနှစ်များကို နိုင်ငံတကာအဆင့်မီ Digitalစနစ်ဖြင့် ပြသနိုင်အောင်ပြင်ဆင်နေ
‘ရွှေတိဂုံမှာထားရှိမယ့် Pagoda Digital Directoryမှာ ခေါင်းစဉ်အလိုက် ရွှေတိဂုံဘုရားနဲ့ပတ်သက်တဲ့ မြေပုံ၊သမိုင်း၊ ရွှေတိဂုံမှာထူးခြားထင်ရှားတဲ့ ရုပ်ပွားတော်တွေ၊ စေတီတော်တွေတစ်ဆူချင်းစီရဲ့ အချက်အလက်တွေနဲ့ အနီးကပ်ဓာတ်ပုံတွေ၊ ပန်းပု၊ပန်းပဲစတဲ့ မြန်မာမှုလက်ရာတွေ ဘယ်တန်ဆောင်းမှာ ရှိတဲ့ဆိုတဲ့ အချက်အလက်တွေကြည့်နိုင်အောင် စီစဉ်နေတယ်’ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲဝင်ဦးဘိုးသင်း
#Yangon_Times/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Page 993 of 1938