ပြီးခဲ့တဲ့ အင်္ဂါနေ့က ကုလသမဂ္ဂအထွေထွေညီလာခံမှာ အီရန်သမ္မတ အီဗရာဟင်ရိုင်ဆီက မိန့်ခွန်းပြောကြားနေစဉ် ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံအမတ်ကြီး ဂီးလက်အာဒန်က “အီရန်အမျိုးသမီးတွေ အခု လွတ်လပ်ခွင့်နှင့်ထိုက်တန်ပါတယ်” ဆိုတဲ့ စာတန်းပါတဲ့ စာရွက်ကိုင် ဆန္ဒပြခဲ့ပါတယ်။ အဲဒီအတွက် သူဟာ ခန်းမထဲကနေ ကုလသမဂ္ဂ လုံခြုံရေးတွေရဲ့ ဆွဲထုတ်တာခံရပြီး ခေတ္တထိန်းသိမ်းလည်းခံခဲ့ရပါတယ်။
ဒူဘိုင်းကန္တာရရှိ ကုလားအုတ် နို့ထုတ်လုပ်ရေးစက်ရုံမှ နို့ထွက်ပစ္စည်းများအား နိုင်ငံခြားသို့တင်ပို့ရောင်းချလျက်ရှိ
ဒူဘိုင်းမြို့စွန်ရှိ ကန္တာရတစ်ခုမှာ ယူအေအီးနိုင်ငံမှ ကုလားအုတ်နို့ထုတ်လုပ်ရေး လုပ်ငန်းတစ်ခုက စီးပွားဖြစ်ထွန်းနေပြီး သူတို့ရဲ့ နာမည်ကျော်ထုတ်ကုန်တွေကို ကမ္ဘာ့ဈေးကွက်များသို့ တင်ပို့နေကြပါတယ်။
#World_Industry
#Published_ 21 September 2023
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 21 September 2023
၁။ စားအုန်းဆီများကို လက်လီပြန်ရောင်းသူများ အမြတ်ပိုမတင်အောင် ခံဝန်လက်မှတ်ထိုးခိုင်းပြီးမှရောင်းချပေးနေဟုဆို
၂။ အခြေခံ စားသောက်ကုန်အချို့ ဈေးပြန်ကျပေမယ့် အရောင်းဝယ် အလွန်အေးနေ
၃။ နေပြည်တော်မြို့တွင် လျှပ်စစ်သုံးEVကား(၁၀)စီးဖြင့် တက်စီဝန်ဆောင်မှုများ စပေးနေ
၄။ ဒူဘိုင်းကန္တာရရှိ ကုလားအုတ်နို့ထုတ်လုပ်ရေးစက်ရုံမှ နို့ထွက်ပစ္စည်းများအား နိုင်ငံခြားသို့တင်ပို့ရောင်းချလျက်ရှိး .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Published_ 21 September 2023
တရုတ်နိုင်ငံ၊ဟန်ကျိုးမြို့တွင်ကျင်းပနေသည့် ‘အာရှအားကစားပြိုင်ပွဲပြိုင်ပွဲကာလအတွင်း မြန်မာမီဒီယာအဖွဲ့ များအပါအဝင် ပြည်တွင်းပြည်ပမှ မီဒီယာသတင်းထောက်ပေါင်း ၁၁,၀၀၀ကျော်လာရောက်၍ သတင်း ထုတ်ပြန်မှုများလုပ်ဆောင်ကြမည်ဖြစ်ကြောင်းမြန်မာနိုင်ငံဆိုင်တရုတ်သံရုံးမှသိရသည်။
စက်တင်ဘာလ ၁၇ ရက်နေ့တွင် မြန်မာမီဒီယာအဖွဲ့သည် ဟန်ကျိုးအာရှအားကစားပြိုင်ပွဲ ပင်မမီဒီယာ စင်တာသို့သွားရောက်ခဲ့ပြီး ပြိုင်ပွဲကာလအတွင်း “မီဒီယာအိမ်ရာ”၏အသုံးအဆောင်နှင့်ဝန်ဆောင်မှုများကို လက်တွေ့ခံစားခဲ့သည်ဟုဆိုသည်။
ဟန်ကျိုးအာရှအားကစားပြိုင်ပွဲ ပင်မမီဒီယာစင်တာသည် ဟန်ကျိုးအာရှအားကစားပြိုင်ပွဲ၏ အရေးပါသော ပြိုင်ပွဲရုံမဟုတ်သည့် အဆောင်အအုံများအနက်တစ်ခုဖြစ်ပြီး အာရှအိုလံပစ်ကောင်စီ မီဒီယာကော်မတီ၊ ထုတ်လွှင့်ရေးအဖွဲအစည်း၊ ထပ်ဆင့်ထုတ်လွှင့်ခွင့်ရှိသူနှင့် သတင်းအချက်အလက် ဝန်ဆောင်မှုအဖွဲများ အလုပ်လုပ်ရာဌာနချုပ်ကြီးဖြစ်သည်။
မိတ်ဆက်ပေးသည့်ဝန်ထမ်း၏ မိတ်ဆက်ချက်အရ မီဒီယာအဖွဲသည် စီးပွားရေးဝန်ဆောင်မှုဇုန်၊ လူမှုဘဝ ဝန်ဆောင်မှုဇုန်၊ အဓိကသတင်းစင်တာ (MPC) နိုင်ငံတကာထုတ်လွှင့်ရေးစင်တာ (IBC) စသည်တို့ကို တစ်နေရာချင်း သွားရောက်လေ့လာခဲ့ပြီး ဟန်ကျိုးအာရှအားကစားပြိုင်ပွဲက မီဒီယာများအတွက် ပြိုင်ပွဲသတင်းရေးသားဖော်ပြရာတွင် လိုအပ်သည့် ရုံးသုံး၊ ဘာသာစကား၊ ပိုဆောင်ရေး၊ အစားအသောက်၊ နည်းပညာ၊ စီးပွားရေးစသည့် အဆောက်အအုံနှင့်ဝန်ဆောင်မှုမျိုးစုံ ထောက်ပံ့ထားပေးမှုကို ခံစားခဲ့သည်ဟုဖော်ပြထားသည်။
စီးပွားရေးဝန်ဆောင်မှုဇုန်တွင် မီဒီယာအဖွဲ့က ဟန်ကျိုးအာရှအားကစားပြိုင်ပွဲတွင် သတင်းရိုက်ကူးရန် အမည်စာရင်းပေးသွင်းထားသည့် မီဒီယာသတင်းထောက်များအတွက် ဘဏ် ATM ၊ အမြန်ချောပို့၊ ဆက်သွယ်ရေး၊ မိတ်ကပ်အလှပြင်ဆင်ရေး၊ အထူးလည်ပတ်ခွင့်ရသည့်ဆိုင်စသည့်ဝန်ဆောင်မှုနှင့် စမတ်ထူးခြားချက်များ ထောက်ပံ့ထားမှုအခြေအနေကို လေ့လာခဲ့သည်။
လူနေမှုဘဝဝန်ဆောင်မှုဇုန်တွင် မီဒီယာအဖွဲ့ဝင်များက နှိပ်နယ်ခြင်း၊ Ba Duan Jin ကိုယ်လက်လေ့ကျင့်ရေးစသည့် တရုတ်တိုင်းရင်းဆေးပညာယဉ်ကျေးမှုကို ခံစားခဲ့ပြီး လူကြိုက်များခဲ့သည်ဟုဆိုသည်။
လက်ရှိတွင် ဟန်ကျိုးအာရှအားကစားပြိုင်ပွဲ ပင်မမီဒီယာစင်တာ၏ ဝန်ဆောင်မှုအမျိုးမျိုးသည် ပြိုင်ပွဲကာလအခြေအနေသို ရောက်ရှိပြီဖြစ်သည်။
အဆိုပါစင်တာသည် စက်တင်ဘာလ ၁၈ ရက်နေ့တွင် တရားဝင်စတင်လည်ပတ်နေပြီဖြစ်ပြီး သတင်းထုတ်ပြန်ရေး၊ မီဒီယာနှင့် ထပ်ဆင့်ထုတ်လွှင့်ရေး ဝန်ဆောင်မှုလုပ်ငန်းစသည့်အရေးပါတာဝန်များကို ထမ်းဆောင်မည်ဖြစ်ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group
ပြည်ပကို သွားရောက် အလုပ်လုပ်ချင်သူများကို အလုပ်ရမည်ဟုဆိုကာ အွန်လိုင်းကနေ တစ်ဆင့် ငွေကြေး လိမ်လည်မှုတွေလုပ်ဆောင်နေ
ပြည်တွင်းမှာ အလုပ်ကိုင်အခွင့်အလမ်းနည်းလာတဲ့အတွက် ပြည်ပကို သွားရောက်လုပ်ကိုင်လိုသူများလာတဲ့ အပေါ်အခွင့်ကောင်းယူပြီး လူမှုကွန်ယက် စာမျက်နှာပေါ်တွေမှာ အကောင့်အမျိုးမျိုးနဲ့ စိတ်ဝင်စားဖွယ်ဖြစ်အောင် အလုပ်အကိုင်များ ရေးတင်ခြင်း၊တရားဝင်အေဂျင်စီတွေရဲ့ ဖေ့ဘုတ်နဲpage အတုများ ပြုလုပ်ပြီး လိမ်လည် ငွေကြေးတောင်းခံတာတွေကြောင့် ပြည်ပကိုသွားရောက် အလုပ်လုပ်လိုသူများ ငွေသိန်းနဲ့ချီ အလိမ်ခံရတာတွေရှိနေတယ်လို့ဆိုပါတယ်။
Yangon_Times/LW
#Local_News
#Published_ 21 September 2023
#YMG #Yangon_Times #Yangon_Media_Group
ဆိုလာတပ်လိုသည့် စက်ရုံအလုပ်ရုံများ ဘဏ်အရစ်ကျဖြင့် ရောင်းမည်
‘ဆိုလာတပ်လိုတဲ့ စက်ရုံအလုပ်ရုံတွေအနေနဲ့ Power Light Solarကုမ္ပဏီကနေ ဆိုလာဝယ်ရင် ၂၀မှ၃၀ရာခိုင်နှုန်းကို ကုမ္ပဏီကိုဘဏ်မှတစ်ဆင့် ငွေပေးချေပြီးပြီဆိုရင်ကျန်တဲ့၇၀မှ၈၀ရာခိုင်နှုန်းကို ဘဏ်ကနေ ဆိုလာချေးငွေအဖြစ် ထောက်ပံ့ပေးသွားမှာဖြစ်တယ်။ ဘဏ်ကနေSolar Loanရရှိမှု နည်းပါးနေရင်လည်း လိုအပ်နေတဲ့ပမာဏရဲ့ တစ်စိတ်တစ်ပိုင်းကို အဖွဲအစည်းတွေနဲ့ချိတ်ဆက်ပြီး ကူညီပံ့ပိုးပေးသွားမယ်’ ဒေါ်ဖြူဖြူသန့် (Power Light Solar Co.,Ltd၏Managing Director)
Yangon_Times/tthl
#Local_News
#Published_ 21 September 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 21 September 2023
စက်တင်ဘာ၂၁ရက် (၁၄:၀၈)နာရီ အချိန်ခန့်တွင်သပြေဝ-တောင်တွင်းကြီးမဟာဓာတ်အားလိုင်းအပြစ်ဖြင့်ဓာတ်အားစနစ်ချို့ယွင်းမှု ဖြစ်ပေါ်သွားပါသဖြင့် ယာယီ ဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ပြည်သူများထံ အသိပေးပန်ကြားခဲ့သည်။
ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ နေရာများ ယာယီဓါတ်အားပြတ်တောက်မည်ဖြစ်ကာ ဓါတ်အား ပြန်လည်ပေးနိုင်ရန် အတွက် အချိန်နှင့်တပြေးညီ ဆောင်ရွက်နေကြောင်း ပန်ကြားချက်တွင်ပါရှိသည်။
Yangon_Times/LW
#Local_News
#Published_ 21 September 2023
#YMG #Yangon_Times #Yangon_Media_Group
EVကား (၁၀)စီးဖြင့် နေပြည်တော်တွင် တက်စီဝန်ဆောင်မှုပေးနေ
‘တက်စီ ငှားရမ်းလိုသူတွေအနေနဲ့ နေအိမ်တွေကနေ မိနစ်၂၀ခန့် ကြိုတင်ဖုန်းဆက်ပြီး ငှားရမ်းနိုင်ပြီး စတက်တက်ချင်းကျပ်(၁၅၀၀)၊ အကွာအဝေးအလိုက် တစ်ကီလိုကို ကျပ်(၅၀၀)၊ မနက်၉နာရီမှ ၆နာရီအတွင်း တစ်ကီလိုကို ကျပ်(၁၀၀၀) နှုန်းနဲ့ ပြေးဆွဲနေတယ်’ EVNET Taxiမှ တာဝန်ရှိသူတစ်ဦး
Yangon_Times/tthl
#Local_News
#Published_ 21 September 2023
#YMG #Yangon_Times #Yangon_Media_Group
အခြေခံ စားသောက်ကုန်အချို့ဈေး ပြန်ကျပေမယ့် အရောင်းဝယ်အလွန်အေးနေ
ပြည်ပဝယ်လိုအား နည်းလာပြီး ဈေးကွက်အတွင်း ကုန်အဝင်များလာကာ စားသောက်ကုန်အချို့ ဈေးပြန်ကျလာပေမယ့် ယခင်က ဈေးကွက်တည်ငြိမ်မှုမရှိတာကြောင့် ဝယ်ယူသူအချို့က လိုအပ်သလောက်သာ ဝယ်ယူနေခြင်း၊ ယခုရက်ပိုင်း မိုးများပြီး နေရာအချို့ သွားလာရခက်နေတာတွေ ကြောင့် အရောင်းဝယ်အလွန်အေးနေတယ်လို့ ပွဲရုံများထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 21 September 2023
#YMG #Yangon_Times #Yangon_Media_Group
စားအုန်းဆီ ပေပါလိုက် ဝယ်ရောင်းသူများ အမြတ်ပိုမတင်အောင် ခံဝန်လက်မှတ်ထိုးခိုင်း
‘အမြတ်(၂)ရာခိုင်နှုန်းထက် ပိုမရောင်းဖို့ လက်လီပြန်ရောင်းတဲ့ဆိုင်တွေကို ဆိုင်တစ်ဆိုင်ချင်းကို ကတိပြုခံဝန်လက်မှတ်ထိုးစေကာ မှတ်ပုံတင်မိတ္တူရော၊ ခံဝန်လက်မှတ်ရော လက်ကားဒိုင်တွေကယူပြီးမှ ရောင်းချပေးနေပါတယ်’ ဘုရင့်နောင် စားအုန်းဆီလက်ကားဒိုင်မှ တာဝန်ရှိသူတစ်ဦး
Yangon_Times/tthl
#Local_News
#Published_ 21 September 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 21 September 2023
ကိုရီးယားဘာသာအရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲ(Special EPS- TOPIK)ကို ဝင်ရောက်ဖြေဆို ခွင့် ရရှိသူ ဦးရေ ၁၆၀၀ ကျော် ရှိကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA-EPS)၏ ထုတ်ပြန်ချက် အရ သိရသည်။
အဆိုပါ စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာကို စက်တင်ဘာလ ၄ ရက်မှာ စတင်လက်ခံခဲ့တာဖြစ်ပြီး စာမေးပွဲဖြေဆိုခွင့်လျှောက်ထားနိုင်သူ အလုပ်သမားဦးရေ ၁၅,၀၀၀ ကျော် ထဲ မှ ဖြေဆိုခွင့်ရရှိသူများ၏အမည်စာရင်းကို POEAက ယခုလိုထုတ်ပြန်လိုက် ခြင်း ဖြစ်သည်။
စာမေးပွဲ ဖြေဆိုမှု ကို အောက်တိုဘာလ ၄ ရက်ကနေ ၂၀ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပြီးယခုစာမေးပွဲ ကို တောင်ကိုရီးယားနိုင်ငံမှာ သုံးနှစ်အထက်နေထိုင်လုပ်ကိုင်ခဲ့ဖူးပြီး မြန်မာနိုင်ငံပြန်လည်ရောက်ရှိနေသည့် အလုပ်သမားဟောင်းတွေအတွက် ရည်ရွယ်ပြုလုပ်တာဖြစ်ကြောင်းPOEA မှ ကနဦး ထုတ်ပြန်ထားချက် အရ သိရသည်။
Special EPS TOPIK စာမေးပွဲဝင်ရောက်ဖြေဆိုမယ့်သူတွေအနေနဲ့ အသက် ၁၈ နှစ်ကနေ ၃၉ နှစ်အတွင်းရှိရမှာဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံတွင် E-9 ၊ E-10 ဗီဇာနှင့်၅ နှစ်အထက်နေထိုင်ဖူးသူ၊ ထောင်ဒဏ်ပြစ်ဒဏ်ကျဖူးပြီး မြန်မာနိုင်ငံမှ ပြည်ပထွက်ခွာခွင့်တားမြစ်ခံရသူ၊ တစ်
ဖက်နိုင်ငံမှ နှင်ထုတ်ခံထားရဖူးသူများ ဖြေဆိုခွင့်မရရှိကြောင်း သိရသည်။
Yangon-Times/LW
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Published-21 September 2023
မြန်မာ-ကာတာ နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးရန်ရှိသည့် သဘောတူစာချုပ်များကို ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်ဖော်ဆောင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ကာတာသံရုံး ယာယီတာဝန်ခံတို့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကာတာသံရုံး ယာယီတာဝန်ခံ ဒေါက်တာ ရာရှစ် အက်ဘ်ဒူလာ အမ် အေ အယ်လ်-ကူဝါရီ ကို စက်တင်ဘာလ ၂၀ရက် နံနက်(၁၀) နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးချုပ်၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်းသိရသည်။
တွေ့ဆုံစဉ် မြန်မာ-ကာတာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ယဉ်ကျေးမှုဖလှယ်ရေး အစရှိသော ကဏ္ဍများတွင် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက် မှုများ မြှင့်တင်ရေး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးဆိုင်ရာ လုပ်ငန်းစဉ် အကောင်အထည်ဖော်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် အထူးသဖြင့် အာဆီယံ-အာရပ် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီနှင့် ကုလသမဂ္ဂမူဘောင်အောက်မှ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်း ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်းသိရသည်။
Yangon-Times/PP
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Page 995 of 1938