Published_ 5 February 2024

   ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ "အောင်မင်္ဂလာအဝေးပြေးကွင်း(ပ) ဝင်း၊ တနင်္သာရီလမ်းအတွင်း ယနေ့နံနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ထံ က သိရသည်။

  ဖေဖေါ်ဝါရီ ၅ရက်နေ့ နံနက် ၅နာရီ  ၅မိနစ်ခန့်က မီးလောင် မှုဖြစ်ပွားကြောင်း သတင်း ရရှိသဖြင့် မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဝေဘာဂီနယ်မြေမီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီးဖြင့်  ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၅နာရီ ၄၈မိနစ်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

 အဆိုပါ မီးလောင်မှုကြောင့် လူေ-သဆုံး မှု ရှိခဲ့ ပြီး လက်တလော စုံစမ်းမှု အရ ၃ဦး ေ-သ ဆုံး ခဲ့ကြောင်း သိရသည်။

  "ပထမ တစ်ယောက်ကတော့ မီးငြိမ်းနေတဲ့ အချိန်က တည်းက တွေ့တာ အခု ၈နာရီ ခွဲ လောက် မှာ မီးလောင်ပြီး ရှင်းလင်းရေးလုပ်ငန်းတွေ လုပ် တော့မှ  ၂ဦး ထပ်တွေ့တာ စုစုပေါင်း ၃ဦး ေ-သဆုံး ပေါ့ အဆောက်အဦးလည်း ၈လုံး လောက် မီးလောင် ပျက်စီးတယ် အသေးစိတ်တော့မသိရသေးပါဘူး" ဟု သုဝဏ္ဏပရဟိတအသင်းကတာဝန်ရှိသူက ပြောကြားသည်။

ယခု မီးလောင်မှု တွင် အဝေးပြေး ကားဂိတ် များ ၇ခုထက်မနည်း မီးလောင်ခဲ့သဖြင့် ဆုံးရှုံးမှုတန်ဖိုး များနိုင်ကြောင်း သိရသည်။

 "ကားလက်မှတ်ရောင်းတဲ့ဂိတ် တွေ ဆိုတော့ အခြားနယ်တွေကိုပို့ဖို့ ထားတဲ့ ကုန်တွေ ပါဆယ်ထုတ်တွေပါ မီးလောင်ကုန်တာ ဆိုတေ့ာ ဆုံးရှုံးတန်ဖိုး များတယ် မီးလောင်ချိန်ကလည်း မိနစ်၄၀ဆိုတော့ ကြာသွားတယ် လက်ရှိ သက်ဆိုင်ရာ က ရှင်းလင်းရေး လုပ်ငန်း တွေ လုပ်နေတယ်"ဟု အောင်မင်္ဂလာအဝေးပြေးထဲ နေထိုင်သူတစ်ဦးက ပြောကြားသည်။

  လက်ရှိ တွင် မီးလောင်သည့်အကြောင်းရာနှင့် ဆုံးရှုံးမှု တန်ဖိုး များ ကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 5 February 2024
#YMG #Yangon_Times #Yangon_Media_Group