#Local_News
Published 3  February 2024

ရန်ကုန်မြို့၊ ဗိုလ်မြတ်ထွန်းလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်တွင် ယာဉ်နှစ်စီးတိုက်မိပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းထံက သိရသည်။

 

ဖေဖော်ဝါရီ ၃ ရက် နံနက် ၆ နာရီခွဲကျော်ခန့်တွင် ဗိုလ်မြတ်ထွန်းလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်တွင် ယာဉ်နှစ်စီးတိုက်မိမှုဖြစ်ပွားကြောင်း သတင်းရသဖြင့် ရှင်သန်ရေးကူညီမှုအသင်းမှ သွားရောက်ကူညီပေးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်တွင် ဟွန်ဒိုင်းပုဇဉ်းခေါင်းပစ်ကပ်နှင့် Toyota  Taxi ယာဉ်တို့ တိုက်မိကာ ဟွန်ဒိုင်းပုဇဉ်းခေါင်းပစ်ကပ်မှ  လမ်းထောင့်ရှိ  သစ်ပင်နဲ့ မော်တော်ပီကယ်ရုံးကို ဝင်တိုက်မိခြင်း ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၇ဦး ရှိ ပြီး ၃ဦးမှာ အနီရောင်အဆင့်  လူနာများ ဖြစ်ကာ စိုးရိမ်ရကြောင်း သိရသည်။

 

 ထိခိုက်ဒဏ်ရာရရှိသည့် လူနာများအားရှင်သန်ရေးလူမှုကူညီရေးအသင်း မှ Ambulanceယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#Local_News #ဗိုလ်မြတ်ထွန်းလမ်း #ယာဉ်နှစ်စီးတိုက်မိ #၇ဦးထိခိုက်ဒဏ်ရာရရှိ #YMG/LW #Yangon_Times