ခရီးသွားရာသီဖြစ်တဲ့အတွက် ငွေဆောင်၊ ချောင်းသာစတဲ့ ကမ်းခြေတွေကို ဧည့်ဝင်ရောက်မှုများတဲ့အတွက် အုန်းရည်သောက်သုံးမှုများသလို မုန့်လုပ်တဲ့လုပ်ငန်းတွေကလည်း ၀ယ်ယူမှုရှိတာကြောင့် အုန်းသီးဈေးကွက်ဟာ ပြည်တွင်း၀ယ်လိုအားပုံမှန်ရှိပြီး ဈေးကအမြင့်ပိုင်းမှာရှိနေတယ်။ အခုနှစ်တော့ ဒေသတွင်း အုန်းခြံပိုင်ရှင်တွေ အဆင်ပြေတာပေါ့။ ၀ယ်ရောင်း လုပ်သူတွေအတွက်က ဈေးကွက်ကအရင်လို မှန်းမရတာရယ် သယ်ယူစရိတ်တွေမြင့်တာရယ်ကြောင့် အခက်အခဲ ဖြစ်နေတယ်။
#Local_News
Published_ 30 January 2024
#ပြည်တွင်းဈေးကွက် #အုန်းသီးဈေးမြင့်နေ
#YMG/LW #Yangon_Times