#Local_News
Pblished 30 January 2024


ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ဘုရင့်နောင်လမ်းတွင် ဇန်န၀ါရီ ၃၀ ရက် နံနက် ၆နာရီ ၄၀မိနစ်ခန့်က ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ယာဉ်သည် စက်နှိုးစဉ်ဘထ္ထီရီခေါင်းချောင်ပြီး ရှော့ခ်ဖြစ်ရာမှ မီးပွားများ ထွက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ယင်းမီးလောင်မှု သတင်းရရှိသောကြောင့် လှိုင်မြို့နယ်မီးသတ်စခန်းမှ မြို့နယ်မီးသတ်ဦးစီးမှူးဦးဆောင်၍ သန္ဓမေီးသတ်တပ်ဖွဲ့ဝင်(၆ )ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၃)ဦး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၆နာရီ ၅၀မိနစ် ခန့် က မီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း မီးလောင်သည့် ယာဉ်ပျက်စီးဆုံးရှုံးမှုများ ကြောင်း သိရသည်။

 

#Local_News #ယာဉ်တစ်စီးမီးလောင်မှုဖြစ်ပွား #YMG/LW #Yangon_Times